ကလိမ်ကျတဲ့ အကြံဉာဏ်
Vol. 47 Ch. 705
' ငိုးပဲ… ငါယီးတွေတော့ ဖြစ်ကုန်ပါပြီ… ' လင်းရီ ရင်ထဲတွင် ကျိန်ဆဲလိုက်၏။
နောက်ဆယ်မိနစ်လောက်နေမှ ခေါ်ရင် မြွေကိုက်မှာမို့လို့လားကွာ….
လင်းရီ ထိုအကြောင်း တွေးတောနေတုန်း ပေါက်ကွဲမတတ်ဖြစ်နေသည့် လျန်ရူရွှယ်မှာ ရုတ်ချည်း တုံ့ဆိုင်းသွားခဲ့ပြီး သူမခေါင်းကို တစ်ဖက်သို့ လှည့်လိုက်၏။ သူမ မျက်ဝန်းများထဲတွင် မျက်ရည်များဖြင့် ပြည့်နှက်နေသည်။ ထို့နောက် သူမ မျက်လုံးအား ညင်သာစွာ ထိတွေ့လိုက်ပြီး ကားထံသို့ လျှောက်သွားခဲ့တော့၏။
‘ ဟမ်… သူ ငိုနေတာလား… ငါသိတဲ့ လျန်ရူရွှယ်မှ ဟုတ်စ….’ လင်းရီ ရင်ထဲတွင် ရေရွတ်လိုက်၏။
“ အေးအေး… ဒါပဲ… မင်းဒီရောက်တော့ ငါလာကြိုပေးမယ်….”
သို့နှင့် လင်းရီ ဖုန်းချလိုက်ပြီး လျန်ရူရွှယ်နောက် လိုက်ကာ ခရီးသည်ထိုင်ခုံသို့ ဝင်ထိုင်လိုက်လေသည်။ လျန်ရူရွှယ်မူကား ကားစက်နှိုးနေပြီး ဖြစ်၏။
“ ထွက်သွား… ငါအခု သွားတော့မှာ….” လျန်ရူရွှယ် မျက်ရည်ဆည်ရင်း ခေါင်းငဲ့စောင်းလျက် ပြောလိုက်၏။
“ ဘာလို့ ငိုနေတာလဲ….”
“ အဲ့တာ နင့်အလုပ် မဟုတ်ပါဘူး….” လျန်ရူရွှယ် သူမ မျက်ရည်များအား တစ်ဖန် ပြန်သုတ်လိုက်၏။ ဗာဒံစေ့ကဲ့သို့ မျက်လုံးလေးများမှာလည်း ယခုအခါ ဝမ်းနည်းမှုကြောင့် ရဲရဲနီနေလေသည်။မျက်ရည်များက တစ်လှိမ့်ချင်း စီးကျလာပြီး သူမ ထိုမျက်ရည်များအား မရပ်တန့်နိုင် ဖြစ်နေခဲ့ရ၏။
“ ငါက ဒီတိုင်း ရန်ရန်ကို ဟွာချင်း ရေကန် ခေါ်သွားရုံလေးတင်ပါကွာ… အရင်တုန်းကလည်း ငါတို့ အတူသွားဖူးတာကို မသိတာကျနေတာပဲ…” လင်းရီ သာမန် လေသံဖြင့် ပြောလိုက်ပြီး” ဘာတွေ ထူးဆန်းနေလို့….”
“ နင်နဲ့ စကားမပြောချင်ဘူး… ငါသွားတော့မှာ… ခု ကားထဲက ထွက်သွား…”
“ ဘာလို့ သွားတော့မှာလဲ… “ လင်းရီ ပြောလိုက်ပြီး “ ကောင်းပြီလေ ငါတို့ ဟွာချင်းရေကန်လည်း မသွားဘူး… ဘာလို့ ငိုနေတာလဲ ပြော…. ငါမင်းကို အရှက်ရအောင် လုပ်မိလို့လား…”
လင်းရီ သူ တကယ်ပဲ နားမလည်နိုင် ဖြစ်နေလေသည်။
ငါ ဘာများ မှားသွားလို့ပါလိမ့်….
