← Chapters

တာဝန်ယူခြင်း

Vol. 11 Ch. 150

တာဝန်ယူခြင်း

Vol. 11 Ch. 150

နောက်ထပ် ရက်အနည်းငယ် ကြာမြင့်သွား၏။ လွန်ခဲ့သည့် နှစ်နာရီ အတွင်း မည်သူ တစ်ဦးတစ်ယောက်မျှ ထပ်မံ ရောက်ရှိ မလာတော့ရာ ထိုအရာက အားလုံး စုံလင်နေပြီ ဖြစ်ကြောင်း ဖော်ပြနေသည်။

ဗဟုသုတ စုံလင် ကြွယ်ဝသော လူများမှာမူ အနန္တ ကုန်းမြေ တိုက်ကြီးတစ်ခုလုံးရှိ နာမည်ကျော် ထိပ်တန်း ပါရမီရှင် အားလုံး ရောက်ရှိ နေပြီ ဖြစ်ကြောင်း သိရှိ လိုက်ကြသည်။ ထိုအထဲတွင် တစ်ခါမှ မမြင် မတွေ့ဖူးသည့် ရွက်ပုန်းသီး သခင်လေးများပင် ပါဝင်နေသည်။

သူတို့သည် ငယ်ရွယ်နုပျိုမှု၊ အနှိုင်းအစမဲ့သော အလားအလာတို့ဖြင့် တောက်မည့် မီးခဲ တရဲရဲ အလား တည်ရှိနေကြ၏။ ထိုမျိုးစေ့များထဲမှ  များစွာမှာ အပြည့်အဝ ကြီးထွားလာကာ တစ်နေ့ တစ်ချိန်တွင် နိုင်ငံ၊ အင်အားစု၊ ဂိုဏ်းများစွာ၏ ခေါင်းဆောင် ဖြစ်လာကြမည့် လူများ ဖြစ်သည်။

"နာ့ရှင်းရီ…"

စိုးရိမိတကြီးဖြင့် ခေါ်လိုက်သော အသံ တစ်ခုက ထွက်ပေါ် လာသည်။ ထိုအသံသည် သူမအား ဆွဲခေါ်ကာ တားဆီး လိုနေဟန် ရသည်။

နာ့ရှင်းရီသည် ဝေ့ဝူယင်ထံ ဦးတည် လျှောက်သွား နေခဲ့သည်။ သူမ၏ ခြေလှမ်းများမှာ ဆုံးဖြတ်ချက် ပြတ်သားခြင်းတို့နှင့် ပြည့်နှက်နေ၏။

အခြားတစ်ဖက်၌ လုံချန်သည် မိန်းမလှ များစွာကို ဝန်းရံလျှက် သူမ၏ နောက်သို့ လိုက်လာခဲ့သည်။ ထိုမြင်ကွင်းက များစွာသော ပုရိသများကို မနာလို ဖြစ်စေ၏။

ထိုခွေးကောင် အဘယ်ကြောင့် မသေသွားရ သနည်း။

လုံချန်၏ ဘေး၌ ဝန်းရံနေသည့် မိန်းမပျိုလေးများ၏ မျက်နှာများက အမူအရာ အမျိုးမျိုး ကွဲပြားနေ၏။ ဝူပိုင်ကျိုးမှာ ပြုံးနေကာ လင်းကျိရန်မှာမူ စိတ်ပူနေပုံ ရသည်။ လျဲ့ယုမှာမူ ပုံမှန် အနေအထားတွင်ပင် ရှိနေခဲ့၏။ မင်ရှုဖုန်းမှာမူ အနည်းငယ် ပျင်းရိနေဟန် ရလေသည်။ မည်သို့ပင် ကွဲပြားစေကာမူ သူတို့၏ အလှတရားများက အနည်းငယ်ပင် လျော့ကျသွားခြင်း မရှိခဲ့ပါချေ။

