ပေထင်းဟွမ်မှာ ဘယ်လိုလုပ် အဲလိုကောင်းတဲ့ ရည်ရွယ်ချက်ရှိမှာလဲ
Vol. 31 Ch. 611
လျိုရွှီသည် မှင်တက်သွားကာ ရှန်းယန်ပိုအား ရှုပ်ထွေးစွာကြည့်လေ၏။ သေစမ်း ဒီကလေးက သူတို့ကို စမ်းသပ်နေတာလား။ သူတို့သည် ထိုလူများကို တွဲချည်လိုက်ကြ၏။ ထိုလူများသည် မနေ့က သူတို့အားစော်ကားခဲ့ကြသူများ ဖြစ်သည်။ သို့သော် ဤကလေးသည် သူတို့ကို လွှတ်ပေးရန် ဆုံးဖြတ်လိုက်လေ သလား။ သူက လူမသတ်ရဲဘဲနဲ့ ခေါင်းဆောင်ဖြစ်ချင်သေးတာလား။
ပေထင်းဟွမ်လည်း ထိုသို့တွေးလိမ့်မည်ဟု လျိုရွှီမယုံပေ။ သူသည် ပေထင်းဟွမ်ကိုလှည့်ကြည့်ရာ သူမ ပြုံးပြီးခေါင်းညိတ်ကာ လေးစားသည့် အကြည့်ဖြင့် ကြည့်နေသည်ကို မြင်လိုက်ရသည် “ရတယ်လေ အဲဒါလည်း ကောင်းတာပဲ အဲလိုလုပ်ကြတာပေါ့”
သည်တစ်ကြိမ်တွင် လျိုရွှိသည် ပို၍မှင်တက်မိသည်။ ဒါဘာအဓိပ္ပာယ်လဲ။ ပေထင်းဟွမ်တွင် ဤကဲ့သို့ရည်ရွယ်ချက်ကောင်းမျိုးရှိလိမ့်မည်ဟု သူမယုံပေ။ ဤလူသည် ရက်စက်တတ်ကြောင်းကို ကြည့်လိုက်သည်နှင့်သိနိုင်သည်။ အန္တရာယ်လေ့ကျင့်ရေးနေရာတွင် သူမ ဝူယွဲ့အဖွဲ့နှင့် ထန်းယန်တို့ကို သတ်ခဲ့ပုံ ကို သိသလားဟု မမေးလေနှင့်။ အစောလေးကတတင် ငွေလရောင်အင်ပါယာ ၏အဖွဲ့ကို ကြယ်ဝိညာဉ်သိုင်းထုတ်ပြီး ချောင်းမြောင်းတိုက်ခိုက်ခဲ့ကာ ကောင်းကင်အဆင့်ကျွမ်းကျင်သူကို တစ်ချက်တည်းနှင့် သေအောင် တိုက်ခဲ့ သေးသည်။
ဂုဏ်သိက္ခာရှိသော ကောင်းကင်အဆင့်ဖြစ်၏။ မဟုတ်သေးပေ.. ပင်မ တိုက်ကြီးရှိ နာမည်ကျော်မိသားစုတွင် မွေးဖွားခဲ့သောလူမျာသည် ဤကဲ့သို့ ကောက်ကျစ်သည့်အရာမျိုးကို မလုပ်ဟု အခြေခံကျကျပြောနိုင်သည်။ တကယ် တော့ နှစ်ယောက်တွဲတိုက်ပွဲတွင် သူတို့သည် တိုက်ပွဲမစခင်တွင် သူတို့၏ ချပ်ဝတ်တန်ဆာပြောင်းလဲသည်ကို စောင့်ရသည်။
ပေထင်းဟွမ် မည်သို့လုပ်ခဲ့သနည်း။ သူသည် တစ်ဖက်လူနှင့် နတ်သားရဲ တို့တိုက်ချိန်နေချိန်တွင် အားကောင်းသော ကြယ်ဝိညာဉ်သိုင်းကို တိတ်တိတ် လေးအသုံးပြုခဲ့သည်။ လျိုရွှီသည် ဤကဲ့သို့လူမျိုးကို မြင်ဖူးရန်မဆိုထားနှင့် ကြားပင်မကြားဖူးပေ။
ယခုချိန်မတိုင်ခင်အထိ ပေထင်းဟွမ်သည် တစ်ဖက်လူ၏ နောက်ကွယ် တွင် မျက်တောင်မခတ်ဘဲ၊ တလက်လက်တောက်နေသော မျက်လုံးများဖြင့် ညစ်တီးညစ်ပတ်ကစားသည်ကို သူ့မျက်စိရှေ့တွင် တွေ့ခဲ့ရသည်။ လျိုရွှီသည် ဤကဲ့သို့လူမျိုးနှင့် ရန်သူမဖြစ်ရသည်ကိုပင် ဝမ်းသာမိသည်။ ကံကောင်းစွာပင် သူ မဖြစ်ခဲ့ပေ။