ဟူး… မိန်းမတွေက နားလည်ရခက်လွန်းတယ်….
“ နင်တို့ နှစ်ယောက် ဟွာချင်းရေကန် သွားမှာကို ဘယ်သူက တားနေလို့လဲ….” လျန်ရူရွှယ် ပြောရင်းဖြင့် ပို၍ ဝမ်းနည်းစွာ ငိုကြွေးလာခဲ့၏။
“ ငါက နင်တို့ ကောင်းဖို့အတွက် ပြောနေတာကို ဘာလို့ ငါ့ကို စိတ်ရှုပ်ဖို့ ကောင်းတယ်လို့ ပြောတာ… နောင်ကျရင် နင့်ဘာနင် လုပ်ချင်တာလုပ်… နင်ကြိုက်တဲ့ သူနဲ့နေ….. ငါဘာမှ မထိန်းချုပ်တော့ဘူး….”
“ အာ… ဆိုတော့ အဲ့တာကြောင့်ကိုး….” လင်းရီ ရယ်မောလိုက်ပြီး “ ငါက ဒီတိုင်း လျှေက်စနေတာကိုပဲ…. အရင်တုန်းကလည်း ဒီလိုပဲ စနေကြမဟုတ်ဘူးလား… “
“ မတူဘူးလေ…” လျန်ရူရွှယ် ရှိုက်ငင်ရင်း ပြောလိုက်ပြီး “ နင် ငါ့ရှေ့မှာ ကြိုက်သလို ပြောလို့ရတယ်… ဒါပေမယ့် သူများတွေရှေ့မှာတော့ မပြောနဲ့လေ….”
“ အေးပါ အေးပါ… လူကဖြင့် သုံးဆယ်ကျော်တော့မှာကို ကလေးလေးလို ငိုနေတုန်းပဲ… နောက်မပြောတော့ဘူး …. ဟုတ်ပြီလား…အလှလေးလျန်က အတော်ဆုံးပဲ….”
“ ငါနင့်ကို မယုံတော့ဘူး… နင် နောင်ကျ ဘယ်သူရှေ့မှာ ငါ့မကောင်းကြောင်းတွေ ထပ်ပြောဦးမလဲဆိုတာ ငါမှ မသိနိုင်တာ…” လျန်ရူရွှယ် သူမ မျက်ရည်များအား အင်္ကျီလက်ဖြင့် ပြန်သုတ်လိုက်ပြီး “ ဘာပဲဖြစ်ဖြစ်… နောင်ကျရင် နင်ကြိုက်ရာ နင်လုပ်တော့… ငါလည်း နင့်ကို ဂရုမစိုက်တော့ဘူး…ပြောလည်း ငါ့အပြစ်ပဲ ဖြစ်ရတယ်….”
“ လေသံက ဘာလို့ မနာလိုတဲ့ပုံ ပေါက်နေတာ….”
“ လျှောက်ပြောမနေနဲ့… ဘယ်မှာ မနာလိုနေလို့လဲ….”
“ သေချာလို့လား…..”
