← Chapters

ဆေးလုံးဖော်စပ်နည်းများနှင့် နတ်ဆိုးသားရဲအမြုတေများ

Vol. 27 Ch. 377

ဆေးလုံးဖော်စပ်နည်းများနှင့် နတ်ဆိုးသားရဲအမြုတေများ

Vol. 27 Ch. 377

မုတ်ဆိတ်ဗရပစ်နှင့် ချူယောင်သည် သူ့လက်ကို ဝေ့ယမ်းကာ အေးဆေးဟန်ဖြင့် ပြောလာသည်။

“ကျုပ်တို့ရဲ့ နန်းတော်ခြောက်ခုအဖွဲ့အစည်းဟာ မဟာကုန်သည်ကြီးလေးယောက်မဟာမိတ်ထဲ မဝင်ထားပေမယ့် ဒီပြန့်ကြဲကြယ်ပင်လယ်မှာတော့ ပိုင်ဆိုင်မှု တော်တော်များများ ရှိထားပါတယ်။ ဒီပစ္စည်းနှစ်ခုဟာ ရှားပေမယ့် ကျုပ်တို့အတွက်တော့ အဖိုးတန်ကြီးတော့ မဟုတ်ပါဘူး။ ကျုပ်တို့အဖွဲ့အစည်းအနေနဲ့ ရောင်းရင်းဝိညာဉ်သေအတွက် ဒီဝိညာဉ်နှင်းရေနဲ့ ကောင်းကင်မီးအရည်တို့ကို လက်ဆောင်အဖြစ် ပေးပါ့မယ်။ ခင်ဗျားရဲ့ အမြုတေဖွဲ့စည်းနိုင်ဖို့အတွက် စောစောစီးစီး ဂုဏ်ပြုတဲ့အနေနဲ့ပေါ့…”

ဟန်လိသည် ထိုစကားကို ကြားသည့်အခါ မည်သည့်စိတ်လှုပ်ရှားမှုမျှ မဖြစ်ပေါ်၊ ထိုအစား သူက စိတ်ထဲကနေ မျက်မှောင်ကြုတ်သွားကာ ဝိညာဉ်သေကို ၎င်းတို့အား မယူခိုင်းတော့ပေ။

“ခင်ဗျားက ဒီလို အဖိုးတန်ပစ္စည်းတွေကို လက်ဆောင်အဖြစ် ပေးတာလား။ လောကမှာ ဒီလိုအရာမျိုး ရှိတယ်လို့တော့ ကျုပ် မထင်ဘူး။ ခင်ဗျားတို့က ဝိညာဉ်သေကို အတုအယောင်အမြုတေအဆင့်လို့ပဲ ခေါ်ဝေါ်နေမှတော့ ဒီလက်ဆောင်နောက်ကွယ်မှာ ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက်တွေ ရှိနေနိုင်တယ်မလား…”

ဟန်လိသည် ထိုသို့တွေးကာ စိတ်ထဲ၌ သတိပိုထားသွား၏။

ထို့နောက်တွင် ဝိညာဉ်သေသည် ခေါင်းယမ်းကာ ငြင်းဆန်သည်။

“အဲ့လိုတော့ ကျုပ် လက်မခံနိုင်ဘူး။ အလကားရတဲ့ ဆုလဒ်ဆိုတာ မရှိဘူး။ ဒီပစ္စည်းနှစ်ခုကို ကျုပ်ရှိ ရောင်းပဲရောင်းပါ။ ဒီဟာတွေအတွက် ကျုပ်မှာ ဝယ်ဖို့ စိတ်ဝိညာဉ်ကျောက်တုံးတွေ ရှိတယ်။ ဒါမှမဟုတ် ခင်ဗျားတို့ နှစ်ယောက်မှာ ပြောဖို့ခက်နေတဲ့ တစ်ခုခုများ ရှိနေလို့လား…”

