ရှုံးရင် စားဖိုဆောင်၀င်
Vol. 47 Ch. 700
"တကယ်ကြီးလား..."
မိုဟုန်ရှန်း ခန္ဓာကိုယ်ပေါ်ရှိ အညိုကွက်များကို မြင်တော့ ကောင်းချုံး ပြုံးလိုက်မိ၏။ အကယ်၍ သူသာဆိုလျှင် ဆယ်ကွက်ပင် တောင့်ခံနိုင်လိမ့်မည် မဟုတ်ချေ။
ကံကောင်းစွာဖြင့် ခေါင်းဆောင်မှ သူ့အား နောက်ပြန်ဆုတ်ရန် အမိန့်ပေးခဲ့လေသည်။ မဟုတ်ပါက အလွယ်တကူနှင့် သေအောင် ရိုက်သတ်ခံရလောက်၏။
"ဒါပေမယ့် ကျွန်တော် သိချင်တာ အဲ့ကောင်လေးက အတွင်းအား ဘယ်လိုထုတ်ရမလဲဆိုတာ သိနေတာလား... အစ်ကို ကျွန်တော့်ကို အချိန်အကြာကြီး ညွှန်ကြားပေးနေတာတောင်မှ မတတ်မြောက်သေးဘူးလေ...."
"ငါလည်း အဲ့တာကိုပဲ ပဟေဠိ ဖြစ်နေတာ.. ရှောင်းမီ ပြောသလောက်ဆိုရင် သူ ထိတွေ့ ဆက်ဆံနေတဲ့ လူတွေကလည်း သာမန်လူတွေချည်းပဲ... ယုတ္တိကျကျ ပြောရမယ်ဆိုရင် ဒီလိုမျိုး ကိစ္စတွေနဲ့ ထိတွေ့ဆက်နွယ်ဖို့ဆိုတာ မဖြစ်နိုင်လုနီးပါးပဲ... "
"ဒါဆို ဧကန္တ သူ ကိုယ့်ဘာကိုယ် သင်ယူ တတ်မြောက်ခဲ့တာများလား...."
"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်အောင် ... အဲ့လို ပညာရပ်ကို လက်ကမျဉ်းကြောထပြီး ကိုယ့်ဘာကိုယ် သင်ယူရအောင် အသက်အပို ပါတယ်များ ထင်နေတာလား... "မိုဟုန်ရှန်းမှ ဆူငေါက်လိုက်ပြီး "မင်းမှာ ညွှန်ကြားပေးမယ့်သူ မရှိရင် ကိုယ့်ဘာကိုယ် လေ့ကျင့်တာက အန္တရာယ် အရမ်းများသလို ကောင်းကင်ပေါ် တက်တာထက်တောင် ခက်ခဲသေးတယ်ကွ... "
"အစ်ကိုပြောတာ မှန်တယ်... အစ်ကိုရှန်းဆို ကျွန်တော့်ကို သင်ပြပေးနေတာ ဘယ်လောက် ကြာနေပြီတုန်း.. ခုထိ ကနေဦး အဆင့်တောင် မရောက်နိုင်သေးဘူး.... "
"ကောင်းပြီ... အဲ့အကြောင်း ထပ်မပြောနဲ့တော့ တပ်ဖွဲ့ ခြောက်ကို သွားပြီးတော့ စွန်းကျိုးကို မြန်မြန်လေး သွားခေါ်လှည့် ... ခေါင်းဆောင်ကို အကြာကြီး မစောင့်ရစေနဲ့..."မိုဟုန်ရှန်း သူ့ အင်္ကျီလက်ကို ပြန်ချကာ " ပြီးတော့ တစ်လက်စတည်း ငါ့အတွက် သံလွင်ဆီလေးပါ ယူခဲ့ကွာ... "
"ကျွန်တော် ခေါင်းဆောင်ကို ပြောပြလိုက်မယ်လေ.. အစ်ကိုရှန်း အနားယူလိုက်ပါတော့လား...."
