← Chapters

ယုတ်မာလိုက်သည့်ဖြစ်ခြင်း

Vol. 81 Ch. 1135

ယုတ်မာလိုက်သည့်ဖြစ်ခြင်း

Vol. 81 Ch. 1135

အခန်း (၁၁၃၅) ယုတ်မာလိုက်သည့်ဖြစ်ခြင်း

ပထမအကြိမ် ထျန်းကျိခန်းမ ဖွင့်လှစ်စဉ်က လူပေါင်းထက်ဝက်ကျော်ခန့် လက်ဗလာဖြင့် ပြန်ခဲ့ကြရသလို ပစ္စည်းဝယ်ယူသွားသူများကလည်း မချင့်မရဲဖြင့် မကျေမနပ် ဖြစ်ခဲ့ကြရသည်။

လူတိုင်းက ရလဒ်အပေါ် စိတ်တိုင်းမကျ ဖြစ်ခဲ့ရသည်ပင်။

ဤသို့ စိတ်မကျေနပ်ရသည်မှာ သူတို့က ထိုရတနာပစ္စည်းများကို အလွန်တရာ မက်မောလိုချင်သောကြောင့်မဟငုတ်ပေ။ ထျန်းကျိခန်းမမှ ရောင်းချသည့် ရတနာပစ္စည်းများမှာ အမှန်တကယ် အရည်အသွေးကောင်းမွန်ခြင်း ရှိ မရှိ မဆုံးဖြတ်ရသေးသောကြောင့် ဖြစ်သည်။

ဝိညာဉ်စွမ်းအားစီးဆင်းမှုကို အာရုံခံပြီး ပစ္စည်းအစစ်အမှန် ဟုတ် မဟုတ် စစ်ဆေးနိုင်သော်လည်း ဒဏ္ဍာရီထဲမှ အစွမ်းထက် ရတနာပစ္စည်းများအတိုင်း ထိရောက်မှု ရှိ မရှိကိုတော့ လူအတော်များများ သိရှိကြခြင်း မရှိပေ။

အမှန်တော့ ဤရတနာပစ္စည်းများက ကာလရှည်ကြာပျောက်ဆုံးနေသည့် ဒဏ္ဍာရီထဲမှ ပစ္စည်းများ ဖြစ်ကြသည်။

ပြီးတော့ အများစုက သုံးလိုက်လျှင် ကုန်သွားမည့်ပစ္စည်းများဖြစ်သလို တန်ဖိုးလည်းကြီးမြင့်လေရာ မည်သူမှ စမ်းသပ်သုံးစွဲကြည့်ရလောက်အောင် မချမ်းသာကြပေ။

ထို့ကြောင့် ထျန်းကျိခန်းမမှထုတ်လုပ်သော ရတနာပစ္စည်းများမှာ တကယ့်ဒဏ္ဍာရီလာ ရတနာပစ္စည်းများကဲ့သို့ အစွမ်းထက်ခြင်း ရှိ မရှိ သတင်းသာ နားစွင့်နေကြတော့သည်။

ကံကောင်းစွာပင် ကိုယ်တွေ့ကြုံသူတစ်ယောက်ထံမှ သတင်းက ပျံ့နှံ့လာသည်။

အမှန်တော့ ဤသတင်းက ရန်ကျောက်ကဲ ကြိုတင်စီစဉ်ထားပြီး နောက်ကွယ်မှ ဖြန့်လိုက်သည့် သတင်းသာ ဖြစ်၏။

ထိုသတင်းအတိုချုံ့မှာ...

