← Chapters

ဒီကမ္ဘာမှာ ဘာမှမဖြစ်နိုင်တာမရှိဘူး

Vol. 31 Ch. 608

ဒီကမ္ဘာမှာ ဘာမှမဖြစ်နိုင်တာမရှိဘူး

Vol. 31 Ch. 608

ပေထင်းဟွမ် နှာမှုတ်လိုက်သည်။ သူမခန္ဓာကိုယ်မှ ရွှေရောင်အလင်း သည် နေရောင်ကဲ့သို့ဖြာထွက်လာသည်။ ရွှေရောင်ရှေးမျောက်ဝံ၏ အာရုံသည် သူမအနောက်တွင် ပေါ်လာပြီး သူမ၏အေးစက်ကြည်လင်သည့်အသံသည် တောထဲတွင် ထပ်မံပဲ့တင်ထပ်သွားသည် “ကင်းကောင် ဗုဒ္ဓအမျက်သည်း”

ရွှေရောင်လခြမ်းကွေးသည် ပိတုန်း၏မြားဆီသို့ ပစ်လွှတ်လေသည်။ ၎င်း နီးကပ်မလာခင်တွင် စွမ်းအားစုမြားသည် ယမ်းသွားကာ မခုခံလိုက်ရဘဲနှင့် လခြမ်းကွေး၏ လွှမ်းမိုးမှုကိုခံလိုက်ရသည်။ ၎င်းသည် တိတ်ဆိတ်စွာပင် ဝါးမျို ခံလိုက်ရသည်။

“မဟုတ်ဘူး ဒါမဖြစ်နိုင်ဘူး”

လခြမ်းကွေးသည် ကြယ်ဝိညာဉ်သိုင်းကို ဝါးမျိုရန်အတွက် ဒြပ်စင်စွမ်းအားကို ထုတ်သုံးပြီးနောက် ၎င်း၏အဖျက်စွမ်းအားတစ်ခုတိုးလာခဲ့ သည်။ မီးပွားများသည် ကြီးမားသောစွမ်းအင်၏ ပွတ်တိုက်မှုကြောင့် လေထဲ တွင် လွင့်ပျံသွားလေသည်။ လေစုတ်ပြဲသံများသည် သေမင်းခေါ်သံလိုပင်။ ၎င်းသည် သူ့ခန္ဓာကိုယ်ထဲမှ ဝိညာဉ်ကို ဆွဲနှုတ်လိုက်သလိုပင်။ တုန်ချန်လီသည် တစ်လှမ်းချင်းနောက်ဆုတ်သွားသည်မှာ သူ့ခန္ဓာကိုယ်မှ ဝိညာဉ်သားရဲချပ်ဝတ် တန်ဆာကွာကျသွားသည်ကိုပင် သတိမထားမိလိုက်ပေ။

“ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” တုန်ချန်လီသည် ဘယ်နေရာမှားသွား သည်ကို နားမလည်နိုင်တော့ပေ။ ဤလူငယ်သည် ကြောက်ဖို့ကောင်းလွန်း သည်။ သူမသည် ဤကဲ့သို့အချိန်တိုအတွင်းတွင် အားကောင်းသော ကြယ် ဝိညာဉ်သိုင်းနှစ်ခုကို ထုတ်လွှတ်နိုင်သည်။ ၎င်းသည် ကောင်းကင်အဆင့်၏ အစွမ်းသတ္တိကို နားလည်မှုလွဲလုနီးပါးပင်။ “ဒါမဖြစ်နိုင်လိုက်တာ”

“ဒီကမ္ဘာမှာ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး” ပေထင်းဟွမ်သည် နှာမှုတ်လေ သည်။ သူမသည် ဖြည်းဖြည်းချင်း ဖြူဖွေးသောလက်ကို ရှေ့ထုတ်ကာ ခန္ဓာ ကိုယ်မှ လေလှိုင်းကိုထုတ်လွှတ်လိုက်သည်။ သူမသည် ချက်ချင်းပင် ရှေ့မှ လခြမ်းကွေးကို အသက်သွင်းလိုက်သည်။ လခြမ်းကွေးသည် လှည့်ပြေးသော တုန်ချန်လီနောက်လိုက်လေသည်။ ၎င်းသည် ရက်စက်စွာ သူ့ကိုတိုက်ခိုက်လေ သည်။

ကောင်းကင်တွင် စိတ်မချမ်းမြေ့ဖွယ်ရာအသံထွက်ပေါ်လာရာ တောတစ် ခုလုံးကို ထိတ်လန့်သွားစေသည်။

