ချောင်းမြောင်းတိုက်ခိုက်တာလား၊ ဒီလူက အရှက်မဲ့လိုက်တာ
Vol. 31 Ch. 603
အတောင်ပံခြောက်ခုနှံကောင်သည် ကြယ် ၂ ပွင့် နတ်သားရဲဖြစ်ကာ အမြန်နှုန်းကြောင့် ကျော်ကြားသည်။ ၎င်းသည် ရှေ့ခြေနှစ်ချောင်းလက်မဖြင့် ဆင်တစ်ကောင်ကိုဆွဲဖြဲနိုင်ကာ အားကောင်းသည့် ခုခံရေးစွမ်းအားရှိသည်။ ပေထင်းဟွမ်သည် ဝိညာဉ်ထောင်ချီတောင်ကြားသို့ဝင်သည်နှင့် ကြယ် ၂ ပွင့် နတ်သားရဲနှင့်တွေ့ရလိမ့်မည်ဟု ထင်မထားပေ။ သူမသည် ဤနေရာနှင့် ပတ်သက်၍ ပိုပိုပြီးယုံကြည်ချက်ရှိလာသည်။
“ဒါ.. ဒါက.. ဒါက လအလင်းတော်ဝင်ကျောင်းက အဖွဲ့မလား” ချင်ရှဲလင် သည် စူးရှသောအသံဖြင့် ထအော်လေသည်။ သူမ၏မျက်လံဒးများသည် တိုက်ပွဲကွင်းအတွင်းတွင် ခုန်ပေါက်နေသော အဝါရောင်ဝတ်ထားသည့် မိန်းကလေးကို စူးစိုက်ကြည့်ပြီး ဒေါသတကြီးပြောလေသည် “မင်းသမီးချန်လဲ့ သေစမ်း ဘာလို့ ဒီဟာမနဲ့ထပ်တွေ့ပြန်တာလဲ”
“ဟင်း ဒီကောင်တွေက ငါတို့ ခေါင်းလောင်းပန်းမစ်ရှင်လုပ်မယ်ဆိုတာ ကြားထားလို့ အရင်ရောက်နေကြတာဖြစ်မယ်.. သူတို့လည်းမှန်သားပဲ.. နတ်သားရဲနဲ့တွေ့နေကြတယ်” ရန်ရှောင်ကျဲသည် အံကြိတ်ကာ ပြောလေ၏။
မုချင်းလင်သည် ဘေးရှိ အစိမ်းနုရောင်ကျောက်တုံးကို ညွှန်ပြကာ မယုံ နိုင်စွာဖြင့် ပြောလေသည် “ဒါ.. ဒါက အဲဒီမူဝမ်ယွဲ့မဟုတ်ဘူးလား.. သူမ ဘာဖြစ်တာလဲ”
ပေထင်းဟွမ်သည် သူမအကြည့်နောက် လိုက်ကြည့်လေသည်။ အစိမ်းနု ရောင်ပုံရိပ်သည် ခက်ခက်ခဲခဲနှင့် ဖြည်းဖြည်းချင်းတွားသွားကာ ကျောက်တုံး ကြီးနောက်သို့ ဝင်ပုန်းလေသည်။ ကြောက်လန့်နေသောမျက်လုံးများသာ ပေါ် လာပြီး တိုက်ခိုက်နေကြသော မှော်သားရဲနှင့်လူသားများကို နာကြည်းစွာ ကြည့်နေ၏။
“မှန်နေတာပဲ.. သူမက ဒီလူတွေနောက်ကိုလိုက်ရင် အထင်ကြီးလောက် စရာ မျိုးရိုးမြင့်ဖြစ်လာမယ်လို့ထင်နေတာ.. သူမက သူမတိုင်းပြည်ကလူတွေကို အနိုင်ကျင့်ဖို့ တခြားတိုင်းပြည်ကလူတွေကို ခေါ်လာတယ်.. အခု သူမပါ ငြိသွား ပြီ တကယ်ဒါနဲ့ပဲတန်တယ်” နန်ကုန်းချန်းရှီသည် ဒေါသထွက်လွန်းရာ စကား ကိုပင် လိုက်လျောညီထွေမပြောနိုင်တော့ပေ။
ကြီးမားသော ရိုက်ချက်ပင်။ ပေထင်းဟွမ်သည် ကျောက်တုံးပေါ်နင်းကာ တွက်ချက်နေသည့်အလား ဘာမှမရှိသည့် မေးစေ့ကိုပွတ်နေသည်။ တစ်ဖက် အဖွဲ့တွင် ၇ ဦးပါဝင်ကာ သူမတို့အဖွဲ့သည်လည်း ၇ ဦးရှိသည်။ တစ်ဖက်တွင် ကောင်းကင်အဆင့်ကျွမ်းကျင်သူပါဝင်သော်လည်း သုံးယောက်ထဲမှ တစ်ယောက်သာလျှင် ဓား ၇ လက်ရှိသည့် ကောင်းကင်အဆင့်ကျွမ်းကျင်သူ ဖြစ်သည်။ တခြားသူများသည် ဓား ၂ လက်နှင့် ၁ လက်ကျွမ်းကျင်သူများသာ ဖြစ်သည်။ သူမသည် နှစ်ယောက်ကို ဖြေရှင်းနိုင်ပြီး တစ်ယောက်ကို လျိုရွှီအား အပ်လိုက်နိုင်သည်။
