← Chapters

ဒါသူ့ဝန်ထမ်းမှ ဟုတ်ရဲ့လား

Vol. 25 Ch. 374

ဒါသူ့ဝန်ထမ်းမှ ဟုတ်ရဲ့လား

Vol. 25 Ch. 374

လင်းဝေဝေ အခန်းထဲ ပြန်ဝင်လာပြီး မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် စုမူချင်းကို ကြည့်လိုက်သည်။ သူမ အနည်းငယ် ခေါင်းငြိမ့်ကာ ပြောလိုက်၏။ "ကုမ္ပဏီက ခွင့်ပြုပါတယ်။ Central TV က ဓားထုတ်ခြင်းအနုပညာ ရုပ်သံဒရမ်မာ မူပိုင်ခွင့် အပြည့်အဝကို ဝယ်ယူဖို့ သန်း ၆၅၀ ပေးပါမယ်"

Central TV က ဒီလောက်မြန်မြန် သဘောတူလိုက်တာကို မြင်ပြီး စုမူချင်းလည်း ညင်သာစွာ ခေါင်းငြိမ့်လိုက်ပါသည်။ "မစ္စလင်း။ ကျားရှင်းဖျော်ဖြေရေးက နောက်ထပ် တောင်းဆိုစရာ ရှိပါတယ်။ ဓားထုတ်ခြင်းအနုပညာ ရုပ်သံဒရမ်မာ အတွက် ကုမ္ပဏီက မူပိုင်ခွင့်အပြည့်ကို နှစ် ၂၀ လောက်ပဲ ရောင်းချနိုင်တယ်။ ကျားရှင်းဖျော်ဖြေရေးက ဓားထုတ်ခြင်းအနုပညာကို အသုံးပြုပြီး နောက်ဆက်တွဲဝင်ငွေ ရှာခွင့် ရှိတယ်။ ဟုတ်ပါတယ်။ ကျွန်မတို့ ကိုယ့်နာမည်ကိုယ်တော့ မဖျက်ပါဘူး"

"တစ်ချိန်တည်းမှာပဲ ဓားထုတ်ခြင်းအနုပညာကို Central TV တစ်ခုတည်းမှာပဲ ထုတ်လွှင့်ပြသမယ်လို့ ကျွန်မတို့ ကတိပေးပါတယ်။ နှစ် ၂၀ ကြာတဲ့ အခါမှာလည်း Central TV က ဓားထုခြင်းအနုပညာ ရုပ်သံဒရမ်မာကို အနိမ့်ဆုံးစျေးနဲ့ ပြန်ဝယ်နိုင်မှာပါ"

စုမူချင်း ပြောလိုက်သည်။ ကုမ္ပဏီတစ်ခုအတွက် ရုပ်သံဒရမ်မာ တစ်ခု၏ အရေးပါပုံကို သူမ ကောင်းကောင်း နားလည်ပါသည်။

Central TVကိုတောင် တစ်သက်တာ ထုတ်လွှင့်ပြသခွင့် မရောင်းနိုင်ပါ။ ရုပ်သံဒရမ်မာ တစ်ခုက ဘယ်လောက်ပဲ အချိန်ကြာမြင့်ပါစေ ရာဇဝင်တစ်ခု ဖြစ်နေမှာပဲ ဖြစ်သည်။

ဥပမာ အနောက်ဘက်သို့ ခရီိးနှင်ခြင်း ၁၉၈၆ ဗားရှင်းနဲ့ My Fair Princess တို့ကဲ့သို့ ရုပ်သံဒရမ်မာများ ဖြစ်ကြသည်။

ဂန္တဝင်လက်ရာများက အချိန်တွေ ကုန်လွန်သွားမှုကို ကြောက်ဖို့ မလိုပါ။ တကယ်တော့ အချိန်တွေ ကုန်လွန်သွားမှုကြောင့်ပဲ လူတွေရဲ့ ရင်ထဲမှာ ဂန္တဝင် လက်ရာများ ဖြစ်လာကြခြင်း ဖြစ်သည်။

