← Chapters

အခန်း (၇၀၉)

Vol. 51 Ch. 709

အခန်း (၇၀၉)

Vol. 51 Ch. 709

လောကတွင်ရှိသော ကျွမ်းကျင်သူများအားလုံးသည် တာအိုပြိုင်ပွဲနယ်မြေတွင် စုစည်းလာကြသည်။

အင်အားစုအမျိုးမျိုးသည် ခွန်အားများကိုထုတ်ပြပြီး နာမည်ကြီးလာကြသည်။

သို့သော် တစ်ခါမှပေါ်မလာဘဲ နာမည်ကြီးနေသောလူတစ်ယောက် ရှိသည်။

ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အမတ်ချုပ်ကြီးဟန် ဖြစ်သည်။

ဝမ်မော့ရှန်က ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အရေးကိစ္စများကို ဝင်ရောက်စွက်ဖက်ခြင်း မပြုလုပ်တော့ပေ။

ဟန်မူယဲ့က အမတ်ချုပ်ကြီးအဖြစ် ဆက်ရှိနေသည်။

သို့သော် ဟန်မူယဲ့က အင်မော်တယ်ဝိညာဉ်ကမ္ဘာတွင် သောင်းကျန်းခဲ့ပြီး နှစ်ပေါင်းသုံးဆယ်ကြာသည်အထိ ပြန်ပေါ်မလာခဲ့ပေ။

သို့သော် အမတ်ချုပ်ကြီးဟန်သည် ကောင်းကင်အံ့ဖွယ်ကမ္ဘာတစ်ခုလုံးကို ဖိနှိပ်နိုင်သည်။ တာအိုပြိုင်ပွဲတွင်ရှိသော လူများသည် အမတ်ချုပ်ကြီးဟန်ကို အထင်မသေးရဲကြပေ။

အင်မော်တယ်ရတနာသုံးခုသည် ကောင်းကင်ထက်တွင် လွင့်မျောနေကြသည်။ နတ်ဘုရားဘုရင်တစ်ပါးကပင် ဆုတ်ခွာသွားရမည်။ ဟန်မူယဲ့က တစ်ကြိမ်မှ မတိုက်ခိုက်ခဲ့သော်လည်း လောကကို ဖိနှိပ်နိုင်သည်။

လွန်ခဲ့သောနှစ်ပေါင်းနှစ်ဆယ်ခန့်တွင် အရိပ်နတ်ဘုရားဘုရင်သည် အင်မော်တယ်ရတနာသုံးခုကို လိုချင်ခဲ့သည်။ ကျွမ်းကျင်သူအများအပြားသည်လည်း သူနှင့် အတွေးတူကြသည်။

သို့သော် အရိပ်နတ်ဘုရားဘုရင်သည် ဟွမ်ကျစ်ဟူ၏ ဓားကျင့်ကြံသူသုံးသန်းကြောင့် အသက်ဆုံးလုနီးပါး ဖြစ်သွားခဲ့သည်။ တခြားကျွမ်းကျင်သူများကလည်း သပိတ်ရတနာထဲသို့ ရောက်သွားကြသည်။

နတ်ဘုရားသားရဲချီလင်က အင်မော်တယ်ရတနာဖြစ်သော ဆေဘာဓားနှင့် လှံရှည်ကို ကိုင်ဆွဲပြီး ကျွမ်းကျင်သူများအားလုံးကို လိုက်သတ်ခဲ့သည်။ တာအိုသခင်သွမ်ယွင်က အင်မော်တယ်ရတနာဖြစ်သော မြင်းမြီးကြာပွတ်နှင့် နတ်ဘုရားသားရဲချီလင်ကို တားဆီးခဲ့သည်။ ထိုသို့မဟုတ်လျှင် တာအိုပြိုင်ပွဲ၏ အခြေအနေသည် ပြောင်းလဲသွားလိမ့်မည်။

ထိုတိုက်ပွဲအပြီးတွင် ကောင်းကင်အံ့ဖွယ်ကမ္ဘာသည် အားနည်းသည်ဟု ထင်ရသော်လည်း ရန်စရဲသောလူများ မရှိကြတော့ပေ။

ထိုတိုက်ပွဲအပြီးတွင် ကောင်းကင်စာရင်းသည် တာအိုပြိုင်ပွဲနယ်မြေ၌ ပေါ်ထွက်လာသည်။ ဟန်မူယဲ့က အဆင့်ကိုးတွင် ရှိနေသည်။ သူက အံ့ဖွယ်တာအိုဂိုဏ်း၏ တာအိုသခင်ဝူကျိအောက် တစ်ဆင့်သာနိမ့်သည်။