ကျင့်ကြံသူတစ်ယောက်က ‘ကောင်းကင်ရှောင်တိမ်းခုနစ်လှည့်အင်းချပ်’ ကို အသုံးပြုပြီး ရန်သူများဝိုင်းဝန်းတိုက်ခိုက်ခြင်းမှ ဗလာနယ်ကိုထိုးဖောက်ကာ လွတ်မြောက်သွားခြင်း ဖြစ်၏။

အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုကဲ့သို့သော ရတနာပစ္စည်းများကတော့ စမ်းသပ်ကြည့်ရန် လွယ်ကူသည်။

သတင်းများထွက်ပေါ်လာပြီးနောက် နောက်ဆုံးရလဒ်ကတော့ ရှင်းပါသည်။

ထျန်းကျိခန်းမမှထုတ်လုပ်သော ရတနာပစ္စည်းများအားလုံး အရည်အသွေးမြင့် ထုန်ကုန်များဖြစ်ကြောင်း နာမည်ကျော်ကြားသွားခဲ့သည်။

ထိုအခါမှ ဝယ်သူတိုင်း စိတ်ကျေနပ်မှုရသွားပြီး မဝယ်ယူလိုက်ရသူများကတော့ မကျေမနပ်ဖြစ်ကြဆဲပင်။

ထို့ကြောင့် ယခုတစ်ကြိမ် ထျန်းကျခန်းမဖွင့်လှစ်သည့်အခါ ရတနာပစ္စည်းအမြောက်အမြား မရောင်းချဘဲ လျှော့ပြီးရောင်းချသွားမည်ဖြစ်ကြောင်း သိရသဖြင့် လူအများ မကျေမနပ် ဖြစ်ခဲ့ကြရသည်။

ဤသို့ဖြစ်လာမည်ကို မျှော်လင့်ထားပြီးဖြစ်ရာ ရန်ကျောက်ကဲက စိတ်ပူပန်ခြင်း မရှိပေ။

သူ့လက်ထဲတွင် ပစ္စည်းကောင်းများစွာရှိသည့်တိုင် ရန်ကျောက်ကဲကတော့ သူတို့ကို တစ်ခါတည်း ဘယ်တော့မှ ရောင်းချပေးမည် မဟုတ်ပေ။

အချိန်ဆွဲပြီး အသစ်အဆန်းများကို ဖြည်းဖြည်းချင်း ထုတ်ဖော်ပြသခြင်းက ရေရှည်စိတ်ဝင်စားမှုကို ရရှိစေမည် ဖြစ်သည်။

ပစ္စည်းများအားလုံးကို တစ်ပြိုင်တည်းဝယ်ယူရသည်က အံ့သြစရာဖြစ်သော်လည်း တကယ်တော့ ထိုသို့ပြုလုပ်ရန် မလိုအပ်ပေ။

ထျန်းကျိခန်းမမှ ရောင်းချသည့် ပစ္စည်းအများစုက ကာလရှည်ကြာပျောက်ဆုံးနေသော ထူးခြားရှားပါး ပစ္စည်းများဖြစ်လေရာ ခန်းမဖွင့်လှစ်သည်နှင့် လူအများ၏ စိတ်အာရုံကို ဆွဲဆောင်နိုင်နေပြီ ဖြစ်သည်။

ထို့ထက်ပိုပြီး အလွန်အကျွံရောင်းချမည်ဆိုလျှင် ဝယ်လိုအားအပေါ် ထိရောက်မှုမရှိဘဲ ဖြုန်းတီးမှုသာလျှင် ဖြစ်သွားနိုင်သည်။

စဉ်ဆက်မပြတ် ဆန်းသစ်တီထါင်ခြင်း ၊ အဆက်မပြတ် တိုးတက်စေခြင်း ၊ ဆွဲဆောင်မှုများကို ဆက်လက်ဖန်တီးခြင်းနှင့် အခြားသူများ၏မျှော်လင့်ချက်ကို အဆက်မပြတ် မြှင့်တင်ပေးခြင်းဖြင့် ထျန်းကျိခန်းမသည် လူအများကြားတွင် ပိုမိုရေပန်းစားလေပေမည်။

ထို့ကြောင့် ခန်းမ ဒုတိယအကြိမ် ဖွင့်လှစ်သောအခါ ကောင်းကင်ရှောင်တိမ်းခုနစ်လှည့်အင်းချပ် အရေအတွက် ထက်ဝက်လျော့ကျသွားသဖြင့် ဝယ်ယူသူများ အစပိုင်းတွင် မကျေမနပ်ဖြစ်ကြသည့်တိုင် ပစ္စည်းအသစ်ကြောင့် လူအများ၏စိတ်ဝင်စားမှု ပိုမိုများပြားလာသည်။