အကြာကြီး စဉ်းစားပြီးနောက် လင်းဝေဝေ သဘောတူဖို့ ဆုံးဖြတ်လိုက်ပါသည်။

"ဒါဆို သဘောတူလိုက်ပြီနော်။ ရှင်နဲ့ ညှိနှိုင်းရတာ ကျွန်မအတွက် တကယ် ဖိအားများတယ်။ ဒါပေမယ့် Central TV က ပါရမီရှင်ကို တန်ဖိုးထားပြီး ဒီရုပ်သံဒရမ်မာကို ဝယ်ယူချင်နေတုန်းပါပဲ။ မစ္စစု အလုပ်တူတူ တွဲလုပ်ရတာ ဝမ်းသာပါတယ် ~" လင်းဝေဝေက ပြောလိုက်၏။

"Central TV နဲ့အတူတူ တွဲလုပ်ရတာလည်း ကျွန်မတို့အတွက် ဂုဏ်ယူစရာပါပဲ။ ကျွန်မတို့ ခဏနေရင် စာချုပ်ချုပ်ဖို့အတွက် ပြင်ဆင်ပေးပါ့မယ်။ အခု ဘော့စ်လင်းကို အရင်ဆုံး သွားတင်ပြလိုက်ဦးမယ်" စုမူချင်း ပြုံးလိုက်သည်။

ထို့နောက် လင်းဖန်၏ ရုံးတံခါးကို ခေါက်လိုက်ပြီး စာချုပ်တစ်ခုနဲ့ ဝင်လာခဲ့ပါသည်။

ဒီစာချုပ်က ဓားထုတ်ခြင်းအနုပညာ မူပိုင်ခွင့်ကို ရောင်းချဖို့ စာချုပ် ဖြစ်သည်။

"ဘော့စ်လင်း Central TV က ဓားထုတ်ခြင်း အနုပညာ ရုပ်သံဒရမ်မာအတွက် မူပိုင်ခွင့် အပြည့်ကို ဝယ်ချင်နေပါတယ်။ စာချုပ်ကို ပြင်ဆင်ထားပြီးသား ဖြစ်ပြီး ညှိနှိုင်းမှုလည်း ပြီးဆုံးသွားပါပြီ။ ဘော့စ်လင်း စာချုပ်လက်မှတ် ထိုးပေးနိုင်မယ် ထင်လား။” စုမူချင်းက ပြုံးကာ မေးလိုက်ပါသည်။

ဒီလို အရေးကြီးသည့် ကိစ္စမျိုးမှာ လင်းဖန်က နောက်ဆုံး ဆုံးဖြတ်ချက် ချရပါမည်။ သူမက ကိုယ်စား ဆုံးဖြတ်ပေးမှာ မဟုတ်ပါ။

လင်းဖန်က စာချုပ်ကို ယူကြည့်လိုက်သည်။ "ဘယ်လောက်လဲ။ ငါကြည့်ဦးမယ်"

သူ မကြည့်ခဲ့လျှင် ကောင်းမည်။ သို့သော် ကြည့်မိလိုက်တာနဲ့ လင်းဖန် တုန်လှုပ်သွားခဲ့ရပါသည်။

Central TV က သန်း ၆၅၀ ကို တကယ်ကြီး လိုလိုလားလား ပေးမည်ဖြစ်သည်။

"သန်း ၆၅၀ ဟုတ်လား။ ဓားထုတ်ခြင်းအနုပညာ ရုပ်သံဒရမ်မာအတွက် ရိုက်ကူးရေးကြေးက အရမ်း မမြင့်တော့ ငါ သန်း ၂၀၀ လောက်ပဲ အစက မျှော်လင့်ထားတာ။ ထုတ်လုပ်မှုကုန်ကျစရိတ်ကလည်း အရမ်းမမြင့်ဘူး။ သန်း ၄၀ တည်းရယ်" လင်းဖန်က ပြောလိုက်သည်။

တစ်နည်းအားဖြင့် ဓားထုတ်ခြင်းအနုပညာကို ရိုက်ကူးထုတ်လုပ်ဖို့ ကုမ္ပဏီက သန်း ၄၀ သာ သုံးခဲ့ပါသည်။

စစ်ပွဲရုပ်ရှင်တစ်ခုက ကွန်ပျူတာ အထူးပြုလုပ်ချက်လည်း အများကြီး မလိုအပ်ပေ။

ဥပမာအားဖြင့် သေနတ်ပစ်ခန်းရိုက်ရင်တောင် လေဆာတွေ၊ မှော်ကျည်ဆံတွေလိုမျိုး အထူး ပြုလုပ်ချက်တွေ ထည့်ရိုက်လို့ မရပါ။