ယင်းသို့ ပြောပြီးနောက်မှာ ဝိညာဉ်သေသည် ဆန်းကြယ်စွာ ပြုံး၏။

ဝိညာဉ်သေသည် အနှီလက်ဆောင်ကြီးအပေါ် သတိထားနေတာ ဖြင်သည့်အခါ ကောလုနှင့် ချူယောင်တို့သည် တစ်ယောက်နှင့်တစ်ယောက် ထိတ်လန့်အံ့ဩဟန်ဖြင့် ကြည့်လိုက်ကြသည်။

ထို့နောက် ကောလုသည် ချောင်းဟန့်ကာ ပြောသည်။

“ကြည့်ရတာ ကျုပ်တို့က သိပ်မစဉ်းမိခဲ့ဘူးနဲ့တူတယ်။ ရောင်းရင်း ဝိညာဉ်သေက သဘောပေါက်မှတော့ ကျုပ်လည်း အကြောင်းရင်းကို ပြောပြပါမယ်။ ကျုပ်တို့ရဲ့ နန်းတော်ခြောက်ခုအဖွဲ့အစည်းဟာ ခင်ဗျားရဲ့ အကူအညီလိုတဲ့ ကိစ္စတချို့ ရှိနေပါတယ်။ ဒီစိတ်ဝိညာဉ်ပစ္စည်းအမယ်နှစ်ခုက ကြိုပေးထားတဲ့ သဘောပါ။ ကျုပ်တို့ ကိစ္စထဲကို ပါဝင်ပေးမယ်ဆို ကျုပ်တို့ဆိုင်တွေက ခင်ဗျားကို ဆုလဒ်ကြီးကြီးမားမား ထပ်ပေးအုံးမှာပါ…”

ကောလုက ထိုသို့ ပြောလာ၏။

ဟန်လိသည် စိတ်ထဲကနေ နှာခေါင်းရှုံ့လိုက်ပြီး ဝိညာဉ်သေကို ပါးနပ်စွာဖြင့် ပြုံးယောင်ယောင်လုပ်ကာ ထပ်ပြောခိုင်းသည်။

“ကျုပ် ခင်ဗျားတို့ကို မဖုံးကွယ်တော့ပါဘူး။ ခုလက်ရှိ ကျုပ်က ကျုပ်ရဲ့ အမြုတေဖွဲ့စည်းဖို့ကို အာရုံစိုက်နေတာ။ ဒါ့ကြောင့် တခြားကိစ္စကိဝတွေမှာ ပါဝင်ဖို့ စိတ်ကူး မရှိဘူး။ ကျုပ် တကယ်ပဲ စိတ်မကောင်းပါဘူး။ ခင်ဗျားတို့အနေနဲ့ တခြားတစ်ယောက်ယောက်ကို သွားရှာတာကတော့ အကောင်းဆုံး ဖြစ်မှာပါ…”

ဝိညာဉ်သေသည် သည်ကိစ္စကို လုံးဝ စိတ်မဝင်စားဟန် ပြကာ သည်စကားဝိုင်းကို ရပ်ရန် ဦးတည်သည်။ ကောလုနှင့် ချူယောင်တို့သည် သူ၏ တုန့်ပြန်မှုကို စိတ်မကွက်သွားကြပေ။ သူတို့က အေးဆေးပြုံး၍သာ တုန့်ပြန်လာသည်။

“ဟားဟား… ရောင်းရင်းရဲ့ စိတ်ထဲမှာ အမြုတေဖွဲ့စည်းဖို့ပဲ ရှိနေမှတော့ ဟန်ကျတာပဲ။ ကျုပ်တို့ရဲ့ ကိစ္စမှာသာ ပါဝင်ပေးမယ်ဆို ကျုပ်တို့ရဲ့ နန်းတော်ခြောက်ခုအဖွဲ့အစည်းက ခင်ဗျားကို မြေမှုန့်ဆေးလုံးတစ်လုံး ချီးမြှင့်မှာပါ။ ဒီဆေးလုံးဟာ အမြုတေဖွဲ့စည်းဖို့အတွက် အကူအညီ အများကြီး ပေးနိုင်ပြီး ခင်ဗျားရဲ့ အမြုတေဖွဲ့စည်းရာမှာ အောင်မြင်နိုင်ချေကို ပိုမြင့်မားစေလိမ့်မယ်…”

