← Chapters

ဝယ်လိုအားကများပြီး ကုန်ပစ္စည်းကအကန့်အသတ်ရှိနေ

Vol. 81 Ch. 1133

ဝယ်လိုအားကများပြီး ကုန်ပစ္စည်းကအကန့်အသတ်ရှိနေ

Vol. 81 Ch. 1133

အခန်း (၁၁၃၃) ဝယ်လိုအားကများပြီး ကုန်ပစ္စည်းကအကန့်အသတ်ရှိနေ

တစ္ဆေနတ်ဘုရားဆေးရည် ၊ ကောင်းကင်ရှောင်တိမ်းခုနစ်လှည့်အင်းချပ် ၊ အတွင်းပိုင်းသတင်းကျောက်မီးပြင်းဖို ၊ အုံ့ဆိုင်းမိုးချပ်ပြား အရာအားလုံးက ရှားပါးပြီး အစွမ်းထက်သော ရတနာပစ္စည်းများ ဖြစ်ကြသည်။

ရန်ကျောက်ကဲအတွက် အသုံးမဝင်သည့်တိုင် ဝါဒတောင်တွင်ရှိသော သူ၏ဂိုဏ်းတူတပည့်များ ၊ ကျောက်စိမ်းကျောင်ဆောင်နှင့် ကျင်းထင်တောင်မှ အဆင့်နိမ့်ကျင့်ကြံသူများအနေဖြင့် အလွန်အသုံးဝင်သောပစ္စည်းများသာပင်။

ရန်ကျောက်ကဲက ပြုလုပ်ထားသည့်ရတနာပစ္စည်းများထဲမှ သူ့ကိုယ်ပိုင်အသုံးပြုရန် ဖယ်ထားပြီးဖြစ်သော်လည်း အကျိုးအမြတ်ရရှိမည်ဆိုပါက ထိုပစ္စည်းများကို ထုတ်ရောင်းရန် စီစဉ်ထားသည်။

ထိုရတနာပစ္စည်းများကို အခြားသောရတနာပစ္စည်းအမြောက်အမြားဖြင့် လဲလှယ်နိုင်မည်ဖြစ်ရာ အရှုံးထက် အမြတ်က ပိုမိုများပြားသည်။

သို့သော် ရန်ကျောက်ကဲက အကျိုးအမြတ်ရရှိရန်ထက် ထျန်းယိခန်းမတွင် လူအများစုဝေးခြင်းမှတစ်ဆင့် သြဇာလွှမ်းမိုးနိုင်မှု တည်ဆောက်ရန် ရည်မှန်းထားသည်။

လူအများ ခန်းမမှ မခွာနိုင်ဖြစ်ကာ အိပ်မက်များနောက်လိုက်သည်ကို အသုံးချပြီး လွှမ်းမိုးနိုင်မှုဖြန့်ကျက်ရန် သူ စဉ်းစားထားသည်။

ရန်ကျောက်ကဲက ပခုံးတစ်ချက်တွန့်ရင်း...

“အရည်အချင်းမီတဲ့ အမြင့်ဆုံးစျေးပေးနိုင်သူအတွက် အကျိုးအမြတ်ကတော့ တခြားကိစ္စပဲပေါ့ ၊ အဲဒါက မရှိမဖြစ်ဆိုပေမယ့် အလွန်အကျွံတော့ မဖြစ်နိုင်ပါဘူး”

ပိုက်ဆံသုံးဖြုန်းနိုင်ခြင်းက လူများကိုပိုပြီး စွမ်းအားကြီးမားစေသည်။

ဤသည်က ပြောရန်အနည်းငယ်အဆင်မပြေသည့်တိုင် မကြာခဏဆိုသလို မှန်ကန်သည်ကိုတော့ ဝန်ခံရပေမည်။

ထို့ကြောင့် ချမ်းသာကြွယ်ဝသောသူဌေးကြီးများက အဓိကစားသုံးသူများ ဖြစ်လာကြသည်။

ကိုယ်ရေးကိုယ်တာလိုအပ်ချက်အရဆိုလျှင် ရန်ကျောက်ကဲ အဓိကပစ်မှတ်ထားမည့်သူများမှာ ငွေးကြေးများစွာ သုံးစွဲနိုင်သော ထိပ်တန်းလူချမ်းသာများ ဖြစ်ပေလိမ့်မည်။

