← Chapters

နတ်သားရဲတစ်ကောင်ထိန်းကျောင်းဖို့ ဘယ်လောက် ကုန်ကျလဲ

Vol. 31 Ch. 601

နတ်သားရဲတစ်ကောင်ထိန်းကျောင်းဖို့ ဘယ်လောက် ကုန်ကျလဲ

Vol. 31 Ch. 601

သူမ ခြံစည်းရိုးမှထွက်သွားတော့မည်အပြုတွင် ရင်းနှီးသောအသံတစ်ခု သည် အနောက်မှထါက်လာသည်။ ပေထင်းဟွမ်လှည့်ကြည့်ရာ လူအုပ်ထဲတွင် တိုးထွက်လာပြီး ပေထင်းဟွမ်ဆီသို့ အပြေးလာနေသည့် လျိုရွှီကို တွေ့လိုက်ရ သည် “ဝိညာဉ်ထောင်ချီတောင်ကို ရှာဖွေရေးသွားမလို့ဆို အတူသွားရအောင်”

“ဟုတ်ပြီလေ အစ်ကိုလျိုရွှီ” ပေထင်းဟွမ်သည် သူမအနောက်မှ အဖွဲ့ကို ညွှန်ပြလေသည် “ကျွန်တော်တို့က ခေါင်းလောင်းပန်းမစ်ရှင်ပြီးအောင် သွားကြ မှာ.. အဲဒီမှာ နတ်သားရဲတစ်ကောင်ရှိတယ်ကြားလို့ ဖမ်းပြီးရောင်းချင်လို့.. အစ်ကိုလည်းလိုက်မှာလား”

“သေချာတာပေါ့.. နတ်သားရဲကို ဘယ်လိုလုပ် မဖမ်းဘဲနေချင်မှာလဲ” လျိုရွှီသည် လက်မြှောက်ပြီး ပေထင်းဟွမ်၏ပခုံးကိုပုတ်လိုက်သည်။ သူသည် လက်ထဲမှ ကျောက်စိမ်းဝိညာဉ်တံဆိပ်ပြားကို အမှတ်သွင်းပြီးသည်နှင့် ပေထင်းဟွမ်နှင့်အတူ ဘေးချင်းယှဉ်ပြီး ခြံစည်းရိုးမှထွက်လာခဲ့သည်။

ပေထင်းဟွမ်သည် နတ်သားရဲသွားဖမ်းမည်ဟုကြားလိုက်သည်နှင့် ပွဲလာ ကြည့်သူများသည် ချက်ချင်းပင် ရူးသွပ်သွားကြသည်။ သူတို့သည် တစ်ဦးလျှင် ၁၀ မှတ်ပေးရသည်ကိုပင် ဂရုမစိုက်နို်ငတော့ဘဲ ဝိညာဉ်ထောင်ချီတောင်ရှိရာ ဘက်သို့ ရူးသွပ်စွာပြေးကြလေသည်။ ဤခမ်းနားမှုသည် ထိုနေရာတွင် စောင့်ကြပ်နေသည့် နည်းပြများကို ချက်ချင်းပင် မှင်တက်သွားစေသည်။ သူတို့ သည် ခေါင်းခါပြီး သက်ပြင်းချကြသည်။ ဒါဘယ်လောက်တောင် ရူးလိုက်ကြ သလဲ။ ကျောင်းအုပ်နန်လင်းက တကယ်ကြီး ကျောင်းသားလက်ခံခဲ့တာလား။ သူက ဘေးကပ်ဆိုးကြီးကို လက်ခံလိုက်တာရှင်းနေပြီ။

ရက်အနည်းငယ်အတွင်းမှာပင် ကျောင်းတော်တစ်ခုလုံးသည် ကစဥ့်ကလျားဖြစ်ကုန်ကြသည်။

သံမဏိသွေးသည် ဝိညာဉ်ထောင်ချီတောင်အနက်ပိုင်းသို့ ချီတက်ကြ၏။ လမ်းတစ်လျှောက်တွင် ပေထင်းဟွမ်ကြောင့် သံမဏိသွေးအဖွဲ့ဝင်များသည် ပို သတ္တိရဲလာကြကာ အဆင့်မြင့်ဝိညာဉ်သားရဲများကိုပင် ဖမ်းရဲလာကြသည်။ ထိုလူများသည် ဝိညာဉ်သခင်ကြီးဘုံအဆင့်သို့ တက်ပြီးဖြစ်သော်လည်း သူတို့၏ ကိုယ်ပိုင်ခွန်အားနှင့် ၎င်းသည် အလွန်ပင်ထိန်းချုပ်ရန် ခက်ခဲသည်။

သူတို့သည် ခွန်အားကိုထိန်းချုပ်ရာတွင် လိုအပ်နေသေးသည်ကို ပေထင်းဟွမ်မြင်သောအခါ သူတို့ကို အခွင့်အရေးပေးချင်လာသည်။ သူတို့သည် လမ်းတစ်လျှောက် ဖြည်းဖြည်းချင်းသွားပြီး ရံဖန်ရံခါတွင် အားကောင်းသည့် မှော်သားရဲများကို လေ့ကျင့်ရာအတွင် အသုံးချကြသည်။

