← Chapters

ငါ့ယောက်မဝမ်းကွဲဖြစ်လုနီးပါးဖြစ်သွားတဲ့လူ

Vol. 31 Ch. 609

ငါ့ယောက်မဝမ်းကွဲဖြစ်လုနီးပါးဖြစ်သွားတဲ့လူ

Vol. 31 Ch. 609

ဘုန်း

မင်းသမီးချန်လဲ့သည် ဖက်ထုပ်ကဲ့သို့ အချည်ခံလိုက်ရပြီးနောက် စစ်မြေပြင်ထဲသို့ ကျသွားလေသည်။ သူမသည် ငွေလရောင်အဖွဲ့ဝင်များထဲသို့ ကျသွားလေသည်။ တိုက်ပွဲသည် တစ်ဖက်သတ်အခြေအနေနှင့် အဆုံးသတ် သွားလေသည်။ ရှန်းယန်ပိုနှင့်တခြားသူများသည် ရှေ့တက်ပြီး တခြားသူများကို နှိမ်နှင်းလေသည်။ သူတို့သည် တစ်ပုံစံတည်းလုပ်ပြီး သူတို့ကိုကြိုးများဖြင့် ချည်လေသည်။ သူတို့သည် စစ်မြေပြင်အလယ်သို့ တွန်းပို့ပြီး တစ်စုတည်းဖြစ် အောင် စုလိုက်သည်။

ပေထင်းဟွမ်သည် လေပေါ်တွင် ပေါလောပေါ်ကာ သူမ၏အကြည့်သည် ကျောက်တုံးကြီးအနောက်တွင် ပုန်းနေသည့် မုဝမ်ယွဲ့ဆီသို့ ကျရောက်နေ၏။ နန်ကုန်းချန်းရှီသည် သူမအကြည့်နောက်လိုက်ကြည့်ရာ ဘောလုံးကဲ့သို့ ကွေး နေသည့်မုဝမ်ယွဲ့ကို တွေ့လိုက်ရသည်။ သူမသည် ဒေါသမထွက်ဘဲမနေနိုင် တေ့ပေ။ သူမ လျှောက်ဿွားပြီး မုဝမ်ယွဲ့အား အဝတ်စုတ်ကဲ့သို့ မြေကြီးပေါ် ပစ်လိုက်လေသည်။

နန်ကုန်းချန်းရှီ၏ အပြုအမူများသည် ကြမ်းတမ်းလွန်းသည်။ မုဝမ်ယွဲ့ သည် အပြင်းအထန်ဒဏ်ရာရပြီးဖြစ်ရာ နာကျင်မှုကြောင့် အံကြိတ်နေရ သော်လည်းအသံမထွက်ရဲပေ။

“အစ်ကိုရှန်းယန် မင်းက ရာယာအင်ပါယာရဲ့မင်းသားဖြစ်ပြီး သံမဏိသွေး ရဲ့ခေါင်းဆောင်ပဲ.. ဒီလူတွေကို ဖြေရှင်းဖို့က မင်းကအသင့်တော်ဆုံးပဲ.. ဒါပေမဲ့..” ပေထင်းဟွမ်၏အကြည့်သည် မင်းသမီးချန်လဲ့အပေါ်ရောက်သွားသည်။ သူမ လျှောက်သွားပြီး ချန်လဲ့၏မေးစေ့ကို လက်ချောင်းတစ်ချောင်းဖြင့် မ,တင်လိုက် သည်။ သူမနှုတ်ခမ်းသည် လေးသဖွယ်ကွေးတက်သွားသည်။

“ဒီမိန်းမကို ကျွန်တော့်ကို ဖြေရှင်းခွင့်ပေးပါလား”

“ရတယ်လေ ခေါင်းဆောင်” ရှန်းယန်ပိုသည် ပေထင်းဟွမ်၏ အတွေးများ ကို နားလည်သည်။ ထပ်ပေါင်းပြောရလျှင် ချူဖုန်းသည် သူတို့၏တပ်မှူးဖြစ် သည်။ ချူဖုန်းဘက်မလိုက်လျှင် ဘယ်ဖြစ်မည်နည်း “ခေါင်းဆောင် ဒီမိန်းမက အပိုင်းပေါင်းတစ်ထောင်လောက် ခုတ်လိုက်ဖို့ပဲတန်တယ်”

“အပိုင်းပေါင်း တစ်ထောင်ခုတ်ရမယ်ဟုတ်လား” ပေထင်းဟွမ်သည် မင်းသမီးချန်လဲ့၏မျက်နှာကို ဂရုတစိုက်ကြည့်လေသည် “ဘယ်လိုလုပ်ကောင်း မှာလဲ.. ဘယ်လိုပဲဖြစ်ဖြစ် သူမက ငါ့ရဲ့မရီးလောင်းဖြစ်လုနီးပါးလေ.. နှစ်တွေ အများကြီးကြာပြီးတော့ သူမက ငါ့ဝမ်းကွဲကို မမေ့နိုင်သေးတာ.. သံမဏိသွေး အဖွဲ့က သူ့အဖွဲ့ဆိုတာကို သိပြီးတော့ ကိုယ်တိုင်လူတွေခေါ်ပြီး လာနှုတ်ဆက် တာ.. အပိုင်းပေါင်းတစ်ထောင်ခုတ်ရင်တောင် ပေါ့ပါးလွန်းတာမဟုတ်ဘူးလား”

