← Chapters

ဈေးညှိနှိုင်းခြင်း

Vol. 25 Ch. 373

ဈေးညှိနှိုင်းခြင်း

Vol. 25 Ch. 373

လင်းဝေဝေ စုမူချင်းကို ကြည့်လိုက်၏။ "အခု ဘော့စ်လင်းနဲ့ စျေးနှုန်း ညှိနှိုင်းလို့ ရမလား"

"ဓားထုတ်ခြင်းအနုပညာ ရုပ်သံဒရမ်မာကို Central TV မှာသာ ထုတ်လွှင့်ပြသလိုက်ရင် သေချာပေါက် ပိုရေပန်းစားလာပြီး လူသိပိုများသွားမှာ။ ကျားရှင်း ဖျော်ဖြေရေးအတွက်လည်း အရမ်းအကျိုးရှိပါလိမ့်မယ်"

စုမူချင်းက ပြုံးကာ ထိုင်လိုက်ပါသည်။ သူမ ပြောလိုက်သည်။ "ဓားထုတ်ခြင်းအနုပညာ ထုတ်လွှင့်ပြသခွင့် ကိစ္စကို ကျွန်မနဲ့ ပြောလို့ရပါတယ်။ နောက်ဆုံးစျေးကို ဘော့စ်လင်းဆီ ကျွန်မ တင်ပြလိုက်မယ်"

လင်းဝေဝေ အနည်းငယ် အံ့အားသင့်သွားသည်။ အမှန်ပင်။ ဒီလို ညှိနှိုင်းမှုမျိုးက ဘော့စ်နဲ့ ဆောင်ရွက်သင့်သည်။ ဘာပဲဖြစ်ဖြစ် ဓားထုတ်ခြင်း အနုပညာ တစ်သက်တာ ထုတ်လွှင့်ပြသခွင့်ကို ဝယ်ဖို့ဆိုတာ ငွေတွေ အများကြီးနဲ့ သက်ဆိုင်နေပါသည်။

ဒီနေ့ စုမူချင်းက ဓားထုတ်ခြင်းအနုပညာ ထုတ်လွှင့် ပြသခွင့်နဲ့ ပတ်သက်ပြီး သူမနဲ့ ညှိနှိုင်းပေးနိုင်သည်ဟု ဆိုသည်။

အစကတော့ စုမူရှင်းက လက်ထောက်တစ်ယောက်သာ ဖြစ်ပြီး ဘာမှ များများစားစား မသိဘူးဟု လင်းဝေဝေ ထင်ခဲ့ပါသည်။

သို့သော် ခဏလောက် စကားပြောကြည့်ပြီးမှ စုမူချင်း ဘယ်လောက် တော်သလဲ လင်းဝေဝေ ခပ်မြန်မြန်ပဲ နားလည်သွားရသည်။

ထို့ကြောင့်လည်း စုမူချင်းက လင်းဖန်ရဲ့ လက်ထောက် ဖြစ်လာနိုင်တာပင်။ လှတာ တစ်ခုတည်းကြောင့် မဟုတ်ဘဲ သူမရဲ့ စွမ်းရည်ကလည်း သာမန်ထက် ထူးကဲသောကြောင့် ဖြစ်ပါသည်။

လင်းဝေဝေက စုမူချင်းကို ကြည့်ကာ ပြောလိုက်ပါသည်။ "မစ္စစု။ Central TV က ဒီရုပ်သံဒရမ်မာအတွက် ထုတ်လွှင့်ပြသခွင့်ကို ဝယ်ဖို့ သန်း ၂၀၀ ကမ်းလှမ်းနိုင်ပါတယ်။ အရင်တုန်းက ရုပ်သံဒရမ်မာတစ်ခုကို ဝယ်ယူဖို့ Central TV က သန်း ၂၀၀ ဘယ်တော့မှ မသုံးဖူးပါဘူး"

လင်းဝေဝေက သန်း ၂၀၀ ကမ်းလှမ်းလိုက်ပါသည်။

လက်တွေ့မှာ ရုပ်သံဒရမ်မာတစ်ခုကို သန်း ၂၀၀ နဲ့ ဝယ်ယူခြင်းက သေချာပေါက် အလွန်မြင့်မားသည့် စျေးနှုန်း ဖြစ်ပါသည်။

