လူမဆန်တဲ့ ဂျီးနီးယပ်စ်
Vol. 47 Ch. 701
“ ဘာတွေ စိုးရိမ်နေတာ…” ရန်ကွမ်းရှ ပြောလိုက်ပြီး “ တကယ်လို့ သူနိုင်တယ်ဆိုရင် ဂုဏ်ယူလို့ ရသလို ရှုံးလည်း ရှက်စရာမှ မလိုတာ… ဘယ်ဘက်က ကြည့်ကြည့် အရှုံးမရှိပါဘူးဟ…. “
လျန်ရူရွှယ် ပါးလေးဖောင်းလျက် လက်ပိုက်ပြီး တစ်ဖက်သို့ လှည့်လိုက်၏။ အဘိုးရန်မှ လင်းရီအား အနိုင်ကျင့်ချင်နေသည်ဟု ခံစားနေရလေသည်။
“ ဒါဆိုလည်း အစုံလုပ်ကြတာပေါ့…” လင်းရီ ပြောလိုက်ပြီး “ တစ်ခုတည်းလုပ်ရတာက ပျင်းဖို့ကောင်းတယ်လေ….”
“ ကောင်လေး… မင်းမှာသတ္တိတွေတော့ ရှိသားပဲကွ… ဟားဟား….”
လျန်ရူရွှယ် မျက်လုံးလှန်လိုက်၏။
' ဟမ့်..သူပြောတဲ့ အစုံက ဟွာချင်းရေကန်က တစ်ဆက်ရှင်မှာ အစုံလုပ်ပေးတာကိုပြောနေတာ….'
“ ချိန်ကြီး… type 95 (QBZ) နှစ်လက် ယူလာခဲ့ကွာ….” စွန်းကျိုး ပြောလိုက်၏။
“ အာ… နှစ်လက်လား… မင်း ကိုယ့်ဘာကိုယ် တစ်လက် မယူခဲ့ဘူးလား…”
“ မျှမျှတတ ဖြစ်အောင် ငါ့ကိုယ်ပိုင် သေနတ် မသုံးဘူး…”
“ အိုကေ … အဲ့တာဆို ခနလေးစောင့်….”
ချိန်ဇီချန်း type 95 နှစ်လက်ယူလာခဲ့ကာ စွန်းကျိုးနှင့် လင်းရီတို့ လက်ထဲသို့ ကမ်းပေးလိုက်သည်။ လင်းရီ type 95 ကိုယူပြီး လက်ထဲတွင် ချိန်ဆကြည့်လိုက်၏။ အတော်လေးတော့ လေးသည် ဆိုရပေမည်။ ပညာရှိ ဥာဏ်ပညာကြောင့် လင်းရီ အနှီ လက်နက်များအား မည်သို့ အသုံးပြုရမလဲဆိုတာကို နားလည်ထားသော်လည်း အကုန်လုံးက သီအိုရီ နည်းလမ်းမျှသာ ဖြစ်၏။ ယခုက သူ ပထမဆုံးအကြိမ် လက်တွေ့ ထိတွေ့ကိုင်တွယ်ဖူးခြင်းပင်။
“ ကျုပ် အရင်ဆုံး သေနတ်နဲ့ ရင်းနှီးအောင် လုပ်လိုက်ဦးမယ်…” လင်းရီ သေနတ်ကို ကိုင်ရင်း အပြုံးလေးဖြင့် ပြောလိုက်၏။
“ ရင်းနှီးအောင် လုပ်မယ်….” လူတိုင်း နားကြားမှားသွားလေသလောဟုတောင် ထင်ယောင်ထင်မှား ဖြစ်သွားခဲ့ကြသည်။
“ မင်း တစ်ခါမှ သေနတ် မကိုင်ဖူးဘူးလား..” စွန်းကျိုး မေးလိုက်သည်။
“ ဘယ်လို သုံးရမလဲတော့သိတယ်… ဒါပေမယ့် လက်တွေ့ ကိုင်ဖူးတာတော့ ပထမဆုံးအကြိမ်ပဲ…”
“ ဒါက..” စွန်းကျိုး အမူအရာ ပြောင်းလဲသွားခဲ့၏။ သူ အနည်းငယ် စော်ကားခံရသလိုတောင် ခံစားလိုက်ရသည်။
ခေါင်းဆောင်က ဘာလုပ်ဖို့ ကြိုးစားနေတာ…. သေနတ်တောင် မကိုင်ဖူးတဲ့ လူနဲ့ ပြိုင်ခိုင်းနေတယ်ဆိုတော့ လာနောက်နေတာလား….
