← Chapters

ပင်လယ်သို့ ခရီးနှင် (၁)

Vol. 27 Ch. 378

ပင်လယ်သို့ ခရီးနှင် (၁)

Vol. 27 Ch. 378

အချိန်အတော်အတန်ကြာပြီးနောက်မှာ ဟန်လိသည် စဉ်းစားခန်းဝင်နေရာကနေ သတိပြန်ဝင်လာသည်။ သူ့စိတ်ထဲ၌လည်း အစီအစဉ်တစ်ခု ချမှတ်ပြီး ဖြစ်၏။

ဟန်လိသည် ကျင့်ကြံခြင်းပညာရပ်များ၏ ရှေးဟောင်းမှတ်တမ်းများ ရောင်းချသော ဆိုင်များသို့လည်း သွားလည်ပတ်ခဲ့သည်။ ထိုဆိုင်များကတော့ သူ့ကို ဘာမျှ အံ့အားတသင့် မဖြစ်စေခဲ့ပေ။ သူသည် ထိုကျင့်ကြံခြင်းပညာရပ်များနှင့် ပတ်သတ်ပြီး အတော်လေး သိထားပေသည်။ ဒြပ်စင်ငါးခုနှင့် ပတ်သတ်သော ပညာရပ်များမှာ အရင်ကောင်းကင်တောင်ပိုင်းဒေသမှ ပညာရပ်များနှင့် များများစားစား ကွာခြားမှု ရှိမနေချေ။

သည်မှာက ရေဒြပ်အခြေခံ မှော်ပညာရပ်များကတော့ ပိုများနေတာ တစ်ခုသာ။ ဟန်လိ အရင်က မကြားဖူးသော ပညာရပ်အသစ်တချို့တလေတော့ ရှိ၏။

ဟန်လိသည် ထိုပညာရပ်အသစ်များပါသော စာအုပ်တို့နှင့်အတူ မထင်မှတ်ဘဲ တွေ့ခဲ့သော ဆေးတာအိုစာအုပ်တစ်အုပ်ကိုပါ ဝယ်ယူခဲ့သေးသည်။ သူက ၎င်းစာအုပ်ကို ဝယ်ယူခဲ့ရသည့်အကြောင်းမှာ အနှီစာအုပ်ထဲတွင် မြေမှုန့်ဆေးလုံးနှင့် ပတ်သတ်ပြီး ကျွမ်းကျင်သူတစ်ယောက်၏ ဖော်ပြချက် ပါသောကြောင့်ပင်။ ဟန်လိသည် ၎င်းကို သေချာလေ့လာပြီးမှ နန်းတော်ခြောက်ခုအဖွဲ့အစည်း၏ တောင်းဆိုချက်နှင့် ပတ်သတ်၍ ဆုံးဖြတ်မည် ဖြစ်သည်။

တခြား ဘာမှ ဝယ်ဖို့ပြုဖို့ မရှိတော့၍ ဟန်လိနှင့် ဝိညာဉ်သေတို့သည် ကောင်းကင်မြို့တော်ဈေးကနေ ထွက်လာခဲ့တော့သည်။ သူတို့သည် မာကြောကြယ်မြို့ကနေ ထွက်လာပြီး မရှောင်းမနှောင်းမှာပင် ကူးဂိုဏ်းနေအိမ်တော်ထံ ဦးတည်၍ ပျံသန်းလာခဲ့ကြသည်။

နေ့တစ်ဝက်လောက် ကြာပြီးနောက်မှာတော့ ဟန်လိသည် ကူးဂိုဏ်းအိမ်တော်၏ မြေသားနံရံများကို စမြင်ရလေပြီ။ သို့ပေမည့် သူက ကူးအိမ်တော်သို့ ချက်ခြင်း မဆင်းသက်။ အရင်က သူ နေထိုင်ခဲ့ဖူးသော အိမ်တော်ဘေးရှိ တောင်ကုန်းငယ်သို့ အရင်သွား၍ သူ ဆောက်ခဲ့သော သစ်သားအိမ်ငယ်ကို ကြည့်ရှုရန် ဆုံးဖြတ်လိုက်သည်။

