အတိတ်မှ မိန်းမပျို
Vol. 11 Ch. 144
စုမေ့သည် တကွဲတပြား ဖြစ်နေသည့် မှတ်ဉာဏ်အိုများကို ပြန်လည် စုစည်းလိုက်၏။ အတိတ်၏ ပုံရိပ် အချို့က သူမ၏ ဦးနှောက်အတွင်း တဖြည်းဖြည်းနှင့် အစီအစဥ် တကျ ပြန်လည် ပေါ်လာခဲ့၏။
လွန်ခဲ့သော နှစ်များစွာက ဝေ့ဝူယင်သည် နေသွေးနီနီဂိုဏ်း၏ အဓိက တပည့် တစ်ဦး ဖြစ်ခဲ့ဖူးသည်။ ဂိုဏ်းသည် လခရမ်းဂိုဏ်း၏ အကြွင်းအကျန်များကို လိုက်လံ သုတ်သင်ရန် သူ့အား တာဝန်ပေးအပ်ခဲ့ပြီး သူမသည်လည်း သူ၏ တပ်မှူး တစ်ယောက် အနေဖြင့် လိုက်ပါခဲ့သည်။
သူတို့သည် ခုခံသည့် လခရမ်း ဂိုဏ်းဝင်များစွာကို သုတ်သင်ပစ်ခဲ့ကာ လက်နက်ချသော လူများကိုမူ သုံ့ပန်းများ အဖြစ် ဖမ်းဆီးခဲ့သည်။ ရန်သူ၏ လက်၌ ဖမ်းဆီးခံရသည့် လူများ၊ အထူးသဖြင့် မိန်းကလေးများတွင် ကံကြမ္မာမှာ နှစ်ခုသာ ရှိ၏။ တစ်ခုက ရောင်းချခံရရန် ဖြစ်ကာ အခြား တစ်ခုမှာမူ လိင်ကျေးကျွန် သို့မဟုတ် အစေခံ အဖြစ် ခိုင်းစားခံရရန် ဖြစ်သည်။
မည်သည့် ကံကြမ္မာနှင့် ရင်ဆိုင်တွေ့စေကာမူ သူတို့သည် ကိုယ့်အသက်ကို ပိုင်ဆိုင်တော့မည် မဟုတ်ချေ။ စုမေ့သည် ကိုယ်တိုင် မိန်းကလေး တစ်ယောက် ဖြစ်သည့်တိုင် သူတို့အား မသနားခဲ့။ အကယ်၍ သူတို့ အပြစ်တင်ချင်ပါက သူတို့၏ ကံဆိုးမှု၊ အားနည်းမှုတို့ကိုသာလျှင် အပြစ်တင်သင့်သည်။ ကျင့်ကြံခြင်း ကမ္ဘာမှာ ရက်စက်သော နေရာဖြစ်ရာ လူတိုင်းအနေဖြင့် ထိုဥပဒေသကို လိုလိုလားလားပင် လက်ခံရမည် ဖြစ်သည်။
ဖမ်းဆီးရရှိသည့် အမျိုးသမီး သုံ့ပန်းများထဲတွင် လှပသည်ဟု မယူဆနိုင်သလို၊ အကျည်းတန်သည်ဟုလည်း ပြော၍မရနိုင်သည့် မီးခိုးရောင် မျက်လုံး ညိုမှိုင်းမှိုင်းနှင့် မိန်းကလေး တစ်ယောက်လည်း ပါဝင်နေသည်။ စီမံခန့်ခွဲရေး ခေါင်းဆောင်သည် သူမကို အဖွဲ့အတွင်းရှိ အမျိုးသား ကျင့်ကြံသူများအား ပျော်တော်ဆက်ရန် တာဝန် ပေးအပ်ခဲ့သည်။
သို့သော်လည်း ဝေ့ဝူယင်သည် ရုပ်ရည်နှင့် ကျင့်ကြံခြင်း အခြေခံတို့ သာမန်ဖြစ်သည့် ထိုမိန်းကလေးထံမှ ထူးခြားသည့် တစ်စုံတစ်ရာကို သတိထားမိဟန် ရသည်။ သူသည် သူမကို ခေါ်ဆောင်သွားကာ နောက်ပိုင်းတွင် လွှတ်ပေးခဲ့သည်။ သူတို့ နှစ်ယောက် အကြား၌ မည်သည့် အရာအား ဖြစ်ပျက်ခဲ့သည် ဆိုသော အသေးစိတ် အချက်အလက်များကိုမူ စုမေ့ မသိခဲ့သလို စုံလည်း မစုံစမ်းခဲ့ချေ။
ထိုမိန်းကလေးနှင့် ပတ်သက်၍ စုမေ့သိသည့် အရာ တစ်ခုတည်းသာ ရှိ၏။ ထိုအရာက သူမ၏ နာမည်မှာ “နာ့ရှင်းရီ” ဖြစ်သည် ဟူ၍ပင်...။
“နင်...”
