← Chapters

အခန်း (၇၀၁)

Vol. 51 Ch. 701

အခန်း (၇၀၁)

Vol. 51 Ch. 701

တစ်ချိန်တည်းတွင် ဓားအလင်းတစ်ရာသည် ပေါ်ထွက်လာပြီး ဟန်မူယဲ့၏ဦးခေါင်းကို လွှမ်းခြုံလိုက်ကြသည်။

ဓားအလင်းသည် သွယ်ယှက်သွားပြီး အတားအဆီးတစ်ခုအဖြစ် ပြောင်းသွားသည်။

ကျူးကောလု၏ ကောင်းကင်အဆင့်ဖိအားက အတားအဆီးနှင့်တိုက်မိပြီး ကွဲကြေသွားသည်။

သူသည် ကောင်းကင်အဆင့် ကျင့်ကြံသူကို ရင်ဆိုင်နိုင်သည်။

ကျူးကောလုက အနည်းငယ်အံ့အားသင့်သွားပြီး အတားအဆီးတစ်ခုအဖြစ် ဖွဲ့စည်းထားသော ဓားတစ်ရာကို ကြည့်သည်။

“ဓားထိန်းချုပ်ခြင်း၊ ဓားဝင်္ကပါ။ တစ်ခုခုတော့ တစ်ခုခုပဲ”

သူက မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး ဓားဆန္ဒကို ထုတ်ဖော်သည်။

ကျန်းချီနှင့် တခြားတပည့်နှစ်ယောက်က နောက်ဆုတ်လိုက်ကြသည်။

ကျူးကောလုက ရထားလုံးပေါ်တွင် ဖြောင့်မတ်စွာထိုင်နေသော ဟန်မူယဲ့ကို ကြည့်သည်။ ဓားအိမ်တစ်ခုသည် ဟန်မူယဲ့၏နောက်ကျောတွင် ရှိနေသည်။

ဟန်မူယဲ့၏ အဓိကခန္ဓာကိုယ်နှင့် ကိုယ်ပွားသည် ဓားအိမ်တစ်ခုကို သယ်ထားကြသည်။

အဓိကခန္ဓာကိုယ်၏ အဆုံးမဲ့ညီညွတ်ခြင်းဓားအိမ်သည် ဓားများကို ပျိုးထောင်ပေးနိုင်သည်။ ကိုယ်ပွားသည် တာအိုဓားနှင့် ဓမ္မရတနာဓားများကို သယ်ဆောင်ထားသည်။

“ငါက စိမ်းလန်းခြင်းနယ်မြေကို သိတယ်”

ကျူးကောလုက ဓားဆန္ဒကို ရုတ်သိမ်းလိုက်ပြီး တည်ငြိမ်စွာပြောသည်။

“ဓားတာအိုအမွေအနှစ် တိုးတက်ထွန်းကားနေတဲ့ နေရာပဲ”

“မင်းကို ရွှေအမြုတေအဆင့် ကျင့်ကြံသူလေးရာက စောင့်ကြပ်ပေးနေတဲ့အတွက် မင်းနောက်ခံက သိပ်ဆိုးမှာမဟုတ်ဘူး”

“မင်းက ကွမ်းယွမ်ဓားဂိုဏ်းရဲ့ ဂုဏ်သတင်းကို မသိရင် တခြားမှာ မေးကြည့်လိုက်လို့ရတယ်”

ကျူးကောလုက ခပ်ဟဟရယ်သည်။

“ငါတို့က လောကကို လွှမ်းမိုးနိုင်တဲ့ ဓားကျင့်ကြံသူတွေ မဟုတ်ဘူး။ ငါတို့က ကြွက်တွေပဲ”

ဟန်မူယဲ့က လက်ကို ဝှေ့ယမ်းလိုက်သည်။ သူ့ခေါင်းပေါ်တွင် ရှိနေသော ဓားတစ်ရာသည် ဓားအိမ်အတွင်းသို့ ပြန်ဝင်သွားကြသည်။

သူက အတူခေါ်လာသော ရွှေအမြုတေအဆင့် ကျင့်ကြံသူလေးရာ၏ ကျင့်ကြံခြင်းနှင့် ဓားပညာရပ်ကို ကိုယ်တိုင် သင်ကြားပေးခဲ့သည်။ သူတို့က ဓားဝင်္ကပါများကို လေ့ကျင့်ရာတွင် အလွန်ကျွမ်းကျင်နေကြသည်။