ချူယောင်သည် ရယ်မောကာ ထိုသို့ ဆိုလာသည်။

“မြေမှုန့်ဆေးလုံး…” ဟန်လိသည် အံ့အားတသင့်ဖြင့် ခပ်တိုးတိုး ရေရွတ်လိုက်သည်။

ကောလုသည် ပြုံးနေရာကနေ အလေးအနက်ဟန်ပန် ဖြစ်သွားပြီး ပြောလိုက်၏။

“အမှန်ပါပဲ။ ဒီကိစ္စမှာ အတုအယောင်အမြုတေအဆင့် ကျင့်ကြံသူခြောက်ယောက် လိုအပ်ပါတယ်။ ကျုပ်တို့မှာ တစ်ယောက်ပဲ လိုတော့တာ။ တာအိုရောင်းရင်း ရောက်လာတာဟာ တကယ့်ကို အချိန်ကိုက်ပဲ။ ပါဝင်မယ့် ကျင့်ကြံသူအားလုံးကိုလည်း မြေမှုန့်ဆေးလုံးတစ်လုံးစီ ပေးမှာ ဖြစ်ပါတယ်…”

မြေမှုန့်ဆေးလုံးသည် ပြန့်ကြဲကြယ်ပင်လယ်များတွင် ထင်ပေါ်ကျော်ကြားသော ဆေးလုံးဖြစ်၏။ သို့ပေမည့် တကိုယ်တည်း သီးသန့်ကျင့်ကြံနေသော ဟန်လိမှာ ထိုဆေးလုံးနှင့် ပတ်သတ်၍ သိမနေခဲ့ပေ။

သူက ခဏစဉ်းစားပြီးနောက်မှာ ဝိညာဉ်သေသည် လေးလေးနက်နက် မေးလိုက်သည်။

“ကျုပ်ကို ပါဝင် ကူညီစေချင်တဲ့ ကိစ္စကို ခင်ဗျားတို့က အသေးစိတ် ပြောနိုင်မလား။ ဒါမှ ကျုပ် ဆုံးဖြတ်နိုင်မှာ…”

“ရတာပေါ့ဗျာ။ ဒါက ရှုပ်ထွေးတဲ့ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ ကျုပ်တို့ရဲ့ ဆိုင်တွေဟာ အဆင့်ခြောက်နတ်ဆိုးသားရဲတစ်ကောင်ကို ရှာတွေ့ခဲ့ပြီး ဒီကောင်ရဲ့ နတ်ဆိုးအမြုတေကို လိုချင်နေတာပဲ။ ဒါ့ကြောင့် ကျုပ်တို့ဟာ အမဲလိုက်ဖို့မှာ ကူညီပေးဖို့ ပြင်ပက တချို့သူတွေကို ဖိတ်ခေါ်ဖို့ တွေးခဲ့ကြတာပါ…”

ကောလုသည် ရယ်ကာမောကာဖြင့် ရှင်းပြသည်။

“အဆင့်ခြောက်နတ်ဆိုးသားရဲ ဟုတ်လား…” ဝိညာဉ်သေသည် ခါးသီးစွာ ပြုံးမိ၏။ ဟန်လိသည် သူတို့ကို ထ၍ ကျိန်ဆဲမိမတတ် ဖြစ်သွားသည်။ အဆင့်လေး ဓားခုတ်ကောင်သားရဲသည်ပင် သူ့ကို သေလုမြောပါး ဖြစ်စေခဲ့ဖူးသည် မဟုတ်လား။ အခု သူတို့က အဆင့်ခြောက်သားရဲတစ်ကောင်နှင့် တိုက်ခိုက်စေချင်နေသည်။ သူတို့က ကျင့်ကြံသူများကို သေတွင်းများ ပို့ချင်နေတာများလား။

ဝိညာဉ်သေ၏ သံသယဝင်ဟန် အမူအရာကို မြင်သည့်အခါ မုတ်ဆိတ်နှင့်ချူယောင်က အလျင်အမြန် ရှင်းပြလာသည်။