အကြောင်းမှာ ထိပ်တန်းလူချမ်းသာများ သြဇာကြီးမားသူများဖြစ်ကြပြီး ရှားပါးသော ရင်းမြစ်ပစ္စည်းများကိုလည်း ထိန်းချုပ်နိုင်ကြသောကြောင့် ဖြစ်သည်။

လက်ရှိကမ္ဘာတွင် ရတနာပစ္စည်းများစွာက တန်ဖိုးရှိသော်လည်း စျေးကွက်မရှိသဖြင့် သက်ဝင်လှုပ်ရှားမှု နည်းပါးလျှက် ရှိသည်။

အချို့သောပစ္စည်းများဆိုလျှင်တော့ တ်ဖိုးတိုင်းတာမရနိုင်ဘဲ ပိုင်ရှင်၏ လိုအပ်ချက်ဖြင့်သာ တိုင်းတာနိုင်သည်။

ယခုထုတ်လုပ်ထားသော ရတနာပစ္စည်းများစွာသည် ဝါဒတောင်အတွက် အလွန်အဖိုးတန်သော်လည်း ရန်ကျောက်ကဲအတွက်တော့ အသုံးမဝင်လှပေ။

ရန်ကျောက်ကဲက ဤကမ္ဘာတွင် နှိုင်းယှဉ်မရသည့် အဖိုးတန်ရတနာပစ္စည်းများကိုသာ မျက်လုံးထဲ ထားလေ့ရှိ၏။

ထျန်းကျိခန်းမဖွင့်လှစ်သည့်အခါ ‘ဦးသူယူစနစ်’ ဖြင့်ရောင်းချမည်ဖြစ်သဖြင့် မည်သူက ဘာပစ္စည်းဝယ်သွားကြောင်း အတိအကျ သိရှိနိုင်တော့မည် မဟတု်ပေ။

ယခင်တစ်ချိန်က အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ် ၊ မိုးကြိုးသံတောင်ထွတ်မှ ‘ရှ’ အိမ်တော်အနေဖြင့် မိမိတို့တွင်ရှိသော ရတနာပစ္စည်းအကြောင်း မတော်တဆ သတင်းမပေါက်ကြားခဲ့ဘူးဆိုလျှင် မည်သူမှ သူတို့ထံမှ လုယူသွားမည် မဟုတ်ပေ။

ထို့ကြောင့် ပစ္စည်းဝယ်ယူသူများ၏ လုံခြုံရေးကို ထည့်သွင်းစဉ်းစားပေးပြီး ‘ဦးသူယူစနစ်’ ကျင့်သုံးလိုက်ခြင်းပင်။

လုပ်ငန်းးဆက်လက်လည်ပတ်ရန်အတွက် ရင်းမြစ်ပစ္စည်းများ အချိန်တိုအတွင်း စုဆောင်းနိုင်ရန်လည်း ထျန်ကျိခန်းမက နည်းလမ်းအချို့ စဉ်းစားရပေမည်။

သို့သော် အချိုးအစား သေသေချာချာ သိရှိရန်လိုအပ်ပြီး ရန်ကျောက်ကဲက အရင်းရှင်စနစ်ဖြင့် လိုက်လျောညီထွေရှိသည်ဟု စိတ်ထဲမှ မှတ်ယူထားသည်။

မည်သို့ပင်ဖြစ်စေ ထျန်းကျိခန်းမ လုပ်ဆောင်ရန်အတွက် အကြောင်းအရာများစွာ ရှိနေသေးသည်။

အတိတ်ဘဝ ကောင်းကင်ဘုံနန်းတော်စာကြည့်တိုက်မှ မှတ်တမ်းမှတ်ရာများအား ရန်ကျောက်ကဲက ကျယ်ကျယ်ပြန့်ပြန့် သိရှိသည်ဖြစ်ရာ မည်သည့်စွမ်းအားစုမဆို ထျန်းကျိခန်းမကို လှုပ်ခါအောင်ပြုလုပ်ရန် ခက်ခဲသည်။ ထို့ကြောင့် ထျန်းကျိခန်းမ၏ အခြေခံအုတ်မြစ်က အလွန်တရာ ခိုင်ခန့်လွန်းပေသည်။