ကျယ်လောင်သော အော်ဟစ်သံက ထွက်ပေါ်လာကာ လူတိုင်းမှာ ထိတ်လန့်သွားကြသည်။ သူတို့က လှည့်ကြည့် လိုက်ကြရာ လုံချန်၏ အလှဆုံး မိန်းကလေးမှာ လက်သီးကို တင်းတင်းဆုပ်ကာ ဒေါသမျက်လုံးများနှင့် ဝေ့ဝူယင်အား ကြည့်နေသည်ကို တွေ့မြင်လိုက်ရသည်။ သတ်ဖြတ်လိုသော အငွေ့အသက်များသည် သူမ၏ ခန္ဓာကိုယ်ကို သိမ်းပိုက် စိုးမိုးထား၏။
ဝေ့ဝူယင် တိတ်တခိုး သက်ပြင်းချလိုက်မိ၏။ ပထမဆုံး တွေ့ဆုံသည့် နေ့တွင် လုံချန်သည် နာ့ရှင်းရီကို သိသလား ဟု သူ့အား မေးခဲ့ဖူးသည်။ ထိုမေးခွန်းကို ယနေ့ ဖြေဆိုရမည် ဆိုပါက သူ သူမအား သိပါသည်။ သိပ်ကို သိခဲ့ဖူးပါသည်။
ထိုနေ့... သူမကို စတင်တွေ့သည့် နေ့တွင်ပင်... သူသည် မူလယင် ပျက်စီးခြင်း မရှိသေးသည့် သူမ၏ ပြီးပြည့်စုံသော ယင်ဆုံမှတ် သုံးခု ခန္ဓာကိုယ်ကို သတိထားမိခဲ့သည်။ ယင်ဆုံမှတ် သုံးခုပိုင်ရှင်များသည် တစ်သန်းတွင် တစ်ယောက် ရှားပါးလှကာ သာမန်ထက် သုံးဆ ပိုမိုသန့်စင်၊ ပိုမို ထူထဲ၊ ပိုမို အစွမ်းထက်သည့် ယင်စွမ်းအင်များကို ပိုင်ဆိုင်ထားကြသည်။
၎င်းတို့ကား ချီပျစ်ခဲခြင်း အဆင့်၏ ယင်ဖွဲ့စည်းခြင်း အဆင့်ကို ခြေချနိုင်ရန် အကောင်းမွန်ဆုံးသော တံခါးပေါက်များပင် ဖြစ်သည်။ ဝေ့ဝူယင် ကဲ့သို့ လူတစ်ယောက်က ပါးစပ်ပေါက် ရောက်ရှိလာသည့် အခွင့်အရေးကို မည်ကဲ့သို့ လွယ်လွယ် လွှင့်ပစ်မည်နည်း။ သူသည် သူမထံမှ မူလယင်ကို ယူကာ အဆင့်လေး ကျင့်ကြံသူ တစ်ယောက် ဖြစ်လာခဲ့သည်။ အကျိုးဆက် အနေဖြင့် ကျူးလန် စီစဥ်သည့် များစွာသော လုပ်ကြံသူများကို သူ ကျော်လွှားနိုင်ခဲ့သည်။
နာ့ရှင်းရီသည် ထိုအဖြစ်ဆိုးမှ လွတ်မြောက်ရုံတင် မကပဲ ကျင့်ကြံခြင်းတွင် အဆပေါင်း များစွာပင် ခုန်ပေါက် တိုးတက် လာခဲ့ဟန် ရသည်။ သူမသည် ချီပျစ်ခဲခြင်း အဆင့်ခုနစ် မြင့်မြတ်သောချီ အဆင့်သို့ပင် ရောက်ရှိ နေခဲ့ပြီ ဖြစ်သည်။
ထိုထက် အဆပေါင်းများစွာ ပိုမိုသည်က လုံးဝ ပြောင်းလဲသွားခဲ့သော သူမ၏ ရုပ်ရည်သွင်ပြင်ပင် ဖြစ်၏။
ပြားပြားချပ်ချပ် သူမ၏ ရင်အစုံမှာ ယခုဆိုလျှင် အပြည့်အဝ ဖွံ့ဖြိုးကာ တင်းရင်းဝင်းအယ် နေခဲ့ပြီ ဖြစ်၏။ ထို့အတူ သူမ၏ ဝါးခြမ်းပြား တင်ပါးမှာလည်း ရင်သပ်ရှုမောဖွယ် ကောင်းလောက်သည့် အကွေ့အကောက်များဖြင့် ပြည့်စုံ နေခဲ့၏။ ညို့ညို့မှိုင်းမှိုင်း မီးခိုးရောင် မျက်လုံးတစ်စုံကလည်း တရွှန်းရွှန်း တလက်လက် တောက်ပသည့် တောက်ရှူးကြယ်များ သဖွယ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
