← Chapters

အပူတက်ပြီး ဦးနှောက်ချောင်သွားပြီ

Vol. 47 Ch. 691

အပူတက်ပြီး ဦးနှောက်ချောင်သွားပြီ

Vol. 47 Ch. 691

“ ဒါပေါ့ … ရှင်က ဘော့စ်လေ… ကျွန်မက ဒီတိုင်း CFO လေးကို … ကုမ္ပဏီမှာ ဘော့စ်နဲ့ ဘယ်လိုလုပ်ပြီး အာဏာခြင်း ယှဉ်လို့ရမှာ….”

“ ဒါဆိုဘယ်သူက ဘုရင်လဲသိလား….”

“ သိတာပေါ့…” ဟော်ယွမ်ယွမ် ပြောလိုက်ပြီး “ ဘော့စ်က ဘုရင်ပဲလေ… အစ်ကိုချီက မင်းသား… ကျွန်မကျ ကိုယ်လုပ်တော်လေးပေါ့….”

“ ဟီးဟီးဟီး… “ လင်းရီ နှာခေါင်းရှုံ့လိုက်ပြီး “ ကိုယ်လုပ်တော်… မင်းက အဲ့ဒီရာထူးနဲ့ ထိုက်တန်တယ်လို့ ထင်နေတာလား….”

ဟော်ယွမ်ယွမ် ခါးကုန်းလိုက်ပြီး ဒေါက်မြင့်ဖိနပ်ကို ချွတ်ကာ “ ဘော့စ် ယုံလားတော့ မသိဘူး… ကျွန်မ ရှင့်ကို ဒေါက်ဖိနပ်နဲ့ ကောက်ထုမိတော့မှာနော်… ဘာမှတ်…”

ဘေးတွင် ရပ်ကြည့်နေသည့် ချီရှန်းကျောက်ကတော့ ကူကယ်ရာမဲ့စွာဖြင့် ပြုံးလိုက်၏။

ဘာလို့ သူဌေးရဲ့ ယွမ်ယွမ်က ဆုံလိုက်တိုင်း တကြတ်ကြတ် ဖြစ်နေကြတာ….

ပြီးတော့ ယွမ်ယွမ်ကလည်း ဘော့စ်ရဲ့ ပြိုင်ဘက်မဟုတ်တာကို ဘာလို့ အဲ့လောက်တောင် ခေါင်းမာနေရတာ….

“ထျန်းရန်… ငါမင်းကို အရေးကြီး ကိစ္စ ပြောစရာရှိတယ်…” လင်းရီ ထျန်းရန်ဘက်လှည့်လိုက်ပြီး “ မင်း အချိန်ရရင် ဟောင်ကောင်ကို သွားပြီးတော့ တရားဝင် ကိုယ်စားလှယ် ရာထူးနဲ့ ကုမ္ပဏီ တစ်ခု မှတ်ပုံတင်ထားလိုက်… “

“ ဥက္ကဌလင်းက ဟောင်ကောင်မှာ စာရင်းဝင်ချင်လို့လား…”

တရားဝင် ကိုယ်စားလှယ်ရာထူး အကြောင်းကို ထျန်းရန် ပါးစပ်မဟချေ။ အဘယ်ကြောင့်ဆိုသော် ဧရာမ ကုမ္ပဏီကြီးများ၌ ယင်းက သာမန်ဆန်သည့် ကိစ္စ ဖြစ်သောကြောင့်ပင်။

“ စာရင်းဝင်တာနဲ့ ဘာမှ မဆိုင်ဘူး… အဓိကက အနာဂတ် အစီအစဉ်တွေအတွက် ကြိုတင်ပြင်ဆင်ထားတာ… အနာဂတ်ကျရင် ငါတို့ အဆင့်နိမ့် ချစ်ပ်ထုတ်လုပ်ရေးနဲ့ နည်းပညာမြင့် ဝန်ဆောင်မှု လုပ်ငန်းတွေကို အဓိကထားမယ်… ဒါကြောင့်မို တတ်နိုင်သမျှ အမြန်ဆုံး အကောင်အထည် ဖော်ထားလိုက်….”

“ နားလည်ပါပြီ ဥက္ကဌလင်း…”

“ နောက်ပြီးတော့ ချီကြီး… မင်း မိုဘိုင်းဖုန်းနဲ့ စပ်လျဉ်းတဲ့ ကိစ္စရပ်တွေကို အမြန်ဆုံး ကိုင်တွယ်ထားလိုက်… ပိုက်ဆံကုန်မှာကို မကြောက်နဲ့ … ယုံကြည်ချက်ရှိရှိသာလုပ်….”

