လာခဲ့လိုက်၊ ဒီမှာပဲ
Vol. 31 Ch. 613
“မင်း ဘာပြောလိုက်တယ်” လျိုရွှီသည် အလန့်တကြားထခုန်ကာ သူ့ အနောက်မှကြယ် ၂ ပွင့်နတ်သားရဲကို ပိတ်ရပ်လိုက်သည်။ သူသည် ပေထင်းဟွမ်အား မယုံနိုင်စွာဖြင့် ကြည့်နေဆဲပင် “မင်းတကယ်ကြီးလား တကယ်ကြီး ထိန်းကျောင်းပြီးပြီလား”
ပေထင်းဟွမ်သည် သူ့အား မျက်လုံးလှိမ့်ပြလိုက်သည်။ ဒီလူက ဘာ အဓိပ္ပာယ်လဲ။ သူမက သူ့ကို အရင်ကလိမ်ဖူးလို့လား။ ဘာလို့ သူမကိုမယုံတာ လဲ။ ပေထင်းဟွမ်သည် စိတ်ဆိုးမာန်ဆိုးဖြင့်ပြောလိုက်သည် “ယုံချင်ယုံ မယုံချင်နေ...”
ပေထင်းဟွမ်စကားမဆုံးခင်မှာပင် မိုးခြိမ်းသံသည် ဂူဝင်ပေါက်တွင်ပေါ် လာကာ ဂူလည်းကွဲလုမတတ်ဖြစ်သွားသည်။ ကျောက်စရစ်ခဲနှင့် ဖုန်မှုန့်များ သည် ဂူထိပ်ပိုင်းမှ တဟုန်ထိုးကျလာသည်။ ဂူအဝင်ဝတွင် အော်နေသူသည် ပေထင်းဟွမ်တို့အား ခြိမ်းခြောက်လိုသဖြင့် အသံထဲတွင် ဒြပ်စင်စွမ်းအင်ထည့် ထားသည်မှာ ထင်ရှားလှသည်။
“ပေထင်းဟွမ် ဟေ့ကောင် ထွက်လာခဲ့”
ထိုလူ၏အသံတွင် ချောင်းဆိုးသံများဖြင့် ရောယှက်နေသည်။ သူသည် အသံကိုနှိမ့်ထားသော်လည်း ထိုလူ၏ မိုးချုန်းသည့်ဒေါသကိုကြားနိုင်သည်။ သို့သော် ပေထင်းဟွမ်၏ စိတ်ခွန်အားသည် အားကောင်းကာ သူမ၏အကြား စွမ်းအင်သည် ထက်သည်။ ၎င်းသည် ရှန်းယန်ပို၏အသံဖြစ်သည်ကို သူမ ပြော နိုင်သည်။
သူမသည် ခြေတစ်လှမ်းတိုးကာ လျှပ်စီးကဲ့သို့ လျင်မြန်စွာလှုပ်ရှားရာ သူမရှိခဲ့သည့်နေရာတွင် ပုံရိပ်ယောင်သာကျန်ခဲ့လေသည်။ ပေထင်းဟွမ်သည် ဂူမှထွက်ကာ ဂူရှေ့တွင် လေပေါ်ပေါလောပေါ်နေ၏။ သူမသည် မျက်နှာချင်း ဆိုင်မှလူများကို အေးစက်စွာ စိုက်ကြည့်နေသည်။ ရှန်းယန်ပိုသည် တစ်ကိုယ် လုံးကို နွယ်ပင်များဖြင့် ချည်တုပ်ခံထားရသည်။ ဆံပင်ဖြူနှင့် မုတ်ဆိတ်မွေးရှိ သည့်အဘိုးကြီးသည် သူ့ကိုရှေ့သို့တွန်းပို့လိုက်သည်။ သူ့လည်ပင်းတွင် ဓားရှည်တစ်ချောင်းနေရာယူထားသည်။
ပေထင်းဟွမ်၏အကြည့်သည် ရှန်းယန်ပိုဆီသို့ရောက်ပြီးနောက် ထိုအဘိုးကြီးဘက်လှည့်လိုက်သည်။ သူတို့သည် အားလုံးပေါင်း ၇ ယောက်ဖြစ် ကြသည်။ သုံးယောက်သည် ကောင်းကင်အဆင့်ကျွမ်းကျင်သူဖြစ်ပြီး ကျန် လေးယောက်သည် အစုတ်အပြတ်များဝတ်ထားပြီး ဒဏ်ရာများဖြင့်ပြည့်နေ သည်။ သူတို့ကိုကြည့်ရသည်မှာ တရင်းတနှီးရှိလှသည်။ ပေထင်းဟွမ်သည် ခေတ္တမျှစဉ်းစားပြီးနောက် ထိုလူများသည် သူတို့တောထဲတွင် ပစ်ထားခဲ့သည့် လူများဖြစ်သည်ကို သတိရသွားသည်။ သူတို့သည် ရှန်းယန်ပိုအား လျင်မြန်စွာ ပင် ပြန်ဖမ်းနိုင်ခဲ့သည်။
