အခန်း (၇၁၂)
Vol. 51 Ch. 712
“ကောင်မလေး၊ အဖေက သူ့ကို ဘယ်လိုသတ်သင့်လဲ”
ဟွမ်ခြောက် ဟွမ်ကျစ်ဟူကို လှည့်ကြည့်ပြီး မေးလိုက်သည်။
“မိစ္ဆာမျှော်စင်မှာ ဖိနှိပ်ထားပြီး နှစ်ပေါင်းတစ်ရာကြာသည်အထိ နှိပ်စက်ရမလား။ ဒါမှမဟုတ် သူ့ဝိညာဉ်ကို စုပ်ယူပြီး မိစ္ဆာရေကန်ထဲမှာ ထည့်ထားလိုက်ရမလား”
“သူ့ကို မိစ္ဆာချီနဲ့ တိုက်စားပြီး မိစ္ဆာအဖြစ် ပြောင်းလိုက်လို့လည်း ရသေးတာပဲ”
ဟွမ်ခြောက်၏အသံက အေးစက်နေပြီး လူတိုင်းကို တုန်ခါသွားစေသည်။
ထိုနည်းလမ်းများသည် အချိန်ကြာမြင့်စွာ ခံစားရလိမ့်မည်။
ဓားကျင့်ကြံသူက မနေနိုင်တော့ဘဲ ရင်တုန်သွားသည်။
‘ဒီလိုဆိုရင်တော့ အသတ်ခံလိုက်ရတာပဲ ကောင်းတယ်’
သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ဓားအလင်းကို ထုတ်ဖော်သည်။
“အဖေသင့်တော်သလို လုပ်လိုက်ပါ”
ဟွမ်ကျစ်ဟူက ဓားအလင်းကို ကြည့်လိုက်ပြီး ခေါင်းခါသည်။
ဟွမ်ခြောက်က ရယ်လိုက်ပြီး လက်ကို ဝှေ့ယမ်းသည်။
မိုင်တစ်သောင်းရှည်လျားသော မိစ္ဆာနဂါးသည် ပျောက်ကွယ်သွားသည်။ ပတ်ဝန်းကျင်တွင် ရှိနေသော အချုပ်အနှောင်ကို ဖယ်ရှားလိုက်သည်။
မိစ္ဆာချီများအားလုံးသည် မိစ္ဆာပုလဲတစ်လုံးအဖြစ် ပြောင်းလဲသွားပြီး ဓားကျင့်ကြံသူ၏ခေါင်းပေါ်တွင် ရစ်ဝဲနေသည်။
“ငါက မင်းကို မသတ်ဘူး။ အသက်ရှင်ခွင့်ပေးမယ်”
ဟွမ်ခြောက်က တည်ငြိမ်စွာပြောသည်။
“ငါ့ရဲ့ မိစ္ဆာပုလဲနဲ့ဆိုရင် မင်းက သေချင်ရင်တောင် သေမှာမဟုတ်ဘူး”
“ငါက မင်းကို တာအိုပြိုင်ပွဲပြီးသည်အထိ အသက်ရှင်ခွင့်ပေးမယ်။ ပြိုင်ဘက်ကင်းတယ်လို့ မင်းထင်နေတဲ့ အင်အားစုက မင်းရဲ့ မျက်စိရှေ့မှာတင် ပျက်စီးသွားရလိမ့်မယ်”
“သူတို့က အရမ်းအားကောင်းပြီး မရှုံးနိမ့်နိုင်ဘူးလို့ ထင်နေတဲ့အတွက် မင်းက တိတ်ဆိတ်နေတာမဟုတ်လား”
ဟွမ်ခြောက်၏စကားကြောင့် ဓားကျင့်ကြံသူ၏မျက်နှာထားက မည်းမှောင်သွားသည်။
ဟွမ်ခြောက်၏စကားအဆုံးတွင် သူ့မျက်နှာက ဖြူဖျော့သွားသည်။
ဟွမ်ခြောက်က ရယ်လိုက်ပြီး မိစ္ဆာကျင့်ကြံသူများကို ဦးဆောင်၍ ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ သင်္ဘောပျံပေါ်သို့ တက်သွားသည်။ ခေါင်းပေါ်တွင် မိစ္ဆာပုလဲရှိနေသော ဓားကျင့်ကြံသူကို တစ်ယောက်တည်း ချန်ထားခဲ့သည်။