“ ဟုတ်ကဲ့… နားလည်ပါပြီ ဘော့စ်….”

လင်းရီ ခေါင်းညိမ့်လိုက်ပြီး “ မင်းတို့ တခြား ဘာပြောစရာရှိသေးလဲ… မရှိတော့ဘူးဆိုရင်တောင် ဖုန်းချတော့မယ်….”

“ ဒါပါပဲဗျ….”

ဖုန်းချပြီးနောက် လင်းရီ ပျင်းရိစွာ အညောင်းဆန့်ရင်း ချစ်ပ် နည်းပညာ 3.0 အတွက် စတင် အလုပ်လုပ်လေသည်။

တစ်နေ့တာအတောအတွင်း လင်းရီ သူ့ညီမထံမှ ဖုန်းဖြေသည်မှအပ ကီးဘုတ်နှင့် လက်နှင့် မခွာခဲ့ပေ။

မွန်းလွှဲ သုံးနာရီသို့ ရောက်သည့် အချိန်တွင်တော့ ခြေဆန့်လက်ဆန့်လုပ်ပြီး ဝမ်ကျန်းဆိပ်ကမ်းသို့ ဦးတည်လိုက်လေသည်။

“ ဘော့စ်လင်း… ရောက်ပါပြီလားခင်ဗျ…”

လင်းရီ ဝင်လာသည်ကို မြင်တော့ ပီစုန့်ကျန်း မတ်တပ်ရပ်၌ ကြိုဆိုလိုက်သည်။

“ ငါတို့ ရာဝမ်းကျွန်းက ရွက်လှေစုစည်းပွဲမှာ ပါမှာလား….”

“ ဟုတ်ကဲ့ ပါပါတယ်ဘော့စ်… ကျွန်တော်လည်း ခုလေးတင် ဘော့စ်ကို တင်ပြမလို့ လုပ်နေတာ…” ပီစုန့်ကျန်း ပြောလိုက်ပြီး “ တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်တို့ အသစ်ဝယ်ထားတဲ့ စတားဖစ်ရှ် အပျော်စီးသင်္ဘောကလည်း မကြာခင် ရောက်လာတော့မှာ… ဆိုတော့ အချိန်ကျလာရင် ရာဝမ်းကျွန်းမှာ ရွက်လွင့်ပြီး ပွဲဆင်နွှဲလို့ရတယ်….”

“ အင်း.. ကြည့်ပြီး ပြင်ဆင်ထားလိုက်…”

လင်းရီ ပြန်ထွက်သွားတော့မည်ကို မြင်တော့ ပီစုန့်ကျန်း ရှေ့ထွက်လာခဲ့ပြီး “ ဘော့စ်လင်းက ပြန်တော့မလို့လားဗျ... ဒီဘက် မရောက်ဖြစ်တာတောင် ကြာပြီဆိုတော့ ဆိပ်ကမ်းရဲ့ အခြေအနေကို မဆန်းစစ်တော့ဘူးလား…”

“ အလုပ်လား....တစ်နေ့လုံး အိမ်မှာနေပြီး မွန်းကြပ်နေလို့ ဒီလာပြီး လေညင်းလာခံတာဟေ့.. နားမထောင်တော့ဘူး… အရေးပါတာနဲ့ မပါတာတွေကို သပ်သပ်စီခွဲပြီး ငါ့ဆီ မေးလ်ပို့ထားလိုက်…”

“ နားလည်ပါပြီ.. ကျွန်တော် လိုက်ပို့ပေးပါ့မယ်….”

ပီစုန့်ကျန်း လင်းရီကို နောက်မှ လိုက်ပို့‌ပေးရင်း ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်လေသည်။

ဘော့စ်လင်းကတော့ အမြဲတမ်း အေးအေးဆေးဆေးပဲ…

တကယ်လို့ သူသာ ဒီလိုမျိုး ဆိပ်ကမ်းကို ပိုင်ဆိုင်ထားလို့ကတော့ နေရာကနေတောင် ထမှာ မဟုတ်ဘူး….အင်းလေ… ဘော့စ်လင်းအတွက်တော့ ဝမ်ကျန်း ဆိပ်ကမ်းဆိုတာ အသေးအမွှားလေးကိုး….

