ဒီမိန်းမကိုအပြင်ကိုပစ်လိုက်
Vol. 31 Ch. 612
“ရှေ့မှာ ဂူတစ်ဂူရှိတယ်.. အလွတ်ကြီးပဲ အဲဒီကိုသွားပြီး အရင်နားရ အောင်” လျိုရွှီသည် တောရိုင်းထဲတွင် ရှင်သန်ရသည်ကို အတွေ့အကြုံရှိသည်။ သူရှေ့သို့ ညွှန်ပြပြီးပြောသောအခါ ပေထင်းဟွမ်သည် အခုလေးတင် နတ်အာရုံကိုသုံးလိုက်၏။
“ဟုတ်ပြီ ဒီကြယ် ၂ ပွင့်နတ်သားရဲကို ကူပြီးထိန်းကျောင်းပေးမယ်” ပေထင်းဟွမ် ခေါင်းညိတ်လိုက်သည်။
လျိုရွှီသည် အလွန်ပင် စိတ်မအေးဖြစ်နေသည်။ 'အမြင့်ဆုံးသားရဲထိန်း' ဆိုသည့်စကားလုံးသည် သူ့စိတ်တစ်ခုလုံးကို သိမ်းပိုက်ထားရာ အသက်ရှူရန် ပင် ခက်ခဲစေသည်။ ပေထင်းဟွမ်သည် အမြင့်ဆုံးသားရဲထိန်းဟုတ်ရဲ့လားဟု သူ မေးချင်သည်။ သို့သော် မကြာခင် သိရမည်ကိုလည်း ကောင်းကောင်းကြီး သိသည်။
ဤဂူသည် ကြယ် ၂ ပွင့်နတ်သားရဲတောင်ပံခြောက်ခုနှံကောင်၏ အသိုက်ဖြစ်သည်။ ၎င်းသည် စာချုပ်သားရဲဖြစ်လာကာ ၎င်း၏ဂူကိုစွန့်လွှတ်ရ မည်ဖြစ်သည်။ တောင်ပံခြောက်ခုနှံကောင်ထက် မည်သူကမှ မနစ်နာပေ။ သို့သော် မည်သို့တတ်နိုင်ဦးမည်နည်း။ တောင်ပံခြောက်ခုနှံကောင်သည် ကြောက်လန့်နေသော မျက်လုံးများဖြင့် ပေထင်းဟွမ်အား ခိုးကြည့်လေသည်။ ထိုလူသားများအကြားတွင် အနက်ရောင်ဝတ်ထားသည့်လူငယ်သည် ကြောက်စရာအကောင်းဆုံးဖြစ်နေသည်မှာ သံသယဝင်ဖွယ်ရာမရှိပေ။
အထွတ်အမြတ်သားရဲသည် ဤလူငယ်ကို သခင်အဖြစ် အသိအမှတ်ပြုခဲ့ သည်။ ဤလူငယ်သည် သူ့ကိုပြသခဲ့သည်ထက် ပို၍သန်မာကာ ကြောက်ဖို့ ကောင်းသည်။
“အစ်ကိုရှန်းယန် ဒီမိန်းမကို အပြင်မှာပစ်ခဲ့လိုက်” ပေထင်းဟွမ်သည် မြေကြီးပေါ်မှ မုဝမ်ယွဲ့အား ရွံရှာစွာကြည့်ကာ ရှင်းပြလေသည် “မှော်သားရဲတွေ ကို ထိန်းကျောင်းတဲ့အချိန်ကျရင် အနှောင့်အယှက်ဖြစ်လို့ မဖြစ်ဘူး.. မဟုတ်ရင် အကျိုးဆက်က ပြင်းထန်လိမ့်မယ်”
မှော်သားရဲထိန်းကျောင်းရာတွင် စိတ်ခွန်အားအသုံးပြုရသည်။ သတိမထားမိပါက မှော်သားရဲ၏ စိတ်ခွန်အား၏ ဝါးမျိုခြင်းကိုခံရနိုင်သည်။ မှော်သားရဲအဆင့်မြင့်လေလေ တွန်းကန်အား သန်မာလေဖြစ်သည်။ အကောင်းဆုံးမှာ ရူးသွားချင်းပင်။ သူတို့၏ကျင့်ကြံခြင်းများ ပျက်စီးပြီး အဆိုးဆုံးမှာ သေနိုင်သည်။
သေချာပေါက်ပင် ရှန်းယန်ပိုတို့လည်းသိကြသည်။ သူတို့သည် အလျင်အမြန်ပင် မုဝမ်ယွဲ့ကိုဆွဲကာ ဂူအပြင်ထုတ်ပြီး ဝင်ပေါက်တွင် ပစ်ထား လိုက်ကြသည်။ တခြားလူများ သို့မဟုတ် သတ္တဝါများရောက်လာပြီး ပေထင်းဟွမ်အား နှောင့်ယှက်မည်ကို ရှန်းယန်ပိုစိုးရိမ်သဖြင့် ဂူအပြင်တွင် ရပ်ပြီးစောင့်ကြပ်နေသည်။