ဝေ့ဝူယင် ဖြည်းညင်းစွာပင် မျက်လုံးများကို ပင့်တင်လိုက်ရင်း နာ့ရှင်းရီကို ကြည့်လိုက်သည်။ သူ၏ နှလုံးသားထဲတွင်မူ သူမ၏ ယင်ဆုံမှတ် သုံးခု ခန္ဓာမှာ အပြည့်အဝ နိုးထနေခဲ့ပြီ ဟု ခံစားနေရ၏။ အကယ်၍ သူမကို ထွက်သွားခွင့် မပြုခဲ့ပဲ သူ့ နံဘေးနားတွင်သာ ထားခဲ့ပါက သူမ သူ့အပေါ် ခံစားချက်များ ဖြစ်တည်လာလောက် သလော။

အရှေ့ရောက်ရှိလာသော ခြေလှမ်းများကြောင့် ဝေ့ဝူယင်၏ အတွေးများမှာ ပြတ်တောက်သွားသည်။ သူမ၏ မျက်လုံးများသည် အကြောက်အလန့် ကင်းမဲ့ကာ သူ့အား စူးစူးစိုက်စိုက် ကြည့်နေခဲ့၏။

မေ့ယန်မှာ စကားပြောရန် ဟန်ပြင် လိုက်သော်လည်း ဝေ့ဝူယင်က သူမထံ အကြည့်တစ်ချက် ပို့လွှတ်လိုက်၏။ သူမက နှုတ်ခမ်းအား စူလိုက်ရင်း ချစ်စဖွယ် အမူအရာ လုပ်ပြလိုက်သည်။ သို့သော်လည်း ဝေ့ဝူယင်မှာမူ အသက်ရာချီသော မိန်းမ တစ်ယောက်က ထိုကဲ့သို့ ပြုမူနေသည်ကို တွေးမိကာ အနည်းငယ် အော်ကလီဆန်သွား၏။

စုနေ့၏ လက်များက ရွေ့လျားသွားကာ ဆေဘာဓားရိုးပေါ် လက်တင်ထားလိုက်သည်။ အကယ်၍ နာ့ရှင်းရီသာ လှုပ်ရှားရန် ကြိုးစားမည် ဆိုပါက သူမ၏ ဓားသွားမှာလည်း နှောင့်နှေးလိမ့်မည် မဟုတ်ချေ။ ထိုအခိုက်၌ သူမ၏ အနက်ရောင် မျက်ဝန်းများမှာ လျှို့ဝှက်သော အနက်ရောင် အလင်းတို့ဖြင့် တလက်လက် တောက်ပနေ၏။

သို့သော်… နာ့ရှင်းရီမှာလည်း တစ်ကိုယ်တည်း မဟုတ်ချေ။ သူမတို့၏ နောက်၌ လုံချန်တို့ အုပ်စုမှာ ကပ်ပါလာခဲ့သည်။ အထူးသဖြင့် လုံချန်သည် သူမနှင့် လက်တစ်ဆန့် အကွာအဝေးတွင် ရပ်ကာ အနီးကပ် စောင့်ရှောက် နေခဲ့၏။

ဝေ့ဝူယင်က လုံချန်တို့ကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။ ကြည့်ရသည်က သူတို့မှာ သူ့အား အနည်းငယ်ပင် ယုံကြည်ပုံ မရချေ။

ဝေ့ဝူယင် သူတို့ကို လျစ်လျူကာ နာ့ရှင်းရီကို ပြန်လည် ကြည့်လိုက်သည်။ သူမက အဘယ်ကြောင့် သူ့ရှေ့ကို ရောက်လာရ သနည်း။ တစ်ခုခု ပြောစရာ ရှိနေသည်လော။

ဝေ့ဝူယင် တွေးနေစဉ်မှာပင် နာ့ရှင်းရီက တင်းမာသော လေသံဖြင့် ပြောလိုက်၏။

"နင် ငါ့ကို အကြွေးတင်နေတယ်"

သူမက စကားကို စိတ်အာရုံဖြင့် မဟုတ်ပဲ ရှင်းလင်းစွာပင် ပါးစပ်မှ ပြောဆိုလိုက်ခြင်း ဖြစ်သည်။ များစွာသော လူများမှာ ထိုအရာကို နားမလည်ကြသည့်တိုင် စိတ်ဝင်စားမှုများဖြင့် ပြည့်နှက်သွားကြ၏။ လုံချန်၏ အလှပဂေးလေးနှင့် ဝေ့ဝူယင်တို့ အကြားတွင် မည်သို့သော သမိုင်းကြောင်းများ ရှိနေသနည်း။ ထိုအရာက သူတို့ နှစ်ယောက် တိုက်ခိုက်ရသည့် အကြောင်းရင်းမှန်လော။

ဝေ့ဝူယင်က မျက်ခုံးများကို ပင့်တင်လိုက်၏။

“ဘာအတွက်လဲ...”

