မျက်နှာအကြီးစား ဖြတ်ရိုက်ခံရခြင်း
Vol. 47 Ch. 692
ကျန်းရှောင်ယွီ သူမ၏ လက်သီးသေးသေးလေးများ ဝှေ့ယမ်းလိုက်ပြီး “ နင်တို့က ငါပြောတာကို ဘာလို့ မယုံကြတာ… ငါနင်တို့ကို ဘယ်တုန်းက လိမ်ဖူးလို့လဲ…”
“ အဓိကကတော့ အဲ့ကိစ္စက အရမ်း ရယ်စရာ ကောင်းလွန်းနေလို့ပဲ… ဘာလို့ ရုတ်တရက်ကြီး စင်ဂယ်ဘဝကနေ ကျွတ်တော့မယ်ဆိုပြီး လာပြောနေတာ…” ကြည့်ရှုသူ တစ်ယောက်မှ ပြောလိုက်လေသည်။
“ မျက်နှာဖုံး အစ်ကိုကြီး ဘယ်လိုရုပ်ရည်ရှိတယ် ငါမသိပေမယ့် သူလည်း နင့်ကို ကြိုက်မှာ မဟုတ်လောက်ဘူး…”
"ထောက်ခံပါတယ်...."
“ ငါနဲ့ မျက်နှာဖုံး အစ်ကိုကြီးက ဒီတိုင်း သူငယ်ချင်းတွေပါနော်… ပြီးတော့ ဒီကိစ္စက သူနဲ့လည်း ဘာမှ မဆိုင်ဘူး…” ကျန်းရှောင်ယွီ ကင်မရာကို ကြည့်လိုက်ပြီးနောက် တီးတိုးလေသံဖြင့် “ ငါနင်တို့ကို ပြောပြမယ်… ငါခု တပ်နယ်မြေရဲ့ ဂိတ်ပေါက်ဝကို ရောက်နေတာ… အဲ့မှာ အရမ်းခန့်တဲ့ ရှောင်ကောကောတစ်ယောက်က ယူနီဖောင်း အပြည့်နဲ့ စောင့်ကြပ်နေတာ သိလား… ပိုအရေးကြီးတာ အဲ့ရှောင်ကောကောက ငါ့ကို ခိုးခိုးပြီး ကြည့်နေတာ… အဲ့အချိန် ငါတို့နှစ်ယောက်ရဲ့ အကြည့်တွေက လေထဲမှာဆုံစည်း.. ချစ်ခြင်းရဲ့ မီးစမီးနလေးတွေက အက်တမ်ဗုံးလို ပြင်းအားနဲ့ ပေါက်ကွဲထွက်လာလိုက်တာ လေထုထဲမှာ အသည်းပုံ မီးခိုးတွေနဲ့ ပြည့်နှက်သွားပြီ…”
“ ဖီး.… မဖြစ်နိုင်လိုက်တာ…”
“ငါတော့ အဲ့စစ်သားက ဖိုက်တာ ပိုက်လော့ ထင်တာပဲ…”
“ ဘာလို့ အဲ့လို ပြောနိုင်တာ…” ကျန်းရှောင်ယွီ မေးလိုက်၏။
“ ဘာလို့ဆို ဖိုက်တာပိုင်းလော့တွေပဲ လေယာဉ်ကွင်းကြီးကို ကြိုက်တာလေ…လုံးဝ လိုက်ဖက်တဲ့ စုံတွဲပဲ….”
“ သပပဲ… နင်တို့တွေက အရမ်း စက်ဆုပ်ဖို့ကောင်းတယ်… ငါက အတည်ပြောနေတာကိုတောင်မှ ငါ့ကို စနောက်နေကြတယ်ပေါ့လေ… နင်တို့မှာ ကိုယ်ကျင့်တရားတွေ မရှိကြတော့ဘူးလား….”
“ ဘာလို့လဲဆိုတော့ မင်းပြောတာက အရမ်း တစ်ဖက်သတ်ကြီး ဆန်လွန်းလို့ကိုး…. ဘာသက်သေအထောက်အထားကမှလည်း မရှိ… မင်း စပြောပါပြီဆိုကတည်းက လုပ်ဇာတ်ကြီး မဟုတ်ဘူးဆိုတာ ငါတို့က ဘယ်လို ယုံကြည်ပေးရမှာ….”