“ လင်းရီ …. မင်းပြောတော့ သိတယ်ဆို… မင်း ငါ့အရှေ့မှာ ကြွားလုံး လာထုတ်နေတာလား…”
“ သေချာပေါက် ဘယ်ဟုတ်မှာ…” လင်းရီ ပြောလိုက်ပြီး “ မလောပါနဲ့…ကျုပ် အရင်ဆုံး သေနတ်နဲ့ ရင်းနှီးအောင် လုပ်လိုက်ဦးမယ်…”
လင်းရီ သူ့ဦးနှောက်ထဲရှိ အသိဉာဏ်များအား အသုံးချ၍ type 95 အား အစိတ်အပိုင်းလေးများ ဖြစ်အောင် ဆွဲဖြုတ်လိုက်သည်။ ထို့နောက် ပြန်လည် တပ်ဆင်လေသည်။ လင်းရီ၏ လှုပ်ရှားမှုများက မြန်ဆန်ခြင်း မရှိသလို နှေးလည်း နှေးကွေးမနေချေ။ သာမန် အမြန်နှုန်းဖြင့် အအစိတ်အပိုင်း တစ်ခုခြင်းစီအား မှတ်သားနေသည်။
သူ၏ စိတ်ထဲတွင် တပ်ဆင်ရာ၌ အလျင်မြန်ဆုံး ဖြစ်မည့် နည်းလမ်းကိုပင် မြင်ယောင်ကြည့်လိုက်သေး၏။ အကယ်၍ သူသာ စိတ်ကူးထားသည့် နည်းလမ်းအတိုင်း တပ်ဆင်မည်ဆိုပါက ယခင်ကထက် စက္ကန့်နှစ်ဆယ်ကျော် နည်းအောင် ချုံ့နိုင်လိမ့်မည်ဟု ခန်းမှန်းကြည့်လိုက်သည်။ သို့သော်လည်း သေနတ်ဘုရင် စွန်းကျိုးအား အနိုင်ယူနိုင်မည်လော ဆိုတာတော့ မသေချာပေ။
မည်သို့ပင်ဆိုစေ ထိုသူက စစ်ခရိုင် ဒေသတွင်း သေနတ်ဘုရင်ဟု တင်စားခံရသူဖြစ်ပြီး အရည်အသွေးများကိုတော့ မေးခွန်းထုတ်ရန် မလိုချေ။ ထိုသူက သွားရှုပ်လို့ မရသည့် လူစားမျိုးဖြစ်၏။
“ အိုကေပြီ..” လင်းရီ သေနတ်ကို ကောင်းချုံထံ ကမ်းလိုက်ပြီး “ အဆင်ပြေလား တစ်ချက် စစ်ကြည့်လိုက်ဦး…”
“ မလိုဘူး .. အဆင်ပြေတယ်….”
သူတို့ အားလုံး လင်းရီ တပ်ဆင်သည့် ဖြစ်စဉ်တစ်ခုလုံးကို အစမှ အဆုံးတိုင် မြင်တွေ့လိုက်ကြရပြီး အစိတ်အပိုင်းများ ဖြုတ်ခြင်းနှင့် ပြန်လည်တပ်ဆင်ခြင်း အစီအစဉ်မှာလည်း ပြဿနာမရှိချေ။ ထို့ကြောင့် အမှားစစ်ဆေးရန် မလိုအပ်ချေ။
ထိုကဲ့သို့ သေနတ်ဖြုတ်၊ သေနတ်တပ်ဆင်သည့် စွမ်းရည်က စစ်တပ်ထဲတွင် အခြေခံ စွမ်းရည်တစ်ခုဖြစ်ပြီး လျန်ရူရွှယ်ပင် လုပ်နိုင်လေသည်။
သို့သော်လည်း ပြဿနာ ရှိသည်က လင်းရီ ယခင်တုန်းက ယခုလို ပစ္စည်းကိရိယာများနှင့် မထိတွေ့ဖူးသောကြောင့်ပင်။ သူက သီအိုရီအချို့ကိုသာ နားလည်သဘောပေါက်ထားလေသည်။ သို့သော်လည်း ပြီးပြည့်စုံစွာ ဖြုတ်တပ်နိုင်ခဲ့၏။ ယင်းကပင် အထင်ကြီးဖို့ ကောင်းနေချေပြီ။ သာမန်လူဆိုပါက လေ့ကျင့်မှု မရှိပဲနဲ့ အမှားမလုပ်မိဖို့ရာ ခဲယဉ်းလှသည်။ ယင်းကလည်း သီအိုရီနှင့် လက်တွေ့ကြား ကွာဟမှုများကြောင့် ဖြစ်လေသည်။
“ ကောင်းပြီလေ… ဒါဆိုလည်း ခု စကြစို့…” လင်းရီ ပြောလိုက်၏။
“ စတော့မလို့လား…” စွန်းကျိုး ပြောလိုက်ပြီး “ သုံးလေးခေါက်လောက် စမ်း မပစ်ကြည့်တော့ဘူးလား….”