သူနှင့်အတူပါလာသော ကျင့်ကြံသူများကိုတော့ မိစ္ဆာနဂါးက ဝါးမြိုပစ်ခဲ့သည်။
ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ သင်္ဘောပျံပေါ်တွင် တော်ဝင်ဝတ်ရုံနှင့် ယွင်သွမ့်က မတ်တပ်ရပ်လိုက်ပြီး ဟွမ်ခြောက်ကို ဦးညွတ်သည်။
“ယွင်သွမ့်က အကြီးအကဲကို နှုတ်ဆက်ပါတယ်”
လုချန်းဖျင်က ဟွမ်ခြောက်၏မျက်နှာထားကို ကြည့်နေသည်။
အစ်ကိုခြောက်က သူမရွေးချယ်ထားသော သမက်နှင့်ပတ်သတ်၍ မည်သို့ထင်သနည်း။
ဟွမ်ခြောက်က တည်ငြိမ်သောမျက်နှာထားဖြင့် လက်ကို ဝှေ့ယမ်းလိုက်သည်။
“ငါက မင်းရဲ့ ကောင်းကင်အံ့ဖွယ်ကမ္ဘာကို ဂရုမစိုက်ဘူး။ ညီလေးဟန်က ဂရုစိုက်ပေးလိမ့်မယ်”
သူက ဟွမ်ကျစ်ဟူကို ကြည့်လိုက်သည်။
“သမီး၊ နတ်ဘုရားခုံရုံးရဲ့ ရတနာတိုက်မှာ လိုချင်တာရှိလား။ အဖေ့ကိုပြောလိုက်”
ယွင်သွမ့်၏နှုတ်ခမ်းက တွန့်သွားသည်။
ကုန်းစွန်းချင်ဖုန်းနှင့် ကိုယ်ရံတော်များကလည်း အားကျနေကြသည်။
‘ဒီလိုအဖေမျိုးရှိရင် ဘယ်လောက်ကောင်းလိုက်မလဲ’
လုချန်းဖျင်၏လက်ကို ဆုပ်ကိုင်ထားသော ဟွမ်ကျစ်ဟူက ခေါင်းခါသည်။
“အဖေ၊ သမီးတို့က ရတနာတွေ မလိုရင်တောင် တခြားလူတွေကို ပေးလိုက်လို့မဖြစ်ဘူးမဟုတ်လား”
ဟွမ်ခြောက်က ခေါင်းညိတ်သည်။
“အမှန်ပဲ”
“ဒါပေမဲ့ အဲဒီရတနာတိုက်က ညီလေးဟန်ထုတ်သုံးထားတဲ့ ငါးစာပဲ။ သမီးက အများကြီးမယူသင့်ဘူး။ မဟုတ်ရင် ငါးမမိဘဲ နေလိမ့်မယ်”
ဟန်မူယဲ့က နတ်ဘုရားခုံရုံးမှ ရတနာတိုက်များ၏အကြောင်းကို သိနေသည်။ ထိုအချက်သည် လျှို့ဝှက်ချက်တစ်ခု မဟုတ်ပေ။
ဤတစ်ကြိမ်တွင် ရတနာတိုက်၏သတင်းကို အင်မော်တယ်ဝိညာဉ်ကမ္ဘာက ဖြန့်ဝေလိုက်သော်လည်း လူများက ဟန်မူယဲ့ကို သံသယဝင်နေဆဲ ဖြစ်ကြသည်။
ဟွမ်ကျစ်ဟူက လျင်မြန်စွာခေါင်းညိတ်လိုက်ပြီး ဟွမ်ခြောက်ကို ကြည့်သည်။
“အဖေ၊ အခု မွေးစားအဖေက ဘယ်မှာလဲ”
ဟန်မူယဲ့က ဆယ်စုနှစ်များ ကြာသည်အထိ ကောင်းကင်အံ့ဖွယ်ကမ္ဘာသို့ ပြန်မလာခဲ့ပေ။ တာအိုပြိုင်ပွဲနယ်မြေတွင်လည်း မတွေ့ရပေ။