"မရဘူး... ငါ အဲ့ကောင်လေးနဲ့ စွန်းကျိုးကြား ဘယ်သူက ပိုသာလဲဆိုတာ မြင်ရမှ ဖြစ်မှာ... "
" အစ်ကိုရှန်း .. အစ်ကိုက မြွေလေး တစ်ခါ ကိုက်ခံရတာနဲ့ ဆယ်နှစ်လောက် ကြိုးကို လန့်နေတာလား... "ကောင်းချုံ ပြောလိုက်ပြီး " သူက တိုက်တာ ခိုက်တာ တော်ရင် တော်မယ်.. ဒါပေမယ့် ပစ်တာခတ်တာတော့ သာမန်လူတွေ စွမ်းသာတဲ့ ကိစ္စမဟုတ်တော့ဘူး... စွန်းကြီးဆိုတာ ငယ်ကတည်းက ကျည်ဆံတွေနဲ့ လက်ရင်းတနှီး ဆော့ကစား လာခဲ့တဲ့ကောင်... တစ်ဖက် လင်းရီ ဆိုတဲ့ ကောင်လေးက သေနတ်တောင် မမြင်ဖူးတဲ့ သာမန် သူဌေး တစ်ယောက်ပဲ... ဘယ်လိုလုပ်ပြီးယှဉ်နိုင်မှာ .... "
" အင်း.. မင်းပြောတာ မှန်တယ်.. ဒါပေမယ့် ငါ့မျက်စိနဲ့ မြင်ချင်နေတုန်းပဲ... "မိုဟုန်ရှန်း ပြောလိုက်ပြီး "ပြီးတော့ ငါ ခုနေ နားလိုက်ရင် ခေါင်းဆောင်က ငါ ဒဏ်ရာ ရသွားတယ်လို့ ထင်နေဦးမယ်... မပူပါနဲ့ကွာ.. ဒီလောက်လေးနဲ့တော့ မသေနိုင်သေးပါဘူး.... "
" အဆင်ပြေတာ သေချာလို့လား... "
"ငါက ဘာပြဿနာ ရှိနိုင်မှာ... "မိုဟုန်ရှန်း ပြောလိုက်ပြီး "ရက် နည်းနည်းလောက် နားလိုက်ရင် သူ့အလိုလို ပြန်ကောင်းသွားလိမ့်မယ်..."
" အိုကေ.. ဒါဆိုလည်း သွားကြစို့..."
မိနစ်အနည်းငယ် ကြာပြီးနောက် နှစ်ယောက်သား တပ်ဖွဲ့ ခြောက်၏ တပ်ခွဲလေးသို့ ရောက်လာခဲ့လေသည်။
"ဟမ်.. အစ်ကိုကောင်း.. အစ်ကိုရှန်းကော ပါလာတာလား... "
စွန်းကျိုးမှ အလေးပြုတော့မည့် အချိန်တွင် ကောင်းချုံမှ လက်ဖြင့် ဟန့်တားလိုက်ပြီး "မင်း အခု ဘာတွေ လုပ်နေတာ.. သေနတ်တွေ သန့်ရှင်းရေး လုပ်နေတာလား..."
" ဟုတ်တယ်... ကျွန်တော်လည်း တခြား ဘာလုပ်စရာမှ မရှိတာနဲ့ သေနတ်တွေ ဖြုတ်ပြီး ပြန်ဆေးနေတာ.... "
"အတော်ပဲ.. သွားစို့... မင်းရဲ့ အရည်အချင်းတွေကို ထုတ်ပြဖို့ အချိန်တန်ပြီ.... "
ကောင်းချုံမှ ပခုံးပုတ်ရင်း ပြောလိုက်၏။
"အာ... ဘာလဲဖြစ်လို့.. နောက်ထပ် လေ့ကျင့်ရေးလား... "
"လေ့ကျင့်ရေး မဟုတ်ဘူး..."ကောင်းချုံပြောလိုက်ပြီး " ဒီနေ့ ငါတို့ ဆီကို မင်းနဲ့ အပစ်အခတ် ပြိုင်ချင်နေတဲ့သူ တစ်ယောက် ရောက်လာခဲ့လို့ပဲ.... "
"ဘယ်ခရိုင်ကလဲ... ကျွန်တော်နဲ့ သိတာလား... ကြွားတာတော့ မဟုတ်ဘူးနော်.. တော်တော်များများက ကျွန်တော့် နာမည်ကြားတာနဲ့ မပြိုင်ရဲကြတော့ဘူး..."
"ဟားဟား... ငါလည်း မင်းလို ယုံကြည်ချက်ရှိရင် ကောင်းသားကွာ..."ကောင်းချုံမှ ရယ်မောလိုက်ပြီး " ခု မင်းနဲ့ ပြိုင်မှာက ခေါင်းဆောင်ကို ခွဲစိတ်ပေးလိုက်တဲ့ သူပဲ... သူ ဒီနေ့ ငါတို့ဆီ ရောက်လာပြီးတော့ အကုန်သိ ၊ အကုန်တတ်၊ သေနတ်လည်း ပစ်တတ်တယ်ဆိုလို့ ခေါင်းဆောင်က ပညာပေးရအောင် မင်းကို လာခေါ်ခိုင်းပြီး သူနဲ့ ပြိုင်ခိုင်းမလို့... မင်း သေချာလုပ်ရမယ်နော်.. သောက်တလွဲတွေ လျှောက်မလုပ်နဲ့... "
"ခနလေး ခနလေး .. ..." စွန်းချောင်မှ လက်ကာ ပြလိုက်ပြီး " အစ်ကို ခုနက ပြောလိုက်တာ ကျွန်တော်နဲ့ ပြိုင်ချင်နေတဲ့သူက ခေါင်းဆောင်ကို ခွဲစိတ်ပေးလိုက်တဲ့သူ... ဆိုတော့ ဒေါက်တာပေါ့... သူ တကယ်ကြီး ကျွန်တော်နဲ့ ပြိုင်ချင်နေတာလား..."