ပထမတော့ လင်းဝေဝေက သူမရဲ့ စေတနာကို ထုတ်ပြနိုင်လိုက်ပြီဟု ထင်ခဲ့၏။

သို့သော်လည်း လင်းဝေဝေ၏ စျေးနှုန်းကို ကြားသောအခါ စုမူချင်းက ပြုံးသာ ပြုံးပြီး ပြောလိုက်ပါသည်။ "မစ္စလင်း စျေးနှုန်းက အဲ့လောက်ဆိုရင် ဓားထုတ်ခြင်းအနုပညာ ရုပ်သံဒရမ်မာ ထုတ်လွှင့်ပြသခွင့်ကို ဝယ်နိုင်မယ် မထင်ဘူး"

"Central TV က နာမည်ကြီးပေမယ့် ရုပ်သံဒရမ်မာက ရုပ်သံဌာနတိုင်းမှာ ထုတ်လွှင့်ပြသလို့ ရတယ်။ ဘယ်ရုပ်သံဌာနမှာမဆို ရုပ်သံဒရမ်မာတွေက ကိုယ်ပိုင် ထူးခြားတဲ့ လွှမ်းမိုးမှု ရှိတတ်ကြတာပဲ"

"ပြီးတော့ Central TV က ဓားထုတ်ခြင်းအနုပညာရဲ့ တစ်သက်တာ ထုတ်လွှင့်ပြသခွင့်ကို ဝယ်ယူချင်တာ မဟုတ်လား။ တစ်နည်းအားဖြင့် Central TV ကို မူပိုင်ခွင့် အပြည့်အဝ ရောင်းချရမှာပါ။ အနာဂတ်မှာ Central TV က အကန့်အသတ်မရှိ ပြန်ထုတ်လွှင့် ပြသလို့ ရတယ်။ ဘော့စ်လင်းဆိုလည်း သန်း ၂၀၀ စျေးကို သဘောတူမှာ မဟုတ်လောက်ဘူး" စုမူချင်းက ပြုံးကာ ပြောလိုက်ပါသည်။

ကျားရှင်းဖျော်ဖြေရေး၏ ယခင် ဓားနှင့်နတ်သမီး ဒဏ္ဍာရီ Season 3 ထုတ်လွှင့်ပြသခွင့်ကိုတောင် သန်း ၆၀၀ ဖြင့် ရောင်းချထားခြင်း ဖြစ်သည်။

စျေးကွက်က ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 ကို အသိအမှတ်ပြုမှန်းလည်း သက်သေပြပြီးသား ဖြစ်သည်။

ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 ၏ နောက်ဆက်တွဲ အကျိုးခံစားခွင့်များက ထိုသန်းရာဂဏန်းနဲ့ တိုင်းတာလို့ ရတာ မဟုတ်ပါ။

ဥပမာအာားဖြင့် ဂိမ်းကုမ္ပဏီတစ်ခုက ဓားနှင့်နတ်သမီးဒဏ္ဍာရီ မူပိုင်ခွင့်ကို ဝယ်ယူပြီး ဂိမ်းတစ်ခု ဖန်တီးလိုက်ပါသည်။

ထိုဂိမ်းက အလွန် အမြတ်အစွန်း ရရှိခဲ့၏။

ရေပန်းစား ရုပ်သံဒရမ်မာ တစ်ကားကို ရိုက်ကူးခြင်းမှ ဆင်းသက်လာသည့် မူပိုင်ခွင့်ကြေးက တခြားအမြတ်အစွန်းတွေနဲ့ ယှဉ်လို့ မရနိုင်ပါ။

ထိုစကားကို လင်းဝေဝေ ကြားလိုက်ရသောအခါ သူမ ပြောလိုက်၏။ "သန်း ၃၀၀ ဆိုရင်ကော မစ္စစု။ သန်း ၃၀၀ ဆိုတဲ့စျေးက အရမ်းကို စေတနာပါလောက်ပါတယ်"

လင်းဝေဝေ၏ စကားကို ကြားသောအခါ စုမူချင်က ပြုံးကာ ပြောလိုက်ပါသည်။ "မစ္စလင်း။ ဓားထုတ်ခြင်းအနုပညာ ရုပ်သံဒရမ်မာရဲ့ စုစုပေါင်း ထုတ်လုပ်မှုကုန်ကျစရိတ်က ဘယ်လောက်လဲ သိရဲ့လား။ သန်း ၂၃၀ ရှင့်။ ကျားရှင်းဖျော်ဖြေရေးက ရုပ်သံဒရမ်မာတစ်ကားကို ထုတ်လုပ်တဲ့အခါ အဲ့ဒီ ရုပ်သံဒရမ်မာရဲ့ ကွန်ပျူတာ အထူးပြုလုပ်ချက်တွေကို အရမ်း ဂရုစိုက်တယ်။ အရည်အသွေးမြင့်တဲ့ ပြုလုပ်ချက်တွေကို ပြသနိုင်ဖို့အတွက် ကျွန်မတို့ ငွေပိုသုံးရတယ်။ ရိုက်ကူးရေးအဖွဲ့သားတွေက အဲ့အတွက် ငွေကို ခြစ်ကုပ်နေမှာ မဟုတ်သလို သရုပ်ဆောင်တွေကိုလည်း စျေးမနှိမ်ပါဘူး"