“ကျေးဇူးပြုပြီး…စိတ်အေးအေးထားပါ။ ကျုပ်တို့ရဲ့ ဆိုင်တွေက ကျင့်ကြံသူတွေအတွက် အန္တရာယ်နည်းပါးအောင် ပြီးပြည့်စုံတဲ့ အစီအရင်တစ်ခု ရှိထားပြီးသားပါ။ ကျုပ်တို့ဆိုင်တွေရဲ့ အမြုတေဖွဲ့စည်းခြင်းအဆင့် အကြီးအကဲနှစ်ယောက်အပြင် ကျုပ်တို့က ပန်းခြောက်ပွင့်လှိုင်းဂယက်အစီအရင်ကိုလည်း ချခင်းအုံးမှာပါ။ အတုအယောင်အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူ ခြောက်ယောက်လောက်နဲ့ဆို အဲ့အစီအရင်ကို စီမံနိုင်ဖို့ လုံလောက်ပါလိမ့်မယ်…”

“ပန်းခြောက်ပွင့်လှိုင်းဂယက်အစီအရင်…” ဟန်လိသည် ထိုအမည်ကို အတော်လေး ရင်းနှီးသကဲ့သို့ ခံစားမိနေသည်။ သူသည် ရှင်းယုယင် သူ့ကို ပေးခဲ့ဖူးသော မန္တာန်အစီအရင်အသိပညာရပ်များထဲ၌ အရင်တုန်းက သည်အစီအရင်အကြောင်း မြင်ခဲ့ဖူးသည့်နှယ်။ ထို့နောက်တွင် ဟန်လိသည် ဝိညာဉ်သေကို ဆုံးဖြတ်ချက်အား အချိန်ဆွဲမည့်အကြောင်း ပြောခိုင်းလိုက်သည်။

“ဒီကိစ္စက အရေးကြီးတဲ့အတွက်ကြောင့် ကျေးဇူးပြုပြီး ကျုပ်ကို စဉ်းစားဖို့ အချိန်နှစ်ရက်ပေးပါ။ ပြီးမှ ကျုပ် အဖြေပေးမယ်…”

ဝိညာဉ်သေ၏ စကားကြောင့် ကောလုသည် မင်သက်သွားသည်။ သို့သော် တအောင့်အကြာ သူက အားပါးတရ ပြုံး၍ သဘောတူလိုက်၏။

သို့သော် ဟန်လိနှင့် ဝိညာဉ်သေတို့ ထွက်ခွာလာချိန်တွင် ကောလုနှင့် ချူယောင်တို့သည် ဝိညာဉ်နှင်းရေနှင့် ကောင်းကင်မီးအရည်တို့အား ဟန်လိတို့ကို ယူသွားခိုင်းပေးသည်။ သူတို့က ဝိညာဉ်သေသည် သူတို့၏ ကိစ္စကို သဘောမတူခဲ့လျှင်လည်း ကိစ္စမရှိကြောင်း၊ လက်ဆောင်အဖြစ် ပေးတာလို့ မှတ်ယူ၍ရကြောင်းကိုလည်း တယဉ်တကျေး ပြောကြ၏။

ဝိညာဉ်သေသည် ပြုံး၍သာ တုန့်ပြန်သည်။ သို့သော် သူက မငြင်းပါ။ ကျောက်စိမ်းသေတ္တာနှစ်ခုကို ယူ၏။ ထို့နောက် ကြည့်ကောင်းသည့် စကားတချို့ ပြောပြီးနောက် သူသည် ဟန်လိနှင့်အတူ သည်ဆိုင်ခန်းထဲကနေ ထွက်လာခဲ့ချေသည်။

ရေဖြူဆိုင်ကနေ ထွက်လာပြီးနောက်မှာ ဟန်လိက နောက်သို့ တချက်ပြန်လှည့်ကြည့်သည်။ သူက မသိမသာ ခေါင်းယမ်းလိုက်ပြီးနောက် ရင်ပြင်ထဲကနေ ထွက်လမ်းရှာ၏။