အသစ်မိတ်ဆက်လာသည့် ထုတ်ကုန်ပစ္စည်းက “အစားထိုးစက္ကူရုပ်” ဖြစ်၏။

၎င်း၏လုပ်ဆောင်ချက်မှာ ပိုင်ရှင်ကို အန္တရယ်ဖြစ်စေသည့် အရာတစ်ခုက တိုက်ခိုက်ခံရသည့်အခါ ထိုးနှက်မှုတွန်းအားကို ခံနိုင်ရည်ရှိစေရန် ကူညီပေးသည်။

ဤ အစားထိုးစက္ကူရုပ်ကို ကြိုတင်ပြင်ဆင်မှုပြုလုပ်ထားမည်ဆိုပါက တိုက်ခိုက်ခံရသည်ကို သတိမပြုမိသည့်တိုင် တားဆီးခုခံနိုင်ရန်အတွက် ဤရတနာပစ္စည်းက အလိုအလျောက် တုံ့ပြန်မည် ဖြစ်သည်။

“အစားထိုးစက္ကူရုပ်” ကို ရန်သူက ဖျက်ဆီးဖယ်ရှားပစ်လိုက်မည်ဆိုလျှင်တော့ ထပ်မံခုခံရန် အစွမ်းအစ ရှိတော့မည် မဟုတ်ပေ။

သို့ပေသိ ယေဘူယျဆိုရလျှင် ရန်သူက စက္ကူရုပ်ကို ချေမှုန်းလိုက်နိုင်သည့်တိုင် ထိုပစ္စည်းပိုင်ရှင်ကိုတော့ အလွယ်တကူ သတ်ဖြတ်နိုင်တော့မည် မဟုတ်ပေ။

ထို့ကြောင့် အမတကူးပြောင်းခြင်းအဆင့်အောက်တွင်ရှိသော သိုင်းကျင့်ကြံသူများ တူညီသောကျင့်ကြံခြင်းအဆင့်ရှိသူများနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရာတွင် အသုံးပြုနိုင်ကြသည်။

တူညီသောအဆင့်ရှိ ပြိုင်ဘက်များနှင့်ရင်ဆိုင်ရသောအခါ ၎င်း၏အကျိုးသက်ရောက်မှုက အမှန်ပင် ကောင်းမွန်လွန်းသည်။

အထူးသဖြင့် ခိုးကြောင်ခိုးဝှက်တိုက်ခိုက်မှုများ ၊ အလစ်ချောင်းတိုက်ခိုက်ခံရခြင်းများကို ကိုင်တွယ်ဖြေရှင်းရာတွင် များစွာ အကျိုးသက်ရောက်မှုရှိသည်။ စက္ကူရုပ်ပိုင်ရှင်က ရန်သူ၏လုပ်ကြံမှုကို သတိမပြုမိသည့်တိုင် ရတနာပစ္စည်းက အလိုအလျောက် ခုခံတုံ့ပြန်မည် ဖြစ်၏။

ထို့ကြောင့် ဤပစ္စည်းက အရေးကြီးသော အခိုက်အတန့်များတွင် အသက်ကယ်ပစ္စည်းတစ်ခုအဖြစ် အသုံးပြုနိုင်သလို သေခြင်းရှင်ခြင်းတိုက်ပွဲတစ်ပွဲတွင်လည်း အနိုင်အရှုံးပြောင်းပြန်လှန်စေသည့် သောချက်ဖြစ်လာနိုင်သည်။

မိမိတွင် အစားထိုးစက္ကူရုပ်ရှိနေကြောင်း ရန်သူ့ဘက်မှ မသိရှိပါက အခန့်မသင့်လျှင် ရန်သူသည်ပင် ထောင်ချောက်ထဲ ကျသွားနိုင်သည်။