“ ခု ကြည့်နေတဲ့သူတွေထဲမှာ ငါ့ဖန်တွေ ရှိတယ်… သူတို့သိတယ်.....ငါဘယ်တော့မှ မလိမ်ဖူးဘူး… လိမ်ဖူးလား…” ကျန်းရှောင်ယွီ ပြောလိုက်ပြီး “ နင်တို့ကို ခု သက်သေပြမယ်….”
တိတ်ဆိတ်စွာဖြင့် ကျန်းရှောင်ယွီ ကင်မရာကို တပ်နယ်မြေ ဂိတ်ပေါက်ဝဘက်သို့ လှည့်လိုက်သည်။
သူမ မျက်လုံးများက အနှီရှောင်ကောကောအား ပြန်မြင်နိုင်လိမ့်မည်ဟု ယုံကြည်လေသည်။ ထိုအခါ သူမတို့ နှစ်ဦး အကြည့်ချင်းဆုံသွားပြီး သက်သေပြပြီးရာလည်း ရောက်၏။
ထိုအခိုက်အတန့်တွင်ပဲ သူမကို ခိုးခိုးကြည့်နေသည့် ရှောင်ကောကောက သူမထံ လှမ်းလာနေသည်ကို မြင်တော့ ကျန်းရှောင်ယွီ အံ့အားသင့်သွားခဲ့သည်။
ထို့ထက်ပိုသည်ကား သူမ ရင်တဒိန်းဒိန်း ခုန်နေခဲ့၏။
“ အိုး ဘုရားရေ… ကြည့်လိုက်… အဲ့ဒီ ရှောင်ကောကောလေ… သူ တကယ်ကြီး ငါ့ဆီကို ပြေးလာနေပြီ… ဖွင့်ပြောတော့မလို့လားမသိဘူး… ဘာလုပ်ရမလဲ… ငါ ဘာလုပ်သင့်လဲ....”
ကျန်းရှောင်ယွီ မျက်နှာ နီရဲနေပြီး နှလုံးသားမှာလည်း မာရသွန် ပြေးထားသကဲ့သို့ ဖြစ်နေကာ သူမ စကားလုံးများကလည်း ဗလုံးဗထွေး ဖြစ်နေတော့၏။
အကြည့်ချင်း ဖလှယ်ရုံ ရှိသေးတာကို ဒီအဆင့်ထိ ရောက်လာနေပြီလား….
ဒါကြီးက အဆင့်တက်တာ နည်းနည်းလေး မမြန်လွန်းဘူးလား….
သူမ ဒီအတွက် အဆင်သင့် မဖြစ်သေးဘူးလေ….
“ ဖက်ခ်… မဖြစ်နိုင်လိုက်တာ… သူက ရှောင်းယွီကို ကြိုက်နေတာလား….”
“ ဟားဟား…. အံ့ဩစရာပဲ… ရှောင်းယွီ ဂုဏ်ယူပါတယ်ကွာ… မင်း နောက်ဆုံးတော့ စင်ဂယ်ဘဝကနေ ကျွတ်တန်းဝင်တော့မယ်….”
“ ငါ့ညီမ… မင်း အရမ်းအံ့ဩဖို့ကောင်းတယ်… ဒီလိုပုံစံမျိုးနဲ့ စင်ဂယ်ဘဝကနေ ကျွတ်သွားတယ်… ငါလည်း မနက်ဖြန် စမ်းကြည့်ဦးမှပါ…”
“ အိုက်ယား… နင်တို့ ပေါက်တတ်ကရတွေ မန့်မနေကြနဲ့တော့… ဒီမှာ တော်တော်လေး စိတ်လှုပ်ရှားနေပြီ….” ကျန်းရှောင်ယွီ သူမခေါင်းကို စိတ်လှုပ်ရှားစွာဖြင့် ငုံ့လိုက်ပြီး “ မြန်မြန် ငါ့ကို အကြံဉာဏ်လေး ပေးကြစမ်းပါ… တကယ်လို့ သူ ငါ့ဝီချက်အကောင့် တောင်းလာခဲ့ရင် ငါ ပေးလိုက်သင့်လား… ပျော်ရွှင်မှုက ရုတ်ချည်း ရောက်လာတယ်ဆိုတော့ ငါအဆင်သင့် မဖြစ်သေးဘူး…”
ထိုအချိန်တွင်ပဲ ပြေးလာသည့် အစောင့်မှာ ကျန်းရှောင်ယွီထံသို့ ရောက်ရှိလာလေသည်။
ဤတစ်ကြိမ်တွင်တော့ ကျန်းရှောင်ယွီမှာ ပို၍ပင် စိတ်လှုပ်ရှား ရင်ဖိုလာပြီး ဘေးနားရှိ လေထုမှာ ချိုမြိန်လာသယောင် ခံစားလိုက်ရ၏။
“ ရှောင်ကောကော.. ရှင် ကျွန်မကို ရှာနေတာလားဟင်…”
“ မိန်းကလေး .. မင်းရဲ့ အပြုအမူတွေက အရမ်း မသင်္ကာစရာကောင်းတယ်…. ဒီနားမှာ ဘာလာလုပ်တာ.. ဘယ်သူဘယ်ဝါဆိုတာ သက်သေပြနိုင်မယ့် အထောက်အထားပြပေးပါ….”