သည်ဆိုင်ခန်းခြောက်ခုသည် တအုပ်စုတည်း ဖြစ်၍ ဟန်လိသည် တခြားဆိုင်များထံ သွားကြည့်နေရန် မလိုတော့ပေ။ တကယ်တော့ သူတို့က သူ လိုအပ်နေသော ပစ္စည်းအမယ်နှစ်ခုကို အလကား ပေးခဲ့ပြီးပြီး ဖြစ်၏။ သို့ဖြစ်၍ သူသည် သည်ဝန်းကျင်ပတ်လည်ရှိ တခြားဆိုင်များထံ သွားကြည့်ကာ သူ လိုချင်တာ ရှိလျှင် တခြားပစ္စည်းအမယ်တချို့တလေကို ဝယ်မည်ဟု စိတ်ကူးထားသည်။

သူ့အနေဖြင့် ရုပ်သေးနှစ်ရုပ်ကို ဖန်တီးဖို့အတွက် တချို့သတ္တုအမယ်များကိုလည်း လိုချင်သေး၏။ သူ့မှာ အရေးကြီးဆုံး သတ္တုအမယ်ဖြစ်သော နှစ်ပေါင်းရာချီ သက်တမ်းရှိ သံသစ်သားရှိနှင့်ထားပြီး ဖြစ်ပေမည့် ရင်းမြစ်သံနှင့် တိမ်အနှစ်သာရကျောက်တုံးတို့ကဲ့သို့ အရန်သတ္တုအမယ်များစွာကို ဝယ်ရန် လိုအပ်နေသေးသည်။

သူ့အဖို့ ဝိညာဉ်အစာဆေးလုံးကို သန့်စင်ဖော်စပ်ဖို့လည်း ပစ္စည်းအမယ်တချို့ လိုနေပြန်၏။ ထိုဆေးလုံးများကို သန့်စင်ပြီးလျှင်တော့ သူသည် ပင့်ကူဖြူများကို အပ်ကျမက်ကျ လေ့ကျင့်ပေးနိုင်လိမ့်မည်။

ထိုအတွေးဖြင့် ဟန်လိသည် ပစ္စည်းကောင်းများ ရှိနေသော ဆိုင်ငယ်တစ်ခုထံ ဝင်လာပြီး သူ လိုအပ်သော အများစုကို ဝယ်ယူခဲ့သည်။ ဝယ်ယူရန် ကျန်နေသေးသော ပစ္စည်းအမယ်တို့ကမူ ရှားပါး၍ ၎င်းတို့ကို ရနိုင်ရန် တခြားဆိုင်များထံ သွားကြည့်ရဦးမည်။

ဆိုင်ခန်းများစွာကို လှည့်ပတ်ကြည့်နေရင်းဖြင့် ဟန်လိသည် ရှေးဟောင်းဆေးလုံးဖော်စပ်နည်းများနှင့် ကျင့်ကြံခြင်းပညာရပ်များကို ရောင်းချသော ဆိုင်မျာကို ပို၍ အာရုံစိုက်ထားသည်။

ကျင့်ကြံခြင်းပညာရပ်များအတွက်တော့ ၎င်းတို့၏ တန်ဖိုးသည် မြင့်မားသော်လည်း ယင်းတို့က ဟန်လိကို သည်ပြန့်ကြဲကြယ်ပင်လယ်များတွင် အသုံးပြုသော ကျင့်ကြံခြင်းပညာရပ်များစွာ အကြောင်း ရှင်းပြပေးနိုင်၏။

လှည့်ပတ်ကြည့်ပြီးနောက်မှာ ဟန်လိသည် အံ့အားသင့်နေမိသည်။

ဝိညာဉ်သေကို အပြင်ဘက်တွင် စောင့်ခိုင်းထားပြီး သူက ဆေးဝါးဆိုင်တစ်ခုထံ ဝင်လာခဲ့ပြီး ရောင်းရန်ရှိသော အခြေခံတည်ဆောက်ခြင်းအဆင့် ဆေးဝါးဖော်စပ်နည်းများအကြောင်းကို မေးမြန်းခဲ့သည်။ ထိုဆိုင်ရှင်သည် သူ့ကို ဆေးဖော်စပ်နည်းဆယ်ခုကျော်အား မထင်မှတ်ဘဲ ပြသပေးသည်။ ထိုအခါ ဟန်လိသည် တုန်လှုပ်အံ့အားသင့်လွန်းသဖြင့် သူ့လျှာကို ကိုက်မိလုနီးနီး ဖြစ်သွားရသည်။