၎င်း၏အကျိုးသက်ရောက်မှုက ကောင်းကင်ရှောင်တိမ်းခုနစ်လှည့်အင်းချပ်လောက် သိမ်မွေ့မှုမရှိသော်လည်း အလစ်ချောင်းတိုက်ခိုက်မှုများနှင့် ခိုးကြောင်ခိုးဝှက်လုပ်ကြံခံရမှုများကိုကာကွယ်ရာတွင် ပိုမိုကောင်းမွန်သည်။

‘ကောင်းကင်ရှောင်တိမ်းခုနစ်လှည့်အင်းချပ်’ က ပိုင်ရှင်ကိုယ်တိုင် သတိရှိရှိနှင့် အသုံးပြုရမည့် ရတနာပစ္စည်းတစ်ခုဖြစ်ပြီး အစားထိုးစက္ကူရုပ်ကတော့ အလိုအလျောက် တုံ့ပြန်မည့် ရတနာပစ္စည်း ဖြစ်သည်။

“ရည်ရွယ်ချက်ရှိရှိ လုပ်ထားတာပဲ”

လူတိုင်း တဖြည်းဖြည်း သဘောပေါက်သွားကြသည်။

“ကောင်းကင်ရှောင်တိမ်းခုနစ်လှည့်အင်းချပ် တစ်ဝက်လောက်လျော့နေတာက ဒီ အစားထိုးစက္ကူရုပ်ကို ရောင်းချင်လို့ပဲ ၊ မအံ့သြတော့ပါဘူး”

ဤ ရတနာပစ္စည်း (၂)ခုလုံးက အကာအကွယ်ပေးသော ရတနာပစ္စည်းများ ဖြစ်ကြသည်။

“ဒါပေမဲ့ ဘာလို့ ဒီလိုလုပ်ရတာလဲ”

ဝယ်ယူသူများ မေးခွန်းထုတ်လာသည်ကို ရှောင်အိုက်က ပြုံးလျှက်ပင် အဖြေပေးသည်။

“ဒီတစ်ခေါက် ကောင်းကင်ရှောင်တိမ်းခုနစ်လှည့်အင်းချပ်က တကယ်ပစ္စည်းပြတ်သွားတာပါ ၊ ဒါကြောင့် ကျွန်မတို့ အသစ်ထုတ်လုပ်ထားတဲ့ အစားထိုးစက္ကူရုပ်တွေကို ရောင်းချတာ ဖြစ်ပါတယ်”

လူတစ်ယောက်က သံသယဝင်စွာဖြင့်...

“ဒီ အစားထိုးစက္ကူရုပ်တွေက အသုံးဝင်တယ်ဆိုပေမယ့် တစ်ကြိမ်တိုက်ခိုက်ခံရပြီးတာနဲ့ မီးလောင်ကျွမ်းသွားလိမ့်မယ် ၊ ရန်သူက အဆမတန်အင်အားနဲ့ တိုက်ခိုက်လာရင် အလကား အသုံးမဝင် ဖြစ်မှာပေါ့ ၊ ဒီ ပစ္စည်းက လက်တွေ့မကျဘူးလို့ ခံစားရတယ်”

ရှောင်အိုက်က ရန်ကျောက်ကဲ၏ ဟန်ပန်အမူအရာကိုအတုခိုးရင်း လက်ညှိုးတစ်ချောင်းထောင်လိုက်ပြီး...

“အဲဒီလိုတော့ မဟုတ်ဘူး”

သူမက ဆက်ပြောသည်။

“ပိုင်ရှင် သတိလက်လွတ်ဖြစ်နေတဲ့အချိန် တိုက်ခိုက်မှုကို အချိန်မီမတုံ့ပြန်နိုင်ရင် ဒီ အစားထိုးစက္ကူရုပ်က အလိုအလျောက် ခုခံပေးမှာ ဖြစ်ပါတယ်”

အလစ်ချောင်းတိုက်ခိုက်သည့်အခြေအနေမျိုးတွင် ရန်သူအား အစားတိုးစက္ကူရုပ်အသုံးပြုကာ လှည့်ဖြားနိုင်မည်ဆိုလျှင် အလွန်အသုံးဝင်သည်။