မူလက အညိုဖျော့ရောင် ဆံပင်တိုမှာ ယခုအခါ ရှည်လျားပြီး ကြွေကျနေသော ရေတံခွန် ကဲ့သို့ လှပစွာ စီးဆင်းနေ၏။ သူမ၏ ပန်းရောင် နှုတ်ခမ်းများမှာ ဖောင်းကြွနေကာ အသားအရည်မှာလည်း ကျောက်စိမ်း ပယင်းရောင် အသွင်ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ သူမသည် အခြား မိန်းမပျို လေးယောက်နှင့်ပင် သိသာစွာ ကွဲထွက်နေ၏။
ယင်ဆုံမှတ် သုံးခုခန္ဓာ အပြည့်အဝ နိုးထလာခြင်းနှင့် အတူ သူမ၏ အသွင်အပြင်သည် စုမေ့ပင် မှတ်မိရန် ခက်ခဲသည် အထိ ပြောင်းလဲသွားခဲ့ပြီ ဖြစ်လေတော့သည်။
အခြား မိန်းမပျို လေးယောက်နှင့် လုံချန်တို့သည် နာ့ရှင်းရီ၏ စူးရှသော အကြည့်များ နောက်သို့ လိုက်လံ ကြည့်ရှု လိုက်ကြရာ ပိုင်လင်၏ ကြီးမားသော ခန္ဓာကိုယ်ကြီးကို သက်တောင့်သက်သာ မှီရင်း ရပ်နေသည့် ဝေ့ဝူယင်တို့ကို တွေ့လိုက်ရ၏။
မင်ရှုဖုန်း၏ မျက်လုံးများက စိတ်ဝင်စားမှုများနှင့် ပြည့်နှက်သွားသည်။ လွန်ခဲ့သော သုံးလခန့်က ထိုအရူးသည် သူမအား တွန်းအား ပေးကာ ငရဲအကြောင်း ထပ်ခါထပ်ခါ ပြောဆိုစေခဲ့သည်။ ပထမ၌ သွေးရိုးသားရိုး နားမလည်၍ ဟု ထင်မိသော်လည်း တဖြည်းဖြည်းနှင့် အရူးတစ်ပိုင်း ဖြစ်လာသော သူ၏ အမူအရာများက သူမအား ကြောက်ရွံ့လာစေခဲ့၏။ သူ့အား ကြည့်ရသည်က နားထောင်ရင်း ကိုယ်တိုင် ငရဲ၌ ခံစားနေရသည့် အလားပင်။
ထိုတစ်နေ့တာ အဆုံး ဝိညာဥ် ကျိန်စာ ပျက်ပြယ်သည်နှင့် သူမသည် အသက်ကယ် ရတနာ တစ်ခုကို အသက်သွင်းကာ ထိုနေရာမှ ထွက်ပြေးခဲ့တော့သည်။ ကံကောင်း ထောက်မစွာ သူ ဘာမှ မလုပ်နိုင်ခင်မှာပင် သူမ လွတ်မြောက်လာခဲ့သည်။
အကယ်၍ အကြောင်းထူး တစ်ခုခုသာ မရှိခဲ့ပါက ထိုအရူးနှင့် သူမ ဝေးဝေး နေလိုသည်။ ဝေ့ဝူယင်သည် ရုပ်ရည် ချောမော ခန့်ညားသည့်တိုင် ခန့်မှန်းရန် ခက်ခဲသည့် အတွင်းစိတ်ကို ပိုင်ဆိုင်ထားသူ ဖြစ်၏။
နောက်ပိုင်းတွင် သူမအား ပြန်ပေးဆွဲရန် တစ်ခုတည်းအတွက် ကြယ်တာရာ အမြုတေ အဆင့် ဝူကျိုးကို အမျိုးမျိုး လှည့်စားခဲ့သည့် သူ့အကြောင်းများကို လင်းကျိရန်ထံမှ သူမ ပြန်လည် ကြားခဲ့ရသည်။ သူမ၏ နှလုံးသား တစ်ခုလုံးမှာ မထိန်းချုပ်နိုင်အောင် တုန်လှုပ်ခဲ့ရ၏။