သူတို့က ဓားဝင်္ကပါကို အသုံးချ၍ ဝိညာဉ်ကိုယ်ခွဲအဆင့် ကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်နိုင်ကြသည်။

စိမ်းလန်းခြင်းနယ်မြေတွင် ထိုဓားကျင့်ကြံသူလေးရာသည် ဟန်မူယဲ့၏ တိုက်ရိုက်မျိုးဆက်များပင် ဖြစ်ကြသည်။

ထိုသို့မဟုတ်လျှင် သူက သူတို့ကို အင်မော်တယ်ရင်းမြစ်ကမ္ဘာသို့ ခေါ်လာမည်မဟုတ်ပေ။

သူတို့က စည်းကမ်းရှိပြီး အမိန့်နာခံကြသည်။

ကျူးကောလု၏မျက်လုံးများက တောက်ပသွားကြသည်။ သူက စိမ်းလန်းခြင်းနယ်မြေမှ သခင်လေးကူ၏ အကြောင်းကို ပိုသိချင်လာသည်။

“သခင်လေးကူ၊ ကျားကွက်အကြောင်းကို သိလား”

“ကွမ်းယွမ်ဓားဂိုဏ်းကိုရောက်ဖို့ မိုင်တစ်သိန်းလောက် လိုသေးတယ်။ ငါတို့ တစ်ပွဲလောက် ကစားကြည့်မလား”

သူက လက်ကို ဝှေ့ယမ်းလိုက်ပြီး ကျားကွက်တစ်ခုကို ထုတ်ယူသည်။ အဖြူနှင့်အနက် ကျားစေ့များသည် ကျားကွက်၏ တစ်ဖက်စီတွင် ရှိနေကြသည်။

ကျူးကောလုက စီးဆင်နေသောရေသဖွယ် လှုပ်ရှားလိုက်ပြီး ရထားလုံးဆီသို့ ရောက်လာသည်။

“ဟားဟား၊ မင်းက အဝေးကလာတဲ့ ဧည့်သည်ပဲ။ အဲဒီတော့ ငါအရင်ရွှေ့လိုက်မယ်။ သခင်လေးကူက စိတ်မရှိဘူးမဟုတ်လား”

ကျူးကောလုက ကျားစေ့ကို ရွှေ့လိုက်ပြီး ဟန်မူယဲ့ကို မော့ကြည့်သည်။

ဟန်မူယဲ့၏ မျက်နှာထားက တည်ငြိမ်နေသည်။ သူက လက်မြှောက်ပြီး အဖြူရောင်ကျားစေ့ကို လှမ်းယူသည်။ သူက မျက်လုံးမှိတ်ထားပြီး သာမန်ကာလျှံကာ နေရာချသည်။

သူ၏ အလေးမထားသောပုံစံကြောင့် ကျူးကောလုက မျက်မှောင်ကြုတ်မိသည်။

သို့သော် ဟန်မူယဲ့က တစ်ကြိမ်ရွှေ့လိုက်ပြီ ဖြစ်သောကြောင့် ကျူးကောလုက စိတ်ရှည်စွာဖြင့် ကျားစေ့တစ်စေ့ကို ဆက်ရွှေ့သည်။

ကျူးကောလုက အနက်ရောင်ကျားစေ့ကို နေရာချပြီးသောအခါတွင် အဖြူရောင်ကျားစေ့က ပျံထွက်လာသည်။

ကျူးကောလု၏မျက်နှာက အေးစက်နေပြီး အနက်ရောင်ကျားစေ့ကို လျင်မြန်စွာ ဆက်ရွှေ့သည်။

အဖြူရောင်နှင့် အနက်ရောင် ကျားစေ့များသည် ချက်ချင်းဆိုသလိုပင် ကျားကွက်ပေါ်၌ လျင်မြန်စွာလှုပ်ရှားလာကြသည်။

အသက်တစ်ရာရှူကြိမ်အတွင်း၌ အဖြူရောင်နှင့် အနက်ရောင်နဂါးများသည် အချင်းချင်း သွယ်ယှက်နေကြသည်။

ကျူးကောလုက လက်ထဲတွင် အနက်ရောင်ကျားစေ့တစ်စေ့ကို ကိုင်ထားသည်။ သို့သော် သူက နေရာမချနိုင်တော့ပေ။