ဝမ်ကျန်း ဆိပ်ကမ်းမှ ထွက်လာခဲ့ပြီးနောက် လင်းရီ ချောင်ရန်အုပ်စုသို့ သွား၍ ကျီချင်းရန်ကို ကြိုလိုက်သည်။

ထိုညတွင် လျန်ရူရွှယ် ဝီချက်မှတစ်ဆင့် မက်ဆေ့ချ် ပို့လာလေသည်။

သူမ အကုန်လုံး စီစဉ်ပြီးသွားပြီး တပ်နယ်မြေ ဝင်ပေါက်ဝတွင် နံနက် ကိုးနာရီဆုံရန် ပြောလာခဲ့၏။

လင်းရီ တိုက်ရိုက်ထုတ်လွင့်ခွင့်ရကြောင်း အတည်ပြုနိုင်သည်နှင့် တစ်ပြိုင်နက် သူ၏ QQ ဖန်ဂရုထဲသို့ ဝင်၍ ယခုလို မက်ဆေ့ချ်ပို့လိုက်သည်။

“ ညီကိုတို့ .... မနက်ဖြန်ကျရင် ဖိုက်တာဂျက် ကြည့်ဖို့ အားတင်းထားကြတော့…”

“ မျက်နှာဖုံး အစ်ကိုကြီး.. ကျုပ်တို့ တကယ်ကြီး ကြည့်လို့ ရမှာလား…”

“ တကယ်ကြီးပေါ့ကွ… ငါက မလုပ်နိုင်တာကို ကတိပေးမယ်လို့များ ထင်နေတာလား…” လင်းရီ ပြောလိုက်ပြီး “ မနက်ဖြန် ကိုးနာရီ စောင့်နေလိုက်တော့…..အိုကေ .. ”

လင်းရီ ဖိုက်တာဂျက် လိုက်ပြမည်ဆိုသည့် သတင်းက လူနှစ်ထောင်နီးပါး ကြားတွင် ရေပန်းစားသွားခဲ့လေသည်။

သို့သော်လည်း ဤထုတ်လွင့်မှု တစ်ခုတည်းနှင့် ကြည့်ရှုသူ ဆယ်သန်း ပြည့်ဖို့ရာတော့ ခက်ခဲမည်ဟု လင်းရီခံစားနေရ၏။

အင်တာနက်နယ်ပယ်တွင် နည်းလမ်းမှန်မှန်နှင့် ကျော်ကြားချင်ပါက အလျင်လို၍ မဖြစ်ပေ။ ထို့ကြောင့် သူ အချိန်တစ်ခု ရောက်သည်အထိ ရေပန်းစားမှုများကို စုဆောင်းသွားရပေမည်။

“ တစ်လှမ်းချင်း လှမ်းကြတာပေါ့ကွာ…” လင်းရီ နှလုံးသားထဲမှ ရေရွတ်လိုက်၏။

ဒူ ဒူ ဒူ

ထိုစဉ် လင်းရီ ဖုန်း တုန်ခါလာခဲ့၏။ ကျန်းရှောင်ယွီမှ မက်ဆေ့ချ်ပို့လာခဲ့ခြင်းပင်။

“ အစ်ကိုရီ… ရှင်မနက်ဖြန်ကျရင် တကယ်ကြီး ဖိုက်တာဂျက်လိုက်ပြတော့မလို့လား….”

“ အေး… ဒါပေမယ့် သာမန်မော်ဒယ်လ်လောက်ပဲ ရမှာ…”

“ ကျွန်မကော လိုက်ခဲ့လို့ ရမလားဟင်….” ကျန်းရှောင်ယွီ မျက်ရည်လဲ့နေသည့် အီမိုဂျီဖြင့် ပို့လာခဲ့ပြီး “ အစ်ကိုရီရဲ့ အထုပ်အပိုးတွေကို ကူသယ်ပေးလို့ရတယ်လေ….”

“ ရတာပေါ့… မနက်ဖြန် ကိုးနာရီကျ တပ်ခရိုင် ဒေသမှာ တွေ့ကြမယ်… နောက်မကျစေနဲ့နော်….”

“ ဟုတ်..” ကျန်းရှောင်ယွီ ပျော်ရွှင်စွာ ပြောလိုက်ပြီး “ ဒါဆို မနက်ဖြန် အတိုနဲ့ စတော်ကင်ဝတ်လာခဲ့မယ်… အစ်ကိုရီလည်း ကြည့်ရှုသူတွေ ပိုတိုးတာပေါ့….”