စစ်သားမှ သူ့ခါးရှိ သေနတ်အား ဖိထားလျက်ပြောလိုက်၏။
“ အာ…”
ရုတ်ချည်း ပြောင်းလဲမှုက သူမကို စိုးရွံ့သွားစေသည်။
ကျန်းရှောင်ယွီ သူမ အိတ်ထဲမှ မှတ်ပုံတင်ကတ်ကို ထုတ်ပြလိုက်ပြီး “ ဟယ်လို ရှောင်ကောကော.. ကျွန်မက တရားဝင် ဟွာရှနိုင်ငံသားပါနော်…. ကျေးဇူးပြုပြီး အထင်မလွဲပါနဲ့…”
ကျန်းရှောင်ယွီ၏ မှတ်ပုံတင်ကို စစ်ဆေးပြီးနောက် ပြဿနာ မရှိကြောင်း သေချာတော့ ကတ်ကို ကိုင်ထားရင်း ဂိတ်စောင့် စစ်သားမှ ယခုလို ပြန်မေးလိုက်၏။
“ ဒီကို ဘာအကြောင်းပြချက်နဲ့ လာခဲ့တာ….”
“ ကျွန်မက အွန်လိုင်း စထွင်မာလေ… ဒီကို စထွင်းလုပ်ဖို့ လာခဲ့တာ.. အဲ့ဒီအတွက်လည်း ခွင့်ပြုချက် ရပြီးသားပါ…. ကိုယ့်သဘောနဲ့ကိုယ် ရောက်လာတာ မဟုတ်ပါဘူး…”
၎င်းကိုကြားတော့ အစောင့်မှာ အနည်းငယ် စိတ်သက်သာရာရသွားခဲ့သည်။ သူလည်း ထိုအကြောင်းကြားထားသောကြောင့် ဤနေရာသို့ ရောက်နေရသည့် အကြောင်းပြချက်ကို နားလည်ပေးနိုင်လေသည်။
သူမက တပ်နယ်မြေနှင့် အရမ်းနီးကပ်နေသော်လည်း ခွင့်ပြမိန့် ရရှိပြီး ဖြစ်သောကြောင့် သူမအား မချေမငံ ဆက်ဆံသည်က မသင့်လျော်ချေ။
“ ကျုပ် မိန်းကလေးရဲ့ ကတ်ကို ပြန်ပေးလိုက်မယ်… ဒါပေမယ့် ဒီနား တစ်ဝိုက်ကို လျှောက်မသွားနဲ့ … အန္တရာယ်များတယ်… ခနနေ လိုက်စထွင်း လုပ်ရင်လည်း စည်းမျဉ်းစည်းကမ်းတွေကို အတတ်နိုင်ဆုံး လိုက်နာပေးပါ….”
“ ဟုတ် ဟုတ်…. နားလည်ပါပြီ…”
ညွှန်ကြားချက် တစ်ချို့ ပေးပြီးနောက် အစောင့်မှ ဂိတ်ပေါက်ဝသို့ ပြန်သွားခဲ့သည်။ ထို့နောက် သူ၏ ရဲဘော်အား စကားတစ်ချို့ ပြောပြီးနောက် တပ်နယ်မြေထဲသို့ ဝင်ရောက်သွားခဲ့တော့၏။
ကျန်းရှောင်ယွီ သူမ၏ အမူအရာကို တည်တံ့လိုက်ပြီး တိုက်ရိုက်ထုတ်လွင့်ခန်းထဲရှိ လူများအား ကြည့်ကာ “ ဒါက… တကယ်တမ်းကျတော့ ငါ နင်တို့တွေ ပျင်းနေမှာဆိုးလို့ ဟာသ လုပ်လိုက်တာလေ… ဘယ်လိုလဲ … စိတ်ဝင်စားဖို့ကောင်းတယ်မလား…”
“ဟားဟား….”
