ခေါင်းဆောင်ဆိုရင် ဘာလုပ်မှာလဲ
Vol. 31 Ch. 610
“မဟုတ်ဘူး မင်း ဒီလိုလုပ်လို့မရဘူး” သေရေးရှင်ရေး အကျပ်အတည်း တွေ့ချိန်တွင် မင်းသမီးချန်လဲ့သည် သူမ၏ပုံရိပ်ကိုပင် လျစ်လျူရှုကာ မြေပေါ် တွင် လူးလှိမ့်ပြီး ပေထင်းဟွမ်ဆီသို့ သွားရန်ကြိုးစားလေသည်။ “မင်းရဲ့ ဝမ်းကွဲ အစ်ကို ချူဖုန်းက ငါ့ကိုအရမ်းချစ်တာ.. သူ့ဘဝမှာ ငါ့ကိုဘယ်တော့မှ မမေ့ဘူး လို့ သူပြောခဲ့တယ်.. မင်း ငါ့ကိုတကယ်သတ်ရင် သူက မင်းကို ကျန်တဲ့ဘဝ တစ်လျှောက်လုံးမှာ မုန်းသွားလိမ့်မယ်”
ပေထင်းဟွမ်သည် ထိုမိန်းမအား အေးစက်စွာကြည့်ပြီး စိတ်ထဲမှ ဒေါသ လည်း ဆူပွက်လာခဲ့သည်။ ဤမိန်းမသည် သူမ၏ဝမ်းကွဲထွက်ပြေးနေရသည့် ၁၄ နှစ် အတွင်းတွင် သစ္စာဖောက်ခဲ့ကြောင်းကို သိလျှင် မည်မျှနာကျင်ရမည်ကို သူမ မတွေးရဲတော့ပေ။
ပေထင်းဟွမ်သည် မင်းသမီးချန်လဲ့၏ ရင်ဘတ်အား ဘရိုကိတ်ဖိနပ်များ ဖြင့် နင်းပြီး ခြေဖျားထိပ်ဖြင့် ထိုမိန်းကလေး၏မေးဖျားကို မ,တင်လိုက်သည်။ သွေးနှင့်ရွှံ့များဖြင့် ပေကျံနေသော သူမ၏ မေးစေ့သည် အရင်ကကဲ့သို့ မလှပ နိုင်တော့ပေ။ လူငယ်သည် အေးစက်စွာပြုံးပြီး ခေါင်းညိတ်လေသည် “အရမ်း ကောင်းတယ်.. မင်းကို အရှင်ထားမယ်.. ဝမ်းကွဲက မင်းကိုမချစ်တော့ရင် ကောင်းကောင်းကြီးပေးဆပ်ရလိမ့်မယ်.. မင်း အမြန်တောင်သေချင်သွားမယ်.. သူက မင်းကိုချစ်သေးရင်၊ မင်းကိုမချစ်တော့တဲ့နေ့အထိ မင်းက သူ့ရဲ့ ပိုင်ဆိုင် မှုဖြစ်သွားမယ်.. မင်းမသေခင် ဒီကမ္ဘာကြီးက ထွက်သွားရတာကို နောင်တရ အောင်လုပ်ပေးမယ်”
ပေထင်းဟွမ်၏စကားများသည် ရေခဲကန်ကို ဖြတ်ပြီးတိုက်ခတ်လာသည့် မြောက်လေနှင့်တူကာ တောအုပ်ကို အပူချိန် သုညထက်ပင် လျော့ကျသွားစေ သည်။ အားလုံးသည် ထိုအချင်းအရာကိုကြားသောအခါ ကြက်သီးမွေးညှင်းများ ထမိသည်။ အသက်ရှင်ရန် မျှော်လင့်ချက် အရိပ်အယောင်မြင်နေရသော မင်းသမီးချန်လဲ့သည် စိတ်ထဲတွင် နောင်တလှိုင်းကြီးပေါ်လာသည်။ သူမ အခု ရှင်ရမည်လား သေရမည်လား။
သူမတွင် ရွေးချယ်စရာမရှိပေ။ ပေထင်းဟွမ်သည် ထိုမိန်းကလေးကို ဆုပ်ကိုင်ကာ သူမ၏လက်ပတ်ထဲသို့ပစ်ထည့်လိုက်သည်။ သူမသည် လေဟာ နယ်လက်ပတ်ဝတ်ထားသည်ကို မည်သူမှမသိကြဘဲ သိုလှောင်နေရာတစ်ခုရှိ သည်ဟုသာ ထင်ထားကြသည်။ သူတို့သည် သက်ပြင်းသာချမိကြသည်။ ဘာလို့ ဒီလူကို ဘယ်သူမှမလုယက်နိုင်ကြတာလဲ။ ဘာလို့ သူ့မှာ ကောင်းကင်ကို အံတုနိုင်တဲ့အရာတွေရှိနေတာလဲ။