ထိုသစ်သားအိမ်ငယ်သည် အရင်မူလနေရာတွင် ရှိနေဆဲ။ သို့သော် အချိန်ကာလ၏ ရွှေ့လျားမှုကြောင့် အိမ်တော်၏ အနောက်ဘက်ပိုင်း တချို့နေရာများတွင်တော့ ဆွေးမြေ့ပျက်စီးမှုတို့ ရှိလို့နေပြီ။ ထိုသည်ကို မြင်သည့်အခါ ဟန်လိသည် ပေါ့ပေါ့ပါးပါး သက်ပြင်းချပြီး အိမ်တံခါးကို ဖွင့်၍ အထဲသို့ ဝင်လာသည်။

“အန်…” ဟန်လိသည် အံ့အားသင့်သွား၏။ အိမ်ထဲမှာ ဖုန်များ ကင်းစင်နေပြီး သူ မျှော်လင့်ထားသလို အိမ်အိုအိမ်ဟောင်းအနံ့အသက်ကိုလည်း မရပေ။ ထိုအစား အခန်းမှာ သန့်ရှင်းနေပြီး စားပွဲ၊ ကုလားထိုင်၊ အိပ်ယာများတွင်လည်း ဖုန်မှုန့်ဟူ၍ တမှုန့်တလေမျှ ရှိမနေပေ။ သစ်သားစားပွဲပေါ်၌ အပြာရောင်ပန်းအိုးတစ်ခုကိုပါ ထားထားသေး၏။

ဟန်လိသည် ခဏတော့ အတွေးထဲ မြောသွား၏။ ယင်းနောက် သူက ရယ်မောကာ တွေးလိုက်သည်။

“ကြည့်ရတာ ကူးဂိုဏ်းက ဒီအိမ်တဲ့ ပတ်သတ်ပြီး အတွေးတခုခု ရှိပုံ ရတယ်…”

ဟန်လိက တကိုယ်တည်း ထိုသို့ ရေရွတ်လိုက်၏။

ယင်းနောက် သူသည် အိမ်ထဲကနေ ပြန်ထွက်လာပြီး ဝိညာဉ်သေကို တောင်ကုန်းပေါ်မှာ ထားခဲ့ကာ ကူးအိမ်တော်ဝန်းထဲ သူ တစ်ယောက်တည်း လှမ်းလျှောက်လာသည်။ ဟန်လိသည် ကူးအိမ်တော်ထံ အလျင်အမြန် ပျံသန်းဝင်ဖို့ စိတ်ကူး မရှိချေ။ ကူးအိမ်တော်၏ မန္တာန်အစီအရင်က သူ့အတွက် ပြဿနာ မဟုတ်သော်လည်း အရှင်ကူးသည် သူ့အသိမိတ်ဆွေဟောင်းတစ်ယောက်ဟု ယူဆနိုင်၍ ယဉ်ယဉ်ကျေးကျေးဝင်ရောက်တာက ပိုကောင်းပါလိမ့်မည်။

သို့ပေမည့် ဟန်လိသည် ကူးအိမ်တော်တံခါးရှေ့သို့ လျှောက်လာသည့်အခါ အိမ်တော်အစောင့်နှစ်ယောက်က သူ့ကို သတိပြုမိသွား၏။ သူတို့ထဲမှ တစ်ယောက်က သံသယဝင်ဟန်ဖြင့် မေးလာသည်။

“ခင်ဗျားက ဘယ်သူလဲ။ ကျုပ်တို့ ကူးအိမ်တော်ကို ဘာလာလုပ်တာလဲ…”

ဟန်လိသည် ပြုံး၍ လေသံခပ်တိုးတိုးဖြင့် ပြောသည်။

“မင်းတို့ရဲ့ ကူးအိမ်တော်သခင်ကို သွားပြောချေ။ မျိုးရိုးဟန်နဲ့ မိတ်ဟောင်းတစ်ယောက် လာလည်တယ်လို့…”

“ကျုပ်တို့ ကူးဂိုဏ်းရဲ့ သခင်ကြီးက အပြင်လူတွေကို မတွေ့ဘူး။ အန်…နေပါအုံး…ဟန်ဟုတ်လား…။ ခင်ဗျားက အင်မောတယ်အရှင်ဟန်များလား…”

ထိုသူက သူ့ကို စစချင်း ငြင်းဆန်၏။ သို့သော် ဟန်လိကို သေချာကြည့်ရှုပြီးနောက်မှာ သူက သံသယဝင်ဟန် ဖြစ်ပေါ်သည်။

