အထွတ်အမြတ်သားရဲရဲ့ ပထမဆုံးတန်ဖိုး
Vol. 31 Ch. 607
“ဟား” နန်ကုန်းချန်းရှီသည် နှာမှုတ်လေသည် “မင်းလိုမျိုး သူတောင်းစား နဲ့ပဲလိုက်တဲ့ မိန်းမက ငါတို့တပ်မှူးနဲ့ လက်ထပ်ချင်သေးတာလား အိပ်မက်မက် နေလိုက်လေ.. ငါတို့တပ်မှူးက အထွတ်အမြတ်သားရဲနဲ့ လက်ထပ်ရင်တောင် မင်းလိုမျိုး မိန်းမနဲ့အိပ်ချင်မှာမဟုတ်ဘူး”
တောထဲတွင် မိန်းကလေးများ ကျိန်ဆဲနေကြသည့်စကားများကို နားထောင်နေသည့် အဂူးသည် ဆွံ့အမိလေသည်။ မိုးနတ်မင်းရေ အထွတ်အမြတ်သားရဲဖြစ်ရတာ ပထမဆုံးဂုဏ်ယူမိတာပဲ။ ဘယ်လိုလုပ် အထွတ်အမြတ်သားရဲကို ဒီလိုမိန်းမနဲ့ လာယှဉ်ရတာလဲ။
မင်းသမီးချန်လဲ့နှင့် ချင်ရှဲလင်တို့လို မိန်းကလေးများကဲ့သိုမဟုတ်ဘဲ ရှန်းယန်ပို၊ ရန်ရှောင်ကျဲနှင့် တခြားသောလူငယ်များသည် လက်နက်များ ကိုင် ကာ စစ်မြေပြင်သို့တိုးဝင်ကြသည်။ နန်ကုန်းချန်းရှီနှင့် မင်းသမီးချန်လဲ့တို့ တိုက်ခိုက်ချိန်တွင် တခြားသူများသည် အသေအပျောက်ရှိနေပြီဖြစ်၏။
ပေထင်းဟွမ်သည် မိုးပေါ်တိုက်ပွဲတွင်ရှိနေသည်။ ပေထင်းဟွမ်၏ ဓားပျော့နှင့် တုန်ချန်လီတို့၏ကြာပွတ်တို့သည် လက်နက်အမျိုးအစားတူကြ သည်။ သူတို့နှစ်ယောက်သည် ခန္ဓာကိုယ်ကိုအနည်းငယ်နှိမ့်ထားကြရာ တိုက်ခိုက်မှုများကို ရှင်းလင်းစွာမြင်နေရသည်။ ပေထင်းဟွမ်သည် ကြည်လင် သောအသံဖြင့် အော်လိုက်သည် “တိုက်ခိုက်ကြ” ပုံရိပ်နှစ်ခုသည် ရုတ်တရက် ရှေ့သို့ပြေးပြီး တိုက်ခိုက်လေသည်။
ဘုန်း...
ပြင်းထန်စွာတိုက်မိပြီး ပေထင်းဟွမ်၏လက်ထဲမှ ဓားပျော့နှင့် တုန်ချန်လီ ၏လက်ထဲမှ ကြာပွတ်ရှည်တို့ ထိပ်တိုက်တွေ့ပြီးသည်နှင့် များစွာသော ဒြပ်စင် စွမ်းအင်တို့ ထွက်လာသည်။ လျှပ်စီးကြောင်းနှင့် မီးပွားမီးပန်းတို့ဖြာထွက်လာ သည်။ တုန်ချန်လီ၏ခန္ဓာကိုယ်သည် ခြေလှမ်း ၂၀ မျှ လွင့်သွားသည်။
သူ၏ချီနှင့်သွေးများ ဆူပွက်လာသည်။ ကြာပွတ်၏ အားကောင်းသော သက်ရောက်မှုသည် သူ၏အတွင်းအင်္ဂါများကို ထိခိုက်သွားလေသည်။ ညှီနံ့သည် သူ့လည်ချောင်းသို့တက်လာသည်။ နောက်ဆုံးတော့ မအောင့်နိုင် တော့ဘဲ သွေးများအန်ချလိုက်တော့သည်။
ပေထင်းဟွမ်၏ မည်းနက်သောမျက်လုံးများသည် သွေးကိုအထင်သေး စွာကြည့်လိုက်သည်။ အေးစက်သောအပြုံးတစ်ခုသည် သူမ၏နှုတ်ခမ်းတွင် ပေါ်လာပြီး သူမ နှာမှုတ်လိုက်သည် “အဘိုးကြီး ကျုပ်ကိုသတ်ချင်နေတာ မဟုတ်ဘူးလား.. ဟင်း ခွန်အားက အသက်ပေါ်မူမတည်ဘူး.. ဒီသဘောတရား ကိုတောင် နားမလည်ဘူး.. အဲဒါကြောင့် မသေခင် ကောင်းကင်အဆင့်ထိပဲ ရောက်တာ”