“ မလုပ်နဲ့ အမိ.. ဒီတိုင်း ရိုးရိုးရှင်းရှင်းလေးပဲ ဝတ်ခဲ့…” လင်းရီ ပြောလိုက်ပြီး “ ငါတို့ သွားမယ့်နေရာက ကပြက်ကချော်လုပ်လို့ရတဲ့ နေရာမဟုတ်ဘူး.. ဟော့ရှော့တွေ မဝတ်လာခဲ့နဲ့…”

“ အိုး… အိုကေလေ… ဒါဆိုရင် မနက်ဖြန် တွေ့ကြမယ်…”

နောက်တစ်နေ့ နံနက်ခင်း ၊ ကျီချင်းရန် အလုပ်သွားပြီးနောက် လင်းရီ အဝတ်အစားများ ထုပ်ပိုးကာ ထွက်ခွာရန် ဟန်ပြင်လိုက်လေသည်။

ကလင် ကလင် ကလင်

လျန်ရူရွှယ် ဖုန်းဆက်လာခဲ့၏။

“ နင်ခုထိ ထွက်မလာသေဘူးလား…”

“ အင်း… ခနနေဆို ထွက်လာတော့မှာ….”

“ ရှာရီမောင်းခဲ့နော်… နင့်ရဲ့ ဟို စူပါကားကြီးတွေ မောင်းမလာခဲ့နဲ့… အရမ်းမျက်စိစူးလွန်းတယ်….”

“ အေးပါ….”

အမှန်တွင်တော့ လင်းရီလည်း စူပါကားများ မောင်းရန် အစီအစဉ်မရှိချေ။ တပ်နယ်မြေမှာ တမူထူးခြားသည့် နယ်မြေဖြစ်ပြီး စူပါကားနှင့် သွားသည်က သူ့အတွက် မသင့်လျော်ပေ။

“ ငါလာကြိုပေးရဦးမလား…”

“ ရပြီ… ငါ့ဘာငါပဲ သွားလိုက်တော့မယ်… နောက်တောင်ကျတော့မယ်… ဒါပဲနော်… “ လျန်ရူရွှယ်ပြောလိုက်ပြီး “ ဒါနဲ့ ဟိုရောက်ရင် ငါ့ကို ရွှတ်တီးရွှတ်နောက်တွေ လုပ်မနေနဲ့ဦး ကြားလား… သူများတွေ ငါတို့ နှစ်ယောက် ရင်းနှီးတယ်ဆိုတာကို သတိမထားမိစေနဲ့… မဟုတ်ရင် ငါ့အတွက် မကောင်းတဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်တယ်….”

“ ဆိုတော့ ဘယ်သူမှ မရှိတဲ့အချိန်ကျရင် မင်းကို စချင်သလို စလို့ရတယ်ပေါ့….”

“ အာ… ရှူး ရှူး… သွားတော့… မြန်မြန် ထွက်လာခဲ့….ဘာတွေ ပြောမှန်းလဲ မသိဘူး….”

“ ဟားဟား… ဟုတ်ပါပြီ…”

ရိုးရှင်းစွာစကားဆိုပြီးနောက် လင်းရီ ဖုန်းချကာ ကျိုးဟိုင် တပ်နယ်မြေသို့ ဦးတည်လိုက်သည်။

……………….

ကျိုးဟိုင် တပ်နယ်မြေ ဂိတ်ပေါက်ဝမှာ ဘတ်စကက်ဘော ကွင်း အရွယ်အစားမျှရှိသည့် နေရာလွတ်ကြီးပင်။ သို့သော်လည်း လုံခြုံရေး ဧရိယာဖြစ်သောကြောင့် မည်သူကမျှ ခွင့်ပြုချက်မပါဘဲနှင့် ဝင်ရောက်လို့ မရချေ။

ထိုအပေါက်ဝနှင့် မလှမ်းမကမ်းတွင် အနက်ရောင် တီရှပ်၊ မွဲပြာပြာ အရောင်ထွက်နေသည့် ဂျင်းနှင့် အဖြူရောင် ရှူးဖိနပ်တို့အား ဝတ်ဆင်ထားသည့် မိန်းကလေးတစ်ဦးမှာ ကားထဲမှ ထွက်၍ မတ်တပ်ရပ်နေလေသည်။ သူမ၏ သွင်ပြင်မှာမူ အတော်လေးကို စိတ်လှုပ်ရှားနေခဲ့၏။

ထိုသူကတော့ ကျန်းရှောင်ယွီမှ အပ အခြားသူ မဟုတ်ချေ။ ဘက်ဘက် ကားတံခါးတွင် ရပ်နေရင်း ကျန်းရှောင်ယွီ မီတာ ၂၀ အကွာအဝေးရှိ ဂိတ်ပေါက်ဝအား ခိုးကြည့်လိုက်၏။

