← Chapters

ငါတို့ လေယာဉ်ခါတာ ကြည့်ချင်တယ်

Vol. 47 Ch. 695

ငါတို့ လေယာဉ်ခါတာ ကြည့်ချင်တယ်

Vol. 47 Ch. 695

"ဟင်..."

ကျန်းရှောင်ယွီ ကြက်သေသေသွားခဲ့၏။

ဖြစ်နိုင်တာ အစ်ကိုရီနဲ့ အဘိုးရန်က အချင်းချင်း သိနေကြတာလား...

သူ့ရဲ အဆက်အသွယ်တွေက အရမ်းကောင်းတာပဲ...

လင်းရီ ပြုံးလိုက်ပြီး သူ၏ မျက်နှာဖုံးနှင့် နေကာမျက်မှန်အား ချွတ်လိုက်လေသည်။

"အကြီးအကဲရန် ... မတွေ့တာတောင် အတော်ကြာပြီ ... ခင်များ ကြည့်ရတာ အတော်လေး သက်သာလာတဲ့ပုံပဲ...."

"မင်းကိုပဲ ကျေးဇူးတင်ရမှာ.... ခုဆို ငါ့ခန္ဓာကိုယ်က အရင်ကထက်ကို ပိုပြီး သန်မာနေပြီ... "ရန်ကွမ်းရှ အပြုံးဖြင့် ပြောလိုက်ပြီး " စိတ်တော့ မရှိနဲ့ကွာ... ငါမင်းနဲ့အတူ သောက်ပေးမယ် ပြောထားတာကို နာလန်ထူအောင် လုပ်နေတာနဲ့ပဲ အိမ်ကလူတွေက အရက်ပုလင်းကို မထိခိုင်းကြဘူး.... ဒီနေ့ မင်းလည်း ရောက်လာတယ်ဆိုတော့ ‌အတော်ပဲ.... အခွင့်အရေးကို အပြည့်အ၀ အသုံးချပြီး တစ်ခွက်နှစ်ခွက်လောက်တော့ ကိုင်ရမယ်...."

"ကောင်းတာပေါ့... "

"ဟားဟား... အဲ့ဒီစိတ်ဓာတ်ပဲ... မီလိလေးက ငါ့အပေါ် မင်းလောက်တောင် မကောင်းဘူး...သူက အမြဲတမ်း ထိန်းချုပ်နေတာ...."

လျန်ရူရွှယ် မျက်လုံး လှန်လိုက်၏။

'အဲ့တာကလည်း အဘိုးကောင်းဖို့ လုပ်နေတာလေ....'

လင်းရီ mask ချွတ်လိုက်ပါပြီ ဆိုကတည်းက ကျန်းရှောင်ယွီမှာ ငူငိုင်သွားခဲ့၏။

အစ်ကိုလင်းက ဘယ်သူလဲ...

သူက ဒီလိုမျိုး ပုဂ္ဂိုလ်ကြီးနဲ့ ရယ်ရယ်မောမော စကားပြောနိုင်ရုံတင် မကသေးဘူး တစ်ဖက်သူကတောင် ‌သူနဲ့ အတူသောက်ဖို့ ဖိတ်ခေါ်နေတယ်....

တကယ်လို့ Live stream ကြည့်ရှုသူတွေသာ သူတို့ရဲ့ မျက်နှာဖုံးအစ်ကိုကြီးက ဒီလိုမျိုး ပုဂ္ဂိုလ်ကြီးနဲ့ ရင်းနှီးနေတယ်ဆိုတာကို သိလို့ကတော့ ဘယ်လိုတောင် ခံစားလိုက်ကြရမလဲ...

သို့တိုင်အောင် ကျန်းရှောင်ယွီမှာ အပေါ်ယံ အရေပြားလေးလောက်သာ မြင်နိုင်သေးသည်။

အကယ်၍များ သူနှင့် လျန်ရူရွှယ်သာ နမ်းဖူးကြောင်း သိသွားပါက သူမ မည်သို့ ဖြစ်သွားမည်နည်း။

(အင်ကျူဘေးရှင်း စင်တာမှာလေ : )

“ သွားစို့… မင်း live stream လုပ်ချင်တယ်လို့ ပြောထားတယ်မလား…. ဒီမှာ မော်ဒယ်လ်အဟောင်း လေယာဉ်တွေ ရှိတယ်… ငါလည်း အဲ့တာတွေပဲ ပြပေးလို့ရမှာပဲ….”