ကံကောင်းစွာဖြင့် အင်မော်တယ်ရတနာသုံးခု၏ ဝိညာဉ်အမှတ်အသားများသည် အကောင်းအတိုင်း ရှိနေကြသည်။ ထို့ကြောင့် ဟန်မူယဲ့က အသက်ရှင်နေသေးသည်ဟု သိနိုင်သည်။
“ညီလေးဟန်က အရေးကြီးကိစ္စကို လုပ်နေတာဖြစ်လိမ့်မယ်”
ဟွမ်ခြောက်က ဟွမ်ကျစ်ဟူ၏မေးခွန်းကို တိုက်ရိုက်မဖြေပေ။
သူကလည်း ဟန်မူယဲ့၏ တည်နေရာကို မသိပေ။
“ဝီ”
အာကာသထဲတွင် တုန်ခါသံကို ကြားနိုင်သည်။
မိုင်သောင်းချီအကွာတွင် တိုက်ပွဲတစ်ခု ဖြစ်နေပုံရသည်။
ဟွမ်ခြောက်က အာကာသကို ကြည့်လိုက်ပြီး အေးစက်စွာပြောသည်။
“ငါက မိသားစုနဲ့ အခုမှပြန်တွေ့ရတာ။ ဒီကောင်တွေက ရပ်ကို မရပ်နိုင်ကြဘူး”
ပေထောင်ချီရှည်လျားသော မိစ္ဆာနဂါးသည် အာကာသထဲသို့ တိုးဝင်သွားပြီး ပျောက်ကွယ်သွားသည်။
အာကာသထဲတွင်ရပ်နေသော ဟွမ်ခြောက်က မိစ္ဆာဆန္ဒကို ထုတ်လွှတ်နေသည်။ သူ၏ မိစ္ဆာချီသည် ကောင်းကင်နှင့်မြေကြီးကို ထိုးဖောက်နိုင်ပုံရသည်။
“နတ်ဘုရားဧကရာဇ်ရဲ့ ဓားကျိုးကို ဘာဖြစ်လို့လာလုနေကြတာလဲ”
“မင်းတို့တွေ မရပ်ရင် ငါက ဒီအမှိုက်ကို တစ်ခါတည်း အရည်ဖျော်ပစ်လိုက်မယ်”
သူ့စကားအဆုံးတွင် ပေါက်ကွဲသံကို ကြားနိုင်သည်။ မိစ္ဆာနဂါး၏ ဟိန်းဟောက်သံသည် မိုင်သောင်းချီ၍ ပျံ့နှံ့သွားသည်။
ထို့နောက် အော်ဟစ်သံနှင့် ချီစွမ်းအင်အလင်းများသည် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားကြသည်။
“မိစ္ဆာနဂါးရဲ့ရှေ့မှာ အရိပ်နတ်ဘုရားဘုရင်ကတောင် မလှုပ်ရှားရဲဘူးပဲ။ ဟွမ်ခြောက်က ဘယ်လောင်တောင် သန်မာနေတာလဲ”
နတ်အာရုံတစ်ခုက စကားပြောလိုက်သည်။
“တိုက်ကွက်တစ်ခုတည်းနဲ့ မိုင်ရှစ်သောင်းကို ဖြိုခွဲနိုင်တယ်။ အရိပ်နတ်ဘုရားဘုရင်က အဲဒီလိုမျိုး လုပ်နိုင်လို့လား။ ကျောက်ကျန့်ဟယ်က ပုန်းကွယ်ပြီး ထွက်ပြေးတဲ့နေရာမှာပဲ တော်တာ။ ကျန်တဲ့နေရာမှာ သာမန်ပဲ”
လူတစ်ယောက်က ခပ်ဟဟရယ်လိုက်ပြီး ပြောသည်။
“သာမန်ပဲလား။ ဒါပေမဲ့ သူက နတ်ဘုရားဘုရင်တစ်ပါးလေ”
တာအိုပြိုင်ပွဲနယ်မြေတွင် နတ်ဘုရားခုံရုံး၏ရတနာတိုက်ကို ဖွင့်လှစ်ခဲ့သည်။ ကျွမ်းကျင်သူများအားလုံးသည် စုဝေးလာကြသည်။