ထိုသို့တွေးပြီးနောက် ပေထင်းဟွမ်သည် လျိုရွှီဘက်သို့လှည့်ကာ ပြော လိုက်သည် “အပေးအယူလုပ်ချင်လား” ပေထင်းဟွမ်သည် စစ်မြေပြင်တွင် မေးငေါ့လိုက်သည်။ “သူတို့ကို ဆွဲချပေးရင် ဒီကြယ် ၂ ပွင့်နတ်သားရဲက မင်း အတွက်ပဲ”
လျိုရွှီသည် မှင်တက်သွားသည်။ သူမ ဘာအဓိပ္ပာယ်လဲ။ သူမက ဒီအခြေအနေကို အမြတ်ထုတ်ချင်နေတာလား။ ဒီကြယ် ၂ ပွင့်နတ်သားရဲကို ပေးမယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ။ သို့သော် လျိုရွှီ မတုံ့ပြန်ခင်မှာပင် ပေထင်းဟွမ်သည် တိုက်ခိုက်ပြီးသားဖြစ်သည်။
သူမခြေထောက်အောက်မှ ပဉ္စဂံသည် ငွေရောင်အလင်းထွက်လာပြီး လူသားပုံသဏ္ဍာန်မှော်သားရဲသည် သူမဘေးတွင် ပေါ်လာသည်။ ၎င်းသည် ရွှေရောင်ရှေးမျောက်ဝံဖြစ်သည်။ ၎င်းသည် တစ်စုံတစ်ရာ ရေရွတ်နေသည်။ ပေထင်းဟွမ်သည် သူ့ဦးခေါင်းပေါ်သို့ လက်တင်လိုက်ရာ အပြာနုရောင် ဒြပ်စင် စွမ်းအင်သည် ရွှေရောင်ရှေးမျောက်ဝံအား လွှမ်းခြုံလေသည်။ ရွှေရောင် အလင်းတန်းသည် ချက်ချင်းဆိုသလိုပင် ပေထင်းဟွမ်၏ တစ်ကိုယ်လုံးကို လွှမ်းမိုးလိုက်၏။ သူမ၏ ရွှေရောင်ဆံပင်နှင့် ရွှေရောင်မျက်လုံးများသည် ပေထင်းဟွမ်အား ရွှေရောင်ရှေးစစ်နတ်ဘုရားကဲ့သို့ ဖြစ်စေသည်။
ဒီလူက ဘာလုပ်ဖို့ကြိုးစားနေတာလဲ။ အသံတစ်သံမှမထွက်ဘဲ ချပ်ဝတ် တန်ဆာပြောင်းလဲမှုလုပ်ပြီးသွားပြီပဲ။ သူက ကြယ် ၂ ပွင့်နတ်သားရဲအတွက်နဲ့ အဲအဖွဲ့ကို အဲဒါနဲ့တိုက်ခိုက်မလို့လား။ လျိုရွှီ မသိခင်မှာပင် ပေထင်းဟွမ်၏ ကြည်လင်သောအသံသည် တောထဲတွင် ပဲ့တင်ထပ်သွားသည်။ မှော်သားရဲ၏ ပုံစံသည် သူမအနောက်တွင် ပေါ်လာသည်။
“ကင်းကောင် ဗုဒ္ဓအမွေး”
ပေထင်းဟွမ်၏နောက်ရှိ ရွှေရောင်ရှေးမျောက်ဝံ၏ အညိုရောင် မျက်လုံးသည် သွေးနီရောင်ပြောင်းသွားလေသည်။ ၎င်း၏ လက်သီးဆုပ်ကြီး သည် ခန္ဓာကိုယ်ကို မိုးကြိုးသွားစွမ်းအားဖြင့် ထုကာ ရွှေရောင်နတ်အလင်း ထုတ်လွှတ်လေသည်။ လေဆာကဲ့သို့ အလင်းတန်းနှစ်ခုသည် မျက်လုံးများမှ ထွက်လာကာ ရွှေရောင်ဓားသွားနှစ်ချောင်းအဖြစ် ပြောင်းသွားလေသည်။
“သေစမ်း ဒီကောင်က တကယ်ကြီး ချောင်းမြောင်းတိုက်ခိုက်မလို့ပဲ” ပေထင်းဟွမ်၏ ပစ်မှတ်သည် ကြယ် ၂ ပွင့်နတ်သားရဲမဟုတ်ဘဲ လေ့ကျင့်ရေး အဖွဲ့ဖြစ်သည်ကို သိသွားပြီးနောက် လျိုရွှီသည် မြေကြီးမှ အလန့်တကြား ထခုန်ကာ အော်လိုက်လေသည်....