“ အကြီးအကဲရန် အဆင်ပြေတဲ့ တစ်စင်း ထုတ်လိုက်လေဗျာ.… ကျွန်တော်တို့က ဂျေးမများပါဘူးဗျ…. ဟဲဟဲ….”

“ မင်း .. ကောင်လေးကတော့ ငါ့ကို အခွင့်ကောင်းယူနေပြီ…..”

လူတိုင်း ရယ်မောလိုက်ကြပြီး လေထုမှာ အလွန်အမင်း လိုက်လျောညီထွေ ရှိနေလေသည်။

လျန်ရူရွှယ်၏ အကူအညီဖြင့် ရန်ကွမ်းရှ ဝီးချဲပေါ်မှ ထလိုက်၏။ မိုဟုန်ရှန်းနှင့် ကောင်းချုံတို့က နောက်မှ လိုက်လာခဲ့လေသည်။

သူ အစက သိပ်သတိ မမူမိသော်လည်း ခြေလှမ်းစလှမ်းလိုက်သည်နှင့် ထိုနှစ်ယောက်မှာ ကျွမ်းကျင်သူများဖြစ်ကြောင်း လင်းရီ သတိပြုမိလိုက်၏။

အထူးသဖြင့်တော့ အင်အားကြီးမားသည့် အရှိန်အဝါတို့အား ပေးစွမ်းနေသည့် မိုဟုန်ရှန်းပင်။

ထိုသူ ဘယ်လောက်သန်မာကြောင်း လင်းရီ မသိသော်လည်း ကျွမ်းကျင်သူတော့ ဖြစ်ကြောင်းတော့ သေချာလေသည်။

ထပ်တူညီစွာဖြင့် လင်းရီ မိုဟုန်ရှန်းအား မသိမသာ အကဲခတ်နေစဉ် တစ်ဖက်သူမှလည်း လင်းရီကို အကဲခတ်နေသည်။

သူ နောက်ဆုံးတစ်‌ခေါက် ဆေးရုံတွင် မြင်တုန်းက လင်းရီထံမှ မည်သည့် ခံစားချက်ကိုမျှ မခံစားရချေ။ သို့သော်လည်း လအနည်းငယ်ကြာပြီးနောက် ပြန်တွေ့တော့ လင်းရီက လုံးဝ ပြောင်းသွားပြီဟူသော ခံစားချက်မျိုးကို ပေးစွမ်းနေလေသည်။ ၎င်း၏ ခန္ဓာကိုယ်ထဲတွင် ကြောက်မက်ဖွယ် သားရဲကြီးမှာ အိပ်စက်နေသယောင် ခံစားနေရ၏။

“ အစ်ကိုရှန်း…”

ကောင်းချုံ၏ စကားသံကိုကြားတော့ မိုဟုန်ရှန်း လှည့်ကြည့်လိုက်၏။

“ ဘာဖြစ်တာလဲ…”

ကောင်းချုံ သူ့ခြေချောင်းများကို မေးငေါ့ပြလိုက်သည့် အခါမှ မိုဟုန်ရှန်း သူ သတိလက်လွတ်ဖြစ်စွာဖြင့် အမြန်လမ်းလျှောက်မိနေကြောင်း သတိမူပြုမိလိုက်သည်။

“ အစ်ကိုရှန်းက ခြေလှမ်းတွေတောင် မှားရလောက်အောင် ဘာတွေများ အတွေးလွန်နေတာ…” ကောင်းချုံ သိချင်စိတ် ပြင်းပြစွာဖြင့် မေးမြန်းလိုက်၏။

လောဂျစ်ကျကျ ပြောရမည်ဆိုပါက အစ်ကိုရှန်း၏ စံချိန်စံနှုန်း၊ ခေါင်းဆောင်ရန်နား ရှိနေသည်ဟူသော အချက်များအား ထည့်ပေါင်းလိုက်မည် ဆိုပါက ယခုလိုမျိုး သတိလက်လွတ် ပြုမူရန်မှာ မည်သို့မျှ မဖြစ်နိုင်ချေ။

“ ဘာမှ မဖြစ်ပါဘူးကွာ…” မိုဟုန်ရှန်း သူ၏ အမူအရာကို တည်တံ့လိုက်ပြီး အများကြီး ရှင်းပြမနေချေ။

ဆယ်မိနစ်ကြာအောင် လမ်းလျှောက်ပြီးနောက် အုပ်စုမှာ လေယာဉ်လှောင်ရုံသို့ ရောက်ရှိလာခဲ့၏။