ရတနာတိုက်၏ ရတနာစာရင်းသည် အချိန်ကြာမြင့်စွာ ပေါ်ထွက်လာခဲ့သည်။ အင်မော်တယ်ရင်းမြစ်ကမ္ဘာ၏ လက်ရွေးစင်များသည် ကိုယ်ပိုင်အခွင့်အရေးကို ရှာဖွေရန်အတွက် ရောက်လာကြသည်။
မဟာကျင့်ကြံသူများသည် ရတနာတိုက်၏ ရတနာများနှင့် ဆက်သွယ်နေသည်ဟု သတင်းရသော နတ်ဘုရားဧကရာဇ်၏ ဓားကျိုးကို အာရုံစိုက်ထားကြသည်။
တာအိုပြိုင်ပွဲ၏ အင်အားစုများသည် ရတနာတိုက်ကြောင့် သက်ရောက်ခံလိုက်ရသည်။
“ဒီမှာမဟုတ်သေးဘူးပဲ”
တခြားနေရာတစ်ခုတွင် ဖြစ်သည်။
“နတ်ဘုရားခုံးရုံးရဲ့ ရတနာတိုက်က ပြိုကွဲသွားတဲ့အချိန်မှာ အစိတ်အပိုင်းပေါင်းထောင်ချီအဖြစ် ပြောင်းလဲသွားခဲ့တယ်”
“ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ မိုင်တစ်သောင်းပတ်လည်မှာ ရတနာတိုက်သုံးခု ရှိနေတယ်။ ဒါကို တစ်ယောက်ယောက်က တမင်သက်သက် စီစဉ်ထားတာမဟုတ်ဘူးလို့ လာပြောရင်တောင် မယုံဘူး”
တာအိုဆရာတယန်က ဟန်မူယဲ့၏ရှေ့တွင် ရပ်နေပြီး ပြန့်ကျဲနေသော ဥက္ကာခဲများကိုကြည့်၍ ပြောလိုက်သည်။
သူက ဟန်မူယဲ့၏ နတ်ဘုရားသားရဲကိုယ်ပွားနှင့် ရှိနေခဲ့သည်။ ယခုအချိန်တွင် ရတနာများကို ဟန်မူယဲ့ဆီသို့ ပို့ဆောင်ပေးရန်အတွက် တာအိုပြိုင်ပွဲနယ်မြေအတွင်းသို့ ဝင်ရောက်လာခဲ့သည်။
မြက်ရိတ်တံ ....
သူက အချိန်နှင့်တည်နေရာ၏ ဓားတာအိုကို သုံးသပ်ချင်လျှင် ချီစွမ်းအင်အများအပြားကို လိုအပ်သည်။
ဟန်မူယဲ့က အဓိကခန္ဓာကိုယ်၏ ကျင့်ကြံခြင်းအတွက် မရေမတွက်နိုင်သော ဝိညာဉ်ကျောက်တုံးများအပြင် စိတ်ကူးမယဉ်နိုင်သော ရတနာများကို အသုံးပြုခဲ့သည်။
ထို့ကြောင့် သူက ဝိညာဉ်ကျောက်တုံးများကို လိုအပ်နေသည်။
အထက်ဘုံသုံးပါး၏ ဂိုဏ်းတစ်ခုနှင့် ကြွယ်ဝမှုချင်းယှဉ်နိုင်သည်ဟု လူသိများသော ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အမတ်ချုပ်ကြီးဟန်က ဝိညာဉ်ကျောက်တုံးများ ကုန်ဆုံးသွားသည်ဟု သိလိုက်ရလျှင် အပြင်လူများက ထိတ်လန့်သွားကြလိမ့်မည်။
ယခင်က ဟန်မူယဲ့သည် နတ်ဘုရားခုံရုံး၏ ရတနာတိုက်ကို သိမ်းယူခဲ့သည်။
တာအိုဘိုးဘေးများသည် ရတနာများကို ရယူရန်အတွက် ကိုယ်ပိုင်အင်အားစုများကို စေလွှတ်ခဲ့ကြသည်။