“အားလုံးပဲ...”

နာ့ရှင်းရီက အေးစက်စွာ ပြန်ဖြေလိုက်သည်။ သူမ၏ မျက်လုံးများတွင် နာကျည်းမှု အရိပ်အယောင်များကို မြင်တွေ့နိုင်ပေသည်။

" ... “

ဝေ့ဝူယင်မှာ တိတ်ဆိတ်နေ၏။ သူ၏ အတွေးများက အတိတ်နှင့် ပစ္စုပ္ပန်တို့တွင် ဝေ့ဝဲနေသည်။ နာ့ရှင်းရီ၏ မူလယင် ကြောင့်သာလျှင် သူ၏ ကျင့်ကြံခြင်း အဆင့်မှာ ခုန်ပျံ ကျော်လွှား မြင့်တက်လာခဲ့ကာ သတ်ဖြတ် လုပ်ကြံသူ နှစ်ယောက်၏ ဘေးအန္တရာယ်မှ လွတ်မြောက်ခဲ့သည်။ ထိုနေ့ သူ၏ ရှင်သန်မှုသည် နောင်အခါတွင် ဆန်းကြယ်သော လူငယ်တစ်ဦးနှင့် ဆုံစည်းစေခဲ့ကာ အမွေခံ အပြစ်သား တစ်ယောက် ဖြစ်လာစေခဲ့သည်။

ကံနှင့် ကံ၏ အကျိုး ဥပဒေသ အတိုင်း ပြောရကြေး ဆိုလျှင် သူမကြောင့်သာ မဟုတ်ပါက သူ၏ ဘဝမှာ မထင်မရှားပင် ပျက်သုဥ်းသွားလောက်ပြီ ဖြစ်သည်။ သို့သော်လည်း အဆုံးသတ်၌ သူက ခေါင်းကိုသာ ခါယမ်းလိုက်၏။

“ငါ နင့်အပေါ် ဘာအကြွေးမှ မတင်ဘူး”

သူ၏ စကားလုံးများက တိုက်ရိုက်ဆန်ကာ ရှင်းလင်းသည်။ သူ၏ ငွေရောင် မျက်လုံးများသည် သန့်စင် ကြည်လင်နေသည်။ အကယ်၍ သူ၏ လုပ်ရပ်ကြောင့်သာ မဟုတ်ပါက ထိုနေ့ညတွင် နာ့ရှင်းရီမှာ ဆာလောင်နေသော စစ်သည်တော်များ ထံ၌ သေလုမြောပါး ဖြစ်သည် အထိ ညှင်းပန်းခံရလိမ့်မည် ဖြစ်သည်။ ကပ်သပ် ပြောရကြေး ဆိုလျှင် သူမသည်လည်း သူ့အပေါ် အကြွေးတင်နေပေသည်။

နာ့ရှင်းရီ၏ မျက်လုံးများမှာ ဒေါသများဖြင့် ပြည့်နှက်သွား၏။ ဝေ့ဝူယင်မှာ ထိုမျှ အရှက်ကင်းမဲ့စွာ ငြင်းဆိုရဲလိမ့်မည်ဟု သူမ ထင်မှတ် မထားခဲ့ချေ။ လုံချန်မှာ မျက်မှောင်ကြုတ်သွားကာ သတ်ဖြတ်လိုစိတ် အပြည့်ဖြင့် ဝေ့ဝူယင်ကို လှမ်းကြည့်လိုက်၏။