“မင်းက ငါ့ကို သိလို့လား…” ဟန်လိသည် မသိမသာ မျက်မှောင်ကြုံ့သွား၏။

“တကယ်ပဲ အင်မောတယ်ဟန်ကို။ ကျေးဇူးပြုပြီး ခဏစောင့်ပါ…အင်မောတယ်အရှင်။ ကျနော် အိမ်တော်သခင်ကို သွားတင်ပြပေးပါ့မယ်…”

ထိုသူသည် ဆက်၍ မပြောတော့ အိမ်တော်ထဲ အပြေးဝင်သွားသည်။

ဟန်လိသည် အိမ်တော်ထံ အမူအရာကင်းမဲ့စွာဖြင့်သာ ကြည့်နေလေ၏။

သိပ်မကြာခင် အုပ်စုတစ်စုသည် အိမ်တော်ထဲကနေ ထွက်လာသည်။ ထိုအုပ်စုကို ဦးဆောင်းလာသော အဘိုးအိုက ဟန်လိကို မြင်သည်နှင့် အားပါးတရ ပြုံးကာ ကျယ်လောင်စွာ လှမ်းအော်သည်။

“အင်မောတယ်ဟန်…နောက်ဆုံးတော့ ခင်ဗျား ပြန်လာပြီပဲ။ ကျုပ် စောင့်နေတာ နှစ်အတော်လေး ကြာသွားခဲ့ပြီ…”

ထိုအဘိုးအိုသည် ပြောပြောဆိုဆို ရှေ့သို့ ခပ်သွက်သွက် လျှောက်လာပြီး ဟန်လိကို နှုတ်ဆက်ဂါဝရပြုသည်။ တခြားသူများက သူ့နောက်မှ လိုက်လာပြီး ဟန်လိကို တလေးတစား ဂါဝရပြုကြ၏။ ဟန်လိသည် ထိုအဘိုးအိုကို သေချာကြည့်သည်။ သူကား ကျိန်းသေပေါက် အရှင်ကူးပင်။

သို့သော် အခုအခါ၌ သူ့ဆံပင်တို့မှာ ဖြူနေပြီ၊ မျက်နှာမှာ အရေးအကြောင်းတို့ ရှိလို့နေပြီ။

“အရှင်ကူး…ခင်ဗျား အဆင်ပြေလိမ့်မယ်လို့ ကျုပ် ယုံတယ်…” ဟန်လိသည် အေးအေးဆေးဆေးဟန်ပန်ဖြင့် မေးလိုက်သည်။

အရှင်ကူး၏ တလေးတစား ကြိုဆိုမှုအောက်မှာ ဟန်လိသည် ကူးအိမ်တော်၏ အလယ်တည့်တည်ရှိ အိမ်တော်ကြီးတစ်ခုထဲ ဝင်လာသည်။

ထိုအိမ်ထဲ ဝင်လာပြီးနောက်မှာ အရှင်ကူးသည် ဟန်လိ ဘာမျှ ပြောနေစရာပင် မလိုဘဲ ဟန်လိကို စိတ်ဝိညာဉ်ကျောက်တုံးများထည့်ထားသော အိတ်ကြီးတစ်အိတ်ကို လှမ်းပေးသည်။ ထို့အပြင် သူသည် ဟန်လိကို ကူးဂိုဏ်း၏ သူ့မျိုးဆက်သစ်ကလေးငယ်တချို့နှင့်ပါ မိတ်ဆက်ပေးသေးသည်။ သူသည် အသက်သုံးဆယ်ရှိပြီ ဖြစ်သော သူ၏ သားအကြီးဆုံး ကူးကိုင်နှင့် ပိုပိုသာသာ အားစိုက်ထုတ်ကာ မိတ်ဆက်ပေးလေသည်။

ဟန်လိသည် ကူးအိမ်တော်သခင်၏ ရည်ရွယ်ချက်ကို မမြင်ဘဲ ဘယ်နေပါ့မည်နည်း။ ကူးအိမ်တော်သခင်သည် သူ့ဘဝမှာ နေဝင်ချိန်ရောက်တော့မည်ကို သိသည်။ သူ ကွယ်လွန်သွားပြီးနောက်မှာ သူက ဟန်လိကို သူ့ဂိုဏ်းအပေါ် အကူအညီတချို့တလေ ဆက်ပေးစေချင်နေတာ ဖြစ်သည်။

ဟန်လိက မသိမသာ ပြုံး၍ အတိတ်တုန်းက မိတ်ဆွေဖြစ်ခဲ့သည့်အတွက်ကြောင့် ပေါ့ပေါ့ပါးပါး ကတိတချို့ကိုတော့ ပေးမည်ဟု ပြောသည်။