ကောင်းကင်စာရင်းတွင် လူသုံးရာရှိသည်။ ထိပ်ဆုံးသုံးဆယ်သည် သူတော်စင်နှင့် အထက်အဆင့်များ ဖြစ်ကြသည်။ ၁၅၁ဆင့်မြောက်မှ စတင်၍ ဝိညာဉ်ဖွဲ့စည်းခြင်း အထွတ်အထိပ်အဆင့်နှင့် သူတော်စင်တစ်ဝက်အဆင့်များကို မှတ်သားထားသည်။

ဟန်မူယဲ့က တစ်ကြိမ်မှ မတိုက်ခိုက်ခဲ့သော်လည်း နံပတ်ကိုးနေရာတွင် ရှိနေခဲ့သည်။

....

“ဘုန်း”

အာကာသထဲတွင် ပေါက်ကွဲသံကို ကြားနိုင်သည်။

ကျွမ်းကျင်သူများသည် သင်္ဘောပျံတစ်စင်းကို လိုက်ဖမ်းနေကြသည်။

သင်္ဘောပျံပေါ်တွင် အဝါရောင်ဝတ်စုံနှင့် ဟွမ်ကျစ်ဟူက အနက်ရောင်ဓားတစ်လက်ကို ကိုင်ထားပြီး တည်ငြိမ်စွာ ရှိနေသည်။

သူမ၏ရှေ့တွင် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ဧကရာဇ် ယွင်သွမ့်က အနည်းငယ် စိုးရိမ်နေပုံပေါ်သည်။

“ဓားကျင့်ကြံသူတစ်သန်းကို ခေါ်ခဲ့ဖို့ ငါပြောသားပဲ။ အခု ကြည့်လိုက်အုံး”

ယွင်သွမ့်က ရေရွတ်လိုက်ပြီး သင်္ဘောပျံ၏နောက်ကို ကြည့်သည်။

သူတို့ကို လိုက်ဖမ်းနေသော ကျွမ်းကျင်သူများသည် အနည်းဆုံး ဝိညာဉ်ကိုယ်ခွဲ ဆဌမအဆင့်တွင် ရှိနေကြသည်။

လူတစ်ဘောက်၏ တိုက်ခိုက်နိုင်စွမ်းကို ကျင့်ကြံဆင့်နှင့် မတိုင်းတာနိုင်ပေ။ ကောင်းကင်စာရင်း၌ မပါသော သူတော်စင်တစ်ဝက်အဆင့်များသည် တာအိုပြိုင်ပွဲနယ်မြေတွင် အများအပြား ရှိနေကြသည်။ သို့သော် ကျင့်ကြံဆင့်မြင့်မားသော လူများသည် အမှန်တကယ်ပင် ရင်ဆိုင်ရခက်ကြသည်။

ကုန်းစွန်းချင်ဖုန်းသည် လေးနက်သောမျက်နှာထားဖြင့် ယွင်သွမ့်၏နောက်တွင် ရပ်နေပြီး ဓားရိုးကို ကိုင်ထားသည်။

သူက ယွင်သွမ့်၏ ကိုယ်ရံတော်ခေါင်းဆောင် ဖြစ်သည်။ ယွင်သွမ့်က နန်းတက်သွားသောအခါတွင် ကုန်းစွန်းရှုက ကာကွယ်ပေးခဲ့သည်။

တော်ဝင်ကိုယ်ရံတော်များသည် ကုန်းစွန်းချင်ဖုန်း၏နောက်တွင် လေးနက်စွာ ရပ်နေကြသည်။

သူတို့က ကျင့်ကြံဆင့် မြင့်မားပြီး ဝိညာဉ်သူငယ်အဆင့်နှင့် ဝိညာဉ်ကိုယ်ခွဲအဆင့်တွင် ရှိနေကြသည်။ သူတို့က တိုက်ခိုက်နိုင်စွမ်း ကောင်းမွန်ကြသည်။

သို့သော် သူတို့က ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများ၏ရှေ့တွင် စွမ်းအားမဲ့နေရသည်။

“နတ်ဘုရားခုံရုံးရဲ့ ရတနာတိုက်အတွက် လူတွေအများကြီးတိုက်ခိုက်နေဖို့ မလိုပါဘူး”