ပုံမှန်တိုက်ပွဲများတွင်တော့ ဤရတနာပစ္စည်းပိုင်ရှင်က အစားထိုးစက္ကူရုပ် အသုံးပြုမည်လား  ၊ အသုံးမပြုဘူးလား လွတ်လပ်စွာ ထိန်းချုပ်နိုင်သည်။

ဤရတနာပစ္စည်းကို ပိုင်ဆိုင်ထားပြီး ကိုယ်တိုင် အသုံးမကျသောကြောင့် ရန်သူ၏လှည့်ကွက်ထဲဝင်သွားပြီး ဒုက္ခကြုံရလျှင်တော့ ကိုယ့်အကြောင်းနှင့်ကိုယ်သာ ဖြစ်၏။

အမှန်တော့ လူကသာ ရတနာပစ္စည်းကို ထိန်းချုပ်နိုင်မည်ဖြစ်ပြီး ရတနာပစ္စည်းက လူကို ထိန်းချုပ်နိုင်မည် မဟုတ်ပေ။

ရှောင်အိုက်ရှင်းပြသည်ကို နားထောင်ပြီးနောက် မေးခွန်းထုတ်သူအနည်းငယ်က ခေါင်းညိတ်လိုက်ကြသည်။

“ဒါဆိုရင်တော့ ဒီရတနာပစ္စည်းက ထူးခြားသားပဲ...”

သို့သော် ထိုသူ စကားဆက်မပြောခင် ဘေးနားမှ အော်သံတစ်သံ ထွက်ပေါ်လာသည်။

“အဲဒီ အစားထိုးစက္ကူရုပ် (၃)ခု ယူမယ်”

နောက်တစ်ယောက်က...

“နေဦး... အစားထိုးစက္ကူရုပ် (၂)ခုနဲ့ အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖို တစ်ခု ယူမယ်”

ပစ္စည်းရောင်းချသည့် အရေအတွက် ကန့်သတ်မှုများကြား လူအများ စိုးရိမ်ပူပန်နေသလို စိတ်လည်း ပျော်ရွှင်နေကြသည်။

***

နောက်တစ်လမှတော့ ထျန်းကျိခန်းမ တတိယအကြိမ် ဖွင့်လှစ်ပြန်သည်။

“ဟမ်... အစားထိုးစက္ကူရုပ် မရှိတော့ဘူးလား”

လူတိုင်းက ရှောင်အိုက်ကို အံ့အားသင့်စွာကြည့်ရင်း မေးမြန်းလိုက်ကြသည်။

ရှောင်အိုက်က...

“လောလောဆယ်မှာတော့ ကျွန်မတို့မှာ အစားထိုးစက္ကူရုပ် ပစ္စည်းပြတ်သွားပါပြီ ၊ ထပ်မံထုတ်လုပ်ဖို့ ပြင်ဆင်နေပါတယ် ၊ နောက်တစ်ကြိမ်မှာတော့ ရကောင်းရနိုင်ပါတယ် ၊ ဖောက်သည်တွေအားလုံး နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်”

ဝယ်ယူများ အနည်းငယ် စိတ်မကောင်း ဖြစ်သွားကြသည်။

ပထမတစ်ခေါက်က အစားထိုးစက္ကူရုပ် ဝယ်ယူခဲ့ကြသူများကတော့ အတော်လေး ဝမ်းသာသွားကြပြီး မဝယ်ယူရသေးသူများကတော့ သိပ်ပြီးအဆင်မပြေလှပေ။

သူတို့ရှေ့မှ အခြားသောရတနာပစ္စည်းများကတော့ အစားထိုးစက္ကူရုပ်လောက် စွဲဆောင်မှုမရှိသလို ခံစားလိုက်ကြရသည်။

ဝယ်ယူသူများမှာ ထျန်းကျိခန်းမထဲတွင်ရောက်နေသည့်တိုင် နောက်တစ်ကြိမ် ထျန်းကျိခန်းမဖွင့်လှစ်မည့်အကြောင်းကို စဉ်းစားနေကြ‌တော့သည်။

နောက်တစ်ကြိမ်ဆိုလျှင် အစားထိုးစက္ကူရုပ် ရရှိလေမည်လား။

ချိုးကျိုးဟိုင်က ရန်ကျောက်ကဲအား တိတ်တဆိတ် ကပ်မေးလိုက်သည်။

“ဂိုဏ်းတူညီလေး’ရန်’ မင်းမှာတကယ်ပဲ အစားထိုးစက္ကူရုပ် မရှိတော့ဘူးလား”

ရန်ကျောက်ကဲက ရယ်မောလိုက်ရင်း...