ကူးအိမ်တော်သခင်မှာ အတော်လေး ကျေနပ်ပျော်ရွှင်သွားပြီး ဟန်လိအတွက် ဧည့်ခံပွဲ လုပ်ပေးပါရစေဟု ပြောသည်။ သို့သော် ဟန်လိက ပါးနပ်စွာဖြင့် လက်မခံပေ။

ယင်းနောက်တော့ ဟန်လိသည် ကူးအိမ်တော်သခင်နှင့် စကားစမြည် ပြောပြီး ကူးနေအိမ်တော်ကနေ ပြန်ထွက်ခွာလာခဲ့လေ၏။

ထွက်ခွာလာပြီးနောက် ဟန်လိသည် တောင်ကုန်းငယ်ပေါ် ဝိညာဉ်သေကို လာခေါ်ပြီး အနီးအနားရှိ ရွာတစ်ခုထံ ပျံသန်းလာသည်။ ဟန်လိသည် တည်းခိုးခန်းတစ်ခုကို အလျင်အမြန် ရှာကာ တညလုံး ဆေးတာအိုတန်ဖိုးဖြတ်ခြင်း စာအုပ်ကို မအိပ်ဘဲ လေ့လာကြည့်နေသည်။

နောက်တနေ့တွင် ဟန်လိသည် ပြန့်ကြဲကြယ်ပင်လယ်များ၏ ဆေးဝါးများနှင့် ပတ်သတ်၍ ယေဘုယျနားလည်သွားလေပြီ။ ဖုန်မှုန့်ဆေးလုံးနှင့် ပတ်သတ်၍တော့ သူက အကြိမ်ကြိမ် စူးစမ်းလေ့လာ ကြည့်ခဲ့သည်။

စာအုပ်ထဲက အတိုင်းဆို ထိုမြေမှုန့်ဆေးလုံးကို သန့်စင်ဖို့ငှာ ထူးကဲသောနတ်ဆိုးသားရဲများ၏ အမြုတေများစွာ လိုအပ်ရုံသာမက မြင်ရခဲသော စိတ်ဝိညာဉ်ဆေးပင်များကိုလည်း လိုအပ်ပေသည်။ ၎င်းမှာ အဖိုးတန်ဆေးလုံးဖြစ်တာ သံသယ ဖြစ်စရာ မရှိပေ။

ထိုဆေးလုံးသည် အမြုတေဖွဲ့စည်းဖို့အတွက် ဖြစ်နိုင်ချေကို တိုးတက်အောင် လုပ်ပေးနိုင်သော အံ့အားသင့်ဖွယ် သက်ရောက်မှုအာနိသင်လည်း ရှိပေသည်။ ထိုတိုးတက်မှုမှာ များများစားစား မဟုတ်သော်ငြားလည်း လူတစ်ယောက်၏ အမြုတေကို ဖွဲ့စည်းနေစဉ်အတောအတွင်း ၎င်းဆေးလုံးကို သောက်သုံး၍ ရနိုင်သည်။ ၎င်းမှာ အမြုတေဖွဲ့စည်းခြင်းသို့ တက်လှမ်းဖို့ လက်တကမ်းအလို ကျင့်ကြံသူများအတွက်တော့ ရတနာတစ်ခုသာ။

မည်သို့ပင်ဖြစ်စေ နန်းတော်ခြောက်ခုအဖွဲ့အစည်းသည် ထိုသို့ရှားပါးဆေးလုံးကို ပေးခြင်းကို ထောက်ရှုမှတော့ ယူရမည့် တာဝန်မှာလည်း အစီအရင်တစ်ခုကို ထိန်းသိမ်းဖို့လောက်တော့ လွယ်လိမ့်မည် မဟုတ်မှန်း ဟန်လိက ကောင်းကောင်း နားလည်ပေသည်။ သူသာ လက်ခံခဲ့ပါက အန္တရာယ်များစွာ ရှိနေမှာ သေချာသည်။ သူ ကြုံရမည့် ပြဿနာများကိုတော့ မိုးကောင်းကင်ကသာ သိနိုင်ပေလိမ့်မည်။

သို့သော် ဟန်လိသည် သည်မြေမှုန့်ဆေးလုံးကို အမှန်တကယ် လိုချင်စိတ် ဖြစ်ပေါ်နေသည်။ တကယ်တော့ သူကော၊ ဝိညာဉ်သေကောသည် မကြာခင်မှာ အမြုတေဖွဲ့စည်းခြင်းနှင့် ရင်ဆိုင်တွေ့ကြုံကြရတော့မည် မဟုတ်လား။