ဟွမ်ကျစ်ဟူက ဓားရှည်ကို ကိုင်ထားပြီး ခေါင်းခါသည်။

လွန်ခဲ့သောဆယ်ရက်ခန့်တွင် ရတနာတိုက်၏ တည်နေရာနှင့် ဖွင့်လှစ်ရမည့်နည်းလမ်းကို ထိန်းသိမ်းထားသော အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ တန့်ဝူယိုက သတင်းအချက်အလက်ကို ဖြန့်ဝေလိုက်သည်။

ချက်ချင်းဆိုသလိုပင် တာအိုပြိုင်ပွဲနယ်မြေ၏ ကျွမ်းကျင်သူများအားလုံးသည် ရတနာတိုက်ဆီသို့ ထွက်ခွာလာကြသည်။

အရင်ဆုံး ထွက်ခွာလာသောလူသည် အရိပ်နတ်ဘုရားဘုရင် ကျောက်ကျန့်ဟယ် ဖြစ်သည်။

ကောင်းကင်အံ့ဖွယ်ကမ္ဘာသည် ရတနာတိုက်နှင့်ပတ်သတ်၍ စိတ်မဝင်စားပေ။

အဘယ်ကြောင့်ဆိုသော် ဟန်မူယဲ့က ကျင့်ကြံသူများကို ဦးဆောင်၍ နတ်ဘုရားခုံရုံး၏ ရတနာတိုက်တစ်ခုကို ဖွင့်လှစ်ခဲ့သည်။

ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ကျွမ်းကျင်သူများသည် ယခုအချိန်အထိ အလွန်ကြွယ်ဝနေဆဲ ဖြစ်ကြသည်။ သူတို့က ရတနာများအတွက် တိုက်ခိုက်ရန် စိတ်မဝင်စားကြတော့ပေ။

သို့သော် ကောင်းကင်အံ့ဖွယ်ကမ္ဘာက လျစ်လျူရှုထားလျှင် မဖြစ်ပေ။

အဖိုးမဖြတ်နိုင်သော ရတနာများသည် နတ်ဘုရားခုံရုံး၏ ရတနာတိုက်တွင် ရှိနေကြသည်။ ထိုရတနာများကို ယူဆောင်ရန် ကြိုးစားရမည်။

ဝမ်မော့ရှန်နှင့် တခြားကျွမ်းကျင်သူကြီးများ၏ လှုပ်ရှားမှုကို မသိနိုင်ပေ။ မည်သို့ပင်ဖြစ်စေ ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ဧကရာဇ်ယွင်သွမ့်နှင့် အံ့ဖွယ်နေမင်း ကိုယ်ရံတော်ခေါင်းဆောင် ဟွမ်ကျစ်ဟူက တပ်သားသုံးထောင်ကို ဦးဆောင်၍ ရတနာတိုက်ဆီသို့ သွားခဲ့သည်။

သို့သော် ရတနာတိုက်၏သတင်း ပေါ်ထွက်လာသောအခါတွင် အားလုံးက အစွမ်းကုန်ထုတ်သုံးခဲ့သည်။ ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ သင်္ဘောပျံက ရတနာတိုက်ဆီသို့ မရောက်ခင်မှာ တိုက်ခိုက်မှုများနှင့် ကြုံခဲ့ရသည်။

ဤတစ်ကြိမ်တွင် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများက သူတို့ကို လိုက်ဖမ်းနေကြသည်။

“ဘုန်း”

ရှေ့တွင် အလင်းစီးကြောင်းများသည် ပေတစ်ထောင်ရှည်လျားသော ဝက်ဝံနက်တစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး သင်္ဘောပျံကို လမ်းပိတ်ထားလိုက်သည်။

ကုန်းစွန်းချင်ဖုန်းက ရပ်တန့်လိုက်သည်။ သူက ပျံတက်သွားပြီး ဓားထုတ်၍ ခုတ်ချသည်။

ပေတစ်ထောင်ရှည်လျားသော ဓားအလင်းသည် ဝက်ဝံနက်ပုံရိပ်ကို ဖျက်ဆီးခဲ့သည်။ သို့သော် သင်္ဘောပျံက နှေးကွေးသွားသည်။ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများက သင်္ဘောပျံကို ဝိုင်းရံထားလိုက်ကြသည်။

