← Chapters

ဝမ်မင်ယာ

Vol. 59 Ch. 814

ဝမ်မင်ယာ

Vol. 59 Ch. 814

ဝှစ်... ဝှစ်...

ဝမ်မင်ယာမှာ ဝေ့ဝူယင်တို့ထံ ပျံသန်းလာခဲ့၏။ ဟင်းလင်းပြင်၏ အကာအကွယ် အစီအရင်က အလိုအလျောက်ပင် ပွင့်သွားကာ မိန်းကလေး အတွက် ဝင်ပေါက် တစ်ခု ဖြစ်ပေါ်လာသည်။ ဟင်းလင်းပြင် သင်္ဘောပေါ်ကို ခြေချပြီးနောက် သူမက ဝေ့ဝူယင်ကို မျက်တောင် မခပ် စိုက်ကြည့်နေခဲ့သည်။ ဝေ့ဝူယင်က သူမ အရှေ့ကို လျှောက်သွားကာ ပြုံးပြလိုက်၏။

“မင်းအတွက် အတော်လေး ခက်ခဲခဲ့မှာပဲ...”

မိန်းကလေးက တုန့်ပြန်ခြင်း မပြုပါချေ။ သူမက ငြိမ်သက်စွာပင် ဝေ့ဝူယင်၏ မျက်နှာကို စိုက်ကြည့်နေဆဲ ဖြစ်သည်။ ဝေ့ဝူယင်၏ နှုတ်ခမ်းထက်ရှိ အပြုံးက အနည်းငယ် ဖြူရော် သွားခဲ့လေ၏။

“ငါ မျက်လုံး မကန်းပါဘူး... အဲဒါက နည်းနည်း... ဟိုဟာ”

ဝေ့ဝူယင်၏ စကား မဆုံးခင်မှာပင် မိန်းကလေးမှာ အရှိန်အဟုန်နှင့် ရှေ့သို့ တိုးဝင် လာခဲ့လေသည်။ သူမထံမှ မည်သည့် အန္တရာယ် အငွေ့အသက်ကိုမှ မခံစားမိရာ ဝေ့ဝူယင် ငြိမ်သက်စွာပင် စောင့်ဆိုင်း နေလိုက်သည်။ သူမက ပွေ့ဖက်လိုခြင်း ဖြစ်နိုင်သည်ဟု သူ တွေးလိုက်မိရာ သူ လက်ကမ်း ကြိုလိုက်သည်။ မိန်းကလေးမှာ ဗာကီရီ အဖွဲ့ဝင် တစ်ယောက် ဖြစ်လေရာ သူမအား နှစ်သိမ့်မှု ပေးရလိမ့်မည် ဖြစ်သည်။

သူ ထင်မှတ်ထားသည့် အတိုင်းပင် ဝမ်မင်ယာက သူ့ကို ပွေ့ဖက်လိုက်၏။ သို့သော်လည်း ထိုအရာက ပွေ့ဖက်မှု တစ်ခုတည်းသာ မဟုတ်ပါချေ။ စိုစွတ် နွေးထွေးသည့် ခံစားချက် တစ်ခုကပါ သူ့နှုတ်ခမ်းများဆီ ပိကျလာသည်။ ကြာညိုပန်း ကဲ့သို့ သင်းပျံ့သည့် ရနံ့ကို သူ ရရှိလိုက်၏။ ထိုအရာက အတော်လေး စွဲမက်ဖွယ် ကောင်းလှပေသည်။

“ဘယ်လိုကြီးလဲ...”

ဝူယုမှာ ထိုမြင်ကွင်းကို ကြည့်ကာ မျက်လုံးများ ပြူးကျယ် သွား၏။ သို့သော်လည်း တစ်ခဏ ကြာပြီးနောက် သူ ပြုံးလိုက်သည်။

အကယ်၍ ဝေ့ဝူယင်သာ မျက်လုံးများကို ဖွင့်နိုင်ပါက... ထိုအခိုက်အတန့်၌ သူ ကိုယ်တိုင်လည်း အလွန် ပြူးကျယ် နေလိမ့်မည် ဖြစ်သည်။ ဝမ်မင်ယာ၏ နူးညံ့ သိမ်မွေ့သော ခန္ဓာကိုယ်လေးမှာ ဝေ့ဝူယင်၏ ရင်ခွင် အတွင်း ပို၍ တိုးဝင်လာ၏။ သူမ၏ ရင်သား နှစ်မွှာက သူ့ရင်ဘတ်ပေါ် တင်းကြပ်စွာ ဖိကပ်ထားသည်။ နူးညံ့ ညင်သာသည့် ညီးညူသံလေးများမှာ ဝမ်မင်ယာ၏ နှုတ်ခမ်းဆီမှ ထွက်ပေါ်လာခဲ့၏။