မင်းသမီးချန်လဲ့၏တစ်ကိုယ်လုံးသည် ခပ်ကြမ်းကြမ်းတုန်ယင်သွား၏။ သူမရှေ့မှလူငယ်သည် ငယ်ရွယ်သော်လည်း ဤမျှရက်စက်လိမ့်မည်ဟု ထင် မထားပေ။ ပေထင်းဟွမ်သည် သူမကိုမည်သို့စီရင်မည်ကိုမသိပေ။ သို့သော် သေခြင်းထက်ဆိုးမည့် ကံကြမ္မာကိုတွေ့ရလိမ့်မည်ဟု ယုံသည်။ သူမသည် ချူဖုန်း၏ဝမ်းကွဲဖြစ်ပြီး သူမနှင့်ချူဖုန်းတို့၏ ပတ်သက်မှုကိုတွေးမိသည့်အခါ မင်းသမီးချန်လဲ့၏စိတ်ထဲတွင် မျှော်လင့်ချက်အရိပ်အယောင်တစ်ခုပေါ်လာ သည် “မင်း မင်းကတကယ်ပဲ ချူဖုန်းရဲ့ဝမ်းကွဲပဲ.. ချူဖုန်းနဲ့ငါ့ကြားကဖြစ်တာ တွေက ငါတို့ကိစ္စပဲ.. မင်းအဆင့်ကျော်မလာနဲ့.. မင်း ငါ့ကိုတိုက်ခိုက်ရဲရင် သူက မင်းကိုခွင့်လွှတ်မှာမဟုတ်ဘူး”

လျိုရွှီနှင့်တခြားသူများသည် ထိတ်လန့်သွားသည်မှာ ပါးစပ်ပင်ပိတ်မရ တော့ပေ။ သူတို့သည် အရှက်မဲ့သည့်လူကို မြင်ခဲ့ဖူးသော်လည်း ဤကဲ့သို့ အရှက်မဲ့သည့်လူမျိုးကို မမြင်ဖူးပေ။ ဒီမိန်းမရဲ့ဦးနှောက်က အကန်ခံရတုန်းက ထွက်ကျသွားတာလား။ ချူဖုန်းကိုသစ္စာဖောက်ပြီးတော့ ခွင့်လွှတ်ပေးဖို့ကို မျှော်လင့်နေသေးတယ်။

တစ်ချိန်တည်းမှာပင် အားလုံးသည် စိတ်ထဲတွင် အတင်းတုပ်မိကြသည်။ သူတို့သည် ချူဖုန်းနှင့် ဤမိန်းမ၏ အတိတ်ကပတ်သက်မှုကိုမသိသော်လည်း ဤမိန်းမသည် ယုံကြည်ချက်ရှိလွန်းနေသည်။ ပေထင်းဟွမ်သာ သူမကို ချူဖုန်း လက်ထဲအပ်လိုက်ရင် ချူဖုန်းက ကာကွယ်ပေးမယ်လို့ထင်နေတာလား။

“ညီလေးဟွမ် ဒီမိန်းမက မဟုတ်တာတွေပြောနေတာ.. သူမကို အခုပဲ အဆုံးသတ်ပေးလိုက်တာကောင်းမယ်.. သူမက တိုင်းပြည်စစ်သူကြီးရဲ့ သမီး ဖြစ်မှတော့ သူအဖေက ငွေလရောင်အင်ပါယာရဲ့ စစ်တပ်တစ်ဝက်ကျော်ကို ထိန်းချုပ်ထားမှာပဲ.. ဒီမိန်းမကိုအရှင်ထားလိုက်တာက တိုင်းပြည်နှစ်ခုကြား အငြင်းပွားမှုကို လှုံ့ဆော်ပေးရာကျမယ်” လျိုရွှီသည် မျက်မှောင်ကြုတ်ကာ ပြောလေသည်။

ထိုစကားများသည် လျိုရွှီ၏ရင်တွင်းစကားများမဟုတ်ပေ။ ငွေလရောင် အင်ပါယာနှင့် ရာယာအင်ပါယာတို့သည် အမြဲတမ်း ပဋိပက္ခများ လူသိရှင်ကြား တစ်မျိုး၊ လျှို့ဝှက်စွာတစ်သွယ်ရှိခဲ့ကြသည်။ ရန်သူတိုင်းပြည်တစ်ခု၏ စစ်သူကြီးသည် ရာယာအင်ပါယာရှေ့တွင် သည်းခံနိုင်မည်မဟုတ်ပေ။ လျိုရွှီ ကိုယ်တိုင်ကပင် ယန်းမြို့မှလာကာ အင်ပါယာတစ်ခုလုံး၏စစ်သူကြီးကို အလေးအနက်မထားရန်မဖြစ်ပေ။ ရှေးခေတ်များကဲ့သို့ မိန်းမလှလေး၏ ဆွဲဆောင်မှုကို ခံနိုင်သည့်ယောက်ျားမရှိသည့်အဖြစ်မျိုး အရောက်မခံနိုင်ပေ။ ဤမိန်းမကိုသာ ချူဖုန်းဆီသို့ပို့လိုက်မှ အတိတ်မှခံစားချက်များကြောင့် ဤမိန်းမကို လွှတ်ပေးလိုက်လျှင် အလွန်အရှက်ရစရာကောင်းလိမ့်မည်။

သူတို့သည် အကျပ်အတည်းမဖြစ်စေရန် ယခုပင် သူမ၏ဘဝကို အဆုံးသတ်ပေးရမည်။

All Chapters