“မင်းတို့က ကောင်းကင်အံ့ဖွယ်ကမ္ဘာကို ထိပါးနေတာပဲ။ သေချာတွေးပြီးကြပြီလား”

ကုန်းစွန်းချင်ဖုန်းက ဓားအလင်းများကို စုစည်း၍ တိုက်ခိုက်လိုစိတ်များကို ထုတ်ဖော်ပြီး အော်ပြောသည်။

ကောင်းကင်အံ့ဖွယ်ကမ္ဘာသည် သတ်ဖြတ်ခြင်းကြောင့် နာမည်ကြီးသည်။

ဝိုင်းရံထားသော ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ တချို့၏ မျက်နှာထားများက လေးနက်နေပြီး တချို့က ပြုံးနေကြသည်။

အနက်ရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းအရွယ် ကျင့်ကြံသူတစ်ယောက်က ကျောက်စိမ်းရောင်ချိပ်တံဆိပ်ကို ကိုင်ထားပြီး ရှေ့တက်လာသည်။

အဆုံးမရှိသော ကြယ်လေပြင်းများသည် သင်္ဘောပျံကို ရပ်တန့်သွားစေသည်။

ကုန်းစွန်းချင်ဖုန်းက ဓားချီများကို ထုတ်လွှတ်၍ ကြယ်လေပြင်းများကို ဖြိုခွဲလိုက်သည်။ သူက ဓားဦးဖြင့် ရှေ့သို့ ညွှန်သည်။

“မင်းတို့က ကောင်းကင်အံ့ဖွယ်ကမ္ဘာသားတွေဆိုတာကို ငါသိပါတယ်။ ဟွမ်ကျစ်ဟူကလည်း ဒီမှာရှိနေတယ်လို့ ပြောတယ်။ အမှန်ပဲမဟုတ်လား”

သက်လတ်ပိုင်းအရွယ် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူက နှာမှုတ်လိုက်သည်။ သူ့လက်ထဲတွင်ရှိသော ချိပ်တံဆိပ်က ချီစွမ်းအင်အလင်းကို ထုတ်လွှတ်နေသည်။

“အရင်က မိုင်တစ်သောင်းကြယ်မှာ ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ ဓားဝင်္ကပါကြောင့် ငါ့ရဲ့ ဂိုဏ်းတူတပည့်သုံးယောက် သေသွားခဲ့တယ်”

“ဟွမ်ကျစ်ဟူက ကောင်းကင်စာရင်းမှာ အဆင့် ၂၇၄ မဟုတ်လား။ ထွက်လာပြီး ငါနဲ့တိုက်ခိုက်စမ်း”

“ဒီနေ့မှာ ငါ တုယွီမင်က မင်းနဲ့ သေသည်အထိ တိုက်မယ်”

ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူက အော်ပြောသည်။ သူ့ခန္ဓာကိုယ်တွင်ရှိသော ချီစွမ်းအင်သည် ချိပ်တံဆိပ်၏ ချီစွမ်းအင်ဖြင့် ပေါင်းစပ်သွားပြီး ပေတစ်ရာမြင့်မားသော ရွှေရောင်ချပ်ဝတ်ပုံရိပ်တစ်ခုကို ဖြစ်ပေါ်လာစေသည်။

ဓမ္မရတနာ ....

မှော်ရတနာတစ်ခုကို ကိုင်ဆောင်ထားသော ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူသည် ကောင်းကင်ကို ဖီဆန်နိုင်သည်။

သင်္ဘောပေါ်တွင် ယွင်သွမ့်၏မျက်နှာထားက ပြောင်းလဲသွားခဲ့သည်။ သူမက ဟွမ်ကျစ်ဟူ၏ အင်္ကျီလက်ကို ဆွဲထားသည်။

“ကျစ်ဟူ၊ သူ့ကို ဂရုစိုက်မနေနဲ့။ သူတို့က ငါ့ကို သတ်ရဲမယ်လို့ မယုံဘူး”

ဟွမ်ကျစ်ဟူက ဓားဝင်္ကပါစွမ်းအားကြောင့် ကောင်းကင်စာရင်းတွင် ရှိနေခဲ့သည်။

သူမသည် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်သို့ မရောက်သေးသောကြောင့် ကောင်းကင်စာရင်းတွင် ပါဝင်ရန် အရည်အချင်းမရှိသေးပေ။

