← Chapters

ငါ့မိန်းမက လှလွန်းတယ် (၁)

Vol. 25 Ch. 375

ငါ့မိန်းမက လှလွန်းတယ် (၁)

Vol. 25 Ch. 375

လင်းဖန်က စုမူချင်းကို ကြည့်ကာ မေးလိုက်ပါသည်။ "နင့်မှာ ရည်းစားရှိလား"

စုမူချင်းက ခေါင်းကိုညင်သာစွာ ခါလိုက်ပြီး ရှက်သွေးဖြာသွားခဲ့ပါသည်။ "မရှိပါဘူး"

လင်းဖန် ပြောလိုက်သည်။ "နင့်ကောင်လေး ဖြစ်လာတဲ့လူကတော့ ပွတာပဲ"

စုမူချင်းက မျက်တောင်ခတ်လိုက်ပြီး လင်းဖန်ကို ကြည့်လိုက်ပါသည်။ "ဘော့လင်းဘေးမှာ အကြာကြီး ရှိနေခဲ့ရတော့ တခြားယောက်ျားလေးတွေကိုတောင် မကြိုက်တော့ပါဘူး..."

လင်းဖန် သူမကို စိုက်ကြည့်လိုက်သည်။ သူ့ကို ဒီလိုပုံမျိုးနဲ့ ရေလာမြောင်းပေးလုပ်နေတာလား။

တစ်နည်းအားဖြင့် သူ့ကိုပဲ ကြိုက်တယ်ပေါ့။

လင်းဖန် မေးလိုက်သည်။ "ဘာလို့လဲ"

စုမူချင်းက ခေါင်းမော့လိုက်ပြီး ပြောလိုက်ပါသည်။ "ဘော့စ်အနားမှာရှိတဲ့ ကောင်မလေးတွေကို သဘောကျတယ်။ ရှားဝမ်ချွေ့၊ ရှောင်းယွီ၊ လင်းခဲ့ရှင်းတို့ကို သဘောကျတယ်။ အားလုံးက အရမ်းလှတာပဲ~"

လင်းဖန် ထိုင်ခုံမှာ ပြန်မှီထိုင်နေလိုက်ပါသည်။ လခွမ်း။ သူ့ကိုကြိုက်တာ မဟုတ်ဘူးပေါ့။ ဘာမှ မဟုတ်ဘဲနဲ့ ရင်ခုန်အောင်တောင် လုပ်လိုက်သေးသည်။

ကံကောင်းစွာဖြင့် သူ့မိန်းမ အနားမှာ မရှိပါ။ ထို့ကြောင့် တခြားကောင်မလေးတွေကို ပရောပရည် လုပ်လို့ ရပါသည်။

အမှန်ပင်။ တခြားကောင်မလေးတွေကိုတော့ လင်းဖန် ဘာမှ လုပ်မှာ မဟုတ်ပါ။

လင်းဖန် ပြောလိုက်၏။ "နင် ထွက်သွားစမ်း။ ငါ့ကို ဘာမှ မဟုတ်ဘဲနဲ့ ရင်ခုန်အောင် လာလုပ်နေတယ်"

စုမူချင်းက တခစ်ခစ်ရယ်မောပြီး ပြောလိုက်ပါသည်။ "ဘော့စ်စိတ်ဆိုးသွားပြီ။ ဒါပေမယ့် ဘော့စ်ကို သဘောကျတယ်လို့တော့ ပြောလို့မှ မရတာ။ အစ်မဝမ်ချွေ့ သဘောတူမှာ မဟုတ်ဘူး"

လင်းဖန်က စနောက်လိုက်၏။ "ဒါဆို ငါ့ကို သဘောကျတယ်ပေါ့"

စုမူချင်း မျက်တာင်ခတ်လိုက်သည်။ "ဒါပေါ့ ဒါပေါ့ သဘောကျတာပေါ့"