လမ်းတွင် လုံခြုံရေး နယ်မြေမှာ သူမ ထင်ထားသည်ထက် ကျယ်ပြန့်နေကြောင်း ကျန်းရှောင်ယွီ သတိပြုမိုလိုက်သည်။ ထို့ပြင် အစောင့်တပ်ဖွဲ့များ ကြီးစွာ ချထားသည့် နေရာတော်တော်များများကိုလည်း သူမတို့ ဖြတ်ကျော်ခဲ့ရလေသည်။ ယင်းက အစ်ကိုရီ ပြောဖူးသည့် တားမြစ်ဧရိယာများ ဖြစ်လောက်၏။

“ လှောင်ရုံထဲမှာ J7 နှစ်စင်းရှိတယ်… သူတို့ နှစ်စင်းလုံးကို လေ့ကျင့်ဖို့ အသုံးပြုတာပဲ… မင်း သွားပြီးတော့ သူတို့ကို ကြည့်ခိုင်းလိုက်…”

“ အိုကေ….”

“ အစ်ကိုရီ.. ကျွန်မတို့က အခု live လွင့်လို့ရပြီလားဟင်… ကြည့်ရှုသူတွေက ပေါက်ကွဲထွက်တော့မယ်…” ကျန်းရှောင်ယွီမှ အနားနားကပ်၍ တီးတိုးပြောလိုက်၏။

“ အင်း စလို့ရပြီ…”

“ ကောင်လေး… မင်းတစ်ယောက်တည်း ဖြစ်ရဲ့လား…. ဒီ ဖိုက်တာဂျက်တွေအကြောင်း ရှင်းပြပေးဖို့ ငါ့လူတွေ ခေါ်ပေးရဦးမလား….” ရန်ကွမ်းရှမှ လမ်းလျှောက်တုတ်ပေါ် အားပြုနေရင်းမေးလိုက်၏။

“ ရပါတယ်....တစ်ခြားသူ ခေါ်ပြီး အလုပ်ရှုပ်ခံနေစရာ မလိုပါဘူး… ကျွန်တော်တစ်ယောက်တည်းနဲ့တင် ပြီးပါတယ်….”

“ ဟမ်… မင်းက ဒါတွေလည်း သိတာပဲလား….”

လင်းရီ ရယ်သွမ်းလိုက်ပြီး “ နည်းနည်းပါးပါးပေါ့….”

“ ဒါဆိုလည်း သေချာလုပ်… မှားလို့ကတော့ ငါ့တုတ်ကောက်နဲ့ မင်းကို ရိုက်မယ်…”

“ ဟားဟား... ပြဿနာမရှိဘူး…”

လျန်ရူရွှယ်၏ လှပသော မျက်လုံးလေးများက လင်းရီပေါ်တွင် ညှိတွယ်နေလေသည်။

သူက ဖိုက်တာဂျက်တွေအကြောင်း နားလည်တယ်ပေါ့….

လာနောက်နေတာလား….

လင်းရီနှင့် ကျန်းရှောင်ယွီတို့ တိုက်ရိုက်ထုတ်လွင့်သည့် ကိရိယာများအား တပ်ဆင်နေစဉ် ရန်ကွမ်းရှနှင့် လျန်ရူရွှယ်တို့မှာ နောက်တွင် ရပ်ကြည့်နေကြသည်။

သူမ လိုက်စထွင်းလုပ်နေသည့် ဧရိယာအတွင်းသို့ ဝင်ရောက်ရန် ရည်ရွယ်ချက်မရှိချေ။ လင်းရီကလည်း ထို့အတူပင်။ သူလည်း လျန်ရူရွှယ်အား သူ၏စထွင်းထဲ၌ ပါခွင့်ပြုရန် စိတ်မကူးထားပေ။

တစ်ချိန်တည်းတွင် လင်းရီ သူ၏ မျက်နှာဖုံးအား တပ်ဆင်ပြီး တိုက်ရိုက်ထုတ်လွင့်မှုအား စတင်လိုက်တော့၏။

Live stream စတင်သည်နှင့် လည်ပင်း‌ကြောရှည်အောင် စောင့်ဆိုင်းနေကြသည့် ကြည့်ရှုသူများမှာ အခန်းထဲသို့ တစ်ဖွဲဖွဲ ရောက်ရှိလာကြလေသည်။

“ ကျေးဇူးကြီးလိုက်တာ မျက်နှာဖုံးအစ်ကိုကြီးရေ… နောက်ဆုံးတော့ ပေါ်လာပြီပေါ့… ကျုပ်တော့ဖြင့် ဒီနေ့ ဂျင်းထည့်ခံလိုက်ရပြီ ထင်နေတာ….”

