ငါကအမြင့်ဆုံးသားရဲထိန်းပဲ
Vol. 31 Ch. 605
“ထွက်လာရမယ်ဟုတ်လား” ပေထင်းဟွမ် လှုပ်ရှားပြီး ငွေလရောင် အင်ပါယာလူများရှေ့သို့ ရွှေရောင်ချပ်ဝတ်တန်ဆာ၊ ရွှေရောင်မျက်လုံးများဖြင့် ပေါ်လာသည်။ “အဘိုးကြီး ငါ့ကိုအရင်လာတွေ့လေ အဲလိုဆို စဉ်းစားပေးမယ်”
အဘိုးကြီးဟုတ်လား။ သခင်တုန်ချန်လီသည် ဒေါသထွက်လွန်းသဖြင့် သွေးများပင်အန်မိတော့မလိုပင်။ သူသည် အသက် ၁၀၀ ပင်မပြည့်သေးပေ။ ဘယ်လိုလုပ်အိုဦးမှာလဲ။ သူသည် လက်ထဲမှ ကြာပွတ်ဖြင့် ပေထင်းဟွမ်အား ချိန်ရွယ်လေသည် “ကောင်လေး ငါက မင်းနဲ့ ဘာရန်ငြိုးမှမရှိဘူး.. ဒါပေမဲ့ မင်းက ရွံဖို့ကောင်းပြီး အရှက်မဲ့တာပဲ.. မင်းက နတ်သားရဲနဲ့တိုက်ခိုက်နေတဲ့ ငါတို့ကို အခွင့်ကောင်းယူပြီး ညစ်တာပြ.. မင်း ဒီနေ့ ဒီမှာမသေရင် မင်းကို ငါ အလွတ်မပေးဘူး”
ပေထင်းဟွမ် ပေါ်လာသည်ကို မြင်သည်နှင့် မုဝမ်ယွဲ့၏မျက်လုံးများ ပြူးကျယ်သွားပြီး အော်လေသည် “မင်.. မင်းပဲ.. ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
မင်းသမီးချန်လဲ့သည် မုဝမ်ယွဲ့အား အထင်သေးစွာကြည့်ပြီး အေးစက်စွာ မေးလေသည် “သူက ဘယ်သူလဲ”
ပေထင်းဟွမ်၏ အေးစက်သောအကြည့်သည် ရေခဲမြားကဲ့သို့ ရောက်လာ သည်။ မုဝမ်ယွဲ့သည် ချက်ချင်းပင် သူမ၏ဝိညာဉ် ဆွဲနှုတ်ခံလိုက်ရသလို ခံစား လိုက်ရသည်။ သူမ၏ပါးစပ်သည် ပိန်ပါးသောမျဉ်းအဖြစ်ကွေးနေပြီး ခေါင်းငုံ့ ထားသည်။ သူမ၏တစ်ကိုယ်လုံးသည် တုန်ယင်နေပြီဖြစ်သည်။ သူမသည် ယနေ့ ဤတောင်ကြားမှ ထွက်မသွားနိုင်တော့သည်ကို နားလည်နေပုံပင်။
“မင်းသမီးချန်လဲ့.. ငါ့နာမည်ကိုသိချင်ရင် ဘာလို့ကိုယ်တိုင်မမေးတာလဲ” ပေထင်းဟွမ်၏ အေးစက်သောမျက်လုံးများသည် မင်းသမီးချန်လဲ့ဆီသို့ တစ်လက်မပြီး တစ်လက်မ ရွေ့လျားသွားသည်။ သူမ၏ လှပသောနှုတ်ခမ်းများ သည် လှောင်ပြောင်သောအပြုံးအဖြစ်သို့ ကွေးတက်သွားပြီး ရှေ့တစ်လှမ်းတိုး ကာ ကျောက်တုံးတစ်ခုပေါ်ရပ်လိုက်၏။ သူမ၏ မာနကြီးသောခန္ဓာကိုယ်သည် တောင်တစ်လုံးထက်ပင် မြင့်သေးသည် “မင်းရဲ့ ရှက်တတ်တဲ့ပုံစံကြောင့် ငါ့ နာမည်ကို ပြောဖို့တွန့်ဆုတ်နေတာလည်းဖြစ်နိုင်တာပဲ”
“မင်း တဏှာရူး” မင်းသမီးချန်လဲ့၏မျက်နှာသည် အရှက်တရားကြောင့် နီရဲနေပြီဖြစ်သည်။ သူမ၏ လက်များသည် အလိုလိုပင် ရင်ဘတ်ကို ရစ်ပတ် လိုက်သည်။ သူမသည် ဤကဲ့သို့အကြည့်အောက်တွင် တစ်ကိုယ်လုံး ထိုးဖောက်ကြည့်ခံလိုက်ရသလို ခံစားရလေသည် “မင်းက ဘယ်သူလဲဆိုတာ အရေးမကြီးဘူး.. သေသွားတဲ့လူက သမိုင်းကြောင်းမှာ နာမည်ကိုတင်ပြဖို့မလို ဘူး”