သန်း ၃၀၀ ဆိုရင်တောင် စုမူချင်း ငြင်းပါသည်။

လင်းဝေဝေ အနည်းငယ် မျက်မှောင်ကြုတ်သွား၏။

တခြား ဖျော်ဖြေရေးကုမ္ပဏီတွေမှ ထုတ်လွှင့်ပြသခွင့်ကို ဝယ်ယူချင်ပါက သန်း ၃၀၀ ဆို လုံလောက်ပါပြီ။

သို့သော်လည်း ကျားရှင်းဖျော်ဖြေရေးကတော့ မတူပေ။

ကျားရှင်းဖျော်ဖြေရေးမှ ထုတ်လုပ်လိုက်သည့် ရုပ်သံဒရမ်မာတိုင်းက ရေပန်းစားလာခဲ့ပြီးသား ဖြစ်သည်။

ဘာမှ အမှားအယွင်း မရှိလျှင် ဓားထုတ်ခြင်းအနုပညာလည်း သေချာပေါက် ရေပန်းစားလာပါလိမ့်မည်။

သန်း ၃၀၀ နဲ့ မူပိုင်ခွင့်ကြေးကို ဝယ်ဖို့ မလုံလောက်ပါ။

စုမူချင်းက စျေးနှုန်း ထိန်းချုပ်ပိုင်ခွင့်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပါသည်။

သန်း ၃၀၀ ဆိုရင်တောင် စုမူချင်း အလျှော့ပေးဖို့ အစီအစဉ် မရှိပါ။

"မစ္စစု ပွင့်ပွင့်လင်းလင်း ပြောမယ်နော်။ Central TV ရဲ့ အမြင့်ဆုံးပေးနိုင်တဲ့စျေးက သန်း ၆၀၀ ပါ။ အဲ့တာ ကျွန်မ ကမ်းလှမ်းမယ့် နောက်ဆုံးစျေးလည်း ဖြစ်တယ်။ အမြင့်ဆုံးက သန်း ၆၀၀ ပါပဲ"

"သန်း ၆၀၀ ကျော်ရင်တော့ ဘယ်စျေးပဲဖြစ်ဖြစ် Central TV က မဝယ်နိုင်တော့ပါဘူး။ နားလည်ပေးဖို့ မျှော်လင့်ပါတယ်။ ကျားရှင်းဖျော်ဖြေရေးက စစ်ပွဲ ရုပ်ရှင် ရိုက်တတ်တဲ့ တစ်ခုတည်းသော ကုမ္ပဏီမှ မဟုတ်တာ" လင်းဝေဝေ ပြောလိုက်ပါသည်။

သူမ ချက်ချင်းပဲ စျေးကို သန်း ၃၀၀ မှ သန်း ၆၀၀ အထိ တိုးပေးလိုက်သည်။

ရုပ်သံဒရမ်မာတစ်ခု၏ တစ်သက်တာ ထုတ်လွှင့်ပြသပိုင်ခွင့်ကို သန်း ၆၀၀ ကမ်းလှမ်းတာ လက်ခံစရာ ဖြစ်ပါသည်။

လင်းဝေဝေကလည်း သူမ အမြင့်ဆုံးပေးနိုင်သည့်စျေးကို ပြောလိုက်ပြီ ဖြစ်သည်။

Central TV က ကမ်းလှမ်းနိုင်သည့် အမြင့်ဆုံး စျေးကိုလည်း သူမ ရိုးရိုးသားသား ပြောလိုက်ပါသည်။

ယွမ် သန်း ၆၀၀ တဲ့။ အဲ့တာ ဘယ်လို ပမာဏမျိုးလဲ။

ဓားထုတ်ခြင်းအနုပညာက ရိုက်ကူးရေး ၂ လနဲ့ ထုတ်လုပ်ဖို့ လဝက်သာ ကြာခဲ့သည်။ သို့သော် ဒီလောက် စျေးမြင့်မြင့်နဲ့ ရောင်းချနိုင်ပါသည်။