“ရှိတာပေါ့...”

ချိုးကျားဟိုက်က ရန်ကျောက်ကဲထံ လက်ညှိုးထိုးရင်း မည်သည့်စကားမှ မဆိုတော့ပေ။

အတန်ကြာမှာ...

“ဒီ ကျင့်ဝတ်နဲ့မညီတဲ့ စီးပွားရေးသမားကတော့လေ...”

ရန်ကျောက်ကဲက ချိုးကျားဟိုင် ကဲ့ရဲ့ရှုံ့ချသည်ကို ကျေကျေနပ်နပ်ပင် လက်ခံရင်း ရှောင်အိုက်ကို ဆက်လက် ညွှန်ကြားလိုက်သည်။

“ရှောင်အိုက် မှတ်ထားပါ ၊ ဒီလိုမျိုး အစားထိုးစက္ကူရုပ်ကိစ္စလို တူညီတဲ့အခြေအနေမျိုးကြုံရရင် အဲဒီလူတွေကို အဆင့်နိမ့် အထူးတုံကင်ပြားတွေ မပေးနဲ့ ၊ မင်းပါးစပ်ကို ပိတ်ထားပြီး မသိချင်ရောင်ဆောင်နေ ၊ အထူးတုံကင်ပြားလိုချင်တယ်လို့ ပြောလာကြရင်လည်း ပစ္စည်းတွေ တကယ်ကုန်သွားပြီလို့ပဲ ပြောလိုက် ကြားလား”

သူက ဆက်ပြောသည်။

“ရတနာပစ္စည်းတွေအတွက် အထူးကမ်းလှမ်းချက်ဆိုတာက အဆင့်မြင့်တုံကင်ရထားတဲ့သူတွေအတွက်ပဲ ခံစားခွင့်ရှိတယ်”

“ဒီလူတွေအားလုံးက ငါတို့ အကျိုးအမြတ်ရဖို့ အခွင့်အရေးတွေပဲ ၊ သူတို့ကို အဆင့်သတ်မှတ်ပေးလိုက်မှ အဆင့်ပိုမြင့်လေ တန်ဖိုးပိုကြီးတာတွေ ငါတို့ဘက်ကရလေ ဖြစ်မှာ ၊ နားလည်လား”

ရှောင်အိုက်၏လှပသောမျက်ဝန်းကြီးများထဲတွင် ‘ငွေ ငွေ ငွေ’ ဆိုသော ရောင်ဝါများ တောက်ပနေပြီး...

“နားလည်ပါပြီ...”

ထျန်းကျိခန်းမ တတိယအကြိမ် ဖွင့်လှစ်ပြီးနောက် လူအများအပြားက ရတနာပစ္စည်းများကို အနည်းနှင့်အများ ဝယ်ယူခဲ့ကြသည်။

သို့တိုင် ခန်းမ စတုတ္ထအကြိမ်ဖွင့်လှစ်မည်ကို လူတိုင်း မျှော်လင့်နေခဲ့ြသည်။

ထိုသို့ဖြင့် လူတိုင်းစောင့်မျှော်နေကြသော နောက်လအချိန်ခါသို့ ရောက်ရှိလာခဲ့သည်။

လဆန်း (၁)ရက်နေ့ဖြစ်ပြီး လူတိုင်း စိတ်အားထက်သန်စွာ စောင့်မျှော်နေကြသည့်တိုင် ယခုတစ်ကြိမ်တွင် ထျန်းကျိခန်းမ ဖွင့်လှစ်မည်မဟုတ်ကြောင်း သိလိုက်ကြသည်။

ယုတ်မာလိုက်သည့်ဖြစ်ခြင်း...။

All Chapters