ဥပမာအနေဖြင့် အဆင့် ၁၄၇တွင် ရှိနေသော လုယန်သည် ကိုယ်ပိုင်တိုက်ခိုက်နိုင်စွမ်းကိုသာ အသုံးပြုခဲ့လျှင် ကောင်းကင်စာရင်းတွင် ပါဝင်နိုင်မည် မဟုတ်ပေ။

သူတို့နှင့်တူညီသော စစ်သူကြီးတချို့သည် တာအိုပြိုင်ပွဲနယ်မြေတွင် ရှိနေကြသည်။ သူတို့က စစ်တပ်ကို ဦးဆောင်ထားမှသာ နယ်မြေတစ်ခုကို လွှမ်းမိုးနိုင်သည်။

“အဆင်ပြေပါတယ်”

ဟွမ်ကျစ်ဟူက မတ်တပ်ရပ်လိုက်ပြီး ခေါင်းခါသည်။ သူမက၏မျက်နှာထားက တည်ငြိမ်နေသော်လည်း မျက်လုံးများက တောက်ပနေကြသည်။

“ငါ့အဖေက ပြန်လာတော့မယ်လို့ မွေးစားအဖေက သတင်းပို့လိုက်တယ်”

ဟွမ်ကျစ်ဟူက တည်ငြိမ်သောမျက်နှာထားဖြင့် ဓားရိုးကို ဆုပ်ကိုင်သည်။

သူမ၏စကားကို ကြားလိုက်ရသောအခါတွင် ယွင်သွမ့်က အနည်းငယ် ကြောင်အသွားသည်။

ဟန်မူယဲ့က တံခါးပိတ်ကျင့်ကြံနေသော်လည်း လူတစ်ယောက်ကိုလွှတ်၍ ဟွမ်ကျစ်ဟူကို ဆက်သွယ်ခဲ့သည်။

ဟန်မူယဲ့က မလှုပ်ရှားခဲ့သော်လည်း ကောင်းကင်အံ့ဖွယ်ကမ္ဘာနှင့် ပြင်ပဘုံကို ထိန်းချုပ်ထားနိုင်ပုံပေါ်သည်။

“ကောင်းကင်နင်းခြေ မဟာသူတော်စင်လား”

ယွင်သွမ့်က ရေရွတ်လိုက်ပြီး ဟွမ်ကျစ်ဟူ၏လက်ကို လွှတ်သည်။

“နင်က အကောင်းဆုံးပဲ။ မွေးစားအဖေလည်း ရှိတယ်။ အဖေအရင်းလည်း ရှိတယ်”

ယွင်သွမ့်၏မျက်လုံးထဲတွင် အားကျမှုများကို မြင်နိုင်သည်။

သူမ၏စကားကို ကြားလိုက်ရသောအခါတွင် ဟွမ်ကျစ်ဟူက ပြုံးသည်။ သူမက တစ်လှမ်းတိုးလိုက်ပြီး ယွင်သွမ့်၏မေးစေ့ကို လက်ဖြင့်ကိုင်သည်။

“ဘာလဲ။ အရှင်မင်းကြီးက ကျွန်တော်မျိုးမကို မနာလိုဖြစ်နေတာလား”

သူမနှင့် ယွင်သွမ့်၏ စေ့စပ်ပွဲကို သူမ၏အမေနှင့် တော်ဝင်မိသားစု၏ အကြီးအကဲများက ဆွေးနွေးခဲ့ကြသည်။

ဟန်မူယဲ့နှင့် ဟွမ်ခြောက်တို့သာ ရှိနေခဲ့လျှင် မင်္ဂလာပွဲကို ကျင်းပနိုင်လိမ့်မည်။

ဟွမ်ကျစ်ဟူက စေ့စပ်ပွဲ၏အကြောင်းကို သိသွားလျှင် ဖြစ်ပေါ်လာမည့် မွေးစားအဖေ၏ မျက်နှာထားကို သိချင်မိသည်။

‘သူက ကြောင်အသွားမှာလား’

“ဝီ”

အာကာသထဲတွင် ဓားမြည်သံကို ကြားနိုင်သည်။

ဓားရှည်တစ်လက်ကို ကိုင်ထားသော လေးနက်ပြီး အေးစက်နေသည့်မျက်နှာထားနှင့် ကောင်းရှောင်ရွှမ်သည် အာကာသထဲတွင် ပေါ်ထွက်လာခဲ့သည်။