အမှန်ပင်။ ဒါက ဝန်ထမ်းအားလုံးရဲ့ ကြိုးစားအားထုတ်မှု ရလဒ်လည်း ဖြစ်သည်။

လင်းဝေဝေ စုမူချင်းကို ကြည့်လိုက်သည်။

စုမူချင်းသာ သဘောမတူသေးဘူးဆိုပါက Central TV တခြား ဖျော်ဖြေရေးကုမ္ပဏီမှာ ပြောင်းဝယ်ရပါတော့မည်။

ဘယ်ဖျော်ဖြေရေးကုမ္ပဏီက လူမဆို သဘောတူလောက်သည်။

ဒီလို မက်လုံးမျိုးကို လူဘယ်နှစ်ယောက် ခံနိုင်ရည် ရှိမှာလဲ။

စုမူချင်း ကျိန်းသေ သဘောတူလိမ့်မည်ဟု လင်းဝေဝေ တွေးလိုက်စဉ်တွင် စုမူချင်းက အေးအေးဆေးဆေးသာ ပြောလိုက်သည်။ "ဒါဆိုရင်တော့ စိတ်မကောင်းပါဘူး။ ကျွန်မတို့ ဓားထုတ်ခြင်းအနုပညာအတွက် ကုမ္ပဏီက သတ်မှတ်ပေးထားတဲ့ အနိမ့်ဆုံးစျေးကလည်း သန်း ၆၅၀ ပါ။ အဲ့စျေးထက် နိမ့်ရင်တော့ ကုမ္ပဏီက ဓားထုတ်ခြင်းအနုပညာ ရုပ်သံဒရမ်မာ တစ်သက်တာ ထုတ်လွှင့်ခွင့်ကို ရောင်းချမှာ မဟုတ်ပါဘူး"

"Central TV က ဒီရုပ်သံဒရမ်မာရဲ့ မူပိုင်ခွင့်ကို ဝယ်ယူချင်တာ ကျားရှင်းဖျော်ဖြေရေးဘက်က ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ဒီစျေးထက် နိမ့်မယ် ဆိုရင်တော့ ညှိနှိုင်းစရာ နည်းလမ်း မရှိတော့ပါဘူး။ ဘော့စ်လင်းကိုလည်း ကျွန်မ ရှင်းပြလို့ မရဘူး" စုမူချင်း ပြောလိုက်၏။

"ပြီးတော့ ဒီရုပ်သံဒရမ်မာက ဘော့စ်လင်းကိုယ်တိုင် ရေးထားတာပါ။ ဘော့စ်လင်းက ဘယ်တော့မှ အပေါစား ဇာတ်ညွှန်းတွေ မရေးဘူး။ သူ ရေးတဲ့ ဇာတ်ညွှန်းတိုင်းက ဂန္တဝင်လက်ရာတွေဖြစ်ပြီး ခုခေတ် ပရိတ်သတ်ကို ဆွဲဆောင်နိုင်စွမ်း ရှိတယ်။ Central TV ဒီရုပ်သံဒရမ်မာကို ဝယ်မယ်ဆိုရင် ဘယ်လောက်တောင် နာမည်ကြီးလိုက်မလဲ" စုမူချင်းက လင်းဝေဝေကို ကြည့်လိုက်ပါသည်။

လင်းဝေဝေအတွေးများနေသော မျက်နှာဖြင့် ခေတ္တ စဉ်းစားကြည့်လိုက်ပါသည်။

သန်း ၆၀၀ ထိပေးထားတာတောင် စုမူချင်းက စျေးကို ထပ်တိုးခိုင်းလိမ့်မည်ဟု ဘယ်သူက ထင်မည်နည်း။

မဟုတ်ပါက အောင်မြင်ဖို့ နည်းလမ်း မရှိပါ။

လင်းဝေဝေက ပြောလိုက်၏။ "မစ္စစု၊ ကျွန်မတို့ ခေါင်းဆောင်ကို ဒီကိစ္စနဲ့ ပတ်သက်ပြီး မေးဖို့ လိုအပ်လို့ပါ။ ခဏနေ အကြောင်းပြန်ပေးမယ်နော်"

စုမူချင်း ခေါင်းငြိမ့်လိုက်ပါသည်။ "ကောင်းပါပြီ"