“ ဘာမှ…. ဝူးးးးးးး “
လျန်ရူရွှယ် ဘာမှ မပြောရသေးခင် လင်းရီမှ သူမ ခေါင်းအား ဆွဲပြီး နှုတ်ခမ်းချင်း ဖိကပ်ထားလိုက်၏။
“ ဝူး…”
လျန်ရူရွှယ် လင်းရီ ပခုံးကို ဆက်တိုက် ပုတ်နေသော်လည်း သကောင့်သားက လွှတ်မပေးချေ။
ဆယ်စက္ကန့်မျှ ကြာပြီးနောက် လျန်ရူရွှယ် ရုန်းကန်ဖို့ရာ စွန့်လွှတ်လိုက်တော့သည်။
သို့နှင့် သူမ လင်းရီအား စိတ်ကြိုက် နမ်းခွင့်ပြုလိုက်ရတော့၏။
( ချော့နည်းတွေနော် ဂေါင်ကြီးတို့ မှတ်သားလော့ မှတ်သားလော့ ငိငိ… )
“ အာ့… ဘာလို့ ငါ့လာကိုက်နေတာ…”
“ ဘယ်သူက နင့်ကို ဒီလိုလုပ်ခိုင်းလို့လဲ…” လျန်ရူရွှယ် စိတ်ဆိုးစွာ ပြောရင်း နှုတ်ခမ်းဆူထားလိုက်၏။
“ ကောင်းပြီလေ… မင်းငါ့ကို ကိုက်လိုက်တယ်ဆိုတော့ ဒီကိစ္စ ကျေပြီနော်…”
“ ဘာကို ကျေမှာ… နင်က ဒီလိုမျိုးလုပ်ပြီး ပြဿနာကို ဖြေရှင်းလိုက်တယ်ပေါ့...."
“ ဖြစ်ပြီးတာက ဖြစ်ပြီးသွားပြီလေ… ဘာလဲ… မကျေနပ်ဘူးလား… ငါ့ကို တရားစွဲချင်လို့လား….”
“ နင်… နင် … မကောင်းတဲ့ကောင်ကြီး….. အူးဝါး….. !“
“ ရပြီ ရပြီ… မငိုနဲ့တော့…” လင်းရီ ပြောလိုက်ပြီး “ ငါ ဒီည သူ့ကို သွားကြိုတော့မလို့… မင်းလိုက်ခဲ့ဦးမလား….”
“ ဂရုမစိုက်ဘူး….”
“ မင်းပြောတာနော်….”
“ နင်နဲ့ စကားပြောဖို့ မအားသေးဘူး…”
လင်းရီ လျန်ရူရွှယ်၏ ပါးအား ဖျစ်ညစ်လိုက်ပြီး “ မင်းမှားသလိုမျိုး လုပ်မနေစမ်းနဲ့….”
“ အာ့… ငါ့မိတ်ကပ်တွေ… !“
လင်းရီ ပြုံးလျက် ကားထဲမှ ထွက်လာပြီးနောက် သူ့ရှာရီလေးထံ ပြန်လာခဲ့လေသည်။
အချိန်ကို ကြည့်လိုက်တော့ လေးနာရီ မတ်တင်းနေပြီး ကျီချင်းရန်ကို သွားကြိုရမည့် အချိန်ပင်။
သို့နှင့် သူ ကျိုကျုံးဗီလာသို့ ပြန်လာပြီး အဝတ်စား လဲပြုလိုက်ကာ ချောင်ရန် အုပ်စုသို့ ထွက်လာခဲ့လိုက်၏။
“ နင် ဒီည ဘာစားချင်လဲ…”
ကားထဲသို့ ရောက်လာပြီးနောက် ကျီချင်းရန်မှ မေးလိုက်၏။
“ ငါ ဒီည ကိစ္စလေး ရှိလို့ အိမ်မှာ မစားဖြစ်တော့ဘူး….”
“ အဲ့လိုလား… ဒါဆို ငါလည်း မစားတော့ဘူး…” ကျီချင်းရန် ပြောလိုက်ပြီး “ ငါ ခု ဝိတ်ချနေတာ….”
“ ဝလည်း မဝပဲနဲ့ကို ဘာလို့ ဝိတ်ကျချင်နေတာ….”
“ ငါ ငါး ကီလိုကြီးများတောင် တက်လာတာနော်…” ကျီချင်းရန် အလွန်အမင်း ချဲ့ကားပြောလိုက်ပြီး “ ခုတလော ထမင်း သုံးနပ် အပြည့်စားဖြစ်တယ်လေ.. ပြီးတာ့ ယောဂ မလုပ်တာတောင်မှ အတော်လေး ကြာနေပြီ… ခါးတောင် တုတ်တုတ်ကြီး ဖြစ်နေပြီ..”