ထျန်းကျိခန်းမကို ဖျက်ဆီးရန် ပြင်ပလောကမှ အမှောင့်ပယောဂများ ဝင်ရောက်လာရန်မှာလည်း ဖြစ်နိုင်ခြေ နည်းပါးသည်။

ချိုးကျားဟိုင်နှင့် ကျောက်စိမ်းကျောက်ဆောင်မှတပည့်များ ဤနေရာတွင်ရှိနေခြင်းက အလကားသက်သက် မဟုတ်ပေ။

ရန်ကျောက်ကဲက ရယ်မောလိုက်ရင်း...

“ငါတို့တွေ စီးပွားရေးတံခါးကိုဖွင့်လိုက်တဲ့အခါ ငြိမ်းချမ်းရေးကနေ စည်းစမ်းချမ်းသာတွေ မွေးဖွားလာမယ် ၊ ဟန်ချက်ညီခြင်းကနေ စည်းစိမ်ဥစ္စာတွေ မွေးဖွားလာမယ် ၊ ဟုတ်တယ်မလား”

ထိုစကားကိုကြားတော့ ချိုးကျားဟိုင်မျက်နှာထူးဆန်းသွားသည်။

သူ၏ ဂိုဏ်းတူညီလေး’ရန်’ က ဤနှစ်များအတွင်း အထက်ဘုံကမ္ဘာတွင် အတော်လေး ငြိမ်းချမ်းစွာနေခဲ့ဟန်တူသည်။

ထိုအချိန် ရှောင်အိုက်က အချိန်ကိုကြည့်ရင်း...

“သခင်လေး... ခန်းမဖွင့်ဖို့ အချိန်ကျပြီ”

ရန်ကျောက်ကဲက ပြုံးရင်း...

“ဒါဖြင့် အားလုံး မင်းလက်ထဲအပ်လိုက်ပြီ ၊ သတင်းကောင်း စောင့်နေမယ်နော်”

“စိတ်ချထားလိုက်ပါ သခင်လေး”

ရျောင်အိုက် အရှေ့ခန်းမသို့ ထါက်ခွာသွားစဉ် ချိုးယွီထုန်က ရန်ကျောက်ကဲကို ကြည့်လိုက်ရင်း...

“စိတ်မပူပါနဲ့ ငါလည်း စောင့်ကြည့်ပေးနေပါတယ်”

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“ကျေးဇူးတင်ပါတယ် ဂိုဏ်းတူအစ်ကို’ချိုး’”

ထျန်းကျိခန်းမ တရားဝင်ဖွင့်လှစ်မည့်နေ့ရက် နောက်ဆုံးတော့ ရောက်ရှိလာပြီဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းမှ ကျင့်ကြံသူများလည်း စုဝေးလျှက် ရှိကြသည်။

ပစ္စည်းဝယ်ယူခြင်းထက် အခြေအနေ စောင့်ကြည့်နေသူရန် ရောက်ရှိလာသူများလည်း များစွာရှိသည်။

မည်သို့ပင်ဖြစ်စေ ချိုးကျားဟိုင်တို့အုပ်စုက ကြီးကြပ်ပေးနေသဖြင့် မည်သူမျှ အရမ်းကာရော ပြဿနာရှာရဲကြမည် မဟုတ်ပေ။

ထျန်းကျိခန်းမမှရောင်းချသော ရတနာပစ္စည်းအများစုက ဧကရာဇ် (၃)ပါး ၊ အုပ်စိုးရှင် (၅)ပါးတို့အတွက် သင့်လျော်သော ပစ္စည်းများ မဟုတ်ပေ။

သို့သော် သူတို့၏တပည့်များကတော့ ထျန်းကျိခန်းမဖွင့်ပွဲသို့ လာရောက်စောင့်ကြည့်လျှက် ရှိကြသည်။ ဤသည်က လူတိုင်းကို မျက်စိပွင့်နားပွင့်ဖြစ်စေသည့်ကိစ္စ မဟုတ်ပါလား။

အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖို ၊ တစ္ဆေနတ်ဘုရားဆေးရည်တို့အပြင် အမျိုးမျိုးသော အခြားရတနာပစ္စည်းများလည်း ရှိသေးသည်။

သို့သော အရေအတွက်က အကန့်အသတ် ရှိသည်။

“လူတစ်ယောက်ကို (၃)မျိုးပဲ ဝယ်လို့ရမယ် ဟုတ်လား”

လူတိုင်းက ရှောင်အိုက်ကို အံ့အားသင့်စွာကြည့်ရင်း ရေရွတ်လိုက်ကြသည်။

ရှောင်အိုက်က တည်ကြည်စွာဖြင့် ခေါင်းညိတ်ရင်း...

“ဟုတ်ပါတယ်... ဒါပေမဲ့ လူတစ်ယောက်ကို (၃)ခုဝယ်လို့ရမှာ မဟုတ်ပါဘူး ၊ သိုင်းဂိုဏ်းတစ်ဂိုဏ်းကို (၃)ခုပဲ ဝယ်ယူခွင့်ရမှာပါ”

ပစ္စည်းများက အရည်အသွေးကောင်းမွန်သဖြင့် အရေအတွက် ကန့်သတ်ထားသည်က လူတိုင်းလက်ခံနိုင်သည့်ကိစ္စပင်။ ထို့ပြင် ရန်ကျောက်ကဲသတ်မှတ်ထားသည့်စျေးနှုန်းများကလည်း အတော်ပင်ရက်ရောသည်။

သို့ပေသိ ရတနာပစ္စည်းများက ရှားပါးတန်ဖိုးကြီးသည်ဖြစ်ရာ စျေးပေါပေါဖြင့် ရောင်းချခြင်းမပြုနိုင်သည်မှာ ထင်ရှားသည်။

ထိုအချက်ကိုသိရှိသောကြောင့် ယနေ့ရောက်ရှိလာကြသော ဝယ်ယူသူများမှာလည်း ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လာကြသည်။

ကျားခုန်တောင်ထွတ် ၊ ‘လော့’ အိမ်တော်မှ လော့ပေက...

“ဒီလိုဆိုမှတော့... ဒီ အဘိုးကြီးကို အုံ့ဆိုင်းမိုးချပ်ပြား (၃)ခုနဲ့ ကောင်းကင်ရှောင်တိမ်းခုနစ်လှည့်အင်းချပ် (၃)ခု ပေးပါ... ၊ ပြီးတော့... အတွင်းပိုင်းသလင်းကျောက် မီးပြင်းဖို (၁)လုံးနဲ့ တစ္ဆေနတ်ဘုရားဆေးရည် (၂)ပုလင်း...”

သူ့စကားမဆုံးခင် ရှောင်အိုက်က ဖြတ်ပြောလိုက်သည်။

“အကြီးအကဲ’လော့’ နားလည်မှု လွဲနေပြီ ၊ ကျွန်မပြောတာက ဒီခန်းမကနေ စုစုပေါင်း ပစ္စည်း (၃)မျိုးပဲ ဝယ်ယူနိုင်မှာပါ”

“ဟမ်...”

လော့ပေသာမက အခြားသူများအားလုံး မှင်တက်စွာဖြင့် ရှောင်အိုက်ကို ကြည့်လိုက်ကြသည်။

‌ရှောင်အိုက်က ပြုံးလျှက် ယဉ်ကျေးသိမ်မွေ့စွာဖြင့်...

“လူကြီးမင်းအနေနဲ့ အုံ့ဆိုင်းမိုးချပ်ပြား (၃)ခု ယူနိုင်ပါတယ် ၊ ဒါမှမဟုတ် အုံ့ဆိုင်းမိုးချပ်ပြား (၁)ခု ၊ ကောင်းကင်ရှောင်တိမ်းခုနစ်လှည့်အင်းချပ် (၁)ခု ၊ အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖို (၁)ခု ယူနိုင်ပါတယ် ၊ မဟုတ်ရင်လည်း တစ္ဆေနတ်ဘုရားသေရည် (၂)ပုလင်းနဲ့ အုံ့ဆိုင်းမိုးချပ်ပြား (၁)ခု ဝယ်ယူနိုင်ပါတယ် ၊ ဘယ်လို ရွေးချယ်မှုနဲ့ ဝယ်ယူမလဲဆိုတာကို လူကြီးမင်းကိုယ်တိုင် ဆုံးဖြတ်ပါ”