သာမန် သေနတ်ပစ် ကွန်ပျူတာ အထူးပြုလုပ်ချက်များက အများကြီး ကုန်ကျမှု မရှိပါ။

'ဓားထုတ်ခြင်းအနုပညာ' ရုပ်သံဒရမ်မာ ရိုက်ကူးမှုကို ဝါရင့်သရုပ်ဆောင်ကြီးများက ပါဝင်ထားသည်။ တက်သစ်စ များစွာလည်း ရှိသဖြင့် စျေးနှုန်းက အရမ်းမမြင့်ပါ။

ဒုတိယကမ္ဘာစစ်ကို အခြေခံသည့် ရုပ်သံဒရမ်မာ တစ်ကား ထုတ်လုပ်ဖို့က မခက်ခဲပေ။ နိုင်ငံတော်ထဲမှာလည်း ကောင်းမွန်သည့် ဒရမ်မာ များစွာ ရှိပါသည်။ တစ်ခုတည်းသော ခက်ခဲသည့် အရာက သမိုင်းကြောင်းကို ပြန်လှန်ပြီး ပရိတ်သတ်ရဲ့ အကြိုက်န့ လိုက်ဖက်မှုရှိမည့် စိတ်ဝင်စားစရာ ဇာတ်ညွှန်းများကို ရေးသားနိုင်ဖို့ ဖြစ်သည်။

တခြား ဇာတ်ညွှန်းဆရာများက မလုပ်နိုင်လောက်သော်လည်း လင်းဖန်အတွက်တော့ လွယ်ပါသည်။

လင်းဖန် ဆက်ပြောလိုက်၏။ "သန်း ၂၀၀ ဆိုရင်တောင် ကုမ္ပဏီက အမြတ်တွေ အများကြီး ရနေပြီ။ ငါတို့ အသားတင်အမြတ် သန်း ၁၆၀ ရလိုက်ပြီလေ။ ရုပ်သံဒရမ်မာက ရေပန်းစားလာမယ်ဆိုရင် တချို့ သရုပ်ဆောင်တွေကို မြေတောင်မြှောက်ပေးပြီး ကုမ္ပဏီအတွက် ပရိုမိုးရှင်း ဆင်းလို့ ရတယ်"

စုမူချင်းက သူမရဲ့ အပြစ်ကင်းစင်သော မျက်လုံးလေးများကို ချဲ့ကာ ပြောလိုက်သည်။ "အင်း... ဒါပေမယ့် သန်း ၆၅၀ လေ"

လင်းဖန်က ရှေ့တိုးလာပြီး စုမူချင်းကို ကြည့်လိုက်ပါသည်။ "မူချင်း။ ငါတို့ ကုမ္ပဏီက ဒီရုပ်သံဒရမ်မာကို ရိုက်ကူးဖို့ သန်း ၂၀၀ ကျော် သုံးခဲ့တယ်လို့ ဟိုဘက်လူကို နင်ပြောလိုက်တာ မလား"

စုမူချင်း၏ အကြည့်က ပို၍ပင် အပြစ်ကင်းစင်လာသေးသည်။ သူမ ခေါင်းငြိမ့်လိုက်ပြီး အဆူခံရသည့် ကောင်မလေး တစ်ယောက်လို ခေါင်းငုံ့လိုက်ပါသည်။

လင်းဖန် ပြုံးလိုက်၏။ "တော်ပါပေတယ်"

"သန်း ၆၅၀ နဲ့ ရောင်းထွက်ပြီး ကုန်ကျစရိတ်ကို နုတ်လိုက်ရင် ငါတို့ ကုမ္ပဏီ အသားတင်အမြတ် သန်း ၆၁၀ ရသွားပြီ"

"အစက တစ်သက်တာ ထုတ်လွှင့်ပြသခွင့်ကိုပါ ရောင်းရလိမ့်မယ်လို့ ထင်ထားခဲ့တာ။ နှစ် ၂၀ တည်းအတွက် နင်ရောင်းနိုင်လိမ့်မယ် ထင်မထားဘူး။ ငါ ဘာပြောပေးရမလဲ" လင်းဖန်က ပြုံးကာ အနည်းငယ် ပျော်ရွှင်နေပါသည်။

