ခေါင်းဆောင်ရောက်လာပြီ
Vol. 31 Ch. 604
ရွှေရောင်ဓားသွားနှစ်ချောင်းသည် လေထဲတွင် ဓားရှည်အဖြစ် ပေါင်းစပ် သွားလေသည်။ ၎င်းသည် လျင်မြန်စွာလှည့်ပတ်ပြီးနောက် များပြားသော စွမ်းအင်ပမာဏကို သယ်ဆောင်ပြီး အပြင်းအထန် ရွေ့လျားလေသည်။ ၎င်းသည် လေ့ကျင့်ရေးအဖွဲ့ဆီသို့ သွားနေသော သေမင်း၏ ဓားမြှောင်နှင့်တူ သည်။ ၎င်း၏ပစ်မှတ်သည် ကြယ် ၂ ပွင့်နတ်သားရဲကို ရှောင်ရှားနေသည့် ကောင်းကင်အဆင့်ကျွမ်းကျင်သူ သုံးယောက်ဆီသို့ ဖြစ်သည်။
ဘုန်း...
ဗုံးတစ်လုံးကဲ့သို့ပင် လှည်နေသောဓားရှည်သည် ရွှေရောင်အလင်းနှင့် အတူ ဓား ၁ လက်ကြယ်ဝိညာဉ်သခင်၏ ခန္ဓာကိုယ်ဆီသို့ ထိုးစိုက်သွားလေ၏။ ထိုစဉ်တွင် ကြီးမားသောပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး အသွေးအသား များ နေရာအနှံ့ ပြန့်ကျဲသွားသည်။ ဓား ၁ လက်ကြယ်ဝိညာဉ်သခင်သည် လွင့် သွားပြီး သစ်ပင်နှင့် ရိုက်မိလေသည်။ ထို့နောက် ပင်စည်ပေါ်မှ လျှောကျသွား လေ၏။ သူသည် နှစ်ကြိမ်မျှ ချောင်းဟန့်ပြီးနောက် ခန္ဓာကိုယ်ဖြောင့်တန်းကာ သေသွားလေသည်။
ထိုမြင်ကွင်းသည် စစ်မြေပြင်မှ လူအားလုံးကို ထိတ်လန့်သွားစေသည်။ နတ်သားရဲနှံကောင်ပင်လျှင် အတိုက်အခိုက်ရပ်ကာ ကောင်းကင်မှ ပေါက်ကွဲသံ ကြီးကို ငေးကြည့်နေမိ၏။ သူသည် ဤမျှအားကောင်းသောလူကို မတွေ့ဖူးပေ။ သူသည် မည်သူနည်း။
လျိုရွှီသည် ကြက်သေသေနေ၏။ ဤအချင်းအရာများသည် ရုတ်တရက် ဖြစ်သွားခြင်းပင်။ ဤကဲ့သို့မြင်ကွင်းမျိုးကို တစ်ခါမှမတွေ့ဖူးသဖြင့် သူ့ကို ခွင့်လွှတ်ပေးစေချင်သည်။ ထိုအခိုက်အတန့်တွင် သူသည် လုံးဝမတုံ့ပြန်နိုင်ပေ။
တစ်ဖက်တွင် သံမဏိသွေးသူငယ်ချင်းတစ်သိုက်သည် ပါးစပ်နားရွက် တက်ချိတ်နေသည်။ ချောင်းမြောင်းတိုက်ခိုက်တာက ဘာဖြစ်နေလို့လဲ။ သူတို့ ခေါင်းဆောင်၏ မှော်သားရဲနှင့်ယှဉ်လျှင် သူတို့၏ခေါင်းဆောင်သည်လည်း မဆိုးလှပေ။ ထိုအချိန်က သူတို့ခေါင်းဆောင်၏ မွန်မြတ်သောသားရဲ ကြောင်မည်းသည် ချစ်စရာကောင်းဟန်ပြုကာ နန်ကုန်းချန်းရှီဆီမှ ဝိညာဉ် လက်နက်ကို လှည့်စားပြီးယူခဲ့ဖူးသည်။
ထို့အပြင် သူတို့ခေါင်းဆောင်သည် သွေးဆာနေသည့်လူမျိုးမဟုတ်ပေ။ အကယ်၍ သူတို့သာ မနေ့က ခေါင်းလောင်းပန်းမလုခဲ့လျှင် သူတို့ခေါင်းဆောင် သည် ယနေ့ကဲ့သို့ အလောတကြီး တိုက်ခိုက်မည်မဟုတ်ပေ။
ဆိုရိုးစကားကဲ့သို့ပင်.. လှုပ်ရှားမှုတိုင်းကို နတ်ဘုရားများ စောင့်ကြည့်နေ ကြသည်။ မဟုတ်သေးပေ.. ထိုလူသည် သူတို့၏ ခေါင်းဆောင်ဖြစ်သင့်သည်။ ခေါင်းဆောင်တစ်ယောက်သည် သူတို့ကိုအနိုင်ကျင့်သူများကို ရှင်းရန် ကူညီ ပေးသည်။ ကြည့်မည်ဆိုလျှင် တစ်ညသာရှိသေးသည်။ ဝဋ်ဆိုသည်မှာ ပြန်လည်ချေပြီ။