"အင်း... ဟုတ်တယ်... "
"အစ်ကိုကောင်း.. ခင်များ ကျုပ်ကို ဟာသ လာလုပ်နေတာလား... ဘာလို့ ဆရာ၀န်တစ်ယောက်က ရူးနှမ်းပြီး သေနတ်ပစ်ပြိုင်မှာ.... "စွန်းကျိုး ပြောလိုက်ပြီး " တကယ်လို့ သူပြိုင်ချင်သပ ဆိုလည်း ကျပန်း လူတစ်ယောက် ခေါ်ပြီးတော့ သူစိတ်ကျေနပ်အောင် လုပ်ခိုင်းလိုက်လို့ ရနေတာပဲလေ.... "
" မင်းဘာလို့ အဲ့လောက် သောက်စကား များနေတာ... "ကောင်းချုံ ပြောလိုက်ပြီး "ဒါက ခေါင်းဆောင်ဟောင်းရဲ့ တိုက်ရိုက် အမိန့်ကွ... မင်းရဲ့ သေနတ်ကို ယူပြီး နောက်က လိုက်ခဲ့... "
" ဟုတ်ကဲ့ ... အစ်ကိုကောင်း... "
စွန်းကျိုး သူ၏ အ၀တ်စားများအား သန့်ပြန့်အောင် ပြုလုပ်လိုက်ပြီး သူ၏ လက်စွဲတော် သေနတ်အား ယူဆောင်ကာ မိုဟုန်ရှန်းနှင့် ကောင်းချုံတို့ နောက်မှ လိုက်လာရင်း ပစ်ကွင်းသို့ ရောက်ရှိလာလေသည်။
သို့သော်လည်း မထွက်ခွာမီ မိုဟုန်ရှန်းမှ သံလွင်စီ နှစ်ပုလင်းလောက် အိတ်ကပ်ထဲ ဝှက်ခဲ့လိုက်သေး၏။
ထိုအခိုက်အတန့်တွင်တော့ လင်းရီနှင့် ကျန်သူများ အားလုံးမှာ ပစ်ကွင်း၌ စွန်းကျိုး အလာကိုစောင့်ဆိုင်းနေကြလေသည်။ ထပ်ပေါင်းအနေဖြင့် သေနတ်ပစ် လေ့ကျင့်နေသည့် တပ်သား အသစ်များလည်း ထိုနေရာ၌ ရှိနေကြ၏။
ရန်ကွမ်းရှထံမှ ခွင့်ပြုမိန့်ရထားသည်နှင့်အတူ ရန်စီကတော့ ပစ်ကွင်းရှိ လှုပ်ရှားမှုများအား မှတ်တမ်းရိုက်ကူးနေသည်။ သို့သော်လည်း သာမန် ဗွီဒီယိုနှင့် ဓာတ်ပုံများသာ။ အဘယ်ကြောင့်ဆိုသော် ကျန်းရွှီမှာ လင်းရီ၏ လက်ချက်နှင်ဘ မထနိုင်သေးသောကြောင့် အသံဖြင့် မိတ်ဆက်ပေးရန် မဖြစ်နိုင်ခဲ့ချေ။
"ကောင်လေး... မင်း ကိုင်တွယ်နိုင်မှာ သေချာရဲ့လား..."ရန်ကွမ်းရှ အပြုံးလေးဖြင့် မေးလိုက်၏။
"၀က်သား မစားဖူးပေမယ့် ၀က်ပြေးတာတော့ မြင်ဖူးတယ်လေ... "လင်းရီ ပြောလိုက်ပြီး "ဒီလိုပဲ .. ကျွန်တော်လည်း သီအိုရီပိုင်း နည်းနည်း သိထားတော့ ခု သူတို့ ပစ်တာ မြင်ပြီးတော့ ပိုပြီး ယုံကြည်ချက် ရှိသွားပြီ... "
"ဟားဟား... မင်းရဲ့ ယုံကြည်ချက်ကိုတော့ ကြိုက်သွားပြီ... "
ထိုအခိုက်အတန့်တွင် တပ်စု ခုနစ်၏ တပ်ခွဲမှူးသုံး ခေါင်းဆောင် ချိန်ဇီချန်းမှာ ပြေးရောက်လာခဲ့ပြီး အလေးပြုကာ "ခေါင်းဆောင်ကြီး .. ဘာ ကူညီပေးရဦးမလဲဗျ... "
ရန်ကွမ်းရှ ခေါင်းညိမ့်လိုက်ပြီး "မင်းရဲ့ သင်တန်းသားတွေကို ပစ်ကွင်း သန့်ရှင်းရေး လုပ်ထားဖို့ ပြောလိုက်... ငါတို့ ခနနေကျ သုံးဖို့ ရှိတယ်...."