“ အင်း… ငါလည်း သတိထားမိတယ်….”
“ နင်တောင် မြင်နိုင်တယ်လား…” ကျီချင်းရန် စိတ်တုန်လှုပ်စွာဖြင့် မေးလိုက်ပြီး “ ဒါဆို သေချာပေါက် ဝိတ်ချမှ ဖြစ်တော့မှာ….”
“ ငါက မြင်နိုင်တာ မဟုတ်ဘူး… ဒီတိုင်း ခံစားမိတာ..”
“ အမ်… နင် ငါ့ခါးကို ထိတော့ ခံစားမိတာလား… ငါ့ ဘောင်းဘီတွေလည်း ခုတလော နည်းနည်းလေး ကျပ်လာသလားလို့…”
“ မင်း ဘရာတွေ ဝတ်ရင်ကော ကျပ်တယ် မခံစားရဘူးလား…”
“ အမ်….” ကျီချင်းရန် တစ်ခဏမျှ ကြာအောင် စဉ်းစားရင်း “ ဟုတ်တယ်နော…”
ဘာလို့ လင်းရီက ဒီကိစ္စတွေ သတိထားမိနေတာ…
“ ဒါကြောင့်မို့ ညနေစာတွေ ပိုစားသင့်တယ်…”
“ နင် နှာဘူးကောင်.. နင်က ငါ ကြီးတာကို ကြိုက်နေတာမလား…”
“ မဟုတ်ဘူးလား… သေးတာ ကြိုက်မှ ထူးဆန်းနေမှာပေါ့….” လင်းရီ ပြောလိုက်ပြီး “ ပြီးတော့ ငါက သေချာတဲ့ ရှုထောင့်ကနေ ပြောနေတာ … အမျိုးသားနဲ့ အမျိုးသမီးက အတူတူပဲ…”
“ ဟင်… ဘယ်လိုလုပ်ပြီး တူနိုင်မှာ… ငါတို့ရဲ့ ဟိုအင်္ဂါတွေက မတူဘူးလေ....“
“ တကယ်လို့ မင်း ဒီမေးခွန်းရဲ့ အဖြေကို သိချင်နေတယ်ဆိုရင် ယွမ်ယွမ်ကို မေးကြည့်လိုက်… သူမ မင်းကို ဖြေပေးလိမ့်မယ်…..”
“ မမေးချင်ပါဘူး… နင့်လေသံ နားထောင်ကတည်းကနေ သေချာပေါက် မကောင်းတာကြီးမှန်း သိသာနေပြီကိုပဲ…”
ထိုသို့ နှစ်ယောက်သား ဆက်လက်ရယ်မောရင်းဖြင့် ကျိုကျုံး ဗီလာသို့ ရောက်ရှိလာခဲ့သည်။
ကျီချင်းရန်မှ ညစား မစားချင်သောကြောင့် လင်းရီ မထွက်ခွာမီ သူမအတွက် ဝိတ်မတက်စေမည့် စားစရာများကို စီစဉ်ပေးခဲ့လေသည်။
သူ လေဆိပ်ကို ရောက်တော့ လင်းရီ ဟိုဒီ ရှာကြည့်လိုက်၏။ တိုက်ဆိုင်စွာဖြင့် ချိန်ရန်စီးခဲ့သည်က လျန်ကျင်းမင်၏ ရှင်းဟွာ လေကြောင်းလိုင်း ဖြစ်နေလေသည်။
သူ ကား ပါကင်ထိုးထိုးပြီးချင်းပဲ ချိန်ရန်ထံမှ ဖုန်းဝင်လာခဲ့၏။
“ ခဲအို.. နင်ရောက်နေပြီလား… ငါတို့ လေယာဉ်ပေါ်က ဆင်းလာနေပြီနော်…”
“ ငါလည်း ခုလေးတင် ရောက်တာ…” လင်းရီ ပြောလိုက်ပြီး “ ဒါနဲ့ ' ငါတို့ 'ဆိုတာက ဘာသဘောတုန်း….”
