အပေးအယူလုပ်ဖို့ ဘာအခွင့်အရေးရှိလို့လဲ
Vol. 31 Ch. 614
ရှန်းယန်ပိုသည် အပြစ်ခံစားရကာ ခေါင်းငုံ့ထားသည်။ ဤအခိုက်အတန့် တွင် သူ့စိတ်ထဲ၌ နောင်တမရဟု ပြောမရနိုင်ပေ. တစ်ဖက်လူသည် ကျွမ်းကျင် သူများခေါ်လာကာ သူ့ကိုလာရှာသည့်အခိုက်တွင် သူနောင်တရမိသည်။ သို့သော် တစ်ဖက်လူသည် လျင်မြန်စွာတိုက်ခိုက်ပြီး သူ့ကိုရှုပ်ထွေးရန် လှည့်စားမီးခိုးကိုသုံးကာ သူ မှော်သားရဲဆင့်မခေါ်ခင်မှာပင် တစ်ဖက်လူ၏ လက်ထဲသို့ ကျရောက်ခဲ့သည်။
ပေထင်းဟွမ်သည် ခေါင်းငုံ့ကာ ခစ်ခနဲရယ်လိုက်သည်။ သူမသည် လက်မြှောက်ကာ ညွှန်ပြလေသည် “ဘာလုပ်ပိုင်ခွင့်နဲ့လဲ.. အဘိုးကြီး ကျုပ်နဲ့ အပေးအယူလုပ်ဖို့ ခင်ဗျားမှာ ဘာအခွင့်အရေးရှိသလဲ”
အားလုံးရှေ့တွင် ကျောက်စိမ်းနှင့်တူသော လက်တစ်ဖက်သည် လှုပ်ယမ်း သွားသည်။ ပေထင်းဟွမ်သည် လက်ချောင်းကို ညင်သာစွာလှန်လိုက်ရာ ယွင်လင်နှင့်တခြားသူများသည် အမြင်အာရုံဝေဝါးသွားသလို ခံစားလိုက်ရ၏။ အေးစိမ့်မျုသည် သူတို့လည်ပင်းမှတစ်ဆင့် ခန္ဓာကိုယ်များဆီသို့ ဖြတ်သန်းသွား သည်။ နောက်ဆုံးတွင် သူတို့လည်ပင်းတွင် ရစ်ပတ်နေသည့်အရာကို မြင်လိုက်ရသည်။ နှစ်ပေါင်းတစ်ရာကျော်နေထိုင်လာသည့် အဘိုးကြီးယွင်လင် ပင်လျှင် ချွေးအေးများပြန်လာသည်။ သူတို့ကျောရိုးတွင် အေးစိမ့်မှုများ ဖြတ်ပြေးသွားပြီး စိတ်ထဲတွင် ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာသည်။
ဓားပျော့ ၂၇ ချောင်းသည် နှင်းကဲ့သို့ဖြူဆွတ်သည်။ မိုးပြာရောင်ဒြပ်စင် စွမ်းအင်သည် သူတို့ပတ်ပတ်လည်တွင် ဖြာထွက်နေပြီး အေးစက်သောအလင်း ဖြင့် တောက်ပလျက်ရှိသည်။
မသိလိုက်ခင်မှာပင် ထိုအရာများသည် သူတို့ခေါင်းအထက်တွင် ပေါ်လာ သည်။ တချို့သောဓားပျော့များသည် သူတို့လည်ဂုတ်အား ချိန်ရွယ်ထားသည်။ သူတို့ရှစ်းကိုရစ်ပတ်ထားသော ဓားပိုက်ကွန်ကြောင့် လွတ်မြောက်ရန် သို့မဟုတ် နောက်ဆုတ်ရန်မဖြစ်နိုင်ပေ။
ယွင်လင်သည် ဒေါသထွက်လွန်းသဖြင့် နောက်ပြန်လှန်ကျလေသည်။ သူသည် ပေထင်းဟွမ်အား ရက်စက်သောအကြည့်ဖြင့် စိုက်ကြည့်လေသည်။ ဤလူငယ်၏ အတွေးများသည် အလွန်ရက်စက်လွန်းသည်။ သူ့တွင် အဆုံးမရှိ သော နည်းလမ်းများရှိကာ သတိကပ်ရန်မဖြစ်နိုင်ပေ။ သူသည် တည်ငြိမ်ပုံပေါ် ပြီး အစီအစဉ်များကို တည်တည်ငြိမ်ငြိမ်ပဲလုပ်တတ်သည်။ ယွင်လင်သည် သူ့လည်ပင်းကိုချိန်ရွယ်ထားသည့် ဓားပျော့၏အဆင့်ကို ပြောရန်ခက်ခဲလှ၏။ ၎င်းသည် နတ်ဘုံအောက်အဆင့်ရှိသည့်လူများကို တိုက်ခိုက်ရာတွင် အလွန် အကျိုးရှိသည့် နတ်လက်နက်ဖြစ်သည်။