" ပြိုင်ပွဲရှိလို့လား ခေါင်းဆောင်.... "
ရန်ကွမ်းရှ လင်းရီကို ကြည့်လိုက်ပြီး "ငါ ခနနေကျရင် သူ့ကို စွန်းကျိုးနဲ့ ယှဉ်ပြိုင်ခိုင်းမလို့... "
"ဗျာ... သူက ခနနေ စွန်းကျိုးနဲ့ ပစ်ခတ်တာ ပြိုင်တော့မယ်... ကျွန်တော်တို့ တပ်ခရိုင်ရဲ့ သေနတ်ဘုရင်နဲ့လေ... "
"သူကလည်း မခေဘူး... မင်းကိုယ်မင်း အရှက်မရစေနဲ့... "
"ဟုတ်ကဲ့..."
ချိန်ဇီချန်း နောက်သို့ ပြန်ဆုတ်လိုက်ပြီး သူ၏ တပ်သားများဘက်သို့ လှည့်ပည " အားလုံးပဲ... မင်းတို့ တပ်စု ခြောက်က စွန်းကျိုးကို သိကြမှာပါ... သူက ငါတို့ တပ်ခရိုင် ဒေသရဲ့ သေနတ်ဘုရင်ပဲ... သူက ခနနေဆို ဒီရောက်လာတော့မှာ.... မင်းတို့အားလုံး ကြည့်ပြီး ကောင်းကောင်းသင်ယူကြ..."
"ဟုတ်ကဲ့...."
"တပ်မှူး..."
ထိုစဉ် အသံတစ်ခု ထွက်ပေါ်လာပြီး ချိန်ဇီချန်း အသံလာရာဘက်သို့ လျှောက်လာခဲ့လိုက်၏။
"တပ်မှူး.. ဘာတွေလဲဖြစ်နေတာ... စွန်းကျိုးနဲ့ ပြိုင်ဖို့ အပြင်လူ ရှာတွေ့ထားလို့လား.... "
"ငါလည်း ဘယ်သိမှာ.. ခေါင်းဆောင်ဟောင်းကြီး အမိန့်ပေးတာပဲလေ.... ငါက ဒီတိုင်း အမိန့်နာခံရုံပဲ.... "
"ဒါပေမယ့် ကျုပ်စိတ်ပူတာ ဆိုးဆိုးရွားရွားကြီး ရှုံးနိမ့်သွားမှာကိုပဲ...."
"သာမန်ပါပဲ... "ချိန်ဇီချန်း ပြောလိုက်ပြီး "ငါ့အထင်တော့ အဲ့ကောင်လေးကလည်း သေနတ်ပစ် ဝါသနာအိုးနေမှာ... မဟုတ်ရင် ဒီလိုစကားမျိုး ထွက်လာမှာမဟုတ်ဘူး...."
"ဒါပေမယ့် အပြင်က ပစ်ကွင်းတွေနဲ့ ကျွန်တော်တို့ဆီက ပစ်ကွင်းတွေက တူမှ မတူပဲဟာကို... သူနဲ့ စွန်းကျိုးက ကောင်းကင်နဲ့ မြေကြီးလောက် ဝေးကွာနေတယ်.... "
ချိန်ဇီချန်း ပခုံးတွန့်လိုက်ပြီး "အဲ့တာ ငါတို့နဲ့ ဘာဆိုင်လို့... ငါတို့ လိုအပ်တာ ခနနေကျရင် သေချာလေး ကြည့်ထားပြီး သင်ယူဖို့ပဲ... "
"ဟုတ် နားလည်ပါပြီ တပ်မှူး ... "
ထိုအခိုက်အတန့်တွင် မိုဟုန်ရှန်းတို့ ရောက်ရှိလာသည်။
"ခေါင်းဆောင် .. စွန်းကျိုးကို ခေါ်လာခဲ့ပါပြီ.... "
"လာခဲ့..."ရန်ကွမ်းရှ လက်ယပ် ခေါ်လိုက်ပြီး "ဒီ တပ်ခရိုင် ဒေသမှာ မင်းပြိုင်ဘက် မရှိဘူးဆိုပြီး ညဉ်းနေတာမလား... ငါဒီနေ့ မင်းရဲ့ သင့်တော်တဲ့ တစ်ယောက်တွေ့ထားတယ်.... "
"ခေါင်းဆောင်ကို သတင်းပို့ပါတယ်... ကျွန်တော်လို နိမ့်ချတဲ့လူက အဲ့လိုစကားမျိုး မပြောဖူးပါဘူး...."