“ဘယ်သူလဲ.. ဘယ်သူလဲ.. ထွက်လာခဲ့” တစ်ဖက်အဖွဲ့ထဲမှ အဆင့်မြင့် ကြယ်ဓားဝိညာဉ်သခင်သည် အသက် ၄၀ ခန့်အရွယ်ရှိသည်။ ထိုလူသည် အရည်အချင်းရှိလှပုံမပေါ်ပေ။ သူသည် ကောင်းကင်အဆင့်သို့ တက်စဉ်က အိုမင်းနေပြီဖြစ်သည်။ သူသည် လက်ထဲတွင် ကြာပွတ်ကိုင်ထားကာ ပေထင်းဟွမ် သတ်လိုက်သော ကောင်းကင်အဆင့်ကျွမ်းကျင်သူအား လာရောက်စစ်ဆေးလေသည်။ သူ မတ်တတ်ရပ်လိုက်ချိန်တွင် သူ့မျက်နှာသည် ဒေါသကြောင့် ခရမ်းရောင်ပြောင်းသွားလေသည်။
ထိုလူသည် သူတို့အဖွဲ့၏ အစောင့်အရှောက်စစ်သည်ဖြစ်သည်။ အတိအကျဆိုရလျှင် သူသည် မင်းသမီးချန်လဲ့၏ အစောင့်အရှောက်စစ်သည် ဖြစ်သည်။ သူ့နာမည်သည် တုန်ချန်လီဖြစ်သည်။ လက်ထဲမှ ကြာပွတ်ဆီသို့ အပြာနုရောင်ဒြပ်စင်စွမ်းအင်ထည့်လိုက်ပြီးနောက် ပေထင်းဟွမ်ရှိရာသို့ လှံ ကဲ့သို့ ချိန်ရွယ်လေသည်။ သို့သော် သူသည် ပေထင်းဟွမ်၏ ရောင်ဝါကို အာရုံ မခံမိပေ။
ထိုအခိုက်အတန့်တွင် တခြားသောဓားကြယ်ဝိညာဉ်သခင်ဖြစ်သည့် အဝါရောင်ဝတ်ထားသည့် မိန်းကလေးသည် ချင်ရှဲလင်ပြောသည့် မင်းသမီး ချန်လဲ့ဖြစ်သည်။ ထိုအချိန်တွင် သူမသည်လည်း ဒေါသထွက်လျက်ရှိသည်။ သူမသည် မြေပေါ်တွင် လဲနေသောလူကို စစ်ဆေးရန် ပြေးလာပြီး မယုံကြည် နိုင်စွာဖြင့် ရေရွတ်နေသည် “ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ဟူခွန်း သူက ဒီလိုပဲ သေသွားပြီလား”
ထိုရုတ်တရက်ပေါ်လာသော ကြယ်ဝိညာဉ်သခင်သည် အလွန် အားကောင်းလွန်းသည်။ တစ်ဖက်လူသည် ချောင်းမြောင်းတိုက်ခိုက်ခဲ့သည်။ တိုက်ခိုက်မှုရောက်လာချိန်တွင် ရှောင်ရှားရန် အချိန်မရှိလိုက်ပေ။ ဟူခွန်းသည် ပေါက်ကွဲမှုကြောင့် သေသွားလေပြီ။ သူ၏ သေဆုံးမှုသည် နှမြောဖွယ်ရာပင်။
ကျောက်တုံးနောက်တွင် ပုန်းနေသည့် မုဝမ်ယွဲ့သည် မျက်လုံးပြူးကာ မြေပေါ်တွင် လဲလျောင်းနေသည့် အသက်မဲ့လူကို ကြည့်နေသည်။ သူမသည် မြေကြီးကို လက်ဖြင့်ကုတ်ကာ မည်သို့ခံစားရမည်ကိုမသိတော့ပေ။ ထိုလူသည် သေဆုံးသွားလေပြီ။ သူသည် သူမကို ငွေလရောင်အင်ပါယာသို့ ခေါ်သွားပေး မည်ဟု ကတိပေးခဲ့သည်။ သူမအား လက်ထပ်ပါ့မည်ဟု ကတိပေးခဲ့သူသည် အမှန်တကယ်ပင် သေဆုံးသွားလေပြီ။
သူမသည် ဤနှလုံးသားမဲ့သည့်လူကို သေစေချင်သည်။ သူမ သူ့ဆီမှ အကျိုးအမြတ်ရပြီးမှ သေနိုင်သည်။ သူ မြန်မြန်သေဆုံးသွားလျှင် သူမ လုပ်သမျှသည် အရာမထင်တော့ပေ။ သူမသည် ထိုလူကြောင့် ဤမျှ ပြင်းထန် သောအရာများကို ခံစားနေရသည်။ ဒါတွေအကုန်လုံးက ဘာမှမဟုတ်တော့ဘူး လား။