“ မလိုပါဘူး…” လင်းရီ ပြုံးလိုက်ပြီး “ ခင်များက သေနတ်ဘုရင်ပဲလေ.. ရှုံးလည်း အရှက်စရာမှ မလိုတာ…”
“ ဒါဆိုလည်း စကြတာပေါ့….”
နှစ်ယောက်သား သေနတ်ကို ဖြတ်လိုက်ပြီး အရွယ်အစား အမျိုးမျိုးရှိသည့် အစိတ်အပိုင်း ဆယ်ခု အဖြစ်သို့ ပိုင်းခြားလိုက်၏။ ၎င်းတို့အား စားပွဲပေါ်တွင် သပ်ရပ်စွာ ချထားပြီး အလျင်မြန်ဆုံး ပြန်လည်တပ်ဆင်နိုင်ရန် အသင့်ပြင်ထားလေသည်။
“ တပ်မှူး… စွန်းကျိုးက အဲ့ကောင်လေးထက် ဘယ်နှမိနစ်လောက် သာမယ်လို့ထင်လဲ….”
“ တစ်မိနစ်ကျော်လောက်ပေါ့..” ချိန်ဇီချန်း ပြောလိုက်၏။
“ ဟမ်… တစ်မိနစ်ကျော်တောင်လား..”
ချိန်ဇီချန်း ခေါင်းညိမ့်လိုက်ပြီး “ ငါခုလေးတင် ခန့်မှန်းကြည့်လိုက်တာ… သူ သေနတ် တပ်သွားတဲ့ အချိန်က သုံးမိနစ်လောက်ရှိတယ်… ဒါပေမယ့် ပြိုင်ပွဲမှာဆိုတော့ သူ့အမြန်နှုန်းကလည်း သေချာပေါက် မြန်မှာပဲ… ဒါပေမယ့် တစ်မိနစ်ခွဲလောက်နဲ့ ပြီးဖို့ ဆိုတာတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး… စွန်းကျိုးရဲ့ စံချိန်က 21 စက္ကန့်လေ… တစ်မိနစ်ကျော်လို့ ပြောလိုက်ပေမယ့် အဲ့တာကတင် အကောင်းဆုံး ရလဒ် ဖြစ်နေပြီ….”