သို့သော်လည်း ဝေ့ဝူယင်က သူ့အား အမှုမထားချေ။ နာ့ရှင်းရီကိုသာ စူးစူးရဲရဲ ကြည့်ရင်း အေးစက်စက် ရယ်မောလိုက်၏။

“နင့်ရဲ့ ဦးနှောက်က မှတ်ချင်တာကိုပဲ ရွေးမှတ်တာလား... လခရမ်းဂိုဏ်းတစ်ခုလုံး ပျက်စီး ပြိုကျသွားတဲ့ အချိန်၊ နင် ခွေးတစ်ကောင်လို အဖမ်းခံထားရတဲ့ အချိန်၊ လမ်းဘေးက လိင်ကျွန်တစ်ယောက်လို အသုံးပြုခံရတော့မယ့် အချိန်မှာ နင်ကို ကယ်ပြီး လွှတ်ပေးခဲ့တာ ဘယ်သူလဲ”

“ငါ့ဘက်ကတော့ အဲဒီနေ့မှာ နင့်ဆီက ရခဲ့တဲ့ အရာကို တန်ဖိုး ထားတယ်... အမြဲ ကျေးဇူးလည်း တင်တယ်... ဒါပေမဲ့ ငါ ပြန်လုပ်ပေးခဲ့တဲ့ အရာအားလုံးကိုတော့ နင်က မျက်ကွယ်ပြုထားတယ်... ငါသာ အဲဒီလို မလုပ်ခဲ့ရင် နင် ခု ဘယ်ဘဝ ရောက်နေမယ် ထင်လဲ... ခု နင် ပိုင်ဆိုင်ထားတဲ့ အရာအားလုံး အတွက်‌ရော ငါ့ကို အကြွေးတင် နေတယ်လို့ မထင်ဘူးလား”

ဝေ့ဝူယင်၏ စကားလုံးများမှာ ကြမ်းကြုတ်ဟန် ရသည့်တိုင် ဖုံးကွယ်ထားသည့် အမှန်တရား တစ်ခု ပါရှိနေသည်။

သူသည် ရက်စက်ကြမ်းကြုတ်သော ကျင့်ကြံခြင်း လောက၌ ကျင်လည်နေသည့်တိုင် အမျိုးသမီးများ အပေါ် မလေးစားသူ တစ်ယောက် မဟုတ်ချေ။ သူမအား သူနှင့် အတူအိပ်ရန် တွန်းအားပေးခဲ့သည့်တိုင် သူမနှင့် ထိုက်တန်သည့် လွတ်လပ်မှုကို ပြန်လည် ပေးအပ်ခဲ့သည်။ လိင်ကျွန် ဘဝမှ လွတ်မြောက်ကာ အထွတ်အထိပ် သေမျိုး နတ်ဘုရား တစ်ပါး ဖြစ်လာစေမည့် လမ်းစကို ဖွင့်ပေးခဲ့သည်။

နာ့ရှင်းရီမှာ ဒေါသထွက်နေသော်လည်း မည်ကဲ့သို့ ပြန်လည် ချေပရမည်ကို မသိပါချေ။ သူမ၏ နောက်ရှိ လုံချန်ကသာ အော်ဟစ်လိုက်၏။

“မင်းက ဒီလောက် ယုတ်မာတဲ့ အမှုကို ကျူးလွန်ထားတာတောင် မျက်နှာပြောင် တိုက်ပြီး ငြင်းရဲသေးတယ်ပေါ့... ယောက်ျားတစ်ယောက် လုပ်ပြီး ကိုယ့်အပြစ်ကို တာဝန်မယူရဲတာလား”

ဝေ့ဝူယင်က အလွန် ဖြောင့်မတ်ပုံ ပေါက်နေသည့် ထိုကောင်းချီးခံကို ကြည့်လိုက်သည်။

“ငါ့ကို စကားပြောရအောင် မင်းက ဘာကောင်လဲ... မင်းကို အသက်ချမ်းသာ ပေးချင်လွန်းအားကြီးလို့ ပေးထားတယ်လို့ ထင်နေတာလား”

ထို့နောက် သူက နာ့ရှင်းရီဘက် ပြန်လှည့်လိုက်သည်။ နာ့ရှင်းရီသည် အံကို တင်းတင်းကြိတ်ထား၏။ အကယ်၍ ဝေ့ဝူယင်သာ လုံလောက်စွာ အစွမ်းမထက်ခဲ့ဘူး ဆိုလျှင်...