“ ငါဘယ်တုန်းက အဲ့လိုမျိုး လုပ်ဖူးလို့…”

“ ငိုးမ… ငါဘာလို့ ကြွေးကြော်သံတွေ ကြားနေရတာတုန်းက…. မင်း ငါတို့ရှောင်းယွီကို ဘယ်နေရာတွေ ခေါ်သွားနေတာ…”

“ ဟေ့ကောင်… ကျိုးဟိုင် တပ်ခရိုင် နယ်မြေကလွဲရင် မင်းကြီးတော်ဆီမှာ ဖိုက်တာဂျက်ရှိမှာလားကွ… ဘာလို့ လူပြိန်း မေးခွန်းတွေ လျှောက်မေးနေတာ..”

“ ဖက်ခ်.. မျက်နှာဖုံးအစ်ကိုကြီးက အံ့ဩစရာပဲ… သူတကယ်ကြီး အဲ့လို နေရာမျိုးကို ဝင်နိုင်တယ်… သာမန်ဆို ခပ်လှမ်းလှမ်းကနေ ပေါ်တင်တောင် ကြည့်လို့မရတဲ့ နေရာကိုလေ….”

“ ငါတော့ ဒီနေ့ live stream ပြီးရင် မျက်နှာဖုံးအစ်ကိုကြီးက Outdoor streamer တွေရဲ့ ပလ္လင်မှာ ထိုင်နိုင်လိမ့်မယ်လို့ ခံစားနေရတယ်… ဘယ်သူကမှ သူ့ရဲ့ နေရာကို လှုပ်ခါနိုင်တော့မှာ မဟုတ်ဘူး….”

“ ဟားဟား… ဟို အရူးမလေး ရှောင်းယွီတောင် ဒီကနေ အကျိုးအမြတ်တွေ ရလိုက်ဦးမယ်….”

“ အစ်ကိုကြီး.. ဒီကနေ့ ဒါတွေပြီးရင် တခြား ဘာစိတ်လှုပ်ရှားစရာတွေ ကျန်နေသေးလဲ….”

“ ဘာလို့....ဒီရဲ့ဖိုက်တာဂျက်တွေက လုံလောက်အောင် စိတ်လှုပ်ရှားဖို့ ကောင်းမနေလို့လား….”

“ ကောင်းတယ်လေ… ဒါပေမယ့် ငါတို့က ပိုပြီး စိတ်လှုပ်ရှား ရင်ဖိုစရာတွေ ကြည့်ချင်တာ…”

“ အိုကေလေ… မင်းတို့ကို ဒီရဲ့ ဖိုက်တာဂျက်တွေ ပြပြီးရင် လေယာဉ်ခါတာ(မူချကူဒူး)ပြမယ်… အဲ့တာက သေချာပေါက် ရင်ဖိုစရာ ကောင်းစေရမယ်…”

အစကတော့ ကျန်းရှောင်ယွီ နားမလည်သော်လည်း စက္ကန့်အနည်းငယ်ကြာအောင် စဉ်းစားပြီးနောက် ဖုံးကွယ်ထားသည့် အဓိပ္ပာယ်ကို နားလည်သွားခဲ့လေသည်။

“ အစ်ကိုရီ… ရှင်က ကျွန်မကို လျှော့တွက်နေတာပဲ..” ကျန်းရှောင်ယွီ ပြောလိုက်ပြီး “ ရှင့်ရဲ့ စထွင်းထဲမှာ ကျွန်မရဲ့ ဖန်တွေ အများကြီးပါတယ်နော်… သတိလည်းထားဦး… သူတို့ ရှင့်အိမ် တံခါးကို လာခေါက်နေကြဦးမယ်….”

“ ဒါပေမယ့် စိတ်ကူးနဲ့ လက်တွေ့ဆိုတာ ထပ်တူကျလေ့မရှိဘူးတဲ့… မင်း မယုံရင် တစ်ချက်ကြည့်ကြည့်လိုက်…”

ကျန်းရှောင်ယွီ မယုံကြည်သောကြောင့် live စထွင်းထဲရှိ ကွန်းမန့်များကို ဖတ်ကြည့်လိုက်တော့ ချက်ချင်း စိတ်တိုသွားခဲ့၏။

“ မျက်နှာဖုံး အစ်ကိုကြီး… ခင်များ ဆန္ဒတွေ ဖြေဖျောက်ချင်တယ်ဆိုလည်း ကလပ်သွားလို့ရတယ်လေ… ကျုပ် ဒုံးပျံတွေ လက်ဆောင်ပေးပြီး support ပေးမှာပေါ့… ရှောင်းယွီက မထိုက်တန်ပါဘူး…”

“ ငါတို့ ရှောင်းယွီကို အဲ့လိုမျိုး အခွင့်အရေးပေးလိုက်လို့မဖြစ်ဘူး…. ငါလည်း ကူညီမယ်….”