သူ့လက်ထဲတွင်ရှိသော ဓားသည် အံ့အားသင့်ဖွယ်ကောင်းသော အငွေ့အသက်များကို ထုတ်လွှတ်ပေးနေသည်။

“နင့်ရဲ့ဦးလေးက ပြီးပြည့်စုံပေမဲ့ အေးစက်လွန်းနေတယ်”

“အစ်မဝူဟန်က ဘယ်လိုလုပ်ပြီး သည်းခံနိုင်တာလဲမသိဘူး”

ယွင်သွမ့်က ခေါင်းမော့ကြည့်လိုက်ပြီး တီးတိုးပြောသည်။

ကောင်းရှောင်ရွှမ်သည် ဓားဝိညာဉ်ဖြစ်သည်။ သူ၏ ကျင့်ကြံဆင့်သည် လက်ထဲတွင်ရှိနေသော ဓားနှင့် သက်ဆိုင်သည်။

သူသည် အာကာသထဲတွင် ရှိနေပြီး သူ၏ ဓားဆန္ဒသည် လောကကို ဖြတ်တောက်သွားနိုင်ပုံပေါ်သည်။

သူ့လက်ထဲတွင်ရှိသော ဓားသည် မှော်ရတနာထက် အဆင့်မြင့်သည်။

ဟွမ်ကျစ်ဟူက လှုပ်ရှားလိုက်ပြီး ကောင်းရှောင်ရွှမ်၏ဘေးသို့ ရောက်လာသည်။

“ဦးလေးရွှမ်၊ ဘယ်သူက ပိုမြန်လဲ ကြည့်ရအောင်။ ဘယ်လိုထင်လဲ”

သူမက စကားအဆုံးတွင် ကောင်းရှောင်ရွှမ်၏ တုံ့ပြန်မှုကိုမစောင့်ဘဲ ဓားထုတ်၍ ပြေးထွက်သွားသည်။

ဓားအလင်း ပေါ်လာသောအခါတွင် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများ၏ မျက်နှာထားက ပြောင်းလဲသွားခဲ့သည်။

“မှော်ရတနာပဲ”

ထိုဓားသည် ရှားပါးသော အဆင့်မြင့်မှော်ရတနာတစ်ခု ဖြစ်သည်။

ကောင်းရှောင်ရွှမ်မရှိခဲ့လျှင်ပင် ဟွမ်ကျစ်ဟူက အဆင့်မြင့်မှော်ရတနာဓားကို ကိုင်ဆောင်ထားသောကြောင့် အားနည်းမည်မဟုတ်ပေ။

“ဝိညာဉ်ရတနာဓားနဲ့ အဆင့်မြင့်မှော်ရတနာဓား။ ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ ဟွမ်ကျစ်ဟူက ကြွယ်ဝမှုနဲ့ ရတနာတွေကို ထုတ်သုံးလိုက်ရင် ဘယ်လောက်တောင် အားကောင်းလာမလဲမသိဘူး”

ခါးကုန်းနေသော အနက်ရောင်မုတ်ဆိတ်နှင့် လူအိုကြီးတစ်ယောက်က လောဘရောင်တောက်နေသော မျက်လုံးများဖြင့် ပြောလိုက်သည်။ သူက ကောင်းရှောင်ရွှမ်နှင့် ဟွမ်ကျစ်ဟူ၏လက်ထဲတွင်ရှိသော ဓားနှစ်လက်ကို ကြည့်နေသည်။

တခြားလူများကလည်း အကြည့်မလွှဲနိုင်ကြပေ။

သူတို့က ရတနာရှာဖွေရန်အတွက် ရောက်လာကြသည်။

သူတို့က ဝိညာဉ်ရတနာဓားကို ပိုင်ဆိုင်ထားလျှင် ဤနေရာတွင် အသက်စွန့်၍ တိုက်ခိုက်နေရန် မလိုတော့ပေ။

ဟွမ်ကျစ်ဟူ၏ဓားက ပေတစ်ထောင်ရှည်လျားသော ဓားပုံရိပ်အဖြစ် ပြောင်းလဲသွားခဲ့သည်။ ဓားထိပ်ဖျားသည် နှင်းစက်နှင့် ရေခဲများကို ထုတ်လွှတ်နေပြီး ရှေ့ဆုံးတွင်ရှိနေသော သက်လတ်ပိုင်းအရွယ် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူကို ထိုးချလိုက်သည်။