ဝေ့ဝူယင်မှာ ရူးသွပ်ရုံသာ မက၊ ဉာဏ်ရည်လည်း မြင့်မားလွန်းသည်။ ဤအရာက လူသားများ ပိုင်ဆိုင်နိုင်သည့် ကြောက်မက်ဖွယ် အကောင်းဆုံး အရည်အချင်းများဟု ဆိုလျှင် လွန်မည် မထင်ချေ။
မင်ရှုဖုန်းနှင့် ခြားနားစွာပင်... လုံချန်၏ မျက်လုံးများမှာမူ ပြင်းထန်သော သတ်ဖြတ်လိုမှုများနှင့် ပြည့်နှက်နေ၏။ သူသည် နာ့ရှင်းရီရှေ့တွင် ဝေ့ဝူယင်၏ အသက်ကို ယူပေးမည်ဟု ကတိပေးခဲ့သည်။
သို့သော်လည်း ယခုက အချိန်ကောင်း အခါကောင်း မဟုတ်သေးချေ။ ဝေ့ဝူယင်သည် ချီပျစ်ခဲခြင်း အဆင့်ရှစ် ဖြင့်ပင် နတ်ဘုရား ဧကရာဇ် အဆင့် ဟူကျိဝေ့ကို သတ်ဖြတ်နိုင်ခဲ့ကြောင်းဟု မင်းသားချန်းထံမှ သူ သတင်းကြားခဲ့ရ၏။ ထိုအချင်းအရာမှာ ကြောက်မက်ဖွယ် ကောင်းလွန်းလှ၏။
သူသည် ဝေ့ဝူယင်ကို အနိုင်ယူနိုင်သည်ဟု ခံစားရသော်လည်း အသက်နှင့် ရင်းရမည့် တိုက်ပွဲတစ်ပွဲ ဆင်နွှဲရန် အတွက်မူ အဆင်သင့် မဖြစ်သေးချေ။ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသော လက်သီးများနှင့် အတူ သူ လုပ်နိုင်သည့် တစ်ခုတည်းသော အရာက ဝေ့ဝူယင်ကို မုန်းတီးစွာ ကြည့်ရှုခြင်းပင် ဖြစ်လေ၏။
သူ အနက်ရောင် လက်စွပ်အား ပွတ်သပ်လိုက်မိ၏။ ထိုအခိုက်၌ ရန်သူအားလုံးကို သတ်ဖြတ်နိုင်သည့် စွမ်းအားမှ တစ်ပါး အခြား မည်သည့် အရာကိုမှ သူ မလိုချင်တော့ချေ။ သူ၏ ရင်ထဲရှိ သတ်ဖြတ်လိုသော ဆန္ဒများမှာ အတိုင်းအဆ မရှိ ပိုမို ကြီးထွားလာနေခဲ့လေ၏။
ဝေ့ဝူယင်မှာ လုံချန်၏ သတ်ဖြတ်လိုစိတ်များကို ခံစားမိသော်လည်း တိုက်ရိုက်ပင် လျစ်လျူလိုက်သည်။ သူ့အတွက် လုံချန်မှာ ဦးစားပေး မဟုတ်သလို ဘယ်တော့မှလည်း ဖြစ်လာလိမ့်မည် မဟုတ်ချေ။ ထို့အပြင် လုံချန်အား ချက်ချင်း သတ်ဖြတ်ရန် မလိုသေးဟု သူခံစားရသည်။
ချင်ချူးမူ နာကျင်ရမည်ကို သူ မမြင်တွေ့လိုချေ။ အဘယ်ကြောင့်နည်း။ သိပ်တော့လည်း မသေချာချေ။ သူတို့ နှစ်ယောက်မှာ နာရီအနည်းငယ်ကို အတူကုန်ဆုံးခဲ့ဖူးရုံသာ ဖြစ်သည်။ သို့သော်လည်း ထိုအချက်ကပင် သူမ ချစ်သည့် လူတစ်ယောက်ကို အခွင့်အရေးရန် လုံလောက်ခြင်းမျိုး ဖြစ်ကောင်း ဖြစ်နိုင်ပေလိမ့်မည်။
ထိုထက် ပိုမို ယုတ္တိရှိသည့် အကြောင်းပြချက်ကား... လုံချန်ထက် ဦးစားပေး ဖြေရှင်းရမည့် ပြဿနာတစ်ခုမှာ သူ၏ ရှေ့တွင် နေရာယူလာနေသောကြောင့် ဖြစ်၏။
“ငါ နင့်ကို သတ်မယ်...”