"ကောင်စုတ်လေးကတော့.. လာပြီးဟန်ဆောင် မနေနဲ့...ငါ မသိဘူးမျာ မှတ်နေလား... "ရန်ကွမ်းရှ ကြိမ်းမောင်းလိုက်ပြီး "ရှင်းအောင် ပြောထားမယ်... တကယ်လို့ မင်း ဒီနေ့ အထင်ကြီးလောက်စရာမှ မလုပ်ပြဘူးဆိုရင်တော့ ကျန်တဲ့ သက်တမ်းတစ်လျှောက်လုံး စားဖိုချောင်မှာပဲ စွပ်ပြုတ်ချက်တော့.... "
"စိတ်ချပါ ခေါင်းဆောင်... ကျွန်တော် သေချာလေး ဆောင်ရွက်မှာပါ....!"
စွန်းကျိုး လင်းရီကို ကြည့်လိုက်ပြီး " မင်းက ငါနဲ့ ပြိုင်မယ့်သူလား....."
လင်းရီ ပြုံးလိုက်ပြီး "ကျုပ်ပါပဲ...."
"ဒါဆို အဲ့ဒီ မျက်နှာဖုံးကြီး မချွတ်တော့ဘူးလား... အဲ့တာက မင်းရဲ့ မြင်ကွင်းကို အနှောင့်ယှက် ဖြစ်စေတယ်... "
"အဆင်ပြေပါတယ်..... တကယ်လို့ ရှုံးခဲ့ရင်တောင် ကျုပ်အပြစ်ပဲ..."
စွန်းကျိုး "...... "
ငါက ဒီတိုင်း ယဉ်ကျေးပြနေတာကို မင်းထင်နေတာ ငါ့ကို နိုင်မယ်များ ထင်နေလား....
ချိန်ဇီချန်း နောက်မှ နေရင်း ရယ်မောလိုက်၏။
ဒီကောင်လေးက အတော်လေး စိတ်၀င်စားဖို့ ကောင်းသား...
"ကောင်းပြီလေ..."စွန်းကျိုး ပြောလိုက်ပြီး "မင်းက ဘယ်လို ပြိုင်ချင်တာ ... မင်း ဆန္ဒ အတိုင်းပဲ.... "
"ကျုပ် တစ်ခါမှ မပြိုင်ဖူးဘူးဆိုတော့ ခင်များတို့ရဲ့ စည်းမျဉ်းစည်းကမ်းအတိုင်းပဲ သွားလိုက်မယ်.... "
"ငါတို့ ပုံမှန်ဆို အရင်ဆုံး သေနတ် တပ်ဆင်တာကနေ စတယ်... ပြီးရင် မီတာ ငါးဆယ် ပုံသေ ပစ်မှတ်၊ ရွေ့လျား ပစ်မှတ် ၊ ပျံသန်း ပစ်မှတ် ... အဲ့လိုမျိုး အဆင့်လိုက်ပဲ.. မင်း အကုန်လုံး စမ်းကြည့်ချင်လား... ဒါမှမဟုတ် အဲ့ဒီထဲက တစ်ခုဆို လုံလောက်ပြီလ...."
"ဒါက..."လင်းရီ စဉ်းစား နေစဉ် ရန်ကွမ်းရှမှ ပြောလာခဲ့၏။ "ရောက်နေလက်စနဲ့ တစ်ခါတည်း အကုန်လုံး စမ်းကြည့်လိုက်ပေါ့... "
"အကြီးအကဲရန် ... အဲ့တာက လူကို အနိုင်ကျင့်နေတာပဲ မဟုတ်ဘူးလား... "လျန်ရူရွှယ်မှ ချစ်စဖွယ်ပြောလိုက်ပြီး "ကျွန်မအထင်တော့ တစ်ခုတည်းဆို လုံလောက်ပြီ ထင်တာပဲ... “