ဒါကသခင်ကြီးပေထင်းဟွမ်နောက်လိုက်ရတဲ့ အကျိုးအမြတ်ပဲ
Vol. 31 Ch. 602
လျိုရွှီ၏မျက်လုံးထဲတွင် မိုးကြိုးသွားတစ်လုံးလင်းလက်သွားကာ သူ့ခေါင်းကို မိုးကြိုးပစ်ခံလိုက်ရသလိုခံစားရလေသည်။ သူ့တစ်ကိုယ်လုံး ယိုင် သွားကာ မယုံကြည်နိုင်စွာဖြင့် မေးလေသည် “ဘာပြောလိုက်တာလဲ ထိန်းကျောင်းပြီးသားဟုတ်လား” လျိုရွှီသည် သူ့ကိုယ်သူ အတွေးလွန်နေသည် ဟုခံစားရသည်။ သူသည် ထိတ်လန့်ပြီးနောက် ပင်ပန်းမှုကိုခံစားရသည် “ဒီတိုက်ကြီးမှာ နတ်သားရဲကိုထိန်းကျောင်းနိုင်တဲ့သူ ဘယ်နယောက်မှမရှိတာ ကို မင်းသိလား.. ညီလေးပေထင်းဟွမ် လာနောက်နေတာလား”
ပေထင်းဟွမ်သည် ဘာမှမပြောပေ။ သူ နောက်ပြောင်နေသည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ယခုအချိန်မှပြောလျှင် အသုံးမဝင်တော့ပေ။ နောက်မှ အခွင့်သာလျှင် အပြုအမူနှင့်ပြပေးမှ ပို၍ယုံနိုင်စရာကောင်းမည်။
ကျောင်းတော်ထဲတွင် လေပေါ်ပျံရန်မဖြစ်နိုင်ပေ။ ဝိညာဉ်ထောင်ချီ တောင်သို့ဝင်ပြီးနောက် သူတို့လည်းမပျံရဲကြပေ။ လမ်းတစ်လျှောက်တွင် ရှန်းယန်ပို၊ လျိုရွှီနှင့်တခြားသူများသည် ဝိညာဉ်ထောင်ချီတောင်အကြောင်းကို ပေထင်းဟွမ်အား လုပြီးရှင်းပြကြသည်။ ၎င်းသည် မှော်သားရဲတောထက် မသေးသည့် ရှေးဟောင်းတောဖြစ်သည်။ အထဲတွင် မရေမတွက်နိုင်သော တောင်များ၊ ပက်ကြားအက်များနှင့် မြင့်မားသောတောင်များရှိသည်။ တောင်များကို သိမ်းပိုက်ထားသည့် မရေတွက်နိုင်သော အဆင့်မြင့်မှော်သားရဲ များလည်းရှိကြသည်။ ၎င်းသည် ရာယာအင်ပါယာတော်ဝင်မိသားစုနှင့် အင်ပါယာကျောင်းတော်၏ အနောက်ဘက်ခြံဖြစ်သော်လည်း အန္တရာယ်သည် မှော်သားရဲတောရှိ ချောက်နက်ထက်မလျော့ပေ။
ဝိညာဉ်ထောင်ချီတောင်ကြားဝင်ပေါက်နှင့်အကွာအဝေးသည် မနီးလှပေ။ ရှန်းယန်ပိုပြောသည့် ကြယ် ၁ ပွင့်နတ်သားရဲ၏အသိုက်ကိုရောက်ရန် အထဲထိ ဆက်သွားရဦးမည်။ ထိုနေရာမှအန္တရာယ်သည် ဝိညာဉ်ခွဲချောက်ထဲရှိ နတ်ဆိုး ရေလျွမ်းနဂါးနေရာနှင့်မယှဉ်နိုင်သော်လည်း ကြယ် ၁ ပွင့်နတ်သားရဲရှိနေသည့် နေရာ၏အန္တရာယ်ကို ကျိန်းသေပေါက်လျှော့တွက်၍မရပေ။
အစပိုင်းတွင် ပေထင်းဟွမ်တို့နောက်သို့ အဖွဲ့လိုက်ကြီးလိုက်ကြသည်။ အထဲသို့ဝင်သွားပြီးနောက် ရှန်းယန်ပိုတို့သည် ပေထင်းဟွမ်နောက် ဆက်မလိုက်နိုင်ကြတော့ပေ။ သူတို့၏နတ်သားရဲများကို တောင်များဆီသို့ ဆင့်ခေါ်ပြီးနောက် ပေထင်းဟွမ်နောက်မှလိုက်လာသောလူအုပ်သည် သေးသေးလာသည်။
“သေစမ်း သံမဏိသွေးအဖွဲ့က အထင်ကြီးဖို့ကောင်းလိုက်တာ မိုက်တယ်.. လူတိုင်းမှာ နတ်သားရဲတစ်ကောင်စီရှိကြတယ်”
“သေချာကြည့်လိုက်ဦး.. အဆင့်မြင့်နတ်သားရဲတောင်ပါတယ် ဟုတ်ပြီ လား”