နာ့ရှင်းရီမှာ ဒေါသကို ဆက်မထိန်းနိုင်တော့ပဲ ဝေ့ဝူယင်ထံ ပြေးဝင်လာတော့၏။ သူမ၏ အရောင်အဝါက လျှင်မြန်စွာ မြင့်တက်လာကာ မရေမတွက်နိုင်သည့် ကြာပန်း ပုံရိပ်များစွာမှာ သူမ၏ ပတ်လည်တွင် ပွင့်လန်း လာခဲ့၏။ ကြာပွင့်တစ်ခုချင်းစီမှာ ဆန်းကြယ်သည့် ဝိညာဥ် အင်အားကို သယ်ဆောင်ထားဟန် ရသည်။ သူမ၏ မြင့်မြတ်သောချီ အဆင့် ကျင့်ကြံခြင်း အခြေခံကား အပြည့်အဝ နိုးထ လာခဲ့ပြီ ဖြစ်လေသည်။
စုမေ့၏ မျက်လုံးများက စူးရှလာကာ နာ့ရှင်းရီကို စိုက်ကြည့်လိုက်၏။ ထို့နောက် တည်ငြိမ်စွာပင် သူမက အမှောင်အလင်း နတ်ဘုရား ဆေဘာဓားကို ဆွဲထုတ်လိုက်သည်။ အမှောင်၊ အလင်းနှင့် အေးစက်သော အငွေ့အသက်များမှာ သူမကို ဖြာ၍ ထွက်ပေါ်လာ၏။
စုမေ့သည် ခိုင်ကျည်သော နှလုံးသားနှင့် စိတ်ဓာတ်ကို ပိုင်ဆိုင်ထားသည့် စစ်သည်တော် တစ်ဦး ဖြစ်သည်။ ဝေ့ဝူယင်နှင့် နာ့ရှင်းရီ၏ အတိတ် ဆက်ဆံရေး မည်ကဲ့သို့ ဖြစ်စေကာမူ သူမ ဂရုမစိုက်ချေ။ အရှင်ဝေ့ကို ထိခိုက်ရန် ကြိုးစားပါက အရင်ဆုံး သူမ၏ ဆေဘာဓားကို ဖြတ်ကျော်ရလိမ့်မည် ဖြစ်သည်။
နာ့ရှင်းရီ၏ မျက်လုံးများမှာ ရူးသွပ်မှုများနှင့် ပြည့်နှက်နေသည်။ ဝေ့ဝူယင်ကား အသက် အန္တရာယ်နှင့် ခြိမ်းခြောက်ကာ သူမ၏ သန့်စင်မှုကို ရယူခဲ့သည့် ကာမဘီလူး တစ်ယောက် ဖြစ်သည်။ လခရမ်းဂိုဏ်းသား များစွာကို သတ်ဖြတ် ဖမ်းဆီးခဲ့သည့် မိစ္ဆာ တစ်ကောင် ဖြစ်သည်။ သူတို့ အားလုံးမှာ သူ၏ ဂျူနီယာများ၊ စီနီယာများ၊ အကိုတော်၊ အမတော်များ ဖြစ်ကြသည်။ သူမ၏ မိသားစုများ ဖြစ်ကြသည်။
အစစ်အမှန် ယင်ကျင့်စဥ်... ယင်ဝိညာဥ် မုန်တိုင်း...