စုမူချင်းကို ညှိနှိုင်းခိုင်းလိုက်ပါက စျေးက ၃ ဆတောင် တက်သွားပါလိမ့်မည်။

လင်းဖန်သာ ညှိနှိုင်းလျှင် စုမူချင်းရဲ့ ညှိနှိုင်းမှုလောက် ကောင်းမှာ မဟုတ်ပါ။

စုမူချင်းက ရှက်သွေးမဖြာဘဲ လိမ်တတ်သည့်လူမျိုး ဖြစ်သည်။ လင်းဝေဝေနဲ့ စျေးနှုန်းစကားပြောသည့် အခါတွင် ယုံချင်စရာ ကောင်းပါသည်။

သို့သော်လည်း လက်တွေ့မှာတော့ ဒီလို မဟုတ်ပါ။

စုမူချင်းက လက်ကမ်းပေးလိုက်ပြီး သူမရဲ့ ကြည်လင်နေသည့် မျက်လုံးများကို တဖျပ်ဖျပ် ခတ်ကာ ပြောလိုက်ပါသည်. "ဘော့စ်လင်း အပြစ်ပေးပါ ~~ ကျွန်မ သေချာ မလုပ်နိုင်ခဲ့ဘူး"

လင်းဖန်က ရှေ့တိုးလာပြီး စုမူချင်း၏ လက်ကို ညင်သာစွာ ရိုက်လိုက်ပါသည်။ "ဒီလိုလက်ထောက်မျိုးနဲ့ဆို ဘယ်သူက ကုမ္ပဏီထောင်ရမှာကို ကြောက်ဖို့လိုမှာလဲ။ နင်က ငါ့နောက်လိုက်ပြီး ငါ့ဆီက သင်ယူချင်တယ်လို့ ပြောပေမယ့် နောက်ဆုံးတော့ ငါက နင့်ဆီကနေ ပြန်သင်ယူရတော့မယ်"

လင်းဖန် သက်ပြင်းချလိုက်ပါသည်။ သူကိုယ်တိုင် ညှိနှိုင်းရမည်ဆိုလျှင် သေချာပေါက် ဒီလိုစျေးမျိုး ရနိုင်မှာ မဟုတ်ပါ။

စုမူချင်းအပြင် စုရှောင်းယွီလို ဉာဏ်ကြီးရှင် ကောင်မလေးသာ ဒီလို စျေးမျိုးကို ရအောင် ညှိနှိုင်းနိုင်ပါလိမ့်မည်။

စုမူချင်းက တခစ်ခစ် ရယ်မောလိုက်၏။ "ဒါပေမယ့် ကျွန်မက ဘော့စ်လင်းဘေးမှာ နေချင်တာကိုး ~ လစာကည်း မဆိုးဘူး"

လင်းဖန် စိတ်ညစ်သွား၏။ "ဟုတ်ပါပြီ တော်ပါတော့။ နင့်မိသားစုက ပိုင်ဆိုင်မှု ဘီလီယံ ရာချီပြီး ရှိတာလေ။ ကျားရှင်းဖျော်ဖြေရေးထက် အဆပေါင်းများစွာ ပိုကြီးမားတယ်။ နင့်မိသားစုမှာလည်း ငွေတွေ ဒီလောက်ပေါတာ တစ်နှစ်ဝင်ငွေ ၁၀ သန်းလောက် ရှိတဲ့ အလုပ်ကို နင်ဂရုစိုက်လို့လား"

စုမူချင်းက လိမ္မာစွာ ခေါင်းငြိမ့်လိုက်ပါသည်။ "ဟုတ်ပါတယ်။ ကျွန်မ ဂရုစိုက်တာပေါ့။ ကျွန်မ အိမ်မှာရှိတုန်းက ကျွန်မကို သူတို့ မယုံကြည်ကြဘူး။ အလုပ်တွေ အကုန်လုံးကို ကျွန်မ အစ်မဆီပဲ လွှဲပေးလိုက်ပြီး ကျွန်မ အလုပ်ပြုတ်ခဲ့တယ်"

