Chapters

prologue

Vol. 9 Ch. prologue

prologue

Vol. 9 Ch. prologue

စတိုင်ကျနတဲ့ စီအီးအိုဝတ်စုံကိုဝတ်ဆင်ထားတဲ့ မိန်းမလှလေးက စင်မြင့်ပေါ်တက်လာပြီး အခုလိုပြောလိုက်တယ်။ "လူသားတွေဟာ ပိုးကောင်အင်ပါယာရဲ့ကျူးကျော်မှုကြောင့် ဆုံးရှုံးမှုများစွာကို ခံစားခဲ့ရပါတယ်။"

"မဟာမိတ်ရဲ့မစ်ရှင်အဖွဲ့က ပိုးကောင်အင်ပါယာကို တိုက်ခိုက်နေပေမဲ့ နေရာတိုင်းကို အကူအညီမပေးနိုင်သေးပါဘူး။" စင်မြင့်ရဲ့တစ်ဖက်ကနေ အနီရောင်နဲ့အနက်ရောင်စပ်ထားတဲ့ တော်ဝင်ဂေါ့သစ်ဝတ်စုံဝတ်ထားတဲ့ ရွှေရောင်ဆံပင်နဲ့ မိန်းကလေးထပ်တက်လာပြီး နောက်ထပ်ပြောလိုက်တယ်။

"ဒါကြောင့် ကျွန်မတို့လူသားတွေရဲ့မျှော်လင့်ချက်တွေခိုင်မြဲဖို့နဲ့ မဟာမိတ်ရဲ့စစ်ရေးစွမ်းဆောင်ရည်တွေကို တိုးမြှင့်နိုင်ဖို့ ဂိုင်ယာကို မိတ်ဆက်လိုက်ပါတယ်။" သူတို့နှစ်ယောက်ကို ပြိုင်တူပြောလိုက်ပြီး စင်အောက်က ပရိသတ်ထုကြီးကို ဦးညွှတ်လိုက်လေရဲ့။

ရုတ်တရက်ဆိုသလိုပဲ သူတို့နောက်က ဧရာမဖန်သားပြင်ကြီးက လင်းထိန်သွားပြီး CGI နဲ့ပြုလုပ်ထားတဲ့ အာကာသထဲမှာရပ်တည်နေတဲ့ စက်ဝိုင်းပုံငွေရောင်ဂြိုဟ်တုကြီးရဲ့ပုံကို စတင်ပြသပါတယ်။

ဖြောင်းဖြောင်းဖြောင်း... လူထုဆီကနေပြီး လက်ခုပ်သံတွေထွက်ပေါ်လာပြီ။ ဖန်သားပြင်မှာတော့ ကုမ္ပဏီကြီးနှစ်ခုရဲ့တံဆိပ်တွေကိုပါ တင်ဆက်ပြသထားတယ်။

"ကျွန်မတို့မက်တယ်ပလာဒင်နဲ့ ပန်ဒရာဂွန်ကော်ပိုရေးရှင်းနှစ်ခုပေါင်းပြီး ဒီမှာရှိနေတဲ့ ရှယ်ယာရှင်တွေနဲ့မဟာမိတ်အရာရှိတွေအားလုံးကို ကမ္ဘာမြေကာကွယ်ရေးဂြိုဟ်တုဂိုင်ယာနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သတင်းအချက်အလက်တွေကို ရယူသိုလှောင်ရာမှာပြိုင်ဘက်ကင်းတဲ့ ဉာဏ်ရည်တုမော်ဒယ်တစ်ခုထည့်သွင်းထားပြီး ရန်သူ့တပ်တွေရဲ့လှုပ်ရှားမှုကို ခန့်မှန်းနိုင်မှာပါ။" စီအီးအိုမိန်းကလေးက ပြောလိုက်တယ်။ အတူရှိနေတဲ့ ဂါဝန်နဲ့မိန်းကလေးကတော့ သူ့အစားကျန်တဲ့အပိုင်းကို ဆက်ပြောတယ်။

"ဂြိုဟ်တုကိုကာကွယ်ဖို့ လေဆာအမြောက်တပ်ဆင်ထားပြီး စစ်နတ်သမီးတပ်ဖွဲ့တစ်ခုလည်း ဂြိုဟ်တုနဲ့အတူရှိနေမှာပါ။ နိုင်ငံတကာအာကာသစခန်းထက် လေးဆကြီးမားပေမဲ့ ကမ္ဘာပတ်လမ်းကြောင်းကနေ လွှတ်တင်ပြီးတာနဲ့ ဉာဏ်ရည်တုရဲ့စက်ရုပ်လက်တံတွေက အလိုလျောက်အစိတ်အပိုင်းတွေကိုတပ်ဆင်သွားမှာဖြစ်လို့ လူသားအာကာသယာဥ်မှူးတွေကို မလိုအပ်ပါဘူး။"

"မကြာခင်မှာ ငြိမ်းချမ်းရေးမဟာမိတ်က ခံစစ်ထက်ပိုတဲ့ စစ်ပွဲအဆင့် စစ်ဆင်ရေးတွေကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။"