သူသည် မယုံကြည်နိုင် ဖြစ်နေမိသော်လည်း ထိုဆေးနည်းများကို သေချာစူးစမ်းကြည့်သည့်အခါတွင်တော့ ရလဒ်က သူ့ကို လုံးဝ အံ့ဩတုန်လှုပ်သွားစေခဲ့သည်။

ဆေးလုံးဖော်စပ်နည်းများသည် ရှားပါးပစ္စည်းအမယ်များကို အသုံးပြုရသည်ဖြစ်စေ၊ မြင်တွေ့နေကျ ပစ္စည်းအမယ်များကို အသုံးပြုရသည်ဖြစ် အားလုံးက စိတ်ဝိညာဉ်ဆေးပင်များအစား နတ်ဆိုးသားရဲ အမြုတေများ လိုအပ်နေပေသည်။ ဆေးလုံးဖော်စပ်နည်းက ပို၍ ရှားပါးအဖိုးတန်လေလေ အဆင့်ခြောက်နှင့် အဆင့်ခုနစ် နတ်ဆိုးသားရဲတို့၏ အတွင်းအမြုတေကို ပိုလိုအပ်လေပင်။

ထိုဆေးနည်းများကို ဖော်စပ်ဖို့ သက်တမ်းရာချီရှိသော စိတ်ဝိညာဉ်ဆေးပင်တို့ လိုအပ်သော်ငြားလည်း ဆေးဖော်စပ်နည်းတွင် ယင်းစိတ်ဝိညာဉ်ဆေးပင်တို့ကို အသုံးပြုခြင်းသည် အပိုထပ်ဆောင်းပစ္စည်းအမယ်များလောက်သာ။ ယင်းအပင်များ၌ တခြားသော စိတ်ဝိညာဉ်ဆေးပင်များကိုလည်း အစားထိုးနိုင်သည်။

ဟန်လိမှာ သည့်အတွက်ကြောင့် အတော်ကြာသည့်အထိ ပါးစပ်အဟောင်းသား ဖြစ်မိနေသည်။ ဆိုင်ရှင်၏ သံသယဝင်နေဟန် အကြည့်အောက်မှာ ဟန်လိသည် တန်ဖိုးနည်းနည်းသာ ပေးရပြီး အတော်အတန် အသုံးဝင်သော ဆေးလုံးဖော်စပ်နည်းများကို ကြုံသလို ဝယ်လာခဲ့ပြီး တွေဝေစဉ်းစားနေဟန်ဖြင့် ပြန်ထွက်လာခဲ့သည်။

ခဏအကြာတွင် သူသည် မကျေမနပ် ဖြစ်နေသေးပြီး တခြားဆေးဝါးဆိုင်များကိုလည်း သွားကြည့်သေးသည်။ အဆင့်နိမ့်ချီစုဆောင်းခြင်းဆေးလုံးများကလွဲ၍ အားလုံးသော ဆေးဖော်စပ်နည်းများမှာ နတ်ဆိုးသားရဲ အမြုတေများ လိုအပ်ကြောင်းကို တွေ့ရှိရလေ၏။

နောက်ဆုံးတွင် ဟန်လိသည် ဆိုင်ရှင်ကို နတ်ဆိုးသားရဲအမြုတေများ မလိုအပ်သော အဆင့်မြင့်ဆေးဝါးဖော်စပ်နည်းများ ရှိပါရဲ့လားဟုပင် မေးမြန်းကြည့်ရတော့သည်။ ထိုဆိုင်ရှင်သည် ဟန်လိကို ငကြောင်တစ်ကောင်လား ဟူသော အကြည့်ဖြင့် အချိန်အတော်ကြာ ကြည့်နေပြီးမှ သူက စကားဆိုလာသည်။