သူမ စစ်သားများအကြောင်းကို ကလေးဘဝမှ အစပြု၍ နေ့စဉ်ဘဝတွင် အမြဲတမ်း ကြားဖူးနားဝဖြစ်နေပြီး ရင်ထဲမှလည်း ထိုသူတို့အား ကြည်ညိုလေးစားလေသည်။

ယခုလို လက်နက်ကိရိယာ အပြည့်အစုံနှင့် တံခါးဝတွင် စောင့်ကြပ်နေသည့် စစ်သားများကို မြင်တော့ သူမ ရင်ထဲတွင် မျိုးချစ်စိတ်တွင် ပြည့်လျှံလာကာ ကြက်သီးမွေးညင်းတို့ ထလာခဲ့၏။

အထူးသဖြင့် ‘ ကျိုးဟိုင် တပ်နယ်မြေ ‘ ဟူသည့် စကားလုံးကို မြင်တော့ ထိုခံစားချက်တို့က ပိုမို ပြင်းပြလာလေသည်။

သူမ ယခုလို သာယာငြိမ်းချမ်းသည့် နယ်မြေတွင် နိုင်ငံသားတစ်ယောက် ဖြစ်လာရသည်ကို ဂုဏ်ယူမိ၏။

တိတ်ဆိတ်စွာဖြင့် ကျန်းရှောင်ယွီ ဂိတ်ပေါက်ဝကို တစ်ဖန် ချောင်းကြည့်လိုက်ပြန်သည်။

“ ဂိတ်ပေါက်ဝမှာ တာဝန်ကျနေတဲ့ ရှောင်ကောကောက အရမ်းခန့်ညားလိုက်တာ…”

ထိုအခိုက်အတန့်တွင် တစ်ဖက်သူမှလည်း သူမကို ပြန်ကြည့်နေကြောင်း ကျန်းရှောင်ယွီ သတိထားမိလိုက်၏။

ရုတ်တရက်ဆိုသလို ကျန်းရှောင်ယွီ ရှက်ကိုးရှက်ကန်း ဖြစ်သွားခဲ့ပြီး ရင်ဘက်ကြီးမှာလည်း မာရသွန်ပြေးသကဲ့သို့ ခုန်ပေါက်နေလေသည်။

အဟိ… ငါ ကျန်းရှောင်ယွီရဲ့ အလှတရားတွေက ရှောင်ကောကောကို ခိုက်သွားစေတာလား မသိ…

မျက်နှာပူလိုက်တာနော်….

ထိုအခိုက်အတန့်တွင်ပဲ ဂိတ်ပေါက်ဝတွင် စောင့်ကြပ်နေသည့် အစောင့်စစ်သားမှာ မူမမှန်စွာ ပြုမူနေသည့် ကျန်းရှောင်ယွီကို ကြည့်ပြီး သူ့ကိုယ်သူ တွေးတောလိုက်၏။

‘ အဲ့မိန်းကလေးက ဘာတွေဖြစ်နေတာ… ထောက်လှမ်းရေးများလား….’

ထိုအကြောင်းတွေးတောရင်း ဂိတ်စောင့်မှ ဝေါ်ကီတော်ကီကို ဖိနှိပ်လိုက်ကာ “ ဂိတ်ပေါက်ဝရဲ့ ဘက်ဘက်ခြမ်း မီတာ ၂၀ မှာ မသင်္ကာစရာ လူတစ်ယောက် ရှာတွေ့ထားပါတယ်… ခေါင်းဆောင် အမိန့်ပေးပါ…”

“ ခု မင်း ဂျူတီ ပြီးသွားပြီမလား… ခနနေကျရင် ငါမင်းနဲ့ ဂျူတီလာချိန်းမယ်… မင်းအခု သွားကြည့်ကြည့်လိုက်…”

“ ရထားပါ.. “

မကြာမီ နောက်ထပ် အစောင့်စစ်သားတစ်ဦးမှ ရောက်လာခဲ့ပြီး “ ဘာဖြစ်တာ… ငါခုနက မင်းပြောတာ ကြားလိုက်ပါတယ်…”

“ ဟိုနားက ကောင်မလေးက ဒီဘက်ကို ချောင်းချောင်းကြည့်နေတာ ကြာပြီ… အဲ့တာ ကျွန်တော် သွားစုံစမ်းကြည့်မလို့…”

“ ကျည်ပါတယ်မလား….”