သူ၏ ပင်ကိုယ်အားနည်းလှသော ပါရမီကို ထားလိုက်ဦး။ ဝိညာဉ်သေ၏ မိစ္ဆာအမြုတွေကို ဖွဲ့စည်းဖို့ပင် အခွင့်အရေးမှာ သုံးပုံတစ်ပုံသာ ရှိပေသည်။ ကျရှုံးနိုင်ခြေက မြင့်မားလွန်းနေ၏။ ဟန်လိမှာ မည်သို့ စိတ်အေးနိုင်မည်နည်း။ သူ့အဖို့ ထိုမြေမှုန့်ဆေးလုံးကို လိုအပ်နေတာ အမှန်ပင်။

အချိန်အတော်ကြာ စဉ်းစားနေပြီးနောက်မှာတော့ ဟန်လိသည် မည်သို့မှန်းမသိရသော အန္တရာယ်ကို ရင်ဆိုင်မည်ဟု ဆုံးဖြတ်ချက် ချတော့သည်။ တကယ်တော့ သူကော၊ ဝိညာဉ်သေကောမှာ အခြေခံတည်ဆောက်ခြင်းနောက်ဆုံးအဆင့်များ ဖြစ်ကြသည်။ အန္တရာယ် အရမ်းများလာခဲ့လျှင် ဟန်လိသည် သူ့ကိုယ်သူတော့ ပြဿနာမရှိလေဘဲ ကာကွယ်နိုင်လောက်မှာသာ။

ထို့အပြင် နန်းတော်ခြောက်ခုအဖွဲ့အစည်းသည် သိသာထင်ရှားသော စွမ်းအားပမာဏတစ်ခု ပိုင်ဆိုင်ထားပေသည်။ အခုချိန် သူတို့နှင့် ပတ်သတ်ခြင်းက တချိန်ချိန်ကျလျှင် ပြန့်ကြဲကြယ်ပင်လယ်များတွင် အသုံးတည့်ချင်တည့်လာနိုင်သေးသည်။

သို့သော် အရင်ဆုံး ဟန်လိသည် နန်းတော်ခြောက်ခုအဖွဲ့အစည်း၏ ဂုဏ်သတင်းနှင့် ပတ်သတ်ပြီး စုံစမ်းမှုတချို့ ပြုလုပ်ရမည်သာ။

ဆုံးဖြတ်ချက်ချပြီးပြီးဖြစ်၍ ဟန်လိသည် ဝိညာဉ်သေကို ခေါ်ကာ မာကြောကြယ်မြို့ထံ ပြန်လာခဲ့တော့သည်။

……

လဝက်လောက်ကြာပြီးနောက်မှာတော့ မာကြောကြယ်ကျွန်း၏ ဆိပ်ကမ်းကနေ အလွန်တရာ ကြီးမားလှသော သင်္ဘောကြီးတစ်စင်းသည် ရွက်လွင့်လာသည်။ အချိန်ခဏ ကြာပြီးနောက်မှာ အလင်းတန်းနှစ်ခု၊ တစ်ခုက အဖြူရောင်၊ တစ်ခုက အပြာရောင် တို့သည် ထိုသင်္ဘောထံ ပျံသန်းလာပြီး ၎င်းပေါ်သို့ သက်ဆင်းလေသည်။

ယင်းအလင်းတန်း လွင့်ပြယ်သွားပြီးနောက်မှာ လူသုံးယောက်က သင်္ဘောပေါ်၌ ပေါ်လာသည်။ တစ်ယောက်မှာ ဗလတောင့်တောင့်နှင့် ရုပ်စိုးစိုးတစ်ယောက်၊ တစ်ယောက်ကတော့ သာမန်ရုပ်သွင်နှင့်လူငယ်တစ်ယောက်နှင့် နောက်တစ်ယောက်ကတော့ သက်လတ်ပိုင်းလူတစ်ယောက်တို့ပင်။

မျက်လုံးပြူးပြး၊ မျက်ခုံးထူထူနှင့် လူတစ်ယောက်က လှမ်းလာပြီး ထိုသုံးယောက်ကို တလေးတစား နှုတ်ဆက်လေသည်။