“ငါနင့်ကို သတ်ချင်တယ်...”

သူမ၏ စကားလုံးများကို အမုန်းတရားက ဖုံးလွှမ်းထား၏။

ဝေ့ဝူယင်က ငြိမ်သက်စွာပင် ခေါင်းညိတ်လိုက်သည်။

“ငါသိတယ်...”

ဘုန်း...

သူမက အားမလို အားမရဖြင့် မြေပြင်ကို ဆောင့်ကန်လိုက်၏။ စုမေ့၏ ဆေဘာဓားမှာ ဓားအိမ်ထဲမှ အနည်းငယ် ကြွတက် လာခဲ့သည်။ သို့သော်လည်း ဝေ့ဝူယင်က လက်ပြလိုက်သည်နှင့် သူမမှာ နောက်သို့ ပြန်လည် ဆုတ်သွားခဲ့၏။

သူက နာ့ရှင်းရီကို တည်ငြိမ်စွာ ကြည့်လိုက်သည်။

“တကယ်လို့ နင့်ဘက်က ဆန္ဒရှိမယ် ဆိုရင် ငါ နင့်ကို တာဝန်ယူမယ်... နင့်ကို ဇနီးမယား အဖြစ် လက်ခံပြီး ပေါင်းသင်းမယ်... နင့်ရဲ့ ပျော်ရွှင်မှုတွေနဲ့ အိပ်မက်တွေ အတွက် ငါ ပံ့ပိုးပေးမယ်”

သူ ကိုယ်တိုင်မှာလည်း ခံစားချက်ကင်းမဲ့သည့် စက်ရုပ်တစ်ရုပ် မဟုတ်ရာ သူမ၏ ခံစားချက်တို့ကို နားလည်နိုင်ပါသည်။ ထိုအဖြစ်အပျက်တွင် အပြစ်မရှိဟု ခံယူထားသည့်တိုင် သူ၏ လုပ်ရပ်က အနည်းငယ် မသင့်လျော် သလို ခံစားရသည်။ သူသည် ဘဝ တစ်လျှောက်လုံး၌ စာရိတ္တပိုင်း၊ အထူးသဖြင့် မိန်းကလေးများနှင့် လိင်စပ်ယှက်မှုပိုင်းတွင် အမြဲလိုလို ဆင်ခြင်လေ့ ရှိသည်။ အသက် အန္တရာယ်နှင့် ခြိမ်းခြောက်ခြင်း၊ အမိန့်အာဏာနှင့် ဖိအားပေးခြင်းတို့ကို သူ မနှစ်သက်ချေ။

သို့သော်လည်း ထိုနေ့တွင် အခြေအနေအရ သူမအား တွန့်အားပေးခဲ့သည်။ လွတ်လပ်ခြင်းနှင့် ကမ်းလှမ်းသည့် လဲလှယ်မှု တစ်မျိုး ဖြစ်သည့်တိုင် ထိုအရာက သူ၏ ပုံမှန် ခံယူချက်များကို ဆန့်ကျင်နေသည်။ သို့ဖြစ်ရာ တာဝန်ယူသင့်သည်ဟု သူခံစားရ၏။

နာ့ရှင်းရီနှင့် လုံချန်တို့မှာ မျှော်လင့်မထားသည့် စကားကြောင့် အေးခဲသွားကြ၏။

နာ့ရှင်းရီ၏ စိတ်က ထိုနေ့သို့ ပြန်လည် ရွေ့လျားသွားသည်။ မည်သူမျှ မသေချင်ကြသလို မည်သူမျှလည်း ထိုခါးသီးသည့် ကံကြမ္မာကို ရင်ဆိုင်ရန် ဆန္ဒ မရှိခဲ့ကြချေ။ ထို့ကြောင့်ပင် ဝေ့ဝူယင်က အခွင့်အလမ်း ပေးသည်နှင့် သူမ ရွေးချယ်ခဲ့သည်။ အဖိုးတန် အရာတစ်ခု ဆုံးရှုံးသွားခြင်းနှင့် ခုံလှုံရာ ကင်းမဲ့သွားခြင်းတို့ ပေါင်းစည်းကာ ဝေ့ဝူယင် အပေါ် သူမ အမုန်းကြီး မုန်းသွားခြင်း ဖြစ်နိုင်ပေသည်။