လွန်ခဲ့သောနှစ်များတွင် ကောင်းကင်အံ့ဖွယ်ကမ္ဘာက အရင်းအမြစ်အများအပြားနှင့် လဲလှယ်၍ ရတနာများကို ထုတ်ရောင်းခဲ့သည်။
“ကောင်းကင်ရင်းမြစ် ဓားနတ်ဘုရားက တမင်သက်သက် စီစဉ်ခဲ့တာ ဖြစ်လိမ့်မယ်”
ဟန်မူယဲ့က မြက်ရိတ်တံကို ကိုင်ထားပြီး တည်ငြိမ်စွာပြောလိုက်သည်။
နတ်ဘုရားခုံရုံး၏ ရတနာတိုက်သုံးခုသည် အာကာသ၏ မိုင်တစ်သောင်းပတ်ဝန်းကျင်တွင် တည်ရှိနေသည်။
ဟန်မူယဲ့က ဓားအလင်းအဖြစ် ပြောင်းလဲပြီး ရှေ့တွင်ရှိနေသော ဖရိုဖရဲဖြစ်နေသည့် အာကာသထဲသို့ တိုးဝင်သွားသည်။
တာအိုဆရာတယန်က သူ့နောက်မှ လျင်မြန်စွာလိုက်လာသည်။
ဟန်မူယဲ့က ရတနာတိုက် ကျဆင်းသွားသောနေရာကို အကြမ်းဖျင်းတွက်ချက်၍ ရှာဖွေကြည့်နိုင်သည်။
ယခုအချိန်တွင် သူက မြက်ရိတ်တံကို အသက်သွင်း၍ အင်မော်တယ်ချီဖြင့် အာရုံခံကြည့်နိုင်သည်။
သန္ဓေပြောင်းသားရဲများသည် ဥက္ကာခဲများကြားတွင် ပုန်းအောင်းနေကြသည်။ ဟန်မူယဲ့က သန္ဓေပြောင်းသားရဲအသိုက်နှင့် ကြုံတွေ့ခဲ့ရသည်။ တချို့သားရဲများသည် အလွန်အားကောင်းသည်။
သူက ထိုသားရဲများနှင့် မတိုက်ခိုက်ဘဲ လျင်မြန်စွာ ပြန်ထွက်လာခဲ့သည်။
ယခုအချိန်တွင် သူက အင်မော်တယ်ချီဖြင့် တစ်ကိုယ်လုံးကို လွှမ်းခြုံထားသည်။ ထို့အပြင် သူ့ကို ကာကွယ်ပေးနိုင်သော မြက်ရိတ်တံကိုလည်း အသုံးပြုထားသည်။
သူက အင်မော်တယ်ချီနှင့် မြက်ရိတ်တံကို အသုံးပြုထားသောကြောင့် တာအိုပြိုင်ပွဲကို စောင့်ကြည့်နေကြသော တာအိုဘိုးဘေးများနှင့် နတ်ဘုရားဘုရင်များကပင် သူ့ကို ရှာတွေ့နိုင်မည်မဟုတ်ပေ။
ထို့ကြောင့် သူက ဤနှစ်များတွင် ငြိမ်းချမ်းစွာ ကျင့်ကြံနိုင်ခဲ့သည်။
ဟန်မူယဲ့က ရက်ပေါင်းများစွာကြာအောင် ပျံသန်းလာခဲ့ပြီး အင်မော်တယ်ချီ၏ တုန်ခါမှုကို ခံစားလိုက်ရသည်။
မြက်ရိတ်တံကလည်း အနည်းငယ် တုန်ခါသွားသည်။
တာအိုဆရာတယန်က ပျော်ရွှင်နေသောမျက်နှာထားဖြင့် ပေါ်လာသည်။
“ရှာတွေ့ပြီ”
သူက ပေထောင်ချီမြင့်မားသော အစိမ်းရောင်ကျောက်နံရံဆီသို့ ပြေးဝင်သွားသည်။
“ဖတ်”
ကျောက်တုံးနှင့်မြေပြင်ကို ဖြတ်သန်းသွားနိုင်သော တာအိုဆရာတယန်က ကျောက်နံရံနှင့် သနားစရာကောင်းအောင် ဝင်တိုက်မိသွားသည်။