လျိုရွှီသည် နေချင်သည်။ သူသည် ပေထင်းဟွမ် မှော်သားရဲထိန်းကျောင်း ပုံကို ကိုယ်တိုင်မျက်လုံးနှင့်ကြည့်ပြီး အမြင့်ဆုံးသားရဲထိန်းမှ နတ်သားရဲကို ထိန်းကျောင်းသည့်လုပ်ငန်းစဉ်ကို ကြည့်ချင်သည်။ တိုက်ကြီးပေါ်တွင် အမြင့်ဆုံးသားရဲထိန်းရှိလိမ့်မည်ဟု သူ အမှန်တကယ်ပင် ထင်မထားခဲ့ပေ။
ပေထင်းဟွမ်သည် လက်မြှောက်ကာ ကြယ် ၂ ပွင့်နတ်သားရဲ တောင်ပံ ခြောက်ခုနှံကောင်၏ ခေါင်းပေါ်တင်လိုက်သည်။ အပြာနုရောင်ဒြပ်စင်စွမ်းအင် သည် စိတ်ခွန်အားဖြင့်စပ်ပြီး ကစဥ့်ကလျားနတ်အရင်းအမြစ်နှင့်ရောနှောကာ တောင်ပံခြောက်ခုနှံကောင်၏ ခန္ဓာကိုယ်အား လွှမ်းမိုးလေသည်။ အားကောင်း သော စိတ်ခွန်အားသည် တိုက်ရိုက်ပင် တောင်ပံခြောက်ခုနှံကောင်၏ အသိစိတ် ထဲသို့ ထိုးဖောက်သွားကာ ၎င်း၏စိတ်ခွန်အား အားလုံးကို ထိန်းချုပ်လေသည်။ ထိုလုပ်ငန်းစဉ်သည် အလွန်ပင် ချောမွေ့သည်။
သို့သော် တောင်ပံခြောက်ခုနှံကောင်၏ အားအကောင်းဆုံး ဝိညာဉ် အတားအဆီးသို့ရောက်သောအခါ ၎င်းသည် စိတ်ခွန်အားဖြင့် စတင်ခုခံတော့ သည်။ သို့သော် ပေထင်းဟွမ်၏စိတ်ခွန်အားသည် အလွန်အားကောင်းကာ ကစဥ့်ကလျားနတ်အရင်းအမြစ်သည်လည်း ကောင်းကင်ကိုအံတုနိုင်သည့် တည်ရှိမှုဖြစ်သည်။ ခေတ္တမျှခုခံပြီးနောက် ၎င်းသည် ပေထင်းဟွမ်၏ဖိနှိပ်ခြင်း ကို ခံလိုက်ရသည်။ ထိုလုပ်ငန်းစဉ်သည် အချိန်အနည်းငယ်ကြာသော်လည်း မွန်မြတ်သောသားရဲကို ထိန်းကျောင်းသည့်လုပ်ငန်းစဉ်ထက် ပိုတိုတောင်း၏။
“ဟုတ်ပြီ” ပေထင်းဟွမ်သည် မတ်တတ်ရပ်ကာ လက်ကိုခါလိုက်သည်။ သူမသည် စိတ်ဓာတ်ကျနေပုံရသည့် မြေပေါ်မှ ကြယ် ၂ ပွင့် နတ်သားရဲကိုကန်လိုက်သည်။ “အခုစာချုပ်တည်ထောင်လို့ရပြီ”
လျိုရွှီသည် ဆောင့်ကြောင့်ထိုင်ပြီး မလှုပ်မယှက်လုပ်နေသည်။ ပေထင်းဟွမ်နောက်လိုက်ပြီး ဝိညာဉ်ထောင်ချီတောင်သို့ ဝင်ခဲ့ကတည်းကပင် သူသည် စိတ်ဓာတ်ကျကာ ထင်ယောင်ထင်မှားများမြင်နေရသလိုပင်။ ဒီမှော်သားရဲက စာချုပ်တည်ထောင်လို့ရပြီလို့ ပေထင်းဟွမ်ပြောလိုက်တာကို ဘာလို့ကြားယောင်နေတာလဲ။ ဘယ်လိုလုပ် ဒီလောက်မြန်ရတာလဲ။ ဘယ်လောက်များကြာသေးလို့လဲ။
“အစ်ကိုလျိုရွှီ မလိုချင်ဘူးလား.. ဒီမှော်သားရဲရဲ့ အဆင့်ကနိမ့်တယ်ထင် ရင် ဘာလို့ ကျွန်တော့်ကိုအရင်မပေးတာလဲ” ပေထင်းဟွမ်သည် အပြုံးသဲ့သဲ့ဖြင့် ပြောလေသည်...