တုန်ချန်လီသည် ပေထင်းဟွမ်၏ ချေပမှုကြောင့် ဒေါသထွက်ပြီး သေလုနီးပါးပင်။ သူသည် ပါးစပ်မှ သွေးများအန်မိတော့လေသည်။ တုန်ချန်လီ သည် လက်ထဲမှ ကြာပွတ်ရှည်ကို တင်းတင်းဆုပ်ထားသည်။ ပေထင်းဟွမ်တွင် နတ်လက်လက်ရှိကာ သူမ၏သရုပ်မှန်ကို ဖုံးကွယ်ထားခဲ့သည်။ သူမ၏ ခွန်အား ကို မည်သူကမှ မမြင်နိုင်ကြသော်လည်း သူမသည် ကောင်းကင်အဆင့် ကျွမ်းကျင်သူဖြစ်ကြောင်းကို တုန်ချန်လီ ရှင်းရှင်းလင်းလင်းမြင်နေရသည်။
သူမသည် ၁၄ နှစ်အရွယ်ကောင်းကင်အဆင့်ဖြစ်သည်။ သူမသည် မောက်မာခွင့်ရှိသည်။
“မင်းရဲ့ခွန်အားက တကယ့်ကို ထူးခြားတာပဲ.. မင်းက ဒီလောက် ငယ်ငယ် ရွယ်ရွယ်နဲ့ ကျင့်ကြံနိုင်တာပဲ.. မင်းမှာ အရည်အချင်းရှိလေလေ ကိုယ့်ကိုယ် ကိုယ်ထိန်းချုပ်ရမယ်ဆိုတာကို မင်းဆရာမပြောဘူးလား” တုန်ချန်လီ နှာမှုတ် လေသည် “မင်းကကောင်းကင်အဆင့်ဆိုမှတော့ မင်းရဲ့ကြယ်ဝိညာဉ်သိုင်းကို ငါ့ ကိုစမ်းခိုင်းလေ”
ပေထင်းဟွမ် ထုတ်လွှတ်လိုက်သည့် “ဗုဒ္ဓအမျက်သည်း” သည် ကြယ် ဝိညာဉ်သိုင်းဖြစ်သည်။ ကံမကောင်းစွာပင် ဟူခွန်းသည် ပေထင်းဟွမ်၏ ကြယ် ဝိညာဉ်သိုင်းကြောင့် သေဆုံးခဲ့သည်။ ပေထင်းဟွမ် ကြယ်ဝိညာဉ်သိုင်းကို ထုတ်သုံးရန် စက္ကန့် ၁၀၀ မျှသာကြာသည်။ သာမန်လသည် ကြယ်ဝိညာဉ်သိုင်း ကိုထောက်ပံ့ရန် ခန္ဓာကိုယ်အတွင်းတွင် ဒြပ်စင်စွမ်းအင်လုံလောက်စွာမရှိကြ ပေ။
တုန်ချန်လီသည် ထိုအတိုင်းတွေးသည်။ သူသည် လက်ထဲမှ ကြာပွတ်ကို မြင့်မြင့်မြောက်လိုက်ရာ သူ့အနောက်တွင် ဝိညာဉ်သားရဲပေါ်လာသည်။ သူ၏ စာချုပ်သားရဲသည် ကြယ် ၉ ပွင့်ဝိညာဉ်သားရဲပိတုန်းဖြစ်သည်။ ကံကောင်းစွာ ပင် တုန်ချန်လီ၏ ဓား ၇ လက်ကြယ်ဝိညာဉ်သခင် ဒြပ်စင်စွမ်းအင်သည် ကြယ် ၉ ပွင့်နတ်သားရဲ၏ဖိအားကို နောက်ဆုံးချိန်ထိ တောင့်ခံရန် ခွန်အားလုံလောက် သည်။
အာရုံတစ်ခုပေါ်လာသည်။ တုန်ချန်လီ၏ခန္ဓာကိုယ်ပတ်ပတ်လည်မှ အပြာနုရောင်ဒြပ်စင်စွမ်းအင် ထွက်လာသည်နှင့် ပိတုန်းသည် ရွှေရောင် အလင်းတန်းထုတ်လွှတ်လေသည်။ မြားတစ်စင်းကဲ့သို့ ၎င်းသည် ပေထင်းဟွမ် ဆီသို့ ခွန်အားအပြည့်ဖြင့် ထိုးစိုက်သွားလေသည်...