သူက မျက်လုံးမှိတ်ထားသော ဟန်မူယဲ့ကို မော့ကြည့်သည်။

သူရှုံးသွားသည်။

အသက်တစ်ရာရှူကြိမ်အတွင်း၌ ရှုံးနိမ့်သွားခဲ့သည်။

အနက်ရောင်ကျားစေ့များ၏ နဂါနက်သည် အသတ်ခံလိုက်ရသည်။ သူက လက်ထဲတွင်ကိုင်ထားသော အနက်ရောင်ကျားစေ့ကို နေရာချလိုက်လျှင်ပင် မပြောင်းလဲနိုင်ပေ။

ကျားကွက်သည် ဓားဝင်္ကပါဖြစ်သည်။ သူက ဤတစ်ကြိမ်တွင် အပြတ်အသတ် ရှုံးနိမ့်သွားသည်။

ကျူးကောလုက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး တီးတိုးပြောသည်။

“ငါက အရမ်းသတိမဲ့သွားတယ်”

“ခရီးကို ဆက်သွားရအုံးမယ်။ နောက်တစ်ပွဲ ဆော့ကြရအောင်”

သူက လက်ကို ဝှေ့ယမ်းလိုက်သောအခါတွင် အဖြူရောင်နှင့် အနက်ရောင် ကျားစေ့များက မူလနေရာသို့ ပြန်ရောက်သွားကြသည်။

ကျူးကောလုက အရေးစိုက်ပုံမရသော ဟန်မူယဲ့ကို ကြည့်လိုက်ပြီး အနက်ရောင်ကျားစေ့ကို နေရာချသည်။

မျက်လုံးမှိတ်ထားသော ဟန်မူယဲ့က လက်ကို မလှုပ်ရှားခဲ့ပေ။ အဖြူရောင်ကျားစေ့တစ်ခုက ပျံထွက်လာပြီး နေရာယူလိုက်သည်။ ထို့နောက် ဒုတိယ၊ တတိယ ကျားစေ့များကလည်း ညင်သာစွာ လှုပ်ရှားလာကြသည်။

ကျူးကောလုက အေးစက်စွာ နှာမှုတ်သည်။ အနက်ရောင်ကျားစေ့က ကျဆင်းလာပြန်သည်။ သူက လက်ကို ဝှေ့ယမ်းလိုက်သောအခါတွင် ဒုတိယမြောက် အဖြူရောင်ကျားစေ့က သူ့ကျားစေ့၏ဘေးသို့ ချိုး‌ဖောက်ဝင်ရောက်လာသည်။

လက်မြှောက်ထားသော ကျူးကောလုက အနည်းငယ် အံ့အားသင့်သွားသည်။ သူက အနက်ရောင်ကျားစေ့ကို ဖိချသည်။

ထိုကျားစေ့က ကျားကွက်ပေါ်သို့ ရောက်တော့မည့်အချိန်တွင် သူက ရုတ်တရက် ရပ်တန့်လိုက်ပြီး လက်ချောင်းဖြင့်တောက်၍ ကျားစေ့ကို သုံးကွက်အကွာသို့ ရွေ့သည်။

“ဝှစ် ....”

အဖြူရောင်ကျားစေ့က အနက်ရောင်ကျားစေ့၏ရှေ့တွင် ပေါ်လာသည်။

“ချိုးဖျက်စမ်း”

ကျူးကောလုက မိုးကြိုးအပစ်ခံရသည်ဟု ခံစားလိုက်ရသည်။ သူက မျက်လုံးပြူးသွားပြီး ကျားကွက်ကို စိုက်ကြည့်နေသည်။

သူ့လက်ချောင်းကြားတွင်ရှိသော ကျားစေ့သည် ကျားကွက်ပေါ်တွင် နေရာမယူနိုင်ပေ။

ထိုကျားစေ့သည် သူ၏ အသန်မာဆုံး ဓားကွက်ကို ကိုယ်စားပြုသည်။ သို့သော် သူက အသုံးမပြုနိုင်တော့ပေ။

ထိုဓားကွက်သည် မည်သည့်နေရာသို့ ရောက်သွားပါစေ စွမ်းအားများသည် ပျောက်ကွယ်သွားကြလိမ့်မည်။

“ဒေါင် ....”