ဝမ်မင်ယာက လက်များဖြင့် ဝေ့ဝူယင်၏ ခါးကို ဖက်ကာ ပိုမို နီးကပ်သထက် နီးကပ်အောင် ဆွဲယူနေ၏။ သူမ၏ နှုတ်ခမ်းများက ပိုမို၍ ကြမ်းတမ်းလာကာ အတူတကွ ပေါင်းစပ်ရန် ကြံရွယ်နေပုံ ရသည်။ သူမ၏ လျှာကလေးက မြွေပွေးတစ်ကောင်လို လှုပ်ရှားနေ၏။

ဝေ့ဝူယင်မှာ ပထမ၌ အံ့သြ နေခဲ့သော်လည်း လျှင်မြန်စွာပင် သဘောပေါက် သွား၏။ သူက ချက်ချင်းပင် တုန့်ပြန်လာကာ ထိုနယ်ပယ်၌ သူ၏ ကျွမ်းကျင်မှုကို ပြသလေတော့သည်။ သူ၏ လက်များက မိန်းကလေး၏ သေးကျဥ်သော ခါးကလေးကို ဆုပ်ကိုင်ကာ တင်ပါးများဆီကိုပင် ရွေ့လျား သွား၏။ အော်ညီးသံကလေးများက မိန်းကလေး၏ နှုတ်ခမ်းက ပိုမို ကျယ်လောင်စွာပင် ထွက်ပေါ်လာသည်။

ရုတ်တရက် မိန်းကလေး၏ ခန္ဓာကိုယ် အတွင်းမှ စွမ်းအင်များ ပြင်းထန်စွာ တုန်ရီလာသည်ကို သတိထားမိသော အခိုက်၌ ဝေ့ဝူယင်၏ အမူအရာက ပြောင်းလဲ သွား၏။ သူ၏ မျက်ခုံးများက အလယ်သို့ စု၍ တွန့်ကွေသွားကာ နောက်ဆုတ်ဖို့ ဟန်ပြင်လိုက်သည်။ သို့သော်လည်း ဝမ်မင်ယာမှာ သူ့လည်ပင်းကို လက်နှစ်ဖက်ဖြင့် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ ပို၍ နီးကပ်အောင် ဆွဲယူ နေခဲ့လေ၏။

ဝူယုမှာ တစ်ခုခု မှားယွင်းနေကြောင်း သဘောပေါက် သွား၏။ ဝမ်မင်ယာ၏ အတွင်းပိုင်း စွမ်းအင်များက ထူးဆန်းသော ပုံစံ တစ်မျိုးဖြင့် တုန့်ပြန်နေကြောင်း သူ အာရုံခံစားမိနေသည်။ သူ ပထမ၌ လှုပ်ရှားရန် ဟန်ပြင်လိုက်သော်လည်း... ပြန်လည် တုန့်ဆိုင်း သွားခဲ့၏။ ဝေ့ဝူယင်သည်လည်း ထိုအရာကို သတိထားမိနိုင်ပေသည်။ ထို့ကြောင့်... သူက စောင့်ဆိုင်းရန်သာ ဆုံးဖြတ်လိုက်၏။

အကယ်၍ အန္တရာယ် တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက် အနေဖြင့် သူ့လှုပ်ရှားမှုက သေမျိုးများထက် အဆများစွာ ပိုမို မြန်ဆန်ပေသည်။ ပေါက်ကွဲမှု တစ်ခု ဖြစ်ပေါ်လာလျှင်ပင် သူက ဝေ့ဝူယင်ကို မိုင်ထောင်ပေါင်းများစွာ အထိ ခေါ်ထုတ် သွားနိုင်စွမ်း ရှိသည်။

“မခုခံနဲ့...”

ဝမ်မင်ယာက ဝေ့ဝူယင်ကို ဝိညာဥ်အာရုံဖြင့် ဆက်သွယ်ကာ ပြောလိုက်၏။ ဝေ့ဝူယင်၏ မျက်မှောင်က ပြေလျော့ သွား၏။ သူ စိတ်ကို လျှော့ချလိုက်သည်။ ဝမ်မင်ယာ ကြံစည်နေကာ ဘာပဲ ဖြစ်ဖြစ် ထိုအရာကို သူ အကြွင်းမဲ့ လက်ခံမည် ဖြစ်သည်။

ဟူး...ဟူး...