“ အာ… ပြောဖို့ မေ့သွားတယ်… ငါ့ရဲ့ အတန်းဖော် နှစ်ယောက်ကောပဲ အဖော်လိုက်ခဲ့တာလေ….”
“ ရှီး… ဘာလို့ အစောကြီးကတည်းက မပြောတာ….”
“ ဘယ်လိုပဲ ပြောပြော အတူတူပဲမလား… “ ချိန်ရန် အပြုံးလေးဖြင့် ပြောလိုက်ပြီး “ ဒါပဲ ဂိတ်ပေါက်ကို ရောက်နေပြီ… အဲ့မှာ ဆုံမယ်နော…”
“ အိုကေ….”
ဖုန်းချပြီးနောက် လင်းရီ လျန်ကျင်းမင်ထံ ဖုန်းဆက်လိုက်၏။
“ လျန်ကြီး… မင်း အခု ဘယ်ရောက်နေတာ….”
“ ကုမ္ပဏီမှာလေ… ဘာလဲဖြစ်လို့….”
“ ရှင်းဟွာ လေကြောင်းလိုင်းက မင်းတို့ မိသားစုပိုင်တာမလား…”
“ ဟုတ်တယ်လေ…”
“ ငါ့ကို ကားတစ်စီးလောက် စီစဉ်ပေးလို့ရလား.. ငါလူကြိုဖို့ လိုနေလို့….”
“ အစ်ကိုကြီးလင်း… အလှလေးတွေကို ကြိုဖို့လား….”
“ ဒါပေါ့ကွ… ငါ ရုပ်ဆိုးပန်းဆိုးကြီးတွေကို ကြိုတာ မင်း ဘယ်တုန်းက မြင်ဖူးလို့…”
“ မြင့်မြတ်လိုက်တဲ့ အစ်ကိုကြီးလင်း..” လျန်ကျင်းမင် ပြောလိုက်ပြီး “ ကျွန်တော် ခုချက်ချင်း လာနေပြီ… အိုး ဟုတ်သား … ဒါနဲ့ ကျွန်တော် ကံစမ်းကြည့်လို့ကော ရလား…”
“ အင်း… ငါ့ ခယ်မက သူ့သူငယ်ချင်းနှစ်ယောက်နဲ့ လာခဲ့တာဆိုတော့ ကြိုးစားကြည့်ပေါ့…. အောင်မြင် မအောင်မြင်ကတော့ မင်းရဲ့ အစွမ်းအစပေါ် မူတည်တယ်..” လင်းရီ ပြောလိုက်ပြီး “ အိုး ပြီးတော့ တကယ်လို့ မင်းသာ အဓိက တစ်ယောက်ကို ပိုးပန်းနိုင်မယ်ဆိုရင် မင်းတို့လျန်မိသားစုဆီ ဂုဏ်သတင်းတွေ သယ်ဆောင်လာနိုင်မှာပဲ….ချင်းကြီးတို့ကို မင်း အပြီ ကြွားလို့ရပြီ…”
“ ဝိုး.. တကယ်ကြီးလား အစ်ကိုကြီးလင်း…. ဒါဆို သေချာပေါက် အလေးအနက်ထားရမယ့် ကိစ္စပဲ… “ လျန်ကျင်းမင် ပြောလိုက်ပြီး “ သူမ နောက်ခံက ဘယ်လိုမျိုးလဲတဲ့….”
“ သူမ အဖေက ဗဟိုဆေးဝါး ကွပ်ကဲရေးဌာနရဲ့ အထက်တန်း အရာရှိ တစ်ယောက်လေ… မင်းပြောကြည့်… အထင်ကြီးဖို့ ကောင်းလား မကောင်းဘူးလား….”