သူမက ဆက်ပြောသည်။

“ဘယ်လိုရွေးချယ်မှုမျိုးပဲ ပြုလုပ်ပါစေ လူကြီးမင်းအနေနဲ့ ဒီခန်းမက ပစ္စည်း (၃)ခုကိုပဲ ဝယ်ယူခွင့်ရမှာဖြစ်ပါတယ် ၊ တခြားသူတွေအတွက်လည်း အတူတူပါပဲ”

လော့ပေက မကျေမနပ်ဖြင့်...

“ကျုပ် ဒီ ယွမ်ကျိုးမြို့တော်မှာ ရက်တွေအကြာကြီး စောင့်နေခဲ့ရတာ ၊ ပြီးတော့ ကျုပ်က ပထမဆုံး ရောက်လာတဲ့သူလေ ၊ အရင်လာတဲ့သူကို အရင်ရောင်းမယ်လို့ ပြောထားပြီးတော့ ၊ အဲဒါကို ထည့်မတွက်ဘူးလား”

ရှောင်အိုက်က သူမ၏ သွားဖွေးဖွေးလေးများပေါ်အောင် ပြုံးရယ်လိုက်ရင်း...

“ထည့်တွက်မှာပါ...”

သူမက ဆက်ပြောသည်။

“ကျွန်မတို့က ရတနာပစ္စည်းရောင်းတာဆိုတော့ အရေအတွက်ကတော့ ကန့်သတ်ရမှာပါပဲ ၊ ပထမဆုံးရောက်လာတဲ့သူက သူ့ရဲ့ဂိုဏ်းအတွက် ရတနာပစ္စည်း (၃)ခု အရင်ဆုံး ဝယ်ယူခွင့်ရှိပါမယ် ၊ နောက်ပိုင်း ပစ္စည်းကုန်သွားရင်တော့ နောက်မှရောက်လာတဲ့လူတွေအနေနဲ့ နောက်တစ်ခေါက် ရောင်းမှပဲ ဝယ်ယူခွင့် ရပါလိမ့်မယ်”

“ဘာမှ မဝယ်လိုက်ရတဲ့ဧည့်သည်တော်များလည်း စိတ်ပူစရာမလိုပါဘူး ၊ လစဉ် လဆန်း (၁)ရက်နေ့တိုင်း ရတနာပစ္စည်းတွေရောင်းဖို့ ခန်းမဖွင့်မှာဖြစ်ပါတယ် ၊ နောက်ပိုင်းမှာ ကုန်ပစ္စည်းအမှာတွေကိုလည်း လက်ခံပေးပါ့မယ်”

ထိုစကားကိုကြားတော့ ရောက်ရှိနေသောလူအုပ်စု မှင်တက်သွားပြီး တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။

ဘယ်လောက်ပဲ ပိုက်ဆံချမ်းသာပါစေ ၊ ဘယ်လောက် နောက်ခံအင်အားကောင်းပါစေ ၊ အများဆုံးအဆင့် ပစ္စည်း (၃)ခုသာလျှင် ဝယ်ယူခွင့် ရပေလိမ့်မည်။

မည်သူမှ ဦးစားပေးခံရမည် မဟုတ်ပေ။

နောက်တစ်ကြိမ်မှသာ အခွင့်အရေးရရှိမည်ဖြစ်ပြီး ယခုတစ်ကြိမ်မှာတော့ အရင်ဆုံးရောက်ရှိသည့်အပေါ်တွင်သာ မူတည်ပေမည်။

လူတိုင်းမကျေမနပ် ဖြစ်သွားကြသော်လည်း ထိုသို့ပြုလုပ်ရန်မှလွဲပြီး အခြားရွေးချယ်စရာ မရှိပေ။

