သံမဏိသွေးလား ပေါင်းပင်လိုမျိုးလား
Vol. 31 Ch. 606
အမြင့်ဆုံးသားရဲထိန်းလား။
ထိုစကားလုံးများသည် နေသာသည့်နေ့တွင် ပစ်လိုက်သည့်မိုးကြိုးသဖွယ် လူနှင့်သားရဲအားလုံးကို ထိတ်လန့်သွားစေသည်။ ဤအချိန်တွင် သံမဏိသွေး အဖွဲ့ဝင်များပင် အနည်းငယ် မူးဝေလာသည်။ သူတို့ခေါင်းဆောင်သည် သားရဲ ထိန်းသခင်ကြီးဟု သူတို့ ထင်ထားကြသည်။ သူသည် တိုက်ကြီးပေါ်တွင် နှစ်ပေါင်းသောင်းချီကြာပြီးမှ ပေါ်လာသည့် အမြင့်ဆုံးသားရဲထိန်းဖြစ်လိမ့်မည် ဟု မည်သူထင်မည်နည်း။
“အမြင့်ဆုံးသားရဲထိန်းလား” ထိုစကားများကြားသည်နှင့် လျိုရွှီ၏ အသည်းနှလုံးသည် ကဆုန်ပေါက်ခုန်လာသည်။ သူ့နှလုံးသားသည် ရင်ဘတ်မှ ခုန်ထွက်တော့မလိုပင်။ “ဒါ.. ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.. အမြင့်ဆုံးသားရဲ ထိန်းလား.. သေစမ်း ဟေ့ကောင် မင်းက လုံးဝကိုဖုံးကွယ်ထားတာပဲ”
သူမက အမြင့်ဆုံးသားရဲထိန်းမဟုတ်ရင် ကြယ် ၉ ပွင့်နတ်သားရဲကို ဘယ်လိုလုပ် အလွယ်လေးထိန်းနိုင်မှာလဲ။ သို့သော် ဤပင်မတိုက်ကြီးတွင် အမြင့်ဆုံးသားရဲထိန်းပေါ်လာလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။ လျိုရွှီသည် စိတ်လှုပ်ရှားလွန်ရာ လက်ထဲမှလှံတံကိုပင် မကိုင်နိုင်တော့ပေ။ သူသည် ရှေ့သို့ တစ်လှမ်းတိုးလိုက်ရာ မိုးပေါ်မှကျလုနီးပါးဖြစ်သွားသည်။
“ငါတို့ခေါင်းဆောင်က အမြင့်ဆုံးသားရဲထိန်းသာမဖြစ်ရင် ငါ့ရဲ့ ရေခဲ နဂါး ပြာကဘယ်ကရောက်လာမှာလဲ” ရှန်းယန်ပိုသည် ရေရွတ်လိုက်သည်။ သူသည် မျက်စိရှေ့မှ ရွှေရောင်စစ်နတ်ဘုရားနှင့်တူသော လူငယ်ကိုကြည့်ပြီး တယူသန် သော စိတ်အားထက်သန်မှုများဖြင့် ပြည့်နှက်သွားလေသည်။
“ဝိုး ငါ့ရဲ့သန့်ရှင်းတဲ့သားရဲ တောင်ခွဲနွားရိုင်းကို တကယ်ပဲ ခေါင်းဆောင် က ကိုယ်တိုင်ထိန်းကျောင်းထားတာပဲ” ယွမ်ဟဲ့သည် ရုတ်တရက် သတိပြန်ဝင် လာစေရန် သူ့ခေါင်းသူရိုက်လိုက်သည်။
အမြင့်ဆုံးသားရဲထိန်းလား။ တုန်ချန်လီသည် နားကြားမှားသွားသလား ဟုပင်သံသယဝင်မိသည်။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဤတိုက်ကြီးတွင် အမြင့် ဆုံးသားရဲထိန်းဟူ၍ တစ်ခါမှမကြားဖူးပေ။ သူသည် ပေထင်းဟွမ်အနောက်၌ ရပ်နေသော အားကောင်းသည့် နတ်သားရဲ တစ်ကောင်သို့မဟုတ် နှစ်ကောင်ကို သာ မြင်နိုင်တော့သည်။ တုန်ချန်လီသည် သွေးများပြောင်းပြန်စီးသွားသလို ခံစားလိုက်ရသည်။ ဤလူငယ်သာ အမြင့်ဆုံးသားရဲထိန်းဆိုလျှင် သူသည် သေချာပေါက် အသက်ရှင်ခွင့်မရှိတော့ပေ။