“ မပူနဲ့… အပြည့်ပါတယ်…”

“ သွားလေ… တစ်ခုခု ဖြစ်ရင် ငါနောက်ကနေ ချက်ချင်း ကူညီပေးမယ်…”

“ ကောင်းပါပြီ…!”

ထို့နောက် ရောက်လာသည့် စစ်သားမှ နေရာယူလိုက်ပြီး ဂိတ်စောင့် တပ်သားက ကျန်းရှောင်ယွီထံ လျှောပ်လှမ်းလာလေသည်။

ထိုအခိုက်အတန့်တွင်တော့ ကျန်းရှောင်ယွီမှာ ကိုးရီးယား စစ်ဒရာမာ ကားထဲကကဲသို့ လက်ထပ်ပွဲကို စိတ်ကူးယဉ်နေပြီး ဘာမှားနေလဲဆိုတာကို သတိမမူမိသေးချေ။

'ယူနီဖောင်း၀တ်နဲ့ သူ့ရဲဘော်တွေကို ဦးဆောင်လာပြီး ငါ့ကို ဒူးထောက် လက်ထပ် လက်စွပ် စွပ်ပေးမယ်... အဲ့အချိန်ကျ သေနတ်တွေဖောက် ......'

ကျန်းရှောင်ယွီ ပိုတွေးလေ… ပို၍ စိတ်လှုပ်ရှားလာလေ ဖြစ်လာပြီး သူမကိုယ်သူမ မထိန်းချုပ်နိုင်တော့ပဲ တိုက်ရိုက်ထုတ်လွင့်လိုက်တော့၏။

လင်းရီ တပ်နယ်မြေတွင် live စထွင်းလုပ်မည်ကို ကြိုသိနေသောကြောင့် များပြားလှသည့် ကြည့်ရှုသူတို့မှာ စောင့်ဆိုင်းခန်းထဲတွင် စိတ်လှုပ်ရှားစွာဖြင့် စောင့်နေကြလေသည်။

ကျန်းရှောင်ယွီ တိုက်ရိုက်ထုတ်လွင့်နေသည်ဟု အသိပေးသံလည်း ကြားတော့ အကုန်လုံး အပြေးအလွှား ရောက်ချလာခဲ့ကြ၏။

“ ဘာလို့ နင် တစ်ယောက်တည်းလဲ… မျက်နှာဖုံးအစ်ကိုကြီးက မရောက်လာသေးဘူးလား…. ငါတို့ ဒီမှာ မစောင့်နိုင်တော့ဘူး…”

“ မျက်နှာဖုံး အစ်ကိုကြီးကို ပြောပေးစမ်းပါကွာ… မြန်မြန်လေးလို့… သူ့ စထွင်း ကြည့်ချင်လို့ ငါ့ကောင်မလေးရဲ့ အကြိမ်ရှစ်ဆယ်မြောက် မွေးနေ့ပွဲတောင် မသွားဘဲ နေနေတာနော်….”

“ အိုက်ယား… နင်တို့ကလည်း မလောကြစမ်းပါနဲ့….” ကျန်းရှောင်ယွီ ပြောလိုက်ပြီး “ မျက်နှာဖုံး အစ်ကိုကြီး ခနနေ ရောက်လာလိမ့်မယ်… ငါခု နင်တို့ကို အရေးတကြီး ပြောပြစရာရှိလို့ live လွင့်လိုက်တာ…”

“ အမ်… ဘာ အရေးကြီးကိစ္စလဲ…”

“ ဖိုက်တာဂျက်ထက် ပိုပြီး အရေးကြီးနေလို့လား…”

ကျန်းရှောင်ယွီ သူမ ရင်ဘက်ကို ဖိနှိပ်ထားရင်း စိတ်တည်ငြိမ်အောင် ပြုလုပ်ကာ “ ငါ မကြာခင် စင်ဂယ် ဘဝကြီးကနေ ကျွတ်တော့မယ်ဟဲ့… တကယ်ကြီး… ငါ့ မသိစိတ်က အဲ့လိုပြောနေတာ….”

“ မင်းရဲ့ အဲ့ဒီ ကိုယ်လုံးကိုယ်ပေါက်နဲ့ စင်ဂယ်ဘဝကနေ ကျွတ်ချင်နေတယ်… ငါတော့ မင်း အပူတက်ပြီး ဦးနှောက် ချောင်သွားပြီ ထင်တာပဲ…”

All Chapters