ထိုလူများ၏ လှုပ်ရှားမှုများသည် အလွန်မြန်ဆန်သည်။ ထိုလူများသည် လျင်မြန်စွာပင် သတင်းပို့လိုက်သည့်ပုံပင်။
“မင်းက ပေထင်းဟွမ်လား” ဆံပင်အဖြူ၊မုတ်ဆိတ်နှင့်အဘိုးကြီးသည် မင်းသမီးချန်လဲ့ဘေးမှ အစောင့်အရှောက်စစ်သည်ခေါင်းဆောင်ဖြစ်သည်။ သူ့ နာမည်သည် ယွင်လင်ဖြစ်ကော ဓား ၉ လက် ကြယ်ဝိညာဉ်သခင်ဖြစ်သည်။ သူသည် ဝိညာဉ်သခင်ကြီးဖြစ်ရန် ခြေတစ်လှမ်းသာလိုတော့သည်။ မကြာသေး ခင်ကပင် သူသည် အဆင့်တက်ရန်အခွင့်အရေးရခဲ့သောကြောင့် မင်းသမီးချန်လဲ့နှင့်အတူ ဝိညာဉ်ထောင်ချီတောင်သို့ မလိုက်လာခဲ့ခြင်းပင်။ ထိုစကား သူသည် အိမ်တွင် ကျင့်ကြံရန်နေခဲ့သည်။
မထင်မှတ်စွာပင် သူကာကွယ်နေသည့်လူသည် ပေထင်းဟွမ်ကြောင့် ထိခိုက်ခဲ့ရသည်။
ဤကောင်လေးသည် သေလမ်းရှာနေခြင်းပင်။ ဓား ၈ လက်ကြယ်ဝိညာဉ် သခင်လေးတစ်ယောက်က မောက်မာရဲနေသည်။ ယနေ့ သူသည် သူမအား ကမ္ဘာကြီးကိုယ်စားပညာပေးပြီး တချို့လူများသည် သူမကဲ့သို့ မိသားစုမှ ပစ်ထားသည့်အမှိုက်မှ ထိမရနိုင်ကြောင်းပြရမည်။
ပေထင်းဟွမ် နှုတ်ဆိတ်နေပြီး သူမ၏မျက်နှာထားသည် တောင်များတွင် တွဲလွဲခိုနေသည့် တိမ်များကဲ့သို့ မထီမဲ့မြင်ဖြစ်နေသည်ကိုကြည့်ပြီး ယွင်လင် သည် ဒေါသထွက်လာသည်။ ဒီကောင်လေးက စိတ်စွမ်းအားသန်မာတာလား။ ဒါမှမဟုတ် ကောလာဟလတွေပြောသလို အေးစက်ပြီး နှလုံးသားမဲ့တာလား။ သူက သူ့လူ တခြားလူလက်ထဲရောက်နေတာတောင် လျစ်လျူရှုသလိုကြည့်နေ သေးတယ်။
သူ့လက်ထဲမှဓားရှည်သည် ရှန်းယန်ပို၏လည်ပင်အား ဖိထားကာ အနီ ရောင်အမှတ်ပေါ်လာသည်။ သွေးများ ထွက်ကျလာတော့မလိုပင်။ နောက်ဆုံး တွင် ပေထင်းဟွမ်၏မျက်လုံးများ အနည်းငယ်လည်သွားပြီး သူမ၏အေးစက် သောအသံသည် ငရဲမှထွက်လာသည့် သေမင်းကဲ့သို့အေးစက်ကာ တိမ်တိုက် တောတွင်ရှိသည့်လူများ၏ နှလုံးကို ဆုပ်ကိုင်လိုက်သည် “ဟုတ်တယ် ကျုပ်က ပေထင်းဟွမ်ပဲ ဘာလိုချင်လို့လဲ”
သူ ဘာလိုချင်တာလဲ။
ယွင်လင်သည် ဒေါသထွက်လွန်းသဖြင့် ရယ်မောလေသည်။ သူသည် နှစ်ပေါင်းတစ်ရာကျော်နေလာခဲ့သော်လည်း ဤကဲ့သို့အကြောက်အလန့်မဲ့ သည့် လူငယ်ကိုတစ်ခါမှမတွေ့ဖူးပေ။ “မင်းသမီးချန်လဲ့က မင်းလက်ထဲမှာလာ.. မင်းရဲ့လူကို အရှင်လိုချင်ရင် မင်းသမီးချန်လဲ့ကိုပေး.. မဟုတ်ရင် အခုပဲ ဒီလူ့ကို မင်းရှေ့မှာ သတ်ပစ်မယ်”