← Chapters

ရှောင်လွှဲလို့မရသည့်ပိုက်ကွန်

Vol. 31 Ch. 615

ရှောင်လွှဲလို့မရသည့်ပိုက်ကွန်

Vol. 31 Ch. 615

“ဟားဟားဟား...” သူ စဉ်းစားကြည့်လေလေ ပို၍ဝမ်းမြောက်လေဖြစ် သည်။ ယွင်လင်သည် သူ့လက်ထဲတွင် ရှန်းယန်ပိုမဟုတ်ဘဲ ပေထင်းဟွမ်သာ ဖြစ်လျှင် ဆိုသည့်အတွေးနှင့် အထင်သေးသောမျက်လုံးများဖြင့် ကျယ်လောင် စွာ ရယ်မောလေသည် “ဒီကောင်ကိုရှင်းပြီးရင် ငါ မင်းကိုရှင်းမယ်”

“သွားတော့” ပေထင်းဟွမ်လက်မြှောက်လိုက်သည်။ သူမ၏မျက်လုံးများ သည် ဆောင်းတွင်းညရှိ ကြယ်များကဲ့သို့ လင်းလက်လာသည်။ သူမ၏ နှုတ်ခမ်း ထောင့်များ ကွေးတက်သွားပြီး သူမ၏ လှောင်ပြောင်သောမျက်နှာအမူအရာ သည် သေခြင်းတရားကိုဖိတ်ခေါ်လိုက်သကဲ့သို့ ယွင်လင်တို့သည် ကျောရိုးထဲ ထိ အေးစိမ့်မှုကိုခံစားလိုက်ရ၏။ ဒီလူငယ်က ဘာအဓိပ္ပာယ်လဲ။

ပေထင်းဟွမ် 'သွားတော့' ဟုပြောလိုက်ချိန်တွင် ရှန်းယန်ပို၏ မျက်နှာ တွင် မကျေမချမ်းမှုမျိုးမဖြစ်သလို ချင်ရှဲလင်တို့၏မျက်နှာထားသည်လည်း အပြောင်းအလဲမရှိပေ။ ပေထင်းဟွမ် မည်သို့ပင်ဆုံးဖြတ်ချက်ချစေကာမူ သူတို့ ကို ချက်ချင်းသေခိုင်းလျှင်လည်း တွေဝေမှုမရှိသည့်ပုံဖြစ်နေ၏။

ယွင်လင်သည် တစ်စုံတစ်ရာမှားယွင်းနေသည်ကို ခံစားလိုက်ရသည်။ သူသည် ပေထင်းဟွမ် အကြည့်နောက်လိုက်ကာ သူ့ခြေထောက်ကို ငုံ့ကြည့်မိ သည်။ ထိုအချိန်တွင် သူတို့သည် နွယ်ပင်ကြီးနယ်မြေကြီးတွင် ပိတ်မိနေပြီဖြစ် ၏။ အစိမ်းရောင်နွယ်ပင်များသည် သမုဒ္ဒရာကဲ့သို့ သူတို့ကို ရစ်ပတ်ထားသည်။ ဘယ်တုန်းက ဒီလိုဖြစ်သွားတာလဲ။ သူတို့သ်ည အစောကတင် ဘာမှမရှိသည့် ကုန်းလျှောတွင်ရပ်နေခြင်းပင်။

“ဒါက ဒါက...” ယွင်လင်တို့ မရုန်းလျှင် သူတို့သေသွားနိုင်သည်။

သို့သော် နောက်ကျသွားလေပြီ။ ယွင်လင်သည် ခြေထောက်မြှောက် လိုက်ချင်သော်လည်း သူ့ခြေထောက်သည်မြေကြီးတွင် အမြစ်စွဲနေလေပြီ။ ထို နွယ်ပင်များသည်... ယွင်လင်သည် ရုတ်တရက်ကြည့်လိုက်သည်။ ပေထင်းဟွမ် ရဲ့မျက်နှာမှာ သူ ဘာမြင်လိုက်တာလဲ။

ပေထင်းဟွမ်၏မျက်နှာကို ငွေရောင်မျက်နှာဖုံးဖြင့်အုပ်ထားသော်လည်း ပေထင်းဟွမ်သည် မည်းနက်သောမျက်လုံးများဖြင့် လှောင်ပြီး သူမ၏ နှုတ်ခမ်း များသည် ကွေးတက်သွားသည်ကို သူ မြင်လိုက်ရသည်။

သူမသည် နှုတ်ခမ်းများဖြင့် ပြုံးလိုက်ခြင်းဖြစ်သော်လည်း သူမ ပြောလို သည့်အရာများကို ယွင်လင်ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။ “ဟင်း ကျုပ်ကို အခွင့်အရေးယူချင်ရင် နောက်ဘဝမှလုပ်တော့”