ပေထင်းဟွမ်တွင် တခြားသိုလှောင်နေရာတစ်ခုရှိသေးသည်ဆိုသည်ကို ထိုလူများသိပါက တောထဲတွင် သူတို့ဘာသာ အဆုံးစီရင်သွားနိုင်သည်။ ကောင်းကင်က တရားမျှတပေးလို့မရဘူးလား။
“ခေါင်းဆောင် ဒီလူတွေကို ဘာလုပ်ကြမလဲ” ချင်ရှဲလင်သည် မြေပေါ်ရှိ ကျန်လူလေးယောက်ကို ညွှန်ပြလေသည်။ သူမသည် အမှန်တကယ်ပင် ဒေါသ ထွက်နေသည်။ သူမသည် သူတို့အားလုံးကို သတ်ပင်သတ်ပစ်နိုင်သည်။ ဒီလူ လေးယောက်ကို အရှင်ထားလိုက်တာ ပြဿနာပဲမလား။
ပေထင်းဟွမ်သည် ရှန်းယန်ပိုကို ကြည့်လိုက်သည်။ သူမသည် သူတို့ကို ဖြေရှင်းရန် ရှန်းယန်ပိုအား အပ်ခဲ့သည်။ ထို့ကြောင့် သူ ပြောသမျှကို လိုက်နာ မည်ဖြစ်သည်။ ဒါလည်း လေ့ကျင့်ရေးတစ်မျိုးပဲမလား။ သံမဏိသွေးတိုက်ခိုက် ရေးအဖွဲ့ဝင်တစ်ယောက်အနေနှင့် ရှန်းယန်ပိုသည် လေ့ကျင့်ရေးအဖွဲ့ကို ဦးဆောင်ချိန် အနာဂတ်တွင် ဤကဲ့သို့ကိစ္စမျိုးကြုံလာနိုင်သည်။ သူ၏ ဦးဆောင်နိုင်စွမ်းကို စမ်းသပ်နိုင်ရန် သူ ဤလူများကို မည်သို့ဖြေရှင်းမည်နည်း။
ရှန်းယန်ပိုသည် ထိုမေးခွန်းကို တွေးနေခဲ့သည်။ မနေ့က ထိုလူများသည် သူတို့၏ခေါင်းလောင်းပန်းကိုလုကာ အဆင့် ၂ ဆေးပင်ကို သူတို့ရှေ့၌ပင် ဖျက်ဆီးကာ သူတို့မျက်စိရှေ့သို့ ပစ်ပေးခဲ့သည်။ အမှန်တကယ်ပင် အလွန် အရှက်ရခြင်းပင်။
ရှန်းယန်ပိုသည် ထိုလူများကို ခေါင်းလောင်းပန်းကဲ့သို့ အပိုင်းပိုင်းဆုတ်ဖြဲ ချင်သည်။ သို့သော် သူသည် မည်သူ့ကိုမှ ကိုယ်တိုင်မသတ်ပေ။ ဤအရာသည် သူ့အတွက် စမ်းသပ်မှုဖြစ်သည် “ခေါင်းဆောင် သူတို့ကို ဒီတောင်တန်းထဲကို ဘာလို့မပစ်ရမှာလဲ.. ဒီမှာ မှော်သားရဲတွေ ဝင်ထွက်သွားလာနေတာ.. သူတို့သာ မှော်သားရဲတွေနဲ့တွေ့ပြီး အသက်ဆုံးရှုံးသွားရင် သူတို့အသက်တိုတာကိုပဲ အပြစ်တင်ရတော့မယ်.. သူတို့သာ အသက်ရှင်ရင်လည်း သေဖို့ကံမပါသေးဘူး လို့ပြောရမှာပဲ” ရှန်းယန်ပိုသည် လည်ချောင်းခြောက်လာသလိုပင် ခံစားရလေ သည်။ သူသည် ခေါင်းဆောင်ဖြစ်ရန် အစွမ်းအစမရှိသည့်ပုံပင်။ သူ့ဘာသာသူ တွေးနေမိသည် “ခေါင်းဆောင်ဆို ဒါကိုဘယ်လိုဖြေရှင်းမလဲ”