“အိုး.. ဒီနေ့ သေရမယ့်သူက မင်းမဟုတ်ဘဲ ငါဆိုတာ သေချာလား” ပေထင်းဟွမ်သည် နောက်ပြန်လှန်ကာ ရယ်မောလေသည်။ သူမ၏ ကြည်လင်၊ လှောင်ပြောင်ပြီး အထင်သေးသည့်ရယ်သံသည် တောထဲတွင် ပဲ့တင်ထပ်သွား ကာ လူတစ်ဦး၏နားစည်ကို တုန်ခါသွားစေပြီး စိတ်ကိုပါလှုပ်ခါစေသည်။ ဤကဲ့သို့ ရယ်သွမ်းမှုအောက်တွင် မောက်မာသော ကြယ် ၂ ပွင့် နတ်သားရဲပင် လျှင် ဒူးထောက်ပြီး ပေထင်းဟွမ်အား အရှုံးပေးရသည်။ သူတို့သည် ဤလူငယ် ၏ ရှေ့တွင် အရေးမပါသလို ခံစားလိုက်ရသည်။
“ဘာတွေ ရယ်နေတာလဲ” မင်းသမီးချန်လဲ့သည် လူသိရှင်ကြား အရှက်ခွဲ ခံလိုက်ရသလို ခံစားရလေသည်။ ဤလူငယ်၏ ရယ်သံသည် မုန်းတီးဖွယ်ရာပင် “ကောင်စုတ် မင်း ဒီနေ့သေဖို့ပဲတန်တယ်”
“ငါသေဖို့မသေဖို့ကို မင်းစိုးရိမ်နေဖို့မလိုပါဘူး.. ဒါပေမဲ့ စိတ်မပူပါနဲ့ မင်းသမီးချန်လဲ့ မင်းမသေပါဘူး ငါ မင်းကို သေချာပေါက် အရှင်ထားမှာ” ပေထင်းဟွမ်သည် လက်သီးဆုပ်ကာ မင်းသမီးချန်လဲ့အား အေးစက်သော မျက်လုံးများဖြင့် နက်နဲစွာကြည့်လေသည်။ သူမ လက်ကိုလေထဲသို့ ဝေ့ယမ်း လိုက်သည်နှင့် လက်ထဲမှ နှင်းဖြူရောင်ဓားပျော့သည် မင်းသမီးချန်လဲ့အား ချိန်ရွယ်ပြီးသားဖြစ်လေသည်။ “လျိုရွှီ ငါက အမြင့်ဆုံးသားရဲထိန်းဆိုတာ ပြောဖို့မကြောက်ဘူး.. ဒီကောင်မကို အရှင်ဖမ်းပေးမယ်ဆိုရင် ဒီကြယ် ၂ ပွင့် နတ်သားရဲက မင်းအတွက်ပဲ”
သေလေ.. ထိုကြယ် ၂ ပွင့်နတ်သားရဲသည် ဒေါသထွက်သွား၏။ ငါက ပစ္စည်းမှမဟုတ်တာ။ ငါ့ရှေ့မှာတောင် ဒီလိုအပေးအယူဘယ်လိုများလုပ်ရဲတာ လဲ။ အညိုမည်းစွဲနေအောင် အရိုက်ခံထားရသည့် ကြယ် ၂ ပွင့်နတ်သားရဲသည် ထွက်ပြေးတော့မည်ပြုသည်။ ၎င်းသည် ခြေလှမ်းအနည်းငယ်သာရှိသေး သော်လည်း သွေးနီရောင်အလင်းများဖြာထွက်နေသည့် လူတစ်ဦး၏ တားခြင်း ကိုခံလိုက်ရသည်။ “ထွက်သွားချင်တာလား သွားနိုင်လို့လား”
ကြီးမားသောဖိအားတစ်ခုကို ခံစားမိရာ တောင်ပံခြောက်ခုနှံကောင်သည် မြေပေါ်တွင် အားပျော့စွာ ဒူးထောက်လိုက်သည်။ ၎င်း၏ရှေ့လက်သည်းများ သည် ခေါင်းကိုဖက်ထားကာ တစ်ကိုယ်လုံးတုန်ယင်နေသည်။ သူ၏သွေးသား မှလာသော ဖိအားသည် အနည်းငယ်ပင် မခုခံနိုင်အောင် ပြုလုပ်နေသည်။ ၎င်းသည် ယနေ့ ဤကဲ့သို့ ကြေကွဲဖွယ်ရာအခြေအနေသို့ ကျရောက်သည်မှာ ကံမကောင်းလှဟု တွေးနေမိသည်။