ဝုန်း... ဝုန်း...
အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှသည့် မုန်တိုင်းတစ်ခုသည် နာ့ရှင်းရီကို ဗဟိုပြုကာ ထွက်ပေါ်လာ၏။ ချက်ချင်းပင် သူမ၏ မီတာ ရာချီ ပတ်ဝန်းကျင်မှာ ကြောက်မက်ဖွယ် လေလှိုင်းများ၊ ဝဲကတော့များဖြင့် ပြည့်နှက်သွားသည်။
စုမေ့မှာ ဓားကို ကိုင်ကာ မုန်တိုင်း၏ လမ်းတည့်တည့်တွင် မတ်တပ်ရပ်နေခဲ့၏။ သူမ၏ ဝိညာဥ်က မုန်တိုင်း၏ ပြင်းထန်သော ရိုက်ခတ်မှုကို ခံနေရသည့်တိုင် သူမ၏ မျက်ဝန်းများမှာမူ တည်ငြိမ်မှုများဖြင့် ပြည့်နှက်နေသည်။
အမှောင်ဝိညာဥ် အတားအဆီး...
သူမ၏ ဆန်းကြယ်ချီ နှလုံးသားက ဝိညာဥ်ချီ စွမ်းအင်များကို စတင် ထုတ်လွှတ်လာကာ မုန်တိုင်းထံမှ ဝိညာဥ် စွမ်းအားများကို ပိတ်ဆို့လိုက်၏။ ချက်ချင်းပင် မုန်တိုင်းမှာ တစ်စုံတစ်ရာ၏ ပြင်းထန်သော တားဆီးမှုကို ခံလိုက်ရသည့် အလား ကစဥ့်ကလျား ဖြစ်သွား၏။
နာ့ရှင်းရီမှာ စုမေ့၏ လျှပ်တစ်ပြက် ခုခံမှုကို စိတ်မဝင်စားချေ။ ထိုအရာမှာ ဟန်ပြသာ ဖြစ်ပြီး နောက်ထပ် လှုပ်ရှားမှုက သာလျှင် သူမ၏ အစစ်အမှန် တိုက်ခိုက်မှု ဖြစ်၏။ သူမက အင်္ကျီလက်များကို ဝှေ့ယမ်းလိုက်ရာ မုန်တိုင်းမှာ ပြန်လည် ကျုံ့ဝင်သွားကာ လက်သီးဆုပ် အရွယ် ရောင်ခြည် စက်ဝန်းတစ်ခု အဖြစ် ပြောင်းလဲသွားသည်။
အစစ်အမှန် ယင်ကျင့်စဥ်... ဖျက်ဆီးခြင်း ယင်စက်ဝန်း
နာ့ရှင်းရီက ထိုရောင်ခြည် စက်ဝန်းကို ရှေ့သို့ လှပစွာ တွန်းထုတ်လိုက်၏။ ၎င်းဖြတ်သန်းသွားရာ တစ်လျှောက်ရှိ မြေပြင်မှာ ချက်ချင်းပင် ပေါက်ကွဲမှုများနှင့် ပြည့်နှက်သွားကာ မွမ်းကြပ်ခြင်း အငွေ့အသက်တို့မှာ ပတ်ဝန်းကျင်တွင် ထုံမွှမ်းသွားည်။
စုမေ့မှာ ထိုတိုက်ခိုက်မှု၏ ပစ်မှတ်တွင် ရှိနေသည့်တိုင် ကြောက်ရွံ့ခြင်း မရှိချေ။ ဆေဘာဓားကို တင်းတင်း ဆုပ်ကိုင်ရင်း ရက်စက် ကြမ်းကြုတ်စွာ ပင့်ခုတ်လိုက်၏။
အမှောင်နဲ့ အလင်း ပေါင်းစည်းခြင်း ခုတ်ချက်...
ဆေဘာဓားသွား အစွန်းမှ အလွန်တရာ တောက်ပလှသော အလင်းနှင့် အမှောင် စွမ်းအင်များ ထွက်ပေါ်လာသည်။ ထိုအမှောင်နှင့် အလင်းတို့သည် လေထဲတွင်ပင် တစ်ခုတည်း အဖြစ် ပေါင်းစည်းသွားကာ ရောင်ခြည် စက်ဝန်းကို တားဆီးလိုက်လေတော့သည်။
***