“သောက်ကောင်” ယွင်လင်သည် ဒေါသများစုပုံလာသည်။ ယနေ့ သူသည် ပေထင်းဟွမ်၏လက်ထဲတွင် များစွာခံစားခဲ့ရသည်။ သူသည် ဤကောင်လေးကို လျှော့တွက်မိသည်။ မဟုတ်သေးပေ.. သူသည် သူမကို လျှော့မတွက်ရဲပေ။ ဤကောင်လေး၏ အင်္ကျီလက်ထဲတွင် ဝှက်ဖဲများစွာရှိနေ လိမ့်မည်ဟု သူ ထင်မထားပေ။ သူသည် စက်ဆုပ်ဖွယ်ကောင်းပြီး ရက်စက်လွန်းသည် “မင်း ငါ့ကိုသေစေချင်ရင် မင်းရဲ့လူကို အရင်သတ်မယ်”

ယွင်လင်သည် လက်မြှောက်ကာ ရှန်းယန်ပို၏နှလုံးကို ထိုးစိုက်လိုက်သည်။ သူ့ခေါင်းပေါ်တွင်ရောက်နေသည်မှာ ပေထင်းဟွမ်၏ ဓားပျော့ဖြစ်သည်။ သူသည် ရှန်းယန်ပိုအား အခွင့်ကောင်းယူကာ ရုတ်တရက် တို်ကခိုက်ခဲ့သည်။ သို့သော် သူသည် ပေထင်းဟွမ်၏လှည့်စားခြင်းကိုခံလိုက် ရသည်။ ထိုအရာသည် အပင်အမျိုးအစားမှော်သားရဲဖြစ်နေသည်။

အပင်မှော်သားရဲအများစုတွင် အဆိပ်ရှိကြသည်။ ယွင်လင်သည် သူ့ဘဝ တစ်လျှောက်လုံးတွင် တိုက်ကြီးအကြောင်းလေ့လာခဲ့ရာ သူထိုအကြောင်းကို သိသည်။ သူသည် ခြေထောက်များထုံကျင်ပြီး သွေးများနှေးကွေးလာသည်ကို ခံစားမိသည်။ သူ၏ကျင့်ကြံသောခန္ဓာကိုယ်သည် အဆိပ်ကို အာရုံခံနိုင်စွမ်းပါး သော်လည်း ပေထင်းဟွမ်၏ အပင်မှော်သားရဲသည် မည်သည့်အမျိုးအစားဖြစ် သည်ကို မသိတော့ပေ။ သူမသည် သူတို့ကို တိတ်တိတ်လေး အဆိပ်ခတ်ခဲ့ သည်။

“အာ.. ငါ့ ခြေထောက်လှုပ်မရတော့ဘူး.. ငါ့ဝိညာဉ်စွမ်းအားတွေလည်း မရှိတော့ဘူး..”

“ငါရောပဲ.. သခင်ကြီးယွင်လင် ငါ့ကိုကယ်ပါဦး”

“မိုးနတ်မင်းရေ ငါ့ရဲ့ဒြပ်စင်စွမ်းအင်တွေ ရွှေ့ပြောင်းလို့မရတော့ဘူး”

သူ့အနောက်တွင် အဖွဲ့ဝင်များ၏ အော်သံများဆူညံသွားသည်။ ယွင်လင် သည် ရွေးချယ်စရာမရှိတော့ပေ။ သူသာ မလှုပ်ရှားလျှင် မြေမြှုပ်မည့်နေရာမရှိ ဘဲ ယနေ့သေသွားနိုင်သည်။ တစ်ဖက်အဖွဲ့မှာ ကောင်းကင်အဆင့်တစ်ယောက် နှင့် ဝိညာဉ်သခင်ကြီး ၅ ယောက်ဖြစ်သည်။ သူတို့အဖွဲ့မှာ ကောင်းကင်အဆင့် လေးယောက်နှင့် ဝိညာဉ်သခင်ကြီးလေးယောက်တို့ရှိကြသည်။ သူသာ ဤနေရာတွင်သေရလျှင် နှစ် ၁၀၀ နေလာခဲ့သည်မှာ အလဟသဖြစ်သွားနိုင် သည်။

ဓားရှည်သည် ရှန်းယန်ပို၏နှလုံးကို ညှာတာမှုကင်းစွာ ထိုးစိုက်လိုက်၏။ နှင်းဖြူရောင်ဓားပျော့အလင်းသည် အားလုံးကို မျက်စိစူးသွားစေသည်။ မုချင်းလင်သည် မျက်စိရှေ့မှ မြင်ကွင်းကြောင့် ထိတ်လန့်သွားသည်.. သူမသည် အော်ဟစ်ကာ ထပ်မကြည့်ရဲတော့သဖြင့် မျက်လုံးများကိုအုပ်လိုက်သည်။

All Chapters