လင်းဖန် ရယ်မောလိုက်ပါသည်။ "ဟုတ်ပါပြီ။ ဒါဆို အဲ့တိုင်းပဲ ဆက်နေ။ ငါအလုပ်လုပ်တော့မယ်"

စုမူချင်းက ခြေထောက်ကို စိတ်ဆိုးစွာဖြင့် ဆောင့်လိုက်ပါသည်။ "ဟွန်း အနိုင်ကျင့်နေတယ်"

လင်းဖန်ပြောလိုက်၏။ "နင်အရင် ငါ့ကို လှည့်စားတာလေ။ ငါလင်းဝေဝေကို အရင် သွားတွေ့လိုက်ဦးမယ်။ စာချုပ် အရင်လက်မှတ်ထိုးတာပေါ့"

လင်းဖန်နဲ့ စုမူချင်းတို့ တစ်ယောက်ကိုတစ်ယောက် စနောက်နေကြမှန်း သိပါသည်။ ဘာပဲဖြစ်ဖြစ် လင်းဖန်မှာ ကောင်မလေးရှိပြီးသား မဟုတ်လား။ တခြား ကောင်မလေးတွေကို သဘောကျလို့ ရပါ့မလား။

ရှားဝမ်ချွေ့နဲ့တောင် အတူတူ မအိပ်ရသေးပါ။ တခြား ကောင်မလေးတွေနဲ့ ပရောပရည်လုပ်ပြီး အားလုံးကို ဆုံးရှုံးသွားပါက ကြီးကြီးမားမား အရှုံးမပေါ်နိုင်ဘူးလား။

စုမူချင်းက သူမရဲ့ မျက်လုံးလှလှလေးများဖြင့် လင်းဖန်၏ နောက်ကျောကို မော့ကြည့်လိုက်ပါသည်။ သူမ မျက်နှာက အနည်းငယ် နီရဲနေပါသည်။

သူမ လင်းဖန်ကို နည်းနည်း ချစ်မိသွားသည်ဟု ဘာကြောင့် ခံစားနေရတာလဲ။

သူမ ရင်ခုန်မြန်လာပြီး ရှက်သွေးဖြာနေမှန်း စုမူချင်း ခံစားမိသောအခါ သူမ လုပ်ရပ်တွေ မမှန်မှန်း နားလည်လိုက်ရပါသည်။

"မဖြစ်ဘူး မဖြစ်ဘူး။ ငါဘော့စ်ကို သဘောကျလို့ မဖြစ်ဘူး။ သူ့မှာ ကောင်မလေး ရှိပြီးသား။ စုမူချင်း၊ နင်ဘာလို့ ဘော့စ်ကို သဘောကျရတာလဲ။ ဘော့စ်က... တကယ်တမ်း ချောတော့ ချောပါတယ်" ရင်ခုန်မြန်နေတာကို ဖိသိပ်ဖို့အတွက် စုမူချင်း ရင်ဘတ်ကိုသာ ဖိထားလိုက်ပါသည်။

ရုံးခန်းထဲက ထွက်လာပြီးနောက် လင်းဝေဝေကို လင်းဖန် မြင်သွားသည်။

သူမလည်း မြင်သွားပါသည်။

လင်းဖန်ကို မြင်သောအခါ လင်းဝေဝေ ခြေထောက်တွေတောင် မခိုင်တော့ပါ။

သူမ မျက်လုံးများ ဝိုင်းစက်သွားပြီး လင်းဖန်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်ပါသည်။

