← Chapters

အားလုံးကထိန်းချုပ်မှုအောက်မှာ

Vol. 31 Ch. 616

အားလုံးကထိန်းချုပ်မှုအောက်မှာ

Vol. 31 Ch. 616

ယွင်လင် ရှန်းယန်ပိုအား သတ်မည်အပြုတွင် သူ့မျက်နှာမှ ရက်စက် ကြမ်းကြုတ်မှုနှင့် နှင်းဖြူရောင်ဓားလင်းတို့သည် ရန်ရှောင်ကျဲကိုပင် မကြည့်ရဲ လောက်အောင်ဖြစ်စေသည်။ အဘိုးကြီးသည် သရဲဝင်ပူးသွားသကဲ့သို့ ဖြစ်နေ သည်။ သူသည် သူ့ဘဝတွင် မရေမတွက်နိုင်သော လူများကို သတ်ခဲ့သည်။ သူသည် ရှန်းယန်ပိုအား ကြက်ပေါက်ကလေးကို ကိုင်သလို ဖမ်းကိုင်ခဲ့သည်။ သူ၏ ကြမ်းတမ်းသောမျက်လုံးများသည် သူ့လက်ထဲမှ ဓားရှည်ထက်ပင် ထက် သည်။ သူ၏စူးရှသောအသံသည် ကြက်လည်ချောင်းမှထွက်လာသကဲ့သို့ပင် “ငရဲကိုသွားလိုက်တော့”

အဘိုးကြီးသည် ရက်စက်သောလူဖြစ်သည်။ သို့သော် ခြေထောက်မှ တစ်ဆင့် သူ့ခန္ဓာကိုယ်ထဲသို့ ထည့်လိုက်သော နွယ်ပင်လေး၏အဆိပ်သည် သူ၏သွေးကြောများကို ဖိနှိပ်လိုက်ပြီဖြစ်သည်။ ထိုလူသည် ခန္ဓာကိုယ်ထဲမှ ဒြပ်စင်စွမ်းအင်ကို အသက်သွင်းကာ သူ၏အကြောများသည် ပေထင်းဟွမ် ထက် မမြန်ဘဲ လျင်မြန်စွာလှုပ်ရှားလေသည်။

ပေထင်းဟွမ်၏ဓားသည် အလွန်မြန်ဆန်ကာ သူမ၏ခန္ဓာကိုယ်မှ ဒြပ်စင် စွမ်းအင်များထွက်လာတော့လေသည်။ ယွင်လင်တို့၏ခေါင်းပေါ်မှရှိသော ဓားပျော့မှ အေးစက်သောအလင်းများထွက်လာသည်။ တိုးညင်းသောအသံဖြင့် သူမ အော်လိုက်သည် “နတ်မိစ္ဆာဓားထောင်ချီခုတ်ချက်”

သန့်စင်သောအလင်းများထွက်လာပြီး တောက်ပသောအပြာနုရောင်နှင့် ငွေရောင်ကြယ်အလင်းများရောနှောကာ ပေါက်ကွဲထွက်လာသည်။ ညကွပ်မျက်ကိုယ်ပွား ၂၇ ချောင်းသည် တစ်ချိန်တည်းမှာပင် ထိုလူများကို ထိုးစိုက်လေသည်။ ထိုးချလိုက်သည်နှင့် ပေထင်းဟွမ်အနောက်တွင်ရပ်နေ သော ရန်ရှောင်ကျဲတို့ပင် ခန္ဓာကိုယ်တွင် ကြက်သီးမွေးညင်းများထသွားကြ၏။

လျိုရွှီသည် အပြင်မှ လှုပ်လှုပ်ရှားရှားအသံများကြားသဖြင့် ဂူအပြင်သို့ ထွက်လာသည်။ သူသည် ပေထင်းဟွမ်၏အနောက်မှ တိတ်တိတ်လေးကြည့