အဘယ်ကြောင့်ဆိုသော် ထျန်းကျိခန်းမမှရောင်းချသည့်ပစ္စည်းများက ကောင်းမွန်ထူးခြားသည်သာမက အမှန်တကယ် ရှားပါးရတနာပစ္စည်းများ ဖြစ်နေသောကြောင့်ပင်။

ယခု ထျန်းကျိခန်းမ ပထမအကြိမ်ဖွင့်လှစ်ခြင်းအတွက် ရန်ကျောက်ကဲက အလွန်သက်သာသောစျေးနှုန်း သတ်မှတ်ပေးထားပြီး အရောင်းအဝယ်ကိစ္စထက် သြဇာလွှမ်းမိုးနိုင်မှုကို အမြင့်ဆုံးဖြစ်အောင် လုပ်ဆောင်ခဲ့သည်။

“ဒါဆိုရင်တော့ အုံ့ဆိုင်းမိုးချပ်ပြား (၃)ခုပဲ အရင်ဆုံး ယူလိုက်တော့မယ်”

လော့ပေက ရှောင်အိုက်ကို အချိန်ကြာမြင့်စွာ စူးစိုက်ကြည့်နေပြီးမှ ဘေးနားတွင် အခါးရည်သောက်နေသည့် ချိုးကျားဟိုင်ကိုလှမ်းကြည့်လိုက်ပြီး မည်သို့မှမတတ်နိုင်စွာ လက်လျှော့လိုက်တော့သည်။

လေမိုးကြိုးအိမ်တော်မှ ဟန်ရှန်းတာ့ထံသို့ လာရောက်ပြီး သတင်းစုံစမ်းသော ‘ကျုန်း’ မျိုးနွယ်အဘိုးကြီးက ခဏမျှ စဉ်းစားလိုက်ပြီးနောက်...

“ကျုပ်ကို တစ္ဆေနတ်ဘုရားသေရည် (၃)ပုလင်းပေးပါ”

လူတိုင်းက စတင်တွက်ချက်မှုများ ပြုလုပ်ပြီး ကိုယ်ပိုင်အမှာများကို ပြောဆိုကြသည်။

အစောကြီးကတည်းကပင် ရန်ကျောက်ကဲက ရှောင်အိုက်ကို တုံကင်နံပါတ်ပြားများ ဝေခိုင်းထားပြီးဖြစ်လေရာ အရင်ရောက်သူအရင်ဝယ် ၊ ဦးသူယူစနစ်ကို တင်းတင်းကျပ်ကျပ်ပင် ဖွင့်ပွဲနေ့တွင် စည်းမျဉ်းအတိုင်း ပြုလုပ်ခဲ့သည်။

ပထမဆုံးရောက်ရှိသူများက ရတနာပစ္စည်း (၃)မျိုး ဝယ်ယူခွင့်ရသည်။

နောက်ပိုင်းရောက်လာသည့် လူအချို့ကတော့ တစ်ခု သို့မဟုတ် နှစ်ခုမျှသာ ရရှိတော့သည်။

အဆုံးသတ်မှာတော့ လူတစ်ဝက်ခန့် ဘာမှမရဘဲ လက်ဗလာဖြင့် ပြန်သွားခဲ့ရလေရာ  နေရာတိုင်း ညည်းတွားပြောဆိုသံများဖြင့် ပြည့်နက်နေတော့၏။

အမြင့်ဆုံးစျေးပေးသူကိုရောင်းချသည့် လေလံစနစ်ဖြင့် ဦးသူယူစနစ်ကို နှိုင်းယှဉ်ပါက လေလံစနစ်တွင် ရှုံးသည့်သူက ရှုံးနိမ့်သွားကြောင်း ယုံကြည်နိုင်ပြီး ကြေးကြီးကြီးဖြင့် အနိုင်ယူသွားသော သူဌေးကိုသာ သီးသန့်ကျိန်ဆဲနိုင်သည်။

ယခုတော့ လူအများစုက လက်မလျှော့ချင်ကြသေးဘဲ တုံ့ဆိုင်းနေကြပြီးမှ အကြာကြီးစောင့်ဆိုင်းရသည်ကို စိတ်ပျက်လက်ပျက်ဖြစ်ကာ ပြန်သွားကြရလေသည်။

All Chapters