“သားရဲရဲ့ နတ်ဆိုးအမြုတေကို အသုံးမပြုဘူးဆိုရင် အဆင့်မြင့်ဆေးလုံးဖော်စပ်ဖို့ ခင်ဗျားက တခြား ဘာတစ်ခုကိုများ အသုံးပြုမလို့လဲ…”

ထို့နောက်တွင်တော့ ဟန်လိလည်း ဆိုင်ထဲကနေ ထွက်လာခဲ့ပြီး သည်ကိစ္စကို လုံးဝ လက်လျော့လိုက်တော့သည်။

ကြည့်ရတာ ပြန့်ကြဲကြယ်ပင်လယ်များ၏ ဆေးဝါးတာအိုသည် ကောင်းကင်တောင်ပိုင်းဒေသနှင့် မတူညီသောလမ်းကြောင်းတစ်ခု ဖြစ်ပုံ ရမည်။ သူတို့က ဆေးလုံး၏ အဓိကကျသော ပါဝင်အမယ်ကို စိတ်ဝိညာဉ်ဆေးပင်များအစား ပင်လယ်နတ်ဆိုးသားရဲများ၏ အမြုတေများကိုသာ အသုံးပြုကြပေသည်။

သေချာတွေးကြည့်ပြီးနောက်မှာ ဟန်လိသည် ထိုအချက်က အတော်လေးတော့ အကျိုးအကြောင်းသင့်သည်ဟု သိလိုက်သည်။ ပင်လယ်မှာ ကျယ်ပြော၍ အဆုံးမရှိ။ နတ်ဆိုးသားရဲ မရေမတွက်နိုင်စွာ နေထိုင်ကြသည်။ သို့ဖြစ်၍ သည်ပင်လယ်မှ ကျင့်ကြံသူများ၏ ဘိုးဘေးဘီဘင်များသည် ဆေးဝါးဖော်စပ်ဖို့အတွက် ရင်းမြစ်များအားလုံးကို ပျောက်ပျက်မျိုးတုန်းသွားအောင် လုပ်နိုင်ခဲ့ကြမည် မဟုတ်၍ ပြန့်ကြဲကြယ်ပင်လယ်များ၏ ဆေးပညာရပ်နှင့် ပတ်သတ်သော အခြေအနေများသည် ကောင်းကင်တောင်ပိုင်းထက် အများကြီး ပိုသာပေလိမ့်မည်။

ဟန်လိသည် လမ်းထောင့်တစ်နေရာတွင် ထိုသို့ စဉ်းစားနေပြီး သူသည် သူ မကြာသေးခင်က ဝယ်ယူခဲ့သော ဆေးဖော်စပ်နည်းများထဲမှ အခြေခံတည်ဆောက်ခြင်းဆေးလုံးဟု အမည်တစ်ခုနှင့် ဆေးဖော်စပ်နည်းကို သေချာကြည့်ရှုလေ့လာကြည့်သည်။

ထိုဆေးဖော်စပ်နည်းမှာ ဟန်လိ သိထားသော ဆေးနည်းနှင့် များစွာ တူညီသည်။ သို့သော် အဓိကပါဝင်အမယ်ကမူ သွေးနှင့်မီးတားမြစ်ဧရိယာတွင်သာ ရှိတွေ့နိုင်သည့် စိတ်ဝိညာဉ်ဆေးပင်များအစား အဆင့်ငါးနတ်ဆိုးသားရဲ၏ အမြုတေများကို အစားထိုးအသုံးပြုရပေသည်။

ထိုသည်ကို မြင်သည့်အခါ ဟန်လိသည် သူ ဝယ်ခဲ့သော ဆေးနည်းများအားလုံးကို သိမ်းဆည်းပြီး သူက လက်ပိုက်ကာ သေချာလေးနက်စွာ စဉ်းစားခန်းဝင်လေ၏။

All Chapters