မဟုတ်လျှင် သူသည် ပေထင်းဟွမ်၏လက်ထဲတွင်မသေလျှင်တောင် ကျန်ဘဝတစ်လျှောက်တွင် အေးအေးလူလူအိပ်နိုင်မည်မဟုတ်တော့ပေ။
ပေထင်းဟွမ်သည် ငွေလရောင်အင်ပါယာမှ ထိုလူများ၏ အသက်ကို လောင်းကြေးထပ်ပြီး အသက်ရှင်ခွင့်ပေးလိမ့်မည်ဟု လျိုရွှီမယုံပေ။
သို့သော် ပေထင်းဟွမ်သည် ဘာကြောင့် ယခုလိုအလွယ်တကူ သဘော တူလိုက်သည်ကို နားမလည်ပေ။
“ဒါဆို သူတို့ကို ဒီမှာထားခဲ့လိုက်.. သူတို့ကိုလျစ်လျူရှုပြီး ရှေ့ဆက်သွား ကြတာပေါ့” ပေထင်းဟွမ်သည် မြေပေါ်မှလူများကို စိုက်ကြည့်လိုက်သည်။ သူမအရင်ဘဝ၏ စည်းမျဉ်းများအရ သူမသည် သူမကိုသတ်ချင်သူများကို ဘယ်သောအခါမှ အရှင်မထားချင်ပေ။ သို့သော် ယခုအခါ သူမသည် တစ်ယောက်တည်းမဟုတ်တော့ပေ။ သူမအဖွဲ့ကို လေ့ကျင့်ပေးရန်လိုသည်။ သူတို့ ကြီးထွားချင်လျှင် တချို့သောအရာများကို ကြုံတွေ့ရမည်။ အသေအကြေလေ့ကျင့်မှသာ သန်မာသည့်စိတ်ဓာတ်ကိုရမည်ဖြစ်သည်။
ရှန်းယန်ပိုသည် ငယ်စဉ်ကတည်းကပင် အချစ်ခံရသည့်မင်းသားမဟုတ် ပေ။ သို့သော် ဤကဲ့သို့ကြင်နာတတ်သည့် နှလုံးသားကို ထိန်းသိမ်းရန်မှာ ရှားပါးသည်။ သို့သော် သူသာ ကောင်းကောင်းအသက်ရှင်လိုလျှင် တစ်ခုကို ရှင်းလင်းစွာမြင်ရမည်။ သူသည် သူ့ကိုသေစေချင်သူများကို အရှင်မထားသင့် ပေ။
မနေ့က ထိုလူများသည် သူတို့ကိုအရှက်ခွဲခဲ့သော်လည်း မသတ်ချင်ခဲ့ပေ။ သို့သော် ယနေ့တိုက်ပွဲအပြီးတွင် နှစ်ဖွဲ့လုံးသည် အသေအကြေအခြေအနေသို့ ရောက်ခဲ့သည်။
ရှန်းယန်ပိုသည်လည်း ပဋိပက္ခများဖြစ်ခဲ့သည်။ သူသည် ရှေ့သို့ ခြေလှမ်း အနည်းငယ်တိုးပြီးနောက် မြေပေါ်တွင် လူးလှိမ့်နေသည့်လူများကို လှည့်ကြည့် လိုက်သည်။ ထိုလူများသည် အသက်ရှင်ချင်သည်မှာ ထင်ရှားလွန်းသော်လည်း ဤနေရာတွင် နေရသည်မှာ အလွန်အန္တရာယ်များလှသည်။ သူသည် သူတို့၏ ခြေလက်များကို ချည်နှောင်ထားသည့် ကြိုးစားများကို ချွန်ထက်သော ကျောက်တုံးဖြင့် ဖြတ်ပေးချင်သည်။
ပေထင်းဟွမ်သည် ဘာမှမပြောပေ။ သူမသည် မမြင်ချင်ဟန်ပြုကာ အားလုံးရှေ့တွင် တုန်ယင်နေသည့် မုဝမ်ယွဲ့ကိုသာ စိုက်ကြည့်နေသည်။ ထိုမိန်းမသည် အပြင်းအထန်ဒဏ်ရာရထားကာ သူမ၏မျက်လုံးများသည် အရိုင်းဆန်နေတုန်းပင်။ သူမသည် မုချင်းလင်အား တစ်ခါတစ်ခါ ရက်စက်သော မျက်လုံးများဖြင့် ကြည့်သည်။ သူမစိတ်ထဲတွင် ဒေါသထွက်နေခြင်းဖြစ်နိုင် သည်... သူမက ဘာလို့ မုချင်းလင်ထက် နိမ့်ကျသွားတာလဲ...