“ကောင်လေး ဒီဓားစုတ်တွေနဲ့ အလှည့်အပြောင်းဖြစ်အောင်လုပ်နိုင်မယ် လို့ထင်နေတာလား.. တကယ်ကို စိတ်ကူးယဉ်နေတာပဲ” ယွင်လင်သည် အနိုင် ရနိုင်ခြေမရှိသည်ကိုသိသော်လည်း သူ၏နှစ်ပေါင်းများစွာရှိလာသော တိုက်ခိုက်ရေးအတွေ့အကြုံက အချိန်မရွေးမရှုံးနိုင်ဟု ပြောနေခဲ့သည်။ “ငါ သေသွားရင်တောင် မင်းရဲ့လူကိုပါဆွဲခေါ်သွားမယ်”
“အဲလိုလား” ပေထင်းဟွမ်သည် လျစ်လျူရှုစွာဖြင့် မေးလေသည်။ သူမ၏ လက်ချောင်းများသည် ညင်သာစွာလှည့်လိုက်ပြီး အားလုံး၏အာရုံကို ဆွဲဆောင် လိုက်သည်။ ဤလူ၏ အင်္ကျီလက်ထဲတွင် မည်ကဲ့သို့လှည့်စားမှုများရှိနေသည် ကို သူမ မသိပေ။ “အဘိုးကြီး စမ်းကြည့်လို့ရတယ်.. ခင်ဗျားလက်က ကျုပ် ဓားပျော့ထက်မြန်နိုင်မလားကြည့်တာပေါ့.. ဒါနဲ့ ကျုပ်လက်ထဲမှာ နတ်ဘုံ အဆင့်ဆေးရှိသေးတယ်ဆိုတာကို ပြောဖို့မေ့နေတယ်.. ခင်ဗျားသာ ကျုပ်လူကို တစ်ချက်တည်းမသတ်နိုင်ရင် သူ့ကိုကယ်ဖို့ အခွင့်အရေးရှိသေးတယ်”
နတ်ဘုံအဆင့်ဆေးနှင့်ဆိုလျှင် နန်ကုန်းချန်းမိုလောက် ကံမဆိုးလျှင် အသက်ကယ်နိုင်လိမ့်မည်။
သူမအနောက်တွင် မုချင်းလင်နှင့်တခြားသူများသည် စိုးရိမ်လျက်ရှိသည်။ ချန်းမိုဘယ်လိုသေသွားလဲဆိုတာကို ခေါင်းဆောင်မေ့သွားတာလား။ သူ့မှာ နတ်ဘုံအဆင့်ဆေးရှိတယ်ဆိုတာကို ဘာလို့ဒီအဘိုးကြီးကို သွားသတိပေးတာ လဲ။
နတ်ဘုံအဆင့်ဆေးလား။ ယွင်လင်၏မျက်လုံးများအရောင်လက်လာ၏။ သူ့စိတ်ထဲတွင် အရိုင်းဆန်စွာရယ်မောလိုက်သည်။ ပေထင်းဟွမ်က နတ်ဘုံ အဆင့်ဆေးအကြောင်း ပြောလာရအောင် ဘယ်လောက်တောင် တုံးလိုက်လဲ။ နတ်ဘုံအဆင့်ဆေးသည် အရည်အသွေးမြင့်ဆေးဖြစ်သည်။ သူ့လက်ထဲနှင့် သိုလှောင်လက်စွပ်ထဲတွင် နတ်လက်နက်ရှိသည်။ ဤကောင်လေးသည် သက်ရှိရတနာပင်။ သူသာ ဤလူငယ်ကို သတ်နိုင်လျှင် မင်းသမီးချန်လဲ့ကိုပါ ကယ်နိုင်ရုံတင်မကဘဲ ကံကောင်းမှုရလိုက်ခြင်းပင်။
ယွင်လင်နောက်တွင် ကောင်းကင်အဆင့်ကျွမ်းကျင်သူသုံးယောက်နှင့် ပေထင်းဟွမ်တို့လက်ထဲတွင် သေလုနီးပါးဖြစ်ခဲ့သော လူငယ်လေးယောက်ရှိ သည်။ ထိုအခိုက်အတန့်တွင် ပေထင်းဟွမ်ကိုကြည့်သည့် သူတို့အကြည့်သည် ကိုယ်လုံးတီးတစ်ခုကို ကြည့်နေသလိုပင်။ သူတို့သည်လည်း ယွင်လင်ကဲ့သို့ တွေးနေသည်မှာ ထင်ရှားလွန်းသည်။
၎င်းသည် လုံးဝနားမလည်နိုင်လောက်စရာပင်။ သူတို့သည် ရတနာ တစ်ခုတည်းမဆိုထားနှင့် ပေထင်းဟွမ်ကဲ့သို့ ရတနာများရှိလျှင် ကျန်သည့်ဘဝ တစ်လျှောက်လုံး တိုက်ကြီးတွင် လွတ်လွတ်လပ်လပ်နေ၍ရသွားမည်..