ကျူးကောလုက ဖြည်းဖြည်းချင်း ခေါင်းမော့ကြည့်သည်။

ရှေ့တွင် အဆုံးမရှိသောတောင်တန်းတစ်ခုကို မြင်ရသည်။ ကျောက်စိမ်းရောင် အမိုးခုံးတံခါးသည် အမြင့်တစ်နေရာတွင် ရှိနေသည်။

ကွမ်းယွမ်ဓားဂိုဏ်း ....

“ဆရာဦးလေး၊ ရထားလုံးပေါ်မှာ ထိုင်နေတာ ဆယ်နာရီရှိပါပြီ ....”

ကျန်းချီက ရှေ့တိုးလာပြီး တီးတိုးပြောသည်။

‘ဆယ်နာရီလား’

သူက ရှေ့တွင်ရှိနေသော ကျားကွက်ကို ကြည့်မိသည်။

အနက်ရောင်ကျားစေ့တစ်စေ့သည် သူ့လက်ချောင်းများကြားတွင် ရှိနေဆဲဖြစ်သည်။ အဖြူရောင်ကျားစေ့တစ်စေ့သည် ကျားကွက်ပေါ်တွင် ညင်သာစွာ လွင့်မျောနေသည်။

“ဆရာဦးလေးက ဒီတစ်ပွဲကိုလည်း မနိုင်ခဲ့ဘူးလား”

ကျန်းချီက ညင်သာစွာမေးသည်။

ကျူးကောလုက ချောင်းဟန့်လိုက်ပြီး မတ်တပ်ရပ်၍ ဗလာဖြစ်နေသော ရထားလုံးနှင့် ပတ်ဝန်းကျင်ကို ကြည့်သည်။ သူက တည်ငြိမ်စွာ ပြောလိုက်သည်။

“ဒါက ငါ့မိတ်ဆွေနဲ့ သာမန်စကားဝိုင်းတစ်ခုပါပဲ”

ထို့နောက် သူက လက်ထဲတွင်ကိုင်ထားသော အနက်ရောင်ကျားစေ့ကို ပစ်ချလိုက်သည်။

ထိုကျားစေ့က အောက်သို့ ကျသွားသောအချိန်တွင် ကျန်းချီက မျက်လုံးပြူးသွားသည်။

အနက်ရောင်ကျားစေ့က ကျားကွက်ပေါ်တွင် နေရာမယူနိုင်ခင် အဖြူရောင်ကျားစေ့က အရင်နေရာယူလိုက်သည်။

အဖြူရောင်ကျားစေ့သည် အနက်ရောင်ကျားစေ့ကို အနိုင်ယူခဲ့သည်။

ကျူးကောလု၏ မျက်ခမ်းစပ်များက တွန့်သွားကြသည်။ သူက အောက်သို့ ဆင်းသည်။

သို့သော် သူက ဟန်ချက်ပျက်ပြီး လဲကျလုနီးပါး ဖြစ်သွားခဲ့သည်။

ကျန်းချီက လျင်မြန်စွာ လိုက်လာခဲ့သည်။

“သခင်လေးကူကရော”

ကျူးကောလုက တည်ငြိမ်စွာမေးသည်။

“ကျွန်တော်တို့ ဂိုဏ်းဂိတ်ပေါက်ကို ရောက်တဲ့အချိန်မှာ တပည့်တွေက စောင့်ကြိုနေကြတယ်။ သူတို့ကို မဟာအကြီးအကဲ ယွမ်ထျန်းက ဖိတ်ခေါ်ခဲ့တာလို့ ကြားတယ်”

ကျန်းချီ၏မျက်နှာထားက ထူးဆန်းနေသည်။

မဟာအကြီးအကဲ ယွမ်ထျန်း ....

ကျူးကောလုက ခေါင်းညိတ်သည်။ သူက ဂိုဏ်းထဲသို့ဝင်လာပြီး အဝေးတစ်နေရာတွင်ရှိသော ခန်းဆောင်ကို ကြည့်၍ တစ်ဖက်သို့ လျှောက်သွားသည်။

သူက တောင်တန်းအချို့ကို လျင်မြန်စွာဖြတ်ကျော်လာပြီး အစိမ်းရောင်ရင်ပြင်တွင် ရပ်တန့်လိုက်သည်။ ထို့နောက် ခန်းဆောင်ငယ်တစ်ခုထဲသို့ ဝင်သွားသည်။

“ကျားကွက်သူတော်စင် ကျူးကောလုက ငါ့ရဲ့ ကျိုးပဲ့တိမ်တိုက်နန်းတော်ကို ရှားရှားပါးပါး ရောက်လာတာပဲ”