"အဲ့တာကြောင့် ဘော့စ်လင်းရဲ့ လက်ထောက် လုပ်ချင်တာပေါ့~ ကျွန်မ ငွေများများစားစား မရနိုင်ဘူး ဆိုရင်တောင် လုပ်နိုင်တယ်။ ကျွန်မ ဘော့စ်က ရုပ်လည်းချောပြီး သဘောလည်း ကောင်းမယ်လို့တော့ ထင်မထားခဲ့ဘူး။ တခြားသူတွေ လက်ထောက်လုပ်ရင် လစာ ထောင်ဂဏန်းလောက်ပဲ ရတာ။ ဒါပေမယ့် ကျွန်မကတော့ တစ်လကို ယွမ် ၃၀၀,၀၀၀ လောက်ဝင်တယ်။ ကျွန်မ တန်ဖိုးကို ကျွန်မ သက်သေပြနိုင်လို့ အရမ်းဝမ်းသာတယ်"

စုမူချင်း ထိုသို့ ပြောရင်း မျက်လုံးများက အနည်းငယ် နီမြန်းနေပါသည်။ အိမ်မှာ အနိုင်ကျင့်ခံရလို့ လင်းဖန်နဲ့ အလုပ် အတူတူ လာလုပ်သည့်ပုံစံမျိုးပင်။

လင်းဖန် စုမူချင်း၏ ခေါင်းကို ညင်သာစွာ ပွတ်ပေးလိုက်ပြီး ပြုံးလိုက်ပါသည်။ "ဘာမှ မဖြစ်ပါဘူး။ ငါ့နောက်သာ ဆက်လိုက်၊ ငါကာကွယ်ပေးမယ်။ ဒီတစ်ခေါက် နင့်ကို လစာလည်း တိုးပေးလိုက်မယ်။ နောက်ကို တစ်လ ယွမ် ၅၀၀,၀၀၀ ပေးမယ်"

စုမူချင်းလည်း မငြင်းဘဲ အမြန်ဦးညွတ်ကာ ကျေးဇူးတင်လိုက်ပါသည်။ "ကျေးဇူးတင်ပါတယ် ဘော့စ်~"

စုမူချင်း ဘယ်လောက် ရိုးသားသလဲဆိုတာကို မြင်ပြီး လင်းဖန်၏ အပြုံး ပို၍ပင် တောက်ပလာပါသေးသည်။

စုမူချင်းအတွက် လစာတိုးပေးခြင်းက ရေးကြီးခွင်ကျယ် ကိစ္စ မဟုတ်ပါ။ သူမ ညှိနှိုင်းပေးခဲ့ပြီး ကုမ္ပဏီအတွက် သန်း ၆၀၀ ကျော်ကို ရှာပေးနိုင်ခဲ့သည်။ ထို့အပြင် စုမူချင်းက လင်းဖန်၏ တခြား ကုမ္ပဏီများအတွက်လည်း အလုပ်များဦးမှာ ဖြစ်သည်။

ယခုလင်းဖန်က သူမကို စူပါစတားတစ်ယောက် ဖြစ်အောင် ပျိုးထောင်ပေးလိုက်ပြီ ဖြစ်သဖြင့် သူမ ရေပန်းစားလာပြီးနောက် တန်ဖိုးကလည်း အဆပေါင်းစွာ တက်သွားပါလိမ့်မည်။

ရိုးရိုးရှင်းရှင်းပြောရလျှင် သူမက ကြည့်ကောင်းပြီး ရိုးလည်း ရိုးသားသည့် လက်ထောက်တစ်ယောက် ဖြစ်သည်။ အစွမ်းအစရှိကာ အိပ်ယာပေါ်မှာ အနွေးဓာတ်ပေးနိုင်သော်လည်း လင်းဖန် မလိုအပ်ပါ။

စုမူချင်းလို လှပသည့် လက်ထောက်တစ်ယောက်ကို ပိုင်ဆိုင်ထားရသဖြင့် လင်းဖန် ပြုံးလိုက်ပြီး ခံစားချက် ခြားနားသွားပါသည်။

စုမူချင်းလို ကောင်မလေးမျိုးကို တခြား ဘယ် တန်ဖိုးနဲ့မှ နှိုင်းယှဉ်လို့ မရပါ။

စုမူချင်းသာ အနားမှာရှိလျှင် လင်းဖန် အပြတ်အသတ် အနိုင်ယူနိုင်ပါလိမ့်မည်။

All Chapters