ရုတ်တရက်... ရွှေ‌ရောင် အလင်းတန်းများမှာ ဝမ်မင်ယာ၏ အသွေးအသား၊ ထျန်းတျန်၊ အသိစိတ် ပင်လယ်တို့ထဲမှ အပြင်ကို စီးထွက် လာခဲ့၏။ ထိုအလင်းတန်းများ စီးထွက်လာသည်နှင့် အမျှ သူမ၏ ခန္ဓာကိုယ် ကလေးက ပိုမို အားနည်းလာပုံ ပေါ်လေသည်။

သူမ နှုတ်ခမ်းကလေးကများက အားလျော့လာကာ သူ့လည်ပင်းကို ဆုပ်ကိုင်ထားသည့် လက်များမှာလည်း ပြေလျော့လာ၏။ ဝေ့ဝူယင်က သူမ၏ ခါးကလေးကို ဆိုင်ကိုင်ကာ လဲကျ မသွားအောင် ထိန်းသိမ်း ပေးထားရသည်။

သူမ၏ ခန္ဓာကိုယ် အနှံ့အပြားမှ ရွှေရောင် ဝိညာဥ် အလင်းများမှာ သူမ၏ လည်ချောင်းတွင် စုဝေးလာ၏။ ထို့နောက် မြစ်တစ်စင်းလို အရှိန်အဟုန်မျိုးဖြင့် စီးထွက်လာကာ ဝေ့ဝူယင်၏ ပါးစပ် အတွင်း ဝင်ရောက် သွားတော့သည်။ စက္ကန့်များစွာ ကြာအောင် ၎င်းတို့က သူ့ခန္ဓာကိုယ် အနှံ့အပြားနှင့် အသိစိတ် ပင်လယ်တို့ထံ ဖြန့်ကျက် သွားကြသည်။ ဧဒင်က အလျှင်အမြန်ပင် ထိုအလင်းများကို သန့်စင်ကာ ကိုယ်ပိုင် မှတ်ဉာဏ်များ အဖြစ် စုပ်ယူလိုက်၏။

ဝမ်မင်ယာ၏ အညိုဖျော့ရောင် ဆံနွယ်လှိုင်းများက တဖြည်းဖြည်းနှင့် ဖြူရော်လာကာ စက္ကန့်ပိုင်း အတွင်း မီးခိုးရောင် အဖြစ် ကူးပြောင်းသွားသည်။ ကျန်းမာပြည့်ဖြိုးသည့် သူမ၏ အသားအရေက တဖြည်းဖြည်း ပျက်စီးလာကာ အရေပြားများမှာ ခြောက်သွေ့သွား၏။ သူမ၏ ပန်းနုရောင် နှုတ်ခမ်း ပြည့်ပြည့်ကလေးများက နူးညံ့မှုကို ဆုံးရှုံးလာသည်။ သူမ၏ ခန္ဓာကိုယ်ကလေးက ပိုမို၍ အားနည်းလာကာ တုန်ရီလာ၏။

ရွှေရောင် အလင်းများ ပျောက်ကွယ်သွားပြီးနောက် ဝမ်မင်ယာ၏ ငယ်ရွယ် နုပျိုသော ပုံရိပ်က လုံးဝ ကွဲပြား သွား၏။ မျက်နှာ၊ အသားအရေနှင့် ဆံပင်တို့က အစ သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးက ဆယ်စုနှစ်ပေါင်းများစွာ အိုမင်း သွားသည်။ ဝေ့ဝူယင် မိန်းကလေး၏ နှုတ်ခမ်းလေးဆီမှ ခွာလိုက်ကာ ဝိညာဥ်အာရုံဖြင့် သူမ၏ အခြေအနေကို စစ်ဆေး ကြည့်လိုက်၏။

“ဘာဖြစ်တာလဲ...”

ဝူယုက အခြေအနေကို စစ်ဆေးရန် ကြိုးပမ်းလိုက်၏။ ဝမ်မင်ယာက သူမ၏ အသက်အင်အားနှင့် ကျင့်ကြံခြင်းတို့ကို ဝေ့ဝူယင်ထံ လွှဲပေးလိုက်သလော။ သူက ကောင်းကင် ပုရောဟိတ် တစ်ယောက် ဖြစ်ရန် ကြိုးပမ်း နေသလော။

“...”

ဝေ့ဝူယင်က တိတ်ဆိတ်နေ၏။ သူ၏ အမူအရာက သုန်မှုန်ကာ လေးပင်နေသည်။ ဝမ်မင်ယာ၏ ကြည်လင် ရှင်းသန်းသော မျက်လုံးလေးများမှာ မှေးမှိန်ကာ ညှိုးရော် နေခဲ့ပြီ ဖြစ်သည်။ ထို့အပြင်... သူမ၏ အသိစိတ် ပင်လယ်မှာလည်း စိတ်စွမ်းအင် ကင်းမဲ့လေ၏။ ဆဲလ် တစ်ခုချင်းစီတိုင်း၌ ခိုအောင်းနေသည့် ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်၏ အခြေအနေက ပိုမို၍ပင် ဆိုးရွားပေသေးသည်။ သူမအား မြင်လိုက်ရတိုင်း ဝူယု ကဲ့သို့ပင် တွေးမိလိမ့်မည် ဖြစ်သည်။

“အဲဒါက အလုပ်ဖြစ်ရဲ့လား...”