“ကျင့်ကြံရေးလမ်းက တကယ်ပဲ ယန်ယဲ့ပြောသလိုပဲထင်တယ်.. အဆင့်တစ်ခုမှာ ခွန်အားကမူမတည်ဘူး.. ရှန်းယန်ပိုတို့က ဝိညာဉ်သခင်ကြီး အဆင့်ရောက်နေပေမဲ့ သူတို့နဲ့ခွန်အားတူတဲ့ မှော်သားရဲတွေကို ကြောက်နေ တုန်းပဲ.. အဲဒီစိတ်နေသဘောထားက အရမ်းအရေးကြီးတဲ့ပုံပဲ.. ခွန်အားကို အစစ်အမှန်ဆုံးဖြတ်ချက်ပေးနိုင်တာ နောက်ဆုံးတော့ စိတ်နေစိတ်ထားပဲ” ပေထင်းဟွမ်သည် သူမဘာသာတွေးနေသည်။

စိတ်နေစိတ်ထားမှာ တကယ့်တိုက်ပွဲများကို ကျော်ဖြတ်ပြီး သေရေရှင်ရေးများကို ရင်ဆိုင်ပြီးမှ တိုးတက်လာမည့်အရာဖြစ်သည်။

“နတ်သားရဲဖမ်းဖို့နဲ့ ဘာလို့ ဝိညာဉ်ထောင်ချီတောင်ကြားကို လာတာလဲ.. မင်း ပိုက်ဆံပြတ်နေလို့လား.. ပိုက်ဆံပြတ်ရင်လည်း ငါ့ကိုပြောလေ” လျိုရွှီ သည် ပေထင်းဟွမ်အား စစ်မြေပြင်သို့သွားရာလမ်းတွင် အဖော်ပြုပေးရင်း သံမဏိသွေးအဖွဲ့ဝင်များ ကြယ် ၁ ပွင့်မွန်မြတ်သောသားရဲကို တိုက်ခိုက်နေကြ ပုံကို ကြည့်နေသည်။ သူတို့သည် တစ်ချက်တည်းနှင့် သတ်နိုင်သည့် အခွင့်အရေးများစွာရခဲ့သော်လည်း သံမဏိသွေးအဖွဲ့ဝင်များသည် တိုက်ခိုက် ရေးတွင် အတွေ့အကြုံနည်းသဖြင့် အခွင့်အရေးများစွာ လွတ်သွားခဲ့ရသည်။

“ဟုတ်တယ် ပိုက်ဆံအများကြီးသုံးဖို့ လိုနေတာ” ပေထင်းဟွမ်သည် ပြုံး ပြီးပြောလေသည်။

“လတစ်ဝက်အတွင်းမှာ တော်ဝင်လေလံပွဲရှိတယ်.. ကံသွားစမ်းကြည့် မလို့”

“မင်းက နတ်သားရဲတွေသွားရောင်းမလို့လား” လျိုရွှီသည် ခေါင်းခါကာ ပေထင်းဟွမ်၏ အကြံကိုသဘောမတူပေ “နတ်သားရဲတွေက အဖိုးတန်ပေမဲ့ အရမ်းအားကောင်းတဲ့ နတ်သားရဲရဲ့ အမွေး၊အရိုးနဲ့ အတွင်းအူတိုင်တွေက ရောင်းရင်အများကြီးမရဘူး”

ပေထင်းဟွမ်သည် ရယ်မောလေသည်။ သူမသည် လက်ပိုက်ထားကာ သူမ၏ ပြောင်မြောက်သောအနက်ရောင်ဝတ်ရုံသည် တောင်လေနှင့်အတူ လွင့်ပါနေသည်။ သူမမျက်နှာမှ ငွေရောင်မျက်နှာဖုံးသည် နေရောင်အောက်တွင် တောက်ပနေသည် “အဲဒါကိုခွဲပြီးရောင်းမယ်လို့ ဘယ်သူပြောလို့လဲ.. အဲဒါနဲ့ ဝက်သေကိုရောင်းတာနဲ့ ဘာကွာသွားတော့မှာလဲ.. သေချာပေါက် အရှင်ရောင်း ရမှာပေါ့”

လျိုရွှီသည် ခေါင်းခါလေသည် “နတ်သားရဲအရှင်ဈေးက မြင့်ရင်မြင့်မှာပဲ ဒါပေမဲ့ မူလအရည်ကိုဝယ်ဖို့ ပိုက်ဆံစုဖို့လောက်ထိ ခက်မှာစိုးတယ်.. နတ်သားရဲတစ်ကောင်က အများဆုံးမှ ပတ္တမြားတစ်ဘီလီယံနဲ့ပဲရောင်းလို့ရမှာ၊ မူလအရည်တစ်စက်ဈေးနှုန်းက အရမ်းမြင့်တယ်.. မူလအရည် ဆယ်စက်ဝယ် ဖို့ဆို နတ်သားရဲဆယ်ကောင်ဖမ်းရလိမ့်မယ်”

“ထိန်းကျောင်းပြီးသား နတ်သားရဲဆိုရင်ရော” ပေထင်းဟွမ်သည် တည်ငြိမ်စွာမေးလေသည်...

All Chapters