ဒီလောက် ရုပ်ချောတဲ့ ကောင်လေးမျိုး ရှိလို့လား။

သူမ အရင်က လင်းဖန်၏ ဓာတ်ပုံကို မြင်ဖူးသော်လည်း ဓာတ်ပုံတွေက အလိမ်အညာသာ ဖြစ်၏။

ဓာတ်ပုံနဲ့ လူအစစ်တွေကြားမှာ ခြားနားချက် ရှိပါသည်။

ဓာတ်ပုံထဲမှာ ပိုလှလေလေ အပြင်မှာ ပိုပြီး ရုပ်ဆိုးလေလေဖြစ်သည်။

လင်းဖန်ကတော့ အပြင်မှာ ပို၍ပင် ချောမောနေပါသေးသည်။

"ဟယ်လို မစ္စလင်း" လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။

"ဟယ်လို ဘော့စ်လင်း။ ကျွန်မက လင်းချမ့်ဝေပါ~" လင်းဝေဝေက ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့လိုက်ပါသည်။ လင်းဖန်ကို မြင်သည့်အခါ အသက် ၂၀ ဝန်းကျင်အတွင်းရှိ မိန်းကလေးတိုင်း ရှက်သွားတတ်ပါသည်။

လင်းဖန်က ချောမောလွန်းသောကြောင့် ဖြစ်သည်။

လင်းဖန်သာ လူယုတ်မာတစ်ယောက်ဆို အသက် ၁၄ နှစ်အရွယ်ကစသည့် ကောင်မလေးများနဲ့ တွဲနိုင်သည်။

ယခု သူက အသက် ၂၅ နှစ်ဖြစ်ပြီး နောက်ထပ် ၉ နှစ်လောက်ကြာလျှင် တစ်ရက်ကို မိန်းကလေး ၂ ယောက် ၃ ယောက်လောက် အလွယ်တကူ တွဲနိုင်ပါသည်။ အခုလောက်ဆို လူအယောက် ၁,၀၀၀ နဲ့ အိပ်နိုင်သည့် အဆင့်မျိုးကိုတောင် ရောက်နေလောက်ပါပြီ။

သို့သော်လည်း လင်းဖန်က လူပျိုတစ်ယောက်အဖြစ် ရှိနေသေးသည်။ သူ့မိန်းမနဲ့တောင် အတူတူ မအိပ်ရသေးပါ။ လူအယောက် ၁,၀၀၀ နဲ့ အိပ်ဖို့ဆို ပိုတောင်ဝေးပါသေးသည်။

လင်းခဲ့ရှင်းနဲ့၊ ချူးယောင်ယောင်တို့လို ဆယ်လီတွေတောင် လင်းဖန်၏ ညှို့အားကို ခံနိုင်ရည် မရှိလောက်ပါ။

လင်းဖန်တွင် အတန်းဖော်အများစွာရှိခဲ့သည်။ ကျောင်းလဲ့လဲ့၊ ရှီးယုထုံ၊ ရှုရှိယင် စသည့် ကောင်မလေးများကတောင် လင်းဖန်ကို မကြိုက်ဘဲ မနေနိုင်ပါ။

လင်းဖန်သာ လူယုတ်မာတစ်ယောက်ဖြစ်ပါက အခုလောက်ဆို ကလေးတွေ အများကြီး ရနေလောက်ပါပြီ။

ရှက်ရွံ့ပြီးနောက် လင်းဖန်ကို လင်းချမ့်ဝေ အတည်ပေါက် ကြည့်လိုက်ပါသည်။

ဒီလို ရုပ်ချောချော ကောင်လေးမျိုးကို မကြာခဏ မြင်နေရသည်။ သူမ ဖုန်းထုတ်ပြီး ဓာတ်ပုံ မရိုက်နိုင်တာတော့ နှမြောစရာပင်။

"ကျွန်တော် စာချုပ်ကို ကြည့်ပြီးပါပြီ။ လက်မှတ်ထိုးလို့ ရပါပြီ" လင်းဖန် ပြောလိုက်၏။

"ကောင်းပါပြီ" လင်းဖန် အနည်းငယ် ခေါင်းငြိမ့်လိုက်သည်။

နှစ်ဦးနှစ်ဖက် စာချုပ် လက်မှတ်ထိုးပြီးသောအခါ လင်းဝေဝေက လက်ကမ်းပေးလိုက်ပါသည်။ "ဘော့စ်လင်း။ အလုပ်တွဲလုပ်ရတာ ဝမ်းသာပါတယ်~"