လျိုရွှီနှင့် တိုက်ခိုက်နေသော မင်းသမီးချန်လဲ့ည် ထိုအသံကိုကြားသော အခါ လှည့်ကြည့်မိလေသည်။ မိုးပေါ်တွင် ရွှေရောင်လခြမ်းကွေးသည် တုန်ချန်လီ၏ ရင်ဘက်ကို ကြက်သွန်မြိတ်ကို လှီးဖြတ်သကဲ့သို့ ဖြတ်လေ၏။ ပိတ်နေသောစွမ်းအားသည် နတ်မိစ္ဆာဖန်ကဲ့သို့ ရွှေရောင်အလင်းထွက်လာပြီး ပေါက်ကွဲလေသည်။ တစ်စက္ကန့်ကြသောအခါ မူလက အသက်ရှင်နေသောလူ သည် ဖုန်မှုန့်အဖြစ်ပြောင်းပြီး မိုးပေါ်သို့လွင့်သွားလေသည်။

ကြောက်ရွံ့မှုသည် သူမခန္ဓာကိုယ်ထဲတွင် အဆိပ်ကဲ့သို့ ပျံ့နှံ့သွားသည်။ မင်းသမီးချန်လဲ့သည် သူမတစ်ကိုယ်လုံး ရေခဲအိမ်ထဲသို့ရောက်သွားသလို ခံစား လိုက်ရသည်။ သူမ၏သွေးများအေးခဲပြီး စီးဆင်းမှုမရှိတော့သလိုပင်။ သူမ၏ ခြေလက်များသည် အေးစက်ပြီး လေထဲတွင်လွင့်မျောကာ ပြိုလဲတော့မည့် အတိုင်း လှုပ်ယမ်းလေသည်။ လျိုရွှီမှ ကြိုးပစ်ပြီး သူမကိုချည်လိုက်မှပင် သတိ ပြန်ဝင်လာပြီး တတ်နိုင်သလောက် ရုန်းကန်လေသည်။

“မဟုတ်ဘူး မင်း မင်း ငါ့ကိုထိလို့မရဘူး.. ငါဘယ်သူလဲဆိုတာ သိလား.. ငါက ငွေလရေင်အင်ပါယာဧကရာဇ်ကိုယ်တိုင်ချီးမြင့်ထားတဲ့ မင်းသမီးချန်လဲ့ပဲ.. ငါ့အဖေက တိုင်းပြည်ရဲ့စစ်သူကြီးပဲ ငါ့ကိုထိရဲရင် ငါ့အဖေက..”

မင်းသမီးချန်လဲ့စကားမဆုံးခင်မှာပင် လျိုရွှီသည် ကန်လိုက်လေသည်။ ထိုကန်ချက်သည် ပြတ်သားပြီးရက်စက်ရာ ဆောင်းဦးတွင်ကြွေသွားသည့် သစ်ရွက်များကဲ့သို့ လွင့်သွားလေသည်။ ပေထင်းဟွမ် တုန်လှုပ်သွားလေသည်။ ဒီလူက သန့်သန့်စင်စင်ပုံပေါက်ရဲ့သားနဲ့ ဘာလို့ ဒီလောက်အရိုင်းဆန်ရတာလဲ။ ပြီးတော့ သူ့မှာအရမ်းလှတဲ့မိန်းကလေးရှိနေတာပဲ။ မိန်းမလှလေးကို ဘာလို့ ကာကွယ်ချင်စိတ်မရှိရတာလဲ။

ရှန်းယန်ပိုဦးဆောင်သည့် တခြားသော ၆ ယောက်သည် တစ်ဖက်အဖွဲ့မှ ဝိညာဉ်သခင်ကြီးများနှင့် ရင်ဆိုင်ရာတွင် တိုက်ခိုက်ရေးအတွေ့အကြုံနည်း သော ရဲဘော်များသည် အစပိုင်းတွင် အနည်းငယ် ကိုးရိုးကားယားနိုင်လေ၏။ သို့သော် အချီအနည်းငယ်တိုက်ခိုက်ပြီးနောက် သူတို့သည် ပို၍တည်ငြိမ်လာ သည်။

သူတို့အားလုံးသည် ဝိညာဉ်သခင်ကြီးများဖြစ်ကြသည်။ ရှန်းယန်ပိုနှင့် တခြားသူများတွင် နတ်သားရဲချပ်ဝတ်တန်ဆာများရှိပြီး စစ်မြေပြင်အတွင်းတွင် အားသာချက်ရှိသည်။ တစ်ဖက်တွင် သူတို့သည် ခန္ဓာကိုယ်မှ ချပ်ဝတ်တန်ဆာ ကို ထိန်းသိမ်းရန် ဝိညာဉ်စွမ်းအင်ကို အသုံးပြုကြသည်။ တစ်ဖက်တွင် ဝိညာဉ် သခင်ကြီးအဆင့်ကိုတိုက်ခိုက်ရန် ဝိညာဉ်စွမ်းအင်လည်း သုံးရသည်။ သူတို့ ခွန်အားသည် ကန့်သတ်ချက်ရှိသည်...

All Chapters