တိုင်းပြည်လေးခုကြားတွင် ပြိုင်ပွဲများ အမြဲတမ်းရှိစမြဲပင်။ တစ်လျှောက် လုံးတွင် ဟန်ချက်ညီအောင် ထိန်းသိမ်းရန်မှာ အလွန်ခက်ခဲသည်။ သားရဲထိန်း သခင်ကြီးသည် အဖွဲ့အစည်းတစ်ခုကို အလွန်လွှမ်းမိုးနိုင်ရာ အထွတ်အမြတ် သားရဲကိုထိန်းကျောင်းနိုင်သည့် အမြင့်ဆုံးသားရဲထိန်းဆိုပိုသက်ရောက်သည်။ ထို့အပြင် ဤလူသည် ငွေလရောင်ဧကရာဇ်၏ ဘဏ္ဍာရေးဝန်ကြီး၏ တစ်ဦး တည်းသောသားကိုပင် သေစေခဲ့သည်။
“ဟင်း မင်းက အမြင့်ဆုံးသားရဲထိန်းဆိုရင်တော့ အကောင်းဆုံးပေါ့.. ငါ အမြင့်ဆုံးသားရဲထိန်းကိုသတ်ရတော့မယ်.. ငါ့ရှေ့မှာ ကြမ်းကြုတ်သလို လာလုပ်ရဲတယ်ပေါ့.. ဒီနေ့ ဒီတောထဲက ထွက်နိုင်မယ်လို့မထင်လိုက်နဲ့” အန္တရာယ်ပြုမည့်အကြည့်သည် တုန်ချန်လီ၏မျက်လုံးထဲတွင် ဖြတ်ပြေးသွား သည်။ သူသည် အသည်းများနာကျင်လောက်အောင်ထိပင် ဒေါသထွက်သွား ၏။ ဤလူသည် သူ့ရှေ့တွင် သူတို့ကို ပစ္စည်းများသဖွယ် ဆက်ဆံခဲ့သည်။ သူ့ လက်ထဲမှ ကြာပွတ်သည် လေထဲတွင် အတန်းလိုက်လွင့်သွားပြီး ပေထင်းဟွမ် ဆီသို့ အရှိန်ဖြင့်ပြေးလေသည်။
ထိုကောင်လေးသည် ၁၄၊ ၁၅ နှစ်လောက်သာရှိသေးသည်။ သန်မာလျှင် တောင် မည်မျှသန်မာမည်နည်း။ အစောက သူတို့သည် ကြယ် ၂ ပွင့် နတ်သားရဲ ကို ခုခံရန်ကိုသာ အာရုံစိုက်နေခဲ့သည်။ ဤကောင်လေးသည် သူ့အသက်ကို ဂရုမစိုက်ဘဲ သူတို့သတိလွတ်သွားချိန်တွင် မမျှတသည့်နည်းလမ်းကိုသုံးခဲ့၏။ သူ ဆုရနိုင်မယ်လို့ထင်နေတာလား။
တိုက်ပွဲအစတွင် သူသည် ကြယ်ဝိညာဉ်သိုင်းကို သုံးခဲ့သည်။ သူကဲ့သို့ ဓား ၇ လက်ကြယ်ဝိညာဉ်သခင်ကို ခုခံရန် မည်သို့အရည်အချင်းရှိသည်ကို သူ သိချင်သည်။
“မင်းလား... တကယ်ပဲ မင်းလား” မင်းသမီး၏ချန်လဲ့သည် ပေထင်းဟွမ် ၏အနောက်မှ လူငယ်အဖွဲ့ကိုမြင်သောအခါ လက်ချောင်းများတုန်ယင်လာ၏။ “အရမ်းကောင်းတယ် သံမဏိသွေး.. မင်းတို့က ပေါင်းပင်တွေလိုပဲ.. တစ်ခါတည်း ရှင်းလို့မရတဲ့အမှိုက်တွေ.. မနေ့က ရှုံးသွားတာတောင် ဒီကို သေဖို့ လာရဲသေးတယ်နော်”
“ကံကြမ္မာက ဘယ်သူ့ဘက်ပါနေလဲဆိုတာ မသိသေးဘူးလေ” ချင်ရှဲလင် သည် ဒေါသတကြီးနှင့် မင်းသမီးချန်လဲ့အား လက်ညှိုးထိုးလိုက်သည် “မင်းလိုမျိုး အရှက်မဲ့တဲ့မိန်းမမျိုးကို တစ်ခါမှမမြင်ဖူးဘူး.. မိန်းမတစ်ယောက်မှာ ယောက်ျားနှစ်ယောက်မရှိဘူးလို့ပြောကြပေမဲ့ မင်းက တခြားယောက်ျားနဲ့ အိပ်ချင်နေတာပဲ.. မင်းကိုယ်မင်း ညစ်ပတ်တယ်လို့မထင် ဘူးလား”
“ဘာမဟုတ်တာတွေ လာပြောနေတာလဲ” မင်းသမီးချန်လဲ့၏လက်ထဲမှ ဓားရှည်သည် အက်ကွဲသွားသည်။ သူ၏မျက်လုံးနှစ်လုံးသည် နီရဲလာကာ သူမသည် လူသားစားချင်နေသည့် သားရဲသဖွယ်ဖြစ်နေသည်... “ချူဖုန်းက ငါ့ကို ထိပိုင်ခွင့်ရှိလို့လား”