ဝမ်မင်ယာက အားနည်းစွာဖြင့် မေးလိုက်၏။ သူမက မျှော်လင့်တကြီးဖြင့် ဝေ့ဝူယင်၏ မျက်နှာကို စိုက်ကြည့် နေသည်။

ဝေ့ဝူယင်က ညင်သာစွာ ခေါင်းညိတ်လိုက်၏။

“ကောင်းတယ်...”

ဝမ်မင်ယာက တောက်ပစွာ ပြုံးလိုက်သည်။ ပြည့်ဖြိုးသော နှုတ်ခမ်းများက ပါးလွှာသွားကာ အဘွားအို တစ်ယောက် သဖွယ် အရေတွန့်နေသည့်တိုင်အောင် ဝေ့ဝူယင်၏ ဝိညာဥ်အာရုံ အမြင်၌ သူမက အလွန် လှပနေဆဲ ဖြစ်သည်။

မိန်းကလေးက ထိုကဲ့သို့ ပြုလုပ်လိမ့်မည်ဟု သူ လုံးဝ မျှော်လင့် မထားခဲ့သည်က အမှန်ပင် ဖြစ်သည်။ ရွှေရောင် အလင်းများမှာ ကိုယ်ပိုင် ယူဆချက်များ အပါအဝင် သူမ၏ မှတ်ဉာဏ်များပင် ဖြစ်လေသည်။ ဧဒင် အားလုံးကို သန့်စင်ပြီးနောက်တွင် ၎င်းက ဝမ်မင်ယာ ရှာဖွေ တွေ့ရှိခဲ့သည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်ကြောင်း ဝေ့ဝူယင် သိလာရသည်။ ထို့အပြင်... ဝေ့ဝူယင်က ထိုနည်းလမ်း အတိုင်း လုပ်ဆောင်ရန် ခွင့်ပြုမည် မဟုတ်ကြောင်း သူမ သိပေသည်။

ကုန်ကျစရိတ်ကား များပြားလွန်းလှ၏။ သို့သော်လည်း... သူမ ပြုလုပ်ခဲ့သည်။ ငရဲကြီး ဆယ့်ရှစ်ထပ်နှင့် ၎င်း၏ အလွှာများ အကြောင်း လေ့လာရန်မှာ သူမ၏ တစ်ခုတည်းသော တာဝန် ဖြစ်သည်။ ထို့ကြောင့် သူမ ရှာဖွေ ခဲ့သည်။ ထို့နောက်တွင် ကံကြမ္မာ ဝိညာဥ်အား ကျင့်ကြံ မထားသူများမှာ ၎င်းတို့၏ အသေးစိတ် အချက်အလက်များကို နားမလည်နိုင်ကြောင်း ရှာဖွေ တွေ့ရှိခဲ့သည်။ ထို့ကြောင့်ပင် သူမက မှတ်ဉာဏ် လွှဲပြောင်းခြင်း နည်းလမ်းကို အသုံးပြုခဲ့သည်။ အကျိုးဆက် အနေဖြင့်... ကောင်းကင်တာအိုထံမှ တန်ပြန် ဆိုးကျိုးကို သူမ ရရှိခဲ့သည်။

ဘယ်လိုပဲ ဖြစ်ဖြစ် သူမ၏ လုပ်ဆောင်ချက်ကြောင့် ဝေ့ဝူယင်ထံတွင် ငရဲ ခြောက်ခု အကြောင်း ပြီးပြည့်စုံသည့် အချက်အလက်များ ရှိသွားခဲ့ပြီ ဖြစ်သည်။

ကံမကောင်းစွာပင် သူမကတော့ အသက် အင်အား တစ်ထောင်ကျော်နှင့် သန့်စင်ထားသည့် စွမ်းအင် များစွာ ဆုံးရှုံး ခဲ့ရသည်။ သူမထံတွင် ခန္ဓာကိုယ် အခွံလွတ် တစ်ခုမှ အပ ဘယ်အရာမှ မကျန်ရှိတော့ချေ။

အနှစ်တစ်ထောင် ထိုက်တန်သည့် စတေးမှုမျိုးပင်။

***

All Chapters