ထိုအခိုက်အတန့်တွင်တော့ စခရင်တစ်ခုလုံး စကားလုံး နှစ်လုံးဖြင့်သာ ပြည့်နှက်နေလေသည်။
“ မျက်နှာအကြီးစား ဖြတ်ရိုက်ခံလိုက်တာပဲ.. ငါတော့ ဒီတိုင်း ကြည့်နေတာနဲ့တင် မျက်နှာပူလိုက်တာ…”
“ ရှောင်းယွီလေးအတွက် စိတ်တောင် မကောင်းဘူး… စောနလေးတင် စင်ဂယ်ဘဝက ကျွတ်ပြီ ဘာညာ လာကြွယ်ပြနေတာ… နောက်တစ်မိနစ်လည်း ရောက်ရော ချက်ချင်း မျက်နှာ ဖြတ်ရိုက်ခံလိုက်ရတယ်… ဒါပေမယ့် အဲ့ ကောင်လေးကတော့ တကယ်လေး မဆိုးရှာပါဘူး…”
“ ငါတော့ ဒီနေ့ စထွင်းကို 'တပ်ခရိုင် ဒေသထဲ လမ်းလျှောက်ခြင်းလို့ မပေးသင့်ဘူး… ‘ သားသတ်ရုံသို့ သိုး အလည်သွားခြင်း ‘ လို့ပေးသင့်တာ…”
ကျန်းရှောင်ယွီကတော့ သူမ မေးစေ့ကို လက်တစ်ဖက်ဖြင့် ထောက်ထားပြီး အကြီးအကျယ် စိတ်ဓာတ်ကျနေတော့၏။
Creak ….
ထိုအခိုက်အတန့်တွင်ပဲ မီးခိုးရောင် စဂီတာ တစ်စီးမှ ကျန်းရှောင်ယွီရှေ့တွင် ထိုးရပ်လိုက်သည်။ ထို့နောက် အမျိုးသား နှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ထွက်လာခဲ့လေသည်။
အမျိုးသားမှာ သာမန်ဝတ်စုံကို ဝတ်ဆင်ထားပြီး ကိုင်းအနက်ရောင် မျက်မှန်အား တပ်ဆင်ထား၏။ ၎င်း၏ သွင်ပြင်က အသက်သုံးဆယ်၀န်းကျင်ဟု မှန်းဆရကာ အင်မတန် ရင့်ကျက်နေသည့်ပုံ ပေါက်နေလေသည်။
ထိုအမျိုးသား၏ နာမည်မှာ ကျန်းရွှီဖြစ်ပြီး ကျိုးဟိုင် TV သိပ္ပံနှင့် ပညာရေးချာနယ်ရှိ ‘ စူးစမ်းခြင်းနှင့် ရှာဖွေဖော်ထုတ်ခြင်း ‘ ပရိုဂရမ်၏ အစီအစဉ်မှူးလည်းဖြစ်သည်။
သူ့ဘေးရှိ အမျိုးသမီးကတော့ အပြာရောင် ဂျင်းဘောင်းဘီ အကြပ်အား ဝတ်ဆင်ထားကာ မီးခိုးရောင်ဖျော့ဖျော့ ၊ ပန်းပုံစံ top ကို ဝတ်ဆင်ထား၏။ သူမ၏ သွင်ပြင်က သိမ်မွေ့နေကာ ဣန္ဒြေကြီးသူ အသွင်ပင်။
အမျိုးသမီးနာမည်ကတော့ ရန်စီဖြစ်ပြီး ‘ စူးစမ်းရှာဖွေခြင်းနှင့် ဖော်ထုတ်ခြင်း ပရိုဂရမ်၏ ဒါရိုက်တာပင်။
ကျန်တစ်ဦးကတော့ ရိုးရှင်းသည့် ရှပ် အရောင်စပ်ကြားနှင့် ဂျင်းအား ဝတ်ဆင်ထားပြီး ကင်မရာတစ်လုံးကိုလည်း သယ်ဆောင်ထား၏။