ထိုအမုန်းတရားကပင် လောင်စာ တစ်ခုကဲ့သို့ သူမ၏ ဘဝကို ပြောင်းလဲစေခဲ့သည်။ သူမသည် ကိုယ့်ကိုယ်ကို အမြင့်ဆုံးထိ တွန်းအားပေးကာ အောက်ခြေမှ အမြင့်ဆုံးထိ ရောက်အောင် ကြိုးစားခဲ့သည်။ အကယ်၍ ဝေ့ဝူယင်သာ သူမ၏ ဂိုဏ်းကို ဝင်မတိုက်ခဲ့ပါက ယခု အနေအထား အထိ ရောက်ရှိလာမည် မဟုတ်ပဲ ခြားနားသော ဘဝတစ်ခုတွင်သာ ရှင်သန်နေခဲ့ပေလိမ့်မည်။

သူမသည်းလည်း ထိုအရာကို သိပါသည်။ ယခု၌ ဝေ့ဝူယင်က သူမအပေါ် တာဝန်ယူချင်သည်ဟု ဆိုလာသည်။ ထိုအရာက သူမ လိုချင်သည့် အရာလော။

နာ့ရှင်းရီ ဝေ့ဝူယင်ကို ကြည့်လိုက်မိ၏။ ထိပ်တန်း ကျင့်ကြံသူ တစ်ဦး၊ ချောမောသော ပါရမီရှင်၊ အဆင့်ခြောက် အဂ္ဂိရတ် အရှင်...

ဝေ့ဝူယင်၏ ဇနီးမယား... သူမ၏ နှလုံးသားက အနည်းငယ် တုန်လှုပ်သွား၏။ ဝေ့ဝူယင်နှင့် အတူ ကုန်ဆုံးခဲ့သည့် ညက အမှတ်တရများမှာ သူမ၏ စိတ်တွင် ရီဝေစွာ ပြန်လည် နေရာယူလာခဲ့လေ၏။

လုံချန်၏ နှလုံးသားက ခြောက်ခြားသွားကာ နာ့ရှင်းရီကို စိုးရိမ်တကြီး ကြည့်လိုက်သည်။ သူမသည် သူ၏ နှလုံးထဲတွင် နေရာတစ်နေရာ ယူထားသည့် မိန်းကလေး ဖြစ်သည်။ သူတို့ နှစ်ယောက်သည် အခက်အခက်များစွာကို အတူတကွ ဖြတ်ကျော်ခဲ့ဖူးပြီး သူမ အတွက်ဆိုလျှင် သူ အသက်ကိုပင် ပေးနိုင်ခဲ့သည်။ သို့သော်လည်း ယောက်ျားနှင့် မိန်းမတို့ အကြားမှ စည်းကိုမူ ယခုအချိန်အထိ သူတို့ တစ်ခါမှ မကျော်လွန်ဖူးခဲ့ချေ။

အကယ်၍ နာ့ရှင်းရီသာ ဝေ့ဝူယင်၏ ကမ်းလှမ်းချက်ကို လက်ခံလိုက်ပါက... အတွေးဖြင့်ပင် လုံချန်၏ နှလုံးသားမှာ မွမ်းကြပ်သွား၏။ သူ တစ်စုံတစ်ခုကို ပြောဆိုချင်နေသော်လည်း မလွှဲမရှောင်သာ ကိုယ့်ကိုယ်ကို ထိန်းချုပ်ထားရသည်။

သူ နာ့ရှင်းရီကို ယုံကြည်သည်။ ယုံကို ယုံကြည် ရလိမ့်မည်။

***

All Chapters