“ဒါက သခင်ကြီးပေထင်းဟွမ်နောက်လိုက်ရတဲ့ အကျိုးအမြတ်ပဲ.. ပြောရရင် နတ်သားရဲကိုထိန်းနိုင်တဲ့ သားရဲထိန်းက တိုက်ကြီးမှာ အများကြီး မရှိဘူး.. ငါဘာလို့မသိခဲ့တာလဲ”
“ဟုတ်တယ်.. သူတို့မှာ နတ်သားရဲအဲလောက်အများကြီးရှိတာ.. သူတို့တွေက ဘယ်ကနေလာကြတာလဲ”
သေချာပေါက်ပင် လျိုရွှီသည်လည်း ထိုပြဿနာကိုသတိထားမိသည်။ သူ့အကြည့်သည် ရှန်းယန်ပိုတို့အောက်တွင်ရှိသော တောင်တန်းများဆီသို့ ဝေ့ဝဲသွားသည်။ သူသည် အရေးကြီးသည့်ပြဿနာတစ်ခုကို ကျော်သွားမိသည့် ပုံပင်။ အဖွဲ့တစ်ဖွဲ့အတွက် နတ်သားရဲတစ်ကောင်ရှိနေခြင်းကပင် အထင်ကြီး လောက်စရာဖြစ်သည်။ အားလုံးတွင် တစ်ကောင်စီရှိနေကြသည်။ ၎င်းသည် ကံကောင်းသည်ဟုပင် ရှင်းပြ၍မရသောအရာဖြစ်သည်။
ဖြစ်နိုင်တာက.. လျိုရွှီ၏စိတ်ထဲတွင် အတွေးတစ်ခုပေါ်လာသည်။ သို့သော် သူ့အတွေးများသည် ရယ်စရာဖြစ်နေသည်ဟု ခံစားမိသဖြင့် ခေါင်းကို အလျင်အမြန်ခါယမ်းလိုက်သည်။ ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သို့သော် အတွေးများတစ်ခါထွက်လာပြီးလျှင် ခေါင်းခါလိုက်သည်နှင့် ဖယ်ထုတ်မရတော့ ပေ။ အန္တရာယ်လေ့ကျင့်ရေးနေရာတွင် ပေထင်းဟွမ် ကင်းကောင်ကို ဆင့်ခေါ် ပြီး ထန်းယန်နှင့်တိုက်ခိုက်သည့်မြင်ကွင်းသည် လျိုရွှီ၏စိတ်ထဲတွင် ဆက်တိုက် ပေါ်လာသည်။ အဲဒီရွှေရောင်ရှေးမျောက်ဝံက ဘယ်လိုလုပ် ပေထင်းဟွမ်ရဲ့ မှော်သားရဲအပေါင်းအဖော်ဖြစ်နေတာလဲ။
ဘုန်း ဘုန်း ဘုန်း
သူတို့ ဝိညာဉ်ထောင်ချီတောင်ကြားသို့ဝင်သည်နှင့် တိုက်ပွဲအသံများကို ကြားလိုက်ရသည်။ အားလုံးသွားလိုက်ချိန်တွင် လေ့ကျင့်ရေးအဖွဲ့တစ်ဖွဲ့သည် မှော်သားရဲတစ်ကောင်နှင့် တိုက်ခိုက်နေသည်ကိုမြင်လိုက်ရသည်။ မှော်သားရဲ ၏ အားကောင်းသောဝမ်းတွင်းပါအရည်အချင်းသည် အားမနည်းလှသော ထို လေ့ကျင့်ရေးအဖွဲ့ကို မှုတ်ထုတ်လိုက်သည်။
ဤလေ့ကျင့်ရေးအဖွဲ့သည် အလွန်ကောင်းမွန်စွာ ဖွဲ့စည်းထားကြောင်း ထင်ရှားလှသည်။ သူတို့သည် မှော်သားရဲ၏ဝမ်းတွင်းပါ အရည်အချင်းကို ရှောင်ရှားလိုက်နိုင်သော်ငြား အသက်အန္တရာယ်မရှိဘဲ ဒဏ်ရာသာရခဲ့ကြသည်။ လူ ၇ ယောက်အဖွဲ့တွင် ကောင်းကင်အဆင့်ကျွမ်းကျင်သူ ၃ ယောက်ပါဝင်ပြီး ကျန်လူများသည် အဆင့်မြင့်ဝိညာဉ်သခင်ကြီးများဖြစ်ကြသည်။ ပေထင်းဟွမ် တို့ကဲ့သို့ပင် တစ်ယောက်ချင်းစီတွင် မှော်သားရဲတစ်ကောင်စီရှိကြသည်။ သူတို့ထဲမှ ဓားသခင်သာလျှင် အလယ်အလတ်အဆင့်ဝိညာဉ်ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသည်။ ဤကဲ့သို့အသင်းသည် ကြယ် ၂ ပွင့် နတ်သားရဲတစ်ကောင် ကို ကိုင်တွယ်ရာတွင် လွယ်ကူလွန်းလှသည်...