သူ၏ နာမည်က လျန်ရှင်းဟိုင် ဖြစ်ပြီး ယခု ပရိုဂရမ်၏ ကင်မရာမန်းလည်း ဖြစ်သည်။
ကင်မရာကို မြင်တော့ ၎င်းတို့က TV ဌာနတစ်ခုမှ ဖြစ်ကြောင်း ကျန်းရှောင်ယွီ ခန့်မှန်းမိလိုက်၏။ ထို့ပြင် ကြည့်ရသလောက်တော့ ၎င်းတို့မှာ အင်တာဗျူး လာလုပ်ဟန်တူသည်။
အထူးသဖြင့် မျက်မှန်တပ်ထားသည့် အမျိုးသားပင်။ သူမ ထိုသူကို တစ်နေရာတွင် မြင်ဖူးနေသကဲ့သို့ ရင်းနှီးနေပြီး ဘယ်နေရာလဲဆိုတာကိုတော့ မမှတ်မိတော့ချေ။
ကျန်းရှောင်ယွီ အနည်းငယ် ပဟေဠိဖြစ်သွားခဲ့၏။
သူမနဲ့ အစ်ကိုရီအပြင်ကို တခြားသူတွေကော ရှိသေးတာလား….
“ ဒါရိုက်တာရန်… ငါကြားထားတာတော့ ဒီနေ့ နောက်ထပ် စထွင်မာတစ်ယောက်လည်း လာမယ်ကြားထားတယ်…” ကျန်းရွှီမှ မျက်မှန်ကို အပေါ်ဘက်သို့ အနည်းငယ်တွန်းတင်ရင်း ပြောလိုက်၏။
“ အင်း…” ရန်စီ ခေါင်းညိမ့်လိုက်ပြီး “ ဒါပေမယ့် နှစ်ဖက်က သူ့အလုပ်သူ လုပ်မှာကိုပဲ… ငါတို့ကို လာကြိုမယ့် ပရော်ဖက်ရှင်နယ်တွေက ရှိပြီးသား….”
“ ဒီလို ဂုဏ်သိမ်ကြီးတဲ့ နေရာမျိုးကို ဘာလို့ အဲ့ဒီ ပါမွှား စထွင်မာတွေက ရောက်လာခဲ့ကြတာ…”
“ ခုခေတ် အွန်ထိုင်း စထွင်မာတွေက အတော်လေး ပေါ်ပြူလာ ဖြစ်နေပြီလေ… ပြီးတော့ ပရိတ်သတ်တွေကလည်း များသထက် များလာတော့ အထက်ကြီးပိုင်းတွေက ခွင့်ပြုပေးလိုက်တာ နေမှာပေါ့….”
“ ဒါပေမယ့် အဲ့ဒီစထွင်မာတွေက ငါတို့ကို ယှဉ်နိုင်မှာတဲ့လား… ငါတို့က ဖြောင့်မတ်တည်ကြည်ပြီး နာမည်ကြီး ရေပန်းစားတဲ့ သတင်း ကြေညာသူတွေလေ… သူတို့က ဘယ်သူတွေလဲ… သူတို့ကိုယ်သူတို့ ခေါ်တာတော့ ကိုယ်ပိုင် မီဒီယာ ဆိုလား ဘာလား… ဒီတိုင်း အတန်းရှင်းဆာလောင်နေတဲ့ အင်တာနက် သူတောင်းစားသာသာတွေကများ ပြောရတယ်ရှိသေး….”
“ ဟမ်…”
ကျန်းရွှီ၏ စကားလုံးများကို ကြားတော့ ကျန်းရှောင်ယွီ မပျော်မရွှင်ဖြစ်သွားခဲ့၏။
ငါတို့က အတန်းရှင်းဆာလောင်နေဖူးလို့လား…
"ဒီမှာ ရှင် .... စထွင်မာတွေ အနေနဲ့ ကျွန်မတို့က ဘာမှလည်း ခိုးဝှက်မနေဘူး.... ရှင့်မှာ အဲ့လိုမျိုး ပြောပိုင်ခွင့်မရှိဘူး....”