လင်းဖန်လည်း လင်းဝေဝေနဲ့ လက်ဆွဲနှုတ်ဆက်လိုက်ပါသည်။ "ဝမ်းသာပါတယ်"

လင်းဝေဝေ သည်းမခံနိုင်တော့သလို ခံစားလိုက်ရသည်။

လင်းဖန်က တကယ်ပဲ... ချောမောလွန်းပါသည်။

ဒီလိုကောင်လေးမျိုးနဲ့ အတူရှိနေသည့်အခါ သူမ သေချာပေါက် ရှက်သွေးဖြာမိပါလိမ့်မည်။

လင်းဖန်သာ သူမ ကောင်လေး ဖြစ်နိုင်ရင် ကောင်းမည်။ သို့သော်လည်း ဒီလောက် လွယ်မှာ မဟုတ်ပါ။

လင်းဝေဝေက လင်းဖန်ကို မျက်လုံးလှလှလေးများဖြင့် ကြည့်လိုက်ပြီး ပြောလိုက်သည်။ "ဘော့စ်လင်း ဓာတ်ပုံအတူတူ ရိုက်လို့ ရမလား။ ဘော့စ်လင်းက အရမ်းချောလို့ပါ။ ကျွန်မလည်း ဘော့စ်လင်းရဲ့ ပရိတ်သတ်ပါပဲ"

လင်းဖန် ပြုံးလိုက်ပါသည်။ "ဒါပေါ့"

ဓာတ်ပုံရိုက်ပြီးနောက် လင်းဝေဝေ ကျေနပ်စွာဖြင့် ပြန်သွားတော့သည်။

လင်းဝေဝေ ထွက်သွားသောအခါ စုရှောင်းယွီလည်း ထိုမြင်ကွင်းကို မြင်သွားသည်။

စုရှောင်းယွီက သကြားလုံးကို ကိုင်ထားပြီး လင်းဖန်ကို ကြည့်လိုက်သည်။ "ဆရာ ဆရာ၊ ငါလည်း နင်နဲ့ ဓာတ်ပုံရိုက်ချင်တယ်~"

လင်းဖန်က စုရှောင်းယွီ၏ ခေါင်းကို ခေါက်လိုက်ပါသည်။ "ကိုယ့်ဟာကိုယ် သွားနေစမ်းပါ။ ဘာလို့ ဓာတ်ပုံရိုက်မှာလဲ"

စုရှောင်းယွီက မျက်တောင်ခတ်ကာ ပြုံးလိုက်၏။ "ဆရာ။ Dragon TV နဲ့ Mango TV ဝန်ထမ်းတွေ ဒီနေ့လည်ခင်း ၂၀ ကျော်ဘဝများ ထုတ်လွှင့်ပြသခွင့်ကို လာဝယ်ကြမယ်လို့ ကြားတယ်။ ဓာတ်ပုံအတူတူရိုက်ကြရအောင်။ အဲ့တာဆို ငါကူညီ ညှိနှိုင်းပေးမယ်~"

လင်းဖန်ပြောလိုက်သည်။ "ရတယ်လေ။ ရိုက်ပါ။ နေ့လည်ကျရင် ဇာတာ်ညွှန်း ရေးရဦးမယ်"

စုရှောင်းယွီ ဒီနေ့ ဂါဝန်လှလှလေးတစ်ထည် ဝတ်ထားပါသည်။ သူမ လင်းဖန်ရှေ့မှာ လှည့်ပတ် ပြလိုက်သည်။ "ဆရာ ငါလှလား"

လင်းဖန်ခေါင်းငြိမ့်လိုက်သည်။ "အင်း အရမ်းလှပါတယ်။ ခါးကသေး၊ ခြေထောက်က သွယ်သွယ်နဲ့ အသားလည်း ဖြူတယ်။။ ရင်ဘတ်သေးတာလွဲရင် ကျန်တာ အဆင်ပြေပါတယ်"

All Chapters