သူက ဒေါသမထွက်ဘဲ ပျော်ရွှင်နေသည်။ သူက ကျောက်နံရံကို သေချာစစ်ဆေးကြည့်နေသည်။
“အင်မော်တယ်ချီကြောင့်သာ မဟုတ်ရင် ဒီနေရာကို ရှာတွေ့မှာမဟုတ်ဘူး”
တာအိုဆရာတယန်က ကျောက်နံရံပေါ်တွင် လက်နှစ်ဖက်ကို ပွတ်သပ်နေသည်။
သူက ရတနာများနှင့်ပတ်သတ်၍ အလိုလျောက် စွဲလမ်းနေသည်။
အကြောင်းပြချက်မရှိပေ။ သူက ရတနာများကို ကြိုက်သည်။
ဟန်မူယဲ့က မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး ကျောက်နံရံ၏ရှေ့တွင် ရပ်နေသည်။
ယခင်တစ်ခေါက်တွင် သူက တိုက်ရိုက်ချိုးဖျက်၍ နတ်ဘုရားခုံရုံး၏ ရတနာတိုက်ကို ရယူခဲ့သည်။
ဤတစ်ကြိမ်တွင် ထိုသို့ မလုပ်နိုင်ပေ။
သူက ရတနာတိုက်ကို ချိုးဖျက်လိုက်လျှင် တခြားလူများက သတိထားမိသွားကြလိမ့်မည်။
ဟန်မူယဲ့က ကျောက်နံရံပေါ်တွင် လက်တင်ထားလိုက်ပြီး မျက်လုံးများက တောက်ပလာကြသည်။
အချိန်စွမ်းအား ....
သူက အချိန်ကိုဖြတ်သန်း၍ ကြည့်နေသည်။ သူ့ရှေ့တွင်ရှိသော ကျောက်နံရံက အဆုံးမရှိသော ဝိညာဉ်အင်းကွက်များကို ထုတ်ပေးနေသည့် ပေတစ်ထောင်မြင့်မားသော အပြာရောင်ကျောက်နံရံအဖြစ် ပြောင်းလဲသွားသည်။
“ဝီ”
ညင်သာသောအသံနှင့်အတူ ဟန်မူယဲ့က တစ်ကိုယ်လုံးတုန်ခါသွားပြီး လက်ကို ပြန်သိမ်းလိုက်ရသည်။
နှစ်တစ်ထောင်အချိန်ကို ပြန်ကြည့်နိုင်ရန်အတွက် စိတ်ကူးမယဉ်နိုင်သော စွမ်းအားများကို အသုံးပြုရသည်။
သူ့ခန္ဓာကိုယ်ထဲတွင်ရှိသော ချီစွမ်းအင်များအားလုံးသည် ကုန်ခမ်းသွားခဲ့သည်။
ဆေးလုံးအများအပြားသည် သူ့ရှေ့တွင် လွင့်မျောနေကြသည်။ သူက ဆေးလုံးများကို ဖောက်ခွဲ၍ ချီစွမ်းအင်နှင့် ဆေးစွမ်းအင်များကို စုပ်ယူလိုက်သည်။
ဟန်မူယဲ့က ခဏအနားယူပြီး မျက်လုံးမှိတ်လိုက်သည်။
သူ့စိတ်ထဲတွင် ဖျတ်ခနဲပေါ်လာခဲ့သော ဝင်္ကပါအစီအရင်က ဖြည်းဖြည်းချင်း ရပ်တန့်သွားသည်။
ရှေးခေတ်နတ်ဘုရားခုံရုံး၏ အခြေခံအုတ်မြစ်ဖြစ်သော အလွန်ခမ်းနားသည့် မဟာဝင်္ကပါတစ်ခု ဖြစ်သည်။
ထိုဝင်္ကပါနှင့် ရင်ဆိုင်ရလျှင် ရှေးခေတ်၏ မဟာပုဂ္ဂိုလ်ကြီးများပင် ထူးခြားသောခွန်အားကို အသုံးပြု၍ ချိုးဖောက်ရန်သာ တတ်နိုင်ကြသည်။