အဖြူရောင်မုတ်ဆိတ်နှင့် အကြီးအကဲတစ်ယောက်က ခေါင်းမော့ကြည့်လိုက်ပြီး ပြုံးသည်။

ကျူးကောလု၏မျက်နှာထားက လေးနက်နေသည်။ သူက လူအိုကြီးဆီသို့ လျှောက်သွားပြီး ထိုင်ချလိုက်သည်။ ထို့နောက် တီးတိုးပြောသည်။

“လူအိုကြီးချန်၊ တစ်ပွဲလောက် ဆော့ကြရအောင်”

သူက စကားအဆုံးတွင် ကျားကွက်ကို ထုတ်ယူသည်။

ချီစွမ်းအင်အလင်းများသည် သူတို့ဘေးတွင် စုစည်းလာပြီး ပုံရိပ်များအဖြစ် ပြောင်းလဲသွားကြသည်။

“ကျူးကောလုက ကျားကစားတာနဲ့ပတ်သတ်ပြီး ရူးသွပ်နေတာပဲ။ ငါနဲ့ မကစားဖြစ်တာ ဆယ်နှစ်ကျော်နေပြီ”

“ကျူးကောလုက ကျိုးပဲ့တိမ်တိုက်နန်းတော်ကို ရောက်လာသေးတာပဲ။ ရှားပါးလိုက်တာ”

ကျူးကောလုက စကားမပြောပေ။ သူက လက်မြှောက်ပြီး အနက်ရောင်ကျားစေ့ကို နေရာချသည်။

အဖြူရောင်မုတ်ဆိတ်နှင့် လူအိုကြီးက ခပ်ဟဟရယ်လိုက်ပြီး ကျားစေ့ကို နေရာချရန် ပြင်သည်။

သို့သော် ကျူးကောလုက ဒုတိယမြောက် အနက်ရောင်ကျားစေ့ကို နေရာချလိုက်သည်။

“အမ်”

လူအိုကြီးက ထူးဆန်းသောမျက်နှာထားဖြင့် ကိုင်ထားသောကျားစေ့ကို ဖြည်းဖြည်းချင်း ပြန်သိမ်းသည်။

ကျူးကောလုက ပိုမိုလျင်မြန်စွာ လှုပ်ရှားလိုက်ပြီး အနက်ရောင်ကျားစေ့များကို နေရာချနေသည်။

ပတ်ဝန်းကျင်တွင်ရှိနေသော လူများ၏မျက်နှာထားသည် ထူးဆန်းလာသည်။

အဖြူရောင်မုတ်ဆိတ်နှင့် လူအိုကြီးက မျက်မှောင်ကြုတ်လိုက်ပြီး ကျူးကောလုကို ကြည့်သည်။

ကျူးကောလုက မျက်လုံးမှိတ်ထားသည်။ အဖြူရောင်နှင့် အနက်ရောင် ကျားစေ့များသည် နေရာအနှံ့တွင် ပျံသန်းနေကြသည်။ ထိုကျားစေ့များက ကျားကွက်တွင် နေရာယူလိုက်သောအခါတွင် သူက အနက်ရောင်ကျားစေ့ကို ထပ်ပြီး နေရာမချနိုင်တော့ပေ။

“တစ်ရာလေးဆယ့်နှစ်ခါ လှုပ်ရှားခဲ့ပေမဲ့ အနိုင်အရှုံးက သုံးဆယ့်လေးခါမြောက်မှာ သိသာနေပြီ။ ကျူးကော၊ ဒီလူနဲ့ နည်းဗျူဟာနဲ့ ဝင်္ကပါတွေက မင်းထက် နည်းနည်းလောက် သာလွန်နေတယ်”

အဖြူရောင်မုတ်ဆိတ်နှင့် အကြီးအကဲက ကျားကွက်ကို ကြည့်လိုက်ပြီး ညင်သာစွာပြောသည်။

ပတ်ဝန်းကျင်တွင်ရှိသော ပုံရိပ်များကလည်း ခေါင်းငုံ့လိုက်ပြီး ကျားကွက်ကို သေချာကြည့်နေကြသည်။

