← Chapters

အခန်း (၇၀၄)

Vol. 51 Ch. 704

အခန်း (၇၀၄)

Vol. 51 Ch. 704

မြေပုံပိတ်စကို အချိန်နှင့်တည်နေရာစွမ်းအားဖြင့် ရေးဆွဲထားသည်။ မဟာကျင့်ကြံသူကြီးတစ်ယောက်ကပင် အတုဖြစ်နေသည်ဟု ပြောနိုင်မည်မဟုတ်ပေ။

ရတနာတိုက်သည် တာအိုပြိုင်ပွဲနယ်မြေအတွင်း၌ တည်ရှိနေသည်။

ထိုရတနာတိုက်သည် အမှန်တကယ်ပင် တည်ရှိသည်။

ဟန်မူယဲ့က ထိုရတနာတိုက်၏တည်နေရာကို တန့်ဝူယိုဆီသို့ ပေးခဲ့သည်။

မည်သို့ပင်ဖြစ်စေ သူက ထိုရတနာတိုက်ကို လွှဲပြောင်းပြီးသားဖြစ်သောကြောင့် အသုံးပြုလိုက်ရုံသာ ဖြစ်သည်။

မြေပုံပိတ်စပေါ်တွင် ရတနာတစ်ခုကိုလည်း မှတ်သားထားသည်။

နတ်ဘုရာဧကရာဇ်၏ဓား ဖြစ်သည်။

‘သာမန်အမှတ်အသားတစ်ခုတော့ မဟုတ်ဘူး’

ဟန်မူယဲ့က တွေးမိသည်။

သူက ပိတ်စပေါ်တွင် မှတ်ဉာဏ်အတွင်း၌ တွေ့ခဲ့သော နတ်ဘုရားဓား၏အမှတ်အသားကို ထွင်းထုခဲ့သည်။

ထို့အပြင် အင်မော်တယ်စွမ်းအင်နှင့်လည်း ဖြည့်ပေးလိုက်သည်။

မြေပုံပိတ်စကို ပေါင်းစပ်လိုက်လျှင် ဒဏ္ဍာရီလာဓား၏ အငွေ့အသက်အတုသည် ပေါက်ကွဲထွက်လာလိမ့်မည်။

နတ်ဘုရားခုံရုံး၏တိုက်ပွဲတွင် ပါဝင်ခဲ့သော မဟာကျင့်ကြံသူကြီးများသည် ထိုအမှတ်အသားကို မှတ်မိနေလိမ့်မည်။

သူတို့က နတ်ဘုရားဓားကျိုးကို သေချာပေါက် တွေးမိလိမ့်မည်။

အားလုံးသည် တစ်ယောက်ပြီးတစ်ယောက် ပါဝင်လာကြလိမ့်မည်။

“ကောင်းပြီ။ အခု ငါတို့က နောက်ဆုံးအစီအစဉ်ကို ရေးဆွဲရမယ်”

ဟန်မူယဲ့က ဓားဘုရင်ယွမ်ထျန်းကို ကြည့်လိုက်ပြီး တည်ငြိမ်စွာပြောသည်။

“နတ်ဘုရားဓားရဲ့ အစိတ်အပိုင်းတစ်ခု”

ဟန်မူယဲ့က တောက်ပနေသောမျက်လုံးများဖြင့် အာကာသကို လှမ်းကြည့်သည်။

“ကျွန်တော်ကလည်း အဲဒီဓားနဲ့ပတ်သတ်ပြီး တကယ်သိချင်မိတယ်”

သူ့လက်ထဲတွင် ချီစွမ်းအင်အလင်းများသည် ပုံစံကွက်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ဓားဘုရင်ယွမ်ထျန်းက မျက်လုံးပြူးသွားပြီး တီးတိုးပြောသည်။

“မင်းက အဲဒီရတနာကို တကယ်ရှာနိုင်တာလား”

ထို့နောက် သူက ဟန်မူယဲ့ကို ထိတ်လန့်စွာ ကြည့်သည်။

“မင်းက တကယ်ပဲ အဲဒီရတနာကို ငါးစာအဖြစ် အသုံးပြုတော့မှာလား”

ဟန်မူယဲ့က တည်ငြိမ်နေသောမျက်နှာထားဖြင့် ပြောလိုက်သည်။

“လောကရဲ့ မဟာကျင့်ကြံသူကြီးတွေကို ထောင်ချောက်ထဲဆွဲသွင်းချင်ရင် အစစ်အမှန်နတ်ဘုရားဓားကို ငါးစာအနေနဲ့ သုံးရမှာပေါ့”

“သွားကြရအောင်။ အဲဒီဓားအပိုင်းအစကို အရင်ဆုံးဆွဲထုတ်ပြီး ဘာက ထူးခြားနေတာလဲ ကြည့်ရအောင်”

ရှေးခေတ်နတ်ဘုရားခုံရုံးမှ နတ်ဘုရားဧကရာဇ်၏ ဓား ....

ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ဓားဘုရင်ယွမ်ထျန်း၏ မျက်နှာထားက ထူးဆန်းသွားသည်။

သူက ‌ခေါင်းခါလိုက်ပြီး တီးတိုးပြောသည်။

“လောကရဲ့ အခွင့်အရေးတွေကို လူသားတွေက ဆုံးဖြတ်မပေးနိုင်ဘူး။ မင်းက ကောင်းကင်တာအိုရဲ့ သားတော်ပဲ ဖြစ်လိမ့်မယ်”

သူက ထိုသို့ပြောလိုက်ပြီး ကြောင်အသွားသည်။

ဟန်မူယဲ့က အဖိုးမဖြတ်နိုင်သော နတ်ဘုရားခုံရုံး၏ရတနာတိုက်ကို အလိုရှိတိုင်း ရနိုင်သည်။ ထို့အပြင် သူက မျက်တောင်တစ်ချက်မခတ်ဘဲ ရတနာတိုက်ကို စွန့်ပစ်နိုင်သည်။

ထို့အပြင် လောကတစ်ခုလုံးကို ဖိနှိပ်နိုင်သော နတ်ဘုရားဧကရာဇ်၏ဓားကိုလည်း သတင်းရထားသေးသည်။

‘ဒီလိုလူမျိုကို ကံကောင်းတယ်ဆိုတာနဲ့ ရှင်းပြလို့မရဘူး’

ဟန်မူယဲ့က ပြုံးလိုက်ပြီး ပျောက်ကွယ်သွားသည်။

ဓားဘုရင်ယွမ်ထျန်းက ဓားအလင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ဟန်မူယဲ့က အချိန်နှင့် တည်နေရာ၏ စွမ်းအားတချို့ကို နားလည်ထားသည်။ သူက အာကာသထဲ၌ ပျံသန်းရာတွင် အတားအဆီးမရှိဘဲ မိုင်ထောင်ချီအကွာအဝေးကို ဖျတ်ခနဲကျော်လွှားနိုင်သည်။

သူ၏ အမြန်နှုန်းကို နတ်အာရုံများကပင် အာရုံခံနိုင်မည်မဟုတ်ပေ။

သူ့နောက်မှ လိုက်လာသော ဓားဘုရင်ယွမ်ထျန်းက အံ့အားသင့်သွားသည်။ ဟန်မူယဲ့က အချိန်တိုအတွင်း၌ လျင်မြန်စွာတိုးတက်လာခဲ့သည်။ သူက ဓားတာအိုနှင့်ပတ်သတ်၍ နားလည်မှုများလည်း အလွန်နက်ရှိုင်းနေသည်။

‘လောကမှာ ဒီလိုပါရမီရှင်မျိုးက တကယ်ရှိနေတာလား’

သူက တွေးမိသည်။

သို့သော် နတ်ဘုရားသားရဲကိုယ်ပွားက အင်မော်တယ်ရင်းမြစ်ကမ္ဘာတွင် မဟာပုဂ္ဂိုလ်ကြီးများအား အကွက်ချနေသောအချိန်၌ အဓိကခန္ဓာကိုယ်က ဓားနတ်ဘုရား၏ ဓားတာအိုကို သုံးသပ်ရန်အတွက် တံခါးပိတ်ကျင့်ကြံနေသည်။ ထိုအကြောင်းကို ဓားဘုရင်ယွမ်ထျန်းက မသိခဲ့ပေ။

ဟန်မူယဲ့က အထွတ်အထိပ်အဆင့် ဝိညာဉ်ကျောက်တုံးများကို အကုန်ခံ၍ ဓားတာအိုကို အဆက်မပြတ် သုံးသပ်နေသည်။

ဓားဘုရင်ယွမ်ထျန်းက အစွမ်းကုန်သုံး၍ အရှိန်မြှင့်လိုက်သော်လည်း ဟန်မူယဲ့နှင့် အမီလိုက်နိုင်ရုံသာ ရှိသည်။

ဟန်မူယဲ့က သုံးရက်ခရီးသွားပြီး ရပ်တန့်လိုက်သည်။

သူ့ရှေ့တွင် ကြယ်သေတစ်စင်း ရှိနေသည်။

“ဒီနေရာလား”