“ အစ်ကိုကြီး မင်း စိတ်တွေကို ထိန်းထားဦး…တော်နေကြာ အရိုးစူးနေလိမ့်မယ်…”

ကျန်းရှောင်ယွီ ခါးပေါ် လက်နှစ်ဖက်ထောက်ထားပြီး စိတ်ဆိုးစွာ ပါးဖောင်းလျက် live stream ထဲရှိ လူများအား ကြည့်ကာ “ ဟဲ့ .. နင်တို့တွေ အရမ်း လွန်နေပြီနော်… နင်တို့အရင်တုန်းက ငါ့ကို သစ္စာရှိပါ့မယ်လို့ ပြောခဲ့ကြတာ မဟုတ်ဘူးလား… ခုတော့ စောစီးပဲ သစ္စာဖောက်နေကြပြီပေါ့… နင်တို့မှာ ကျင့်ဝတ်လေးကို မရှိကြတော့ဘူးလား….”

“ ဘာလို့လဲဆိုတော့ မျက်နှာဖုံး အစ်ကိုကြီးက အရမ်း ထူးချွန်လွန်းတယ်လေ… မင်းက သူနဲ့ မထိုက်တန်ဘူး…. သူ့ရဲ့ လက်ထောက် ဖြစ်လာနိုင်တာကိုပဲ မင်းရဲ့ ဘိုးဘေး ဆယ့်ရှစ်ဆက်လောက်ကို ကျေးဇူးတင်သင့်တယ်….”

“ နင်.. နင်… နင်တို့တွေ အကုန်လုံးကို သပပဲ….”

စထွင်းထဲရှိ လူများနှင့် စကားပြောရင်း အချိန်ဆွဲပြီးနောက် ကြည့်ရှုသူဦးရေမှာ နှစ်သန်းသို့ ရောက်ရှိလာပြီဖြစ်ကြောင်း ကျန်းရှောင်ယွီ သတိပြုမိလိုက်၏။

Live stream စသည်နှင့် ယခုလို အောင်မြင်မှုမျိုး ရရှိလိမ့်မည်လို့တောင် သူမ ထင်မထားချေ။ ပလတ်ဖောင်းရှိ ထိပ်တန်း စထွင်မာများကသာလျှင် ယခုလို ရေပန်းစားမှုမျိုး ရရှိနိုင်လေသည်။

'အစ်ကိုရီ စထွင်မာ လုပ်တာ တစ်ပတ်တောင် မပြည့်သေးဘူး… ခု ဒီလိုမျိုး ဩဇာလွှမ်းမိုးမှုတွေ ရှိနေပြီဆိုတော့ ရှေ့လျှောက် ပိုပိုပြီးအောင်မြင်လာဖို့ပဲ ရှိတော့တယ်….'

အားလုံး အဆင်သင့်ဖြစ်သည်နှင့် ကျန်းရှောင်ယွီ လင်းရီကို လက်ဟန်ပြကာ စထွင်းစတင်လို့ရပြီ ဖြစ်ကြောင်း ပြောကြားလိုက်သည်။

လင်းရီ ခေါင်းညိမ့်လိုက်ပြီး ကင်မရာရှေ့တွင် ရပ်၍ “ လူတိုင်း... ခု ငါ့နောက်မှာ ရှိတဲ့ ရုံက ကျိုးဟိုင် တပ်နယ်မြေရဲ့ လေယာဉ် သိုလှောင်ရုံပဲ…. အထဲမှာ ငါတို့ ဒီကနေ့ ကြည့်ကြမယ့် ဖိုက်တာဂျက်ရှိတယ်….”

ထိုသို့ ပြောပြောပြီးချင်းပဲ သိုလှောင်ရုံ တံခါး ဖြည်းညင်းစွာ ပွင့်လာပြီး J7 ဖိုက်တာဂျက် နှစ်စင်း၏ စစ်မှန်သည့် သွင်ပြင်မှာ စခရင်ရှေ့တွင် ပေါ်ပေါက်လာလေသည်။

“ လေယာဉ်ခါ… “

“ လေယာဉ်ခါ… “

“ ငါတို့ လေယာဉ်ခါတာ ကြည့်ချင်တယ်….”

All Chapters