“ကွမ်းယွမ်ဓားဂိုဏ်းက ဓားဝင်္ကပါမှာ ကျွမ်းကျင်ပြီး မဟာအကြီးအကဲက အတော်ဆုံးပဲ။ သုံးဆယ့်လေးခါ ရွေ့လိုက်ရုံနဲ့ မင်းကို အနိုင်ရသွားတယ်ဆိုတော့ မဟာအကြီးအကဲနဲ့ ဆော့ကစားလာခဲ့တာလား”

အနက်ရောင်ဝတ်စုံနှင့် လူအိုကြီးတစ်ယောက်က မေးလိုက်သည်။

တစ်ဖက်တွင် လူအိုကြီးတစ်ယောက်က ခေါင်းခါလိုက်ပြီး ပြောသည်။

“ဒီလိုမျိုး ဓားဝင်္ကပါကျွမ်းကျင်မှုနဲ့ဆိုရင် မဟာအကြီးအကဲအောက် အဆင့်နိမ့်မှာမဟုတ်ဘူး”

ကျူးကောလုက ခေါင်းခါလိုက်ပြီး စကားမပြောပေ။ သူက လက်မြှောက်ပြီး ကျားစေ့များအားလုံးကို ပြန်လည်နေရာချသည်။ ထို့နောက် ကျားစေ့တစ်စေ့ကို‌ ရွှေ့လိုက်သည်။

အဖြူရောင်မုတ်ဆိတ်နှင့် လူအိုကြီးက စဉ်းစားကြည့်လိုက်ပြီး ကျားစေ့တစ်ခုကို နေရာချရန် ပြင်သည်။

သို့သော် ထိုအချိန်တွင် အနက်ရောင်ကျားစေ့တစ်စေ့က သူ့ကို တားဆီးထားခဲ့သည်။

အဖြူ‌ရောင်မုတ်ဆိတ်နှင့် လူအိုကြီးက ကြောင်အသွားသည်။

ကျူးကောလုက ခေါင်းခါလိုက်သည်။

“ငါက ဒီအဆင့်ကို နားမလည်နိုင်ဘူး ....”

သူက ခေါင်းမော့ကြည့်လိုက်ပြီး အနည်းငယ် ကြောင်အသွားသည်။ ပတ်ဝန်းကျင်တွင်ရှိနေသော လူများက သူ့ကို စိုက်ကြည့်နေကြသည်။

“ဒီကျားကွက်ကို ငါနားမလည်ဘူး”

ကျူး‌ကောလုက အနက်ရောင်ကျားစေ့ကို အဝေးသို့ပစ်လိုက်ပြီး နောင်တများနှင့်အတူ ပြောသည်။

အဖြူရောင်မုတ်ဆိတ်နှင့် လူကြီးက လေးနက်သောမျက်နှာထားဖြင့် အဖြူရောင်ကျားစေ့ကို အနက်ရောင်ကျားစေ့၏ရှေ့တွင် ဖြည်းညင်းစွာ နေရာချသည်။

“ကျူးကော၊ မင်းက ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို မဝင်ရောက်ခင်မှာ ကံကြမ္မာစွမ်းအားကို နားလည်သွားတယ်။ မဆိုးဘူးပဲ”

လူအိုကြီး၏စကားကြောင့် ကျူးကောလုက တစ်ကိုယ်လုံးတုန်ခါသွားသည်။

“ကံကြမ္မာလား”

“ဒါက ကံကြမ္မာစွမ်းအားလား”

သူက ဝိညာဉ်ကိုယ်ခွဲအဆင့်တွင်သာ ရှိသေးသည်။ တစ်နေ့တွင် ကံကြမ္မာစွမ်းအားကို နားလည်နိုင်လိမ့်မည်ဟု ထင်မထားခဲ့ပေ။

သူက ဟန်မူယဲ့နှင့် ကျားကွက်ကစားခဲ့ရုံသာ ဖြစ်သည်။

ယခု ပြန်တွေးကြည့်လိုက်သောအခါတွင် သူက ထူးခြားသောစွမ်းအားတစ်ခုကို ခံစားခဲ့ရသည်။ သူက ထိုစွမ်းအားကို ဆုပ်ကိုင်ထားချင်သော်လည်း မရှာနိုင်ခဲ့ပေ။

“ဂုဏ်ယူပါတယ်”

“အခွင့်အရေးက တကယ်ရောက်လာတာပဲ”

ပတ်ဝန်းကျင်တွင်ရှိနေသော လူများက အားကျနေကြသည်။

All Chapters