ခဏကြာသောအခါ ခေါင်းဆောင်ဖြစ်သူကို လင်းဝေဝေ ဖုန်းဆက်လိုက်ပါသည်။

"ဘော့စ်။ ကျွန်မ ဓားထုတ်ခြင်းအနုပညာ ရုပ်သံဒရမ်မာ အပိုင်း ၂ ပိုင်း ကြည့်ပြီးသွားပြီ။ ဒီနေ့ ကျားရှင်းဖျော်ဖြေရေးရဲ့ ခွန်အားကို မြင်လိုက်ရတယ်လို့ ပြောရမယ်။ သူတို့ ဖျော်ဖြေရေး ကုမ္ပဏီက အရမ်းမကြီးပေမယ့် တခြား ဖျော်ဖြေရေး ကုမ္ပဏီတွေ ယှဉ်နိုင်ဖို့တော့ ခက်မယ်"

"ကျားရှင်းဖျော်ဖြေရေးက သန်း ၆၅၀ တောင်းပါတယ်။ ကျွန်မတို့ ခန့်မှန်းထားတဲ့ စျေးထက် သန်း ၅၀ ပိုများနေတယ်။ တစ်ဖက်လူရဲ့ ညှိနှိုင်းသူကလည်း အရမ်းကို အားကောင်းတယ်။ ခေါင်းဆောင်၊ ကျွန်မ စိတ်မကောင်းပါဘူး။ သူတို့က အဲ့စျေးကို မရမက ထိန်းချုပ်ထားတာ။ အဲ့တာကြောင့် ကျွန်မတို့ လက်ခံလိုက်ရမလား ဖုန်းဆက်မေးတာပါ" လင်းဝေဝေက ပြောလိုက်သည်။

"နင်နဲ့ ညှိနှိုင်းတဲ့သူက ဘယ်သူလဲ" စီအီးအို၏ အသံ ထွက်ပေါ်လာပါသည်။

"စုမူချင်းပါ" လင်းဝေဝေ ချက်ချင်း ပြန်ဖြေလိုက်ပါသည်။

"စုမူချင်း။ စုမိသားစုရဲ့ ဉာဏ်ကြီးရှင် ဒုတိယသမီးလေးလား။ စီးပွားရေးမှာ ကျွမ်းကျင်မှု ရှိတယ်။ ဝေဝေ နင့်ပြိုင်ဘက်ကို တွေ့သွားပြီပဲ"

"နင့်အကဲခတ်နိုင်စွမ်းကို ကုမ္ပဏီက ယုံကြည်ပါတယ်။ သန်း ၆၅၀ တန်တယ်လို့ နင် ထင်ရင် ဓားထုတ်ခြင်းအနုပညာ ရုပ်သံဒရမ်မာ မူပိုင်ခွင့်အပြည့်အစုံကို နင်ဝယ်လိုက်လို့ရတယ်" စီအီးအိုက ပြောလိုက်ပါသည်။

လင်းဝေဝေ အံ့အားသင့်ကာ အနည်းငယ် ခေါင်းငြိမ့်လိုက်ပါသည်။

လင်းဖန်၏ ဖြစ်တည်မှုအကြောင်း သူမ ပိုပိုပြီး စိတ်ဝင်စားလာပါပြီ။

လက်ထောက်ကတောင် စုမိသားစုရဲ့ ဒုတိယသမီး ဖြစ်နေသည်။

အဓိက မိသားစုကြီး ၄ စုထဲက တစ်စုအနေဖြင့် စုမိသားစုမှာ ပိုင်ဆိုင်မှု ဘီလီယံရာနဲ့ချီပြီး ရှိပါသည်။ သို့သော်လည်း စုမိသားစုရဲ့ အဖိုးတန် ဒုတိယသမီးက လင်းဖန်၏ လက်ထောက်သာ လာလုပ်နေသည်။

လင်းဖန်ရဲ့ လက်ထောက်ကတောင် အလွန် အားကောင်းလွန်းပါသည်။

လင်းဖန်ကိုယ်တိုင်ဆို ဘယ်လောက်တော်လိုက်မလဲ။

ဒီလို သမိုင်းဝင်ပုဂ္ဂိုလ်မျိုးကို လင်းဝေဝေ လေးစားမိပါသည်။

ဖျော်ဖြေရေးကုမ္ပဏီအသစ်စက်စက် တစ်ခုကို အခုလို အခြေအနေမျိုး ရောက်လာအောင် ခေါ်ဆောင်လာပေးနိုင်တာ လင်းဖန်၏ အစွမ်းအစပင်။

All Chapters