“ အင်း… အဲ့လိုမျိုး ဖြစ်ဖို့များတယ်…”
ထိုသို့ ပြောရင်း ချိန်ဇီချန်း အချိန်မှတ်စက်အား ထုတ်ယူလိုက်ပြီး စွန်းကျိုး စံချိန်ချိုးနိုင်မလားဆိုတာကို စောင့်မျှော်နေလေသည်။ တစ်ချိန်တည်းတွင် ယှဉ်ပြိုင်သူနှစ်ယောက်၏ ပြင်ဆင်မှုများက ပြီးဆုံးသွားခဲ့၏။
“ နှစ်ယောက်လုံး အဆင့်သင့်ပဲလား…”
ရန်ကွမ်းရှ မေးလိုက်သည်။
လင်းရီနှင့် စွန်းကျိုးတို့ ပြိုင်တူ ခေါင်းညိမ့်လိုက်ကြပြီး ၎င်းတို့၏ အမူအရာမှာလည်း လေးနက်နေကြသည်။
“ အဆင်သင့်ပါပဲ…”
“ ကောင်းပြီ.. ဒါဆိုစတော့…”
အမိန့်ပြီးဆုံးသည်နှင့် နှစ်ယောက်မှာ စားပွဲပေါ်ရှိ အစိတ်အပိုင်းများအား လျင်မြန်စွာ ကောက်ယူပြီး စတင် ပေါင်းစပ်တော့၏။
ထိုအခိုက်အတန့်တွင်တွင်တော့ လင်းရီ တစ်ကိုယ်လုံးရှိ ကြွက်သားများမှာ လိုရာပုံသွင်း၍ ရသည့် ပျော့ပျောင်းသည့် ရေအသွင် ဖြစ်လာခဲ့ပြီး အစိတ်အပိုင်းများအား တစ်ခုစီ ကောက်ပြီး သေနတ်၌ တပ်ဆင်တော့၏။
“ ငါ…. ငါတို့ ဘာမြင်နေရတာလဲဟ…” ချိန်ဇီချန်းနှင့် ကျန်သူများ ကြက်သေသေသွားခဲ့ကြ၏။
လင်းရီ၏ လှုပ်ရှားမှုများက နှေးကွေးမနေချေ။ ဆန့်ကျင်ဘက်အနေဖြင့် လက်လှုပ်ရှားလိုက်သည့် အခါတိုင်း လေဆင်နှာမောင်း တိုက်ခတ်သွားသကဲ့သို့ အစိတ်အပိုင်းများက လက်တွင် စွဲကပ်သွားကြလေသည်။ ပြိုင်ပွဲ၏ တစ်ဝက်သို့ ရောက်သောအခါ လင်းရီက အစိတ်အပိုင်း တစ်ခုပင် အသာစီး ရထား၏။ အနည်းဆုံး တစ်စက္ကန့် သာလွန်နေလေသည်။
ရန်ကွမ်းရှ သူ့ခေါင်းကို စောင်းငဲ့ပြီး မိုဟုန်ရှန်းနှင့် အကြည့်ချင်း ဖလှယ်လိုက်၏။ လင်းရီ၏ အမြန်နှုန်းက သူတို့ မျှော်မှန်းထားသည်ထက် ကျော်လွန်နေပြန်ချေပြီ။
သူက တစ်ခါပဲ ကိုင်ကြည့်ရသေးတယ် မဟုတ်ဘူးလား… အဲ့တာကို ဘာလို့ အမြန်နှုန်းက စက်တပ်ထားသလို ဖြစ်နေတာ...
ဒါကြီးက လုံးဝ မဖြစ်နိုင်လု နီးနီးပဲ….
“ ပြီးပြီ….” လင်းရီ လက်နောက်ပစ်ထားလိုက်၏။
လင်းရီ စားပွဲပေါ်ရှိ တပ်ဆင်ထားသည့် type 95 ကို မြင်တော့ လူတိုင်း ငြိမ်သက်သွားကြတော့သည်။
စွန်းကျိုးပင် အစိတ်အပိုင်း နှစ်ခု လိုအပ်နေသေးကာ နှစ်စက္ကန့်နီးပါး နောက်ကျနေသေး၏။
“ 1…18 စက္ကန့်…”
ချိန်ဇီချန်း၏ မျက်လုံးများက မယုံကြည်နိုင်ဟန်ဖြင့် ပြူးကျယ်သွားခဲ့သည်။
“ 18 စက္ကန့်တည်းလား…” ရန်ကွမ်းရှနှင့် ကျန်သူများလည်း မယုံကြည်နိုင် ဖြစ်သွားခဲ့ကြ၏။
စစ်ခရိုင် ဒေသထဲမှာ ချေမှုန်းလို့ မရတဲ့ စွန်းကျိုးရဲ့ 21 စက္ကန့် စံချိန်ကို လင်းရီက ဒီကနေ့ ချိုးဖောက်လိုက်တယ်တဲ့လား….