“မြန်လိုက်တာ”

ထိုလူ၏မျက်နှာထားက လေးနက်သွားပြီး ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရန်အတွက် ချိပ်တံဆိပ်ကို လှုပ်ရှားလိုက်သည်။

ချီစွမ်းအင်နှင့် ချိပ်စည်းတံဆိပ်ကြောင့် ဖြစ်ပေါ်လာသော ရွှေ‌ရောင်ချပ်ဝတ်သည် ကျဆင်းလာပြီး သူ့ခန္ဓာကိုယ်ကို ကာကွယ်ပေးလိုက်သည်။

ဓားချက်သည် တိုးဝင်လာခဲ့သည်။

ဓားအလင်းသည် ဖျတ်ခနဲလှုပ်ရှားသွားသည်။ ရွှေရောင်ချပ်ဝတ်သည် အက်ကွဲသွားခဲ့သည်။

“ရွှပ်”

ဟွမ်ကျစ်ဟူက ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူနှင့် ပေတစ်ထောင်အကွာတွင် ပေါ်လာသည်။ သူမ၏လက်ထဲတွင်ရှိသော မှော်ရတနာဓားသည် တောက်ပနေခဲ့သည်။

ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ၏ ချိပ်တံဆိပ်ပေါ်တွင် ဓားရာတစ်ခု ပေါ်လာခဲ့သည်။

စုစည်းထားသော ရွှေရောင်ချပ်ဝတ်သည် ပျောက်ကွယ်သွားခဲ့သည်။

ပတ်ဝန်းကျင်တွင်ရှိနေသော ကြယ်လေပြင်းများကလည်း ပျောက်ကွယ်သွားကြသည်။

ဓားတစ်ချက်ကြောင့် မှော်ရတနာသည် ထိခိုက်သွားခဲ့သည်။

ထိုဓားချက်သည် တခြား ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများကို ထိတ်လန့်သွားစေခဲ့သည်။

ထိုဓားနည်းစနစ်သည် အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းသည်။

“ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ ကျစ်ဟူ၊ ကြည့်ရတာ ကောလဟာလတွေက အမှားတွေထင်တယ်”

သက်လတ်ပိုင်းအရွယ် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူက လက်ထဲတွင်ရှိသော ချိပ်တံဆိပ်ကို ကြည့်လိုက်ပြီး မျက်လုံးများက အေးစက်သွားကြသည်။

“မင်းရဲ့ ဓားကျင့်ကြံခြင်းက ဓားဝင်္ကပါအောက် မကျဘူးပဲ”

တခြားလူများက ဖျတ်ခနဲလှုပ်ရှားသွားသော ဟွမ်ကျစ်ဟူ၏ဓားချက်ကိုသာ မြင်နိုင်ကြလိမ့်မည်။ ထိုဓားသည် လျင်မြန်ရုံသာရှိသည်။ သို့သော် သူက ဓားချက်တွင်ပါဝင်နေသော မဟာတာအို၏စွမ်းအားကို ခံစားမိသည်။ ထိုဓားချက်က ကံကြမ္မာစွမ်းအားနှင့် ထိတွေ့နေသည်။

အစပိုင်းတွင် သူက ကံကြမ္မာစွမ်းအားကို အသုံးပြု၍ ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ သင်္ဘောပျံကို တားဆီးခဲ့သည်။

သို့သော် ဟွမ်ကျစ်ဟူကလည်း ကံကြမ္မာစွမ်းအားကို နားလည်ထားပြီး အဆင့်ကြီးတစ်ဆင့်ကို ကျော်လွန်၍ တိုက်ခိုက်နိုင်သည်။ သူမ၏ ဓားတာအိုကျင့်ကြံခြင်းသည် အလွန်နက်နဲသည်။

သူမက သင်္ဘောပျံတွင် ချည်နှောင်ထားသော ကံကြမ္မာစွမ်းအားကို ဖြတ်တောက်၍ ထွက်ပြေးသွားနိုင်သည်။

ဟွမ်ကျစ်ဟူက ခေါင်းမော့လိုက်ပြီး အဝေးတစ်နေရာတွင်ရှိနေသော ကောင်းကင်ကို ကြည့်သည်။

“နင်တို့အားလုံးက ငါဘယ်လောက်တိုးတက်လာလဲ သိချင်ကြတယ်မဟုတ်လား”

“ငါပြပေးမယ်”

All Chapters