ဓားဘုရင်ယွမ်ထျန်းက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်သည်။

အသိစိတ်ရှိသောအရာများသည် ကြယ်သေတစ်စင်းပေါ်တွင် ကျန်ရှိနေရန် မဖြစ်နိုင်ပေ။

“ဒီအခြေအနေကြောင့် နတ်ဘုရားဓားက မဟာပုဂ္ဂိုလ်ကြီးတွေအားလုံးရဲ့ အာရုံခံမှုကနေ လွတ်မြောက်ခဲ့တာလား”

ဟန်မူယဲ့၏ မျက်လုံးများက တောက်ပလာပြီး ရှေ့သို့ ကြည့်လိုက်သည်။

သူက တန့်ဝူယိုပေးခဲ့သော နေရာအမှတ်အသားအတိုင်း မရှာခဲ့ပေ။

တန့်ဝူယို၏မြေပုံသည် မှားယွင်းသည်ဟု မဆိုနိုင်သော်လည်း ကွဲလွဲချက်များ ရှိနေလိမ့်မည်။

ထိုကွဲလွဲချက်သည် အာကာသထဲတွင် မိုင်သန်းဆယ်ချီ၍ ကွာခြားသွားနိုင်သည်။

ထို့ကြောင့် ဟန်မူယဲ့က နှစ်တစ်သောင်းကြာသွားလျှင်ပင် နတ်ဘုရားဧကရာဇ်၏ဓားကို ရှာနိုင်မည်မဟုတ်ပေ။

သို့သော် သူက မှတ်ဉာဏ်ပုံရိပ်နှင့် မြေပုံကို နှိုင်းယှဉ်ကြည့်လိုက်လျှင် နတ်ဘုရားဓား၏ တည်နေရာအတိအကျကို တွက်ချက်နိုင်သည်။

“နတ်ဘုရားဓားအပိုင်းအစက အသိစိတ်မရှိတာ ဖြစ်နိုင်လား”

ဟန်မူယဲ့က ကြည်သေကို စိုက်ကြည့်နေပြီး တီးတိုးပြောသည်။

‘နတ်ဘုရားဧကရာဇ်ရဲ့ဓားက အသိစိတ်မရှိဘူးလား’

ဓားဘုရင်ယွမ်ထျန်းက ကြောင်အသွားပြီး ခေါင်းညိတ်လျက် ပြောသည်။

“လောကမှာရှိတဲ့ ဓားတွေက အသိစိတ်ချည်းပဲ မဟုတ်ဘူး။ ခွန်အားကိုပဲ အသုံးချပြီး အနိုင်ယူတဲ့ ဓားတွေလည်း ရှိတယ်”

ဟန်မူယဲ့က ဓားများနှင့်ပတ်သတ်ပြီး နက်ရှိုင်းစွာနားလည်ထားသည်။ ဓားစံအိမ်ထဲတွင် သူမြင်ခဲ့သော ဓားများသည် ရှေးခေတ်အချိန်မှ ယနေ့ခေတ်အထိ အမျိုးအစားအားလုံးကို ဖော်ပြပေးနိုင်သည်။

ဓားတချို့သည် ဝိညာဉ်သတ္တုများအပေါ်တွင် အပြည့်အဝမှီခိုထားပြီး အသိစိတ်မရှိကြပေ။

ထိုဓားများ၏ ဖျက်ဆီးနိုင်စွမ်းသည် အသိစိတ်ရှိသောဓားများနှင့် ယှဉ်နိုင်သည်။

ထိုဓားကို ကောင်းမွန်စွာထိန်းချုပ်ထားလျှင် အသိစိတ်ရှိသောဓားထက် ပိုမိုသန်မာသည်။

“ကြည့်ရအောင်”

ဟန်မူယဲ့က ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး အရိပ်တစ်ခုအဖြစ်ပြောင်း၍ ပျောက်ကွယ်သွားသည်။

ဓားဘုရင်ယွမ်ထျန်းကလည်း ပျောက်ကွယ်သွားခဲ့သည်။

သူတို့က ပျက်စီးနေသော ဧရာမကြယ်တစ်စင်းပေါ်တွင် ပြန်ပေါ်လာကြသည်။

ဤကြယ်သည် အဆုံးမဲ့ပင်လယ်နှင့် ဆင်တူသည်ဟု ဟန်မူယဲ့က ခံစားနေရသည်။

အဆုံးမဲ့ပင်လယ်၏ အငြိုးအတေးစွမ်းအင်သည် ကြယ်ပေါ်တွင် မရှိသော်လည်း မွန်းကျပ်သောခံစားချက်ကို ပေးစွမ်းနေသည်။