စွန်းကျိုးလည်း အံ့အားသင့်သွားခဲ့ပြီး သူ၏ မျက်ဝန်းများက ကယောင်ခြောက်ခြား ဖြစ်နေလေသည်။သူက သေနတ်များဖြင့် နှစ်ပေါင်းများစွာ လက်ရင်း တနှီး နေထိုင်လာပြီး အိပ်သည့် အချိန်၌ပင် ဖက်အိပ်လာခဲ့သည့် ကောင်ပင်။
သို့သော်လည်း ယခုတော့ သူက သာမန်လူတစ်ယောက်ကို ရှုံးနိမ့်သွားခဲ့သည်လော။ ရလဒ်က လက်သင့်မခံနိုင်ဖွယ်ရာပင်။
လင်းရီ၏ အကြည့်များက လျန်ရူရွှယ်နှင့် လေထဲတွင် သွားဆုံပြီး တစ်ဖက်သူမှ သူ့အား ပြုံးပြကာ တိတ်တဆိတ် လက်မထောင်ပြလာခဲ့၏။
“ စွန်းကျိုး… မင်း ဘာတွေ လုပ်နေတာ…” ကောင်းချုံ ဘေးမှ အားမလိုအားမရ ဖြစ်နေသည့် လေသံဖြင့် ပြောလိုက်၏။
‘ ဒီကောင်ကွာ… ခေါင်းဆောင်က သူ့ရဲ့ ဂုဏ်သတင်း အဖက်ပြန်ဆည်နိုင်အောင် မျှော်လင့်ထားပါတယ်ဆိုနေမှ အဲ့မျှော်လင့်ချက်တွေကို ရိုက်ချိုးပစ်လိုက်တယ်…’
စွန်းကျိုး၏ အမူအရာကား ပြိုလဲနေချေပြီ။ သူ့ ရင်ထဲတွင်လည်း မချိမဆန့် ခံစားနေရ၏။
သူက လင်းရီကို သာမန်လူတစ်ယောက်လို့ ထင်ထားတာလေ… ဒါပေမယ့် ဒီလိုမျိုး လူမဆန်တဲ့ ဂျီးနီးယပ်စ်ဖြစ်နေလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာ…
“ လုံလောက်ပြီ….” ရန်ကွမ်းရှ သူ၏ လက်အား ဘာမှ မဖြစ်သကဲ့သို့ ဝှေ့ယမ်းလိုက်ပြီး “ နောက်ထပ် မီတာ 50ပစ်မှတ် စတင်မယ်….”
သို့နှင့် ရန်ကွမ်းရှ လင်းရီအား ကြည့်လိုက်ပြီး “ ကောင်လေး.. မင်း ပြင်ဆင်ဖို့ အချိန်ယူဦးမလား….”
“ မလိုပါဘူး.. ဒီတိုင်းပဲ စကြတာပေါ့….”
“ အဲ့လောက်ထိ ယုံကြည်ချက် ရှိနေတယ်လား….”
“ ဒါပေါ့ဗျ…. ငယ်ငယ်တုန်းကဆို လောက်လေးဂွနဲ့ ငှက်နှစ်ကောင်ကို တစ်ချက်တည်းပစ်လာတဲ့ကောင်လေ… သဘောတရားချင်းတော့ အတူတူပဲမလား…”
“ အေးအေး… မင်းဆက်ပြီး ကြွားနေစမ်း…” ရန်ကွမ်းရှ သူ့လက်အား ဝှေ့ယမ်းလိုက်ပြီး “ ကျည်ဆယ်တောင့် ယူလာခဲ့… ခုပဲ ပြိုင်ပွဲစမယ်…”
စွန်းကျိုး အသက်ပြင်းပြင်း ရှူပြီး ယုံကြည်ချက် ပြန်လည်ဖြည့်တင်းလိုက်၏။
ပစ်ခတ်ချိန်တွင်တော့ သူ သေချာပေါက် နိုင်ရန် အခွင့်အလမ်း များပေသည်။
သို့သော်လည်း တပ်ဆင်ခြင်း ပြိုင်ပွဲ ရှုံးထားသောကြောင့် ယခု တစ်ခေါက်ပွဲတွင် လှလှပပလေး အနိုင်ယူရပေမည်။ သို့မှသာ သူ့ကိုယ်သူနှင့် ခေါင်းဆောင်အတွက် အဖတ်ပြန်ဆည်နိုင်မည် ဖြစ်၏။
အသက်ကို အကြိမ်ရေ အနည်းငယ်ခန့် ခပ်ပြင်းပြင်း ရှုရှိုက်ရင်း စွန်းကျိုး အမူအရာ တည်တံ့လိုက်ကာ ခလုတ်အား ဆွဲလိုက်သည်။
မီတာ ငါးဆယ် ပစ်မှတ် ပြိုင်ပွဲ
တရားဝင် စတင်ချေပြီ….!