“ကျုပ်တို့ရဲ့ သင်္ဘောကနေ ကြိုဆိုပါတယ်…အင်မောတယ်အရှင်တို့။ ကျုပ်က ဒီသင်္ဘောရဲ့ မာလိန်မှူး လောကျန့်ပါ။ တခြားအင်မောတယ်အရှင်တွေကတော့ သင်္ဘောပေါ်မှာ ရောက်နှင့်နေပါပြီ။ အခု ကျနော်က လူတိုင်းကို ဟိုနတ်ဆိုးသားရဲကောင် ကျက်စားတဲ့နေရာရှိ ခေါ်သွားပေးပါတော့မယ်…”

သူ ပြောသည့် အင်မောတယ်အရှင်များဆိုသူမှာ ဝိညာဉ်သေနှင့် ဟန်လိတို့ပင်။ သက်လတ်ပိုင်းလူကမူ ရေဖြူဆိုင်၏ ဆိုင်ရှင်ကောလုပင်။

“တာအိုရောင်းရင်းဝိညာဉ်သေ…ဂရုစိုက်ပါ။ ကျုပ် ကိစ္စတချို့ လုပ်ပြီးရင် ပြန်လာခဲ့ပါမယ်…” ထိုသို့ စကားအနည်းငယ် ပြောဆိုပြီးနောက်မှာ ကောလုသည် ထွက်သွား၏။

မျက်ခုံးထူထူနှင့်သူက ခေါင်းငုံ့ကာ ပြောလိုက်၏။ “ကျေးဇူးပြုပြီး အထဲကို ကြွပါ။ ကျနော်တို့က ခင်ဗျားအတွက် အခန်း ပြင်ဆင်ပေးထားပါတယ်။ ဒီသင်္ဘောက မကြာခင် ထွက်ပါတော့မယ်…”

ဟန်လိသည် သင်္ဘောကို တချက် ကြည့်ပြီးနောက် ဝိညာဉ်သေနှင့်အတူ သင်္ဘောဝမ်းထဲ ဝင်လာခဲ့လေသည်။

ဤအခိုက်တွင် ထိုသင်္ဘောကြီးမှာ ထပ်မံ၍ တဖြည်းဖြည်း စတင်ရွက်လွင့်လာတော့သည်။

သင်္ဘောကိုယ်ထဲထဲ ဝင်လာပြီးသည့်နောက်မှာ ဟန်လိသည် သူ တွေ့မြင်ရသည့်အရာကြောင့် အံ့အားသင့်သွားမိသည်။ ဟန်လိ စိတ်ကူးထားသကဲ့သို့ သင်္ဘောအတွင်း လျှောက်လမ်းမှာ သေးငယ်မနေ၊ထိုအစား မီတာလေးဆယ်ကျော်လောက် အကျယ်အဝန်းနှင့် တခမ်းတနား ဖြစ်နေသည်။

သင်္ဘောလျှောက်လမ်း၏ ကြမ်းပြင်တွင် အလှဆင်ထားသော ကော်ဇော ခင်းကျင်းထားပြီး သည်အခန်းကြီး၏ အလယ်တွင် ရွှေငွေနှင့် အလှဆင်ထားသော စန္ဒကူးသစ်သားစားပွဲရှည်တစ်ခုလည်း ရှိနေသည်။ ၎င်းပတ်လည်တွင် ထိုင်ခုံဆယ့်နှစ်ခုကျော်လောက် ရှိနေပြီး လူတော်တော်များများက ထိုင်နေ၍ စကားစမြည် ပြောနေကြသည်။ ဟန်လိနှင့် ဝိညာဉ်သေတို့ ဝင်လာသည်နှင့် အေးစက်မာကြောသော အကြည့်များက သူတို့က ရောက်လာသည်။

ထိုအကြည့်များက ဟန်လိကို ဖြတ်ကျော်သွားရုံမျှသာ။ သူတို့၏အကြည့်များက ဝိညာဉ်သေကိုသာ အာရုံစိုက်ကြသည်။

ဝိညာဉ်သေသည် ဖြတ်ခနဲ ဟန်လိရှေ့သို့ ရောက်သွား၏။ ထို့နောက်တွင် သူသည် အမူအရာကင်းမဲ့စွာ ပြောသည်။

“ကျုပ်က ဝိညာဉ်သေပဲ။ ဒါကတော့ ကျုပ်ရဲ့ တူလေးဟန်လိ။ တာအိုရောင်းရင်းတို့ကိုကော ဘယ်လို ခေါ်ဝေါ်ရမလဲ…”

All Chapters