ချီစွမ်းအင်သည် ဤကြယ်ပေါ်တွင် ကောင်းမွန်စွာ အစွမ်းမပြနိုင်ပေ။

ဟန်မူယဲ့က မှုန်မှိုင်းနေသောမြေပြင်နှင့် ထိတွေ့လိုက်သောအခါတွင် လက်သီးထိုးချသည်။

“ဘန်း”

သူ့ရှေ့တွင် မီးခိုးရောင်မြူခိုးထုက ပျောက်ကွယ်သွားသည်။

စိတ်မချမ်းမြေ့စရာကောင်းသော အော်သံတစ်ခုသည် မြူခိုးထုထဲမှ ပေါ်ထွက်လာသည်။

“ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းကြားမှာ အကြောက်တရားရှိတယ်”

ဓားဘုရင်ယွမ်ထျန်းက မြူခိုးထုကို စိုက်ကြည့်နေပြီး ပြောသည်။

“ဒါက အကြောက်တရားသားရဲပဲ”

အကြောက်တရားသားရဲ။ အလွန်ထူးဆန်းသော နာမည်တစ်ခု ဖြစ်သည်။

ဟန်မူယဲ့က ရှေးခေတ်စာအုပ်များမှတစ်ဆင့် ဤလောကတွင် တည်ရှိနေသော ထိုသားရဲ၏အကြောင်းကို သိခဲ့ရသည်။

အကြောက်တရားသားရဲသည် သက်ရှိမဟုတ်သလို သားရဲလည်း မဟုတ်ပေ။ ထိုသားရဲသည် အသိစိတ်မရှိသော သတ်ဖြတ်ခြင်းအငွေ့အသက်များမှ ဖြစ်တည်လာသည်။ ထိုသားရဲသည် မသိစိတ်အလျောက် သတ်ဖြတ်ပြီး ဝါးမြိုလိမ့်မည်။

ဟန်မူယဲ့၏လက်သီးချက်ကြောင့် ပျက်စီးသွားသော အကြောက်တရားသားရဲသည် ပေတစ်ရာခန့်ရှိသော မီးခိုးရောင်မြူခိုးထုအဖြစ် လျင်မြန်စွာ ပြန်လည်စုစည်းလိုက်သည်။

ထိုမြူခိုးထုသည် သတ်ဖြတ်လိုစိတ်များကို ထုတ်လွှတ်နေပြီး ဟန်မူယဲ့နှင့် ဓားဘုရင်ယွမ်ထျန်းကို လွှမ်းခြုံလိုက်သည်။

ဟန်မူယဲ့က လှုပ်ရှားလိုက်ပြီး လက်သီးထိုးချပြန်သည်။

မြူခိုးထုသည် ပြိုကွဲသွားပြီး ထပ်မံစုစည်းလာပြန်သည်။

ဤတစ်ကြိမ်တွင် ပေနှစ်ရာခန့်အထိ ကျယ်ပြန့်သွားသည်။

“အကြောက်တရားသားရဲက ဒီလိုမျိုးပဲ။ ထွက်မပြေးနိုင်ရင် သေရလိမ့်မယ်”

ဓားဘုရင်ယွမ်ထျန်းက ခေါင်းခါလိုက်ပြီး ဓားကိုမြှောက်၍ အကြောက်တရားသားရဲကို ဖြိုခွဲလိုက်သည်။

သို့သော် ချက်ချင်းဆိုသလိုပင် ပေတစ်ထောင်ရှိသော မြူခိုးထုက ပြန်လည်စုစည်းလိုက်သည်။

ထိုမြူခိုးထုက ဖြည်းဖြည်းချင်း သိပ်သည်းလာပြီး ခေါင်းငါးလုံး၊ ခြေကိုးချောင်းနှင့် ခန္ဓာကိုယ်ဆယ့်နှစ်ခုရှိသော မကောင်းဆိုးဝါးတစ်ကောင်ကို ဖော်ပြလိုက်သည်။

ထိုသားရဲ၏ခေါင်းပေါ်တွင် ချိုနှစ်‌ချောင်းရှိနေပြီး မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။ ထိုသားရဲက ဟိန်းဟောက်လိုက်သည်။

“အူ ဝူ ....”

ဟန်မူယဲ့က ဝိညာဉ်တစ်ခုလုံး ပျက်စီးသွားတော့မည်ဟု ခံစားလိုက်ရသည်။

“အကြောက်တရားသားရဲတွေရဲ့ စွမ်းရည်က ဝိညာဉ်ဖိနှိပ်ခြင်းစွမ်းအားအပေါ်မှာ မှီခိုနေတယ်”

ဓားဘုရင်ယွမ်ထျန်းက မျက်လုံးများကို မှေးကျဉ်းလိုက်သည်။

ထိုသားရဲသည် အသိစိတ်ကို ဖိနှိပ်ပြီး ဝိညာဉ်ကို ဖျက်ဆီးနိုင်သည်။

ဟန်မူယဲ့က တောက်ပနေသော မျက်လုံးများနှင့် အကြောက်တရားသားရဲကို စိုက်ကြည့်သည်။

“ဒီစွမ်းအားက ဆည်နဲ့ တူတာပဲ”

“ဆည် ....”

ဆည်၏ ဖရိုဖရဲဖြစ်နေသော စွမ်းအင်သည် ချီစွမ်းအင်ကို ဖိနှပ်ပြီး ဝိညာဉ်ကို ထိခိုက်စေသည်။

ဆည်ထဲတွင် ရုပ်ခန္ဓာစွမ်းအားကိုသာ အသုံးပြုနိုင်သည်။ သို့သော် ဆည်၏စွမ်းအားနှင့် အချိန်ကြာမြင့်စွာ ထိတွေ့နေခဲ့လျှင် ရုပ်ခန္ဓာသည် ထူးဆန်းသောသားရဲတစ်ကောင်အဖြစ် သန္ဓေပြောင်းသွားလိမ့်မည်။

‘ဆည်ရဲ့ဖြစ်တည်မှုက အကြောက်တရားသားရဲနဲ့ ပတ်သတ်နေတာလား’

‘ဒါပေမဲ့ အကြောက်တရားသားရဲက ဘယ်ကနေ ရောက်လာတာလဲ’

‘ဒါက မဖြစ်နိုင်တာတော့ မဟုတ်ဘူး’

မရေမတွက်နိုင်သော အတွေးများသည် ဟန်မူယဲ့၏စိတ်ထဲတွင် ဖြတ်ပြေးသွားကြသည်။ သူက လက်မြှောက်လိုက်သောအခါတွင် ရွှေရောင်အလင်းလုံးတစ်ခုသည် လက်ဝါးထဲတွင် ပေါ်လာသည်။

နတ်ဘုရားသားရဲခွေ၏ မိုးကြိုးစွမ်းအား ....

“ဘုန်း”

လျှပ်စီးကြောင်းများသည် နေရာအနှံ့သို့ ဖြာထွက်သွားခဲ့သည်။

လျှပ်စီးကြောင်းသည် ချိန်းကြိုးအဖြစ် ပြောင်းလဲလိုက်ပြီး အကြောက်တရားသားရဲကို ချုပ်နှောင်သည်။

အကြောက်တရားသားရဲသည် လျှပ်စီးများကြောင့် ဆက်တိုက်တုန်ခါနေပြီး ဖြည်းဖြည်းချင်း ပျောက်ကွယ်လာသည်။

လျှပ်စီးစွမ်းအားသည် အကြောက်တရားသားရဲနှင့် ရင်ဆိုင်ရာတွင် အမှန်တကယ် အသုံးဝင်သည်။

ဆည်ထဲတွင် သူက လျှပ်စီးစွမ်းအားကို အသုံးပြုပြီး နတ်ဘုရားသားရဲ ချုံးချီ၏ အသိစိတ်ကို ပြန်လည်ရရှိစေခဲ့သည်။

ဟန်မူယဲ့က တုံ့ဆိုင်းမနေတော့ပေ။ လျှပ်စီးကြောင်းများသည် သူ့လက်ထဲတွင် ရစ်သိုင်းနေပြီး မီးခိုးရောင်မြူခိုးများကို တွးန်ထုတ်လိုက်သည်။

မြူခိုးများအားလုံး ပျောက်ကွယ်သွားသောအခါတွင် အစိမ်းရောင်အလင်းတစ်ခုသည် သူ့ကို စောင့်ကြိုနေခဲ့သည်။

ဟန်မူယဲ့က အစိမ်းရောင်အလင်းကို ဖမ်းယူလိုက်သောအခါတွင် မျက်နှာထားက ပြောင်းလဲသွားခဲ့သည်။

“အင်မော်တယ်စွမ်းအင် ....”

အင်မော်တယ်ချီ ....

အစိမ်းရောင်အလင်းသည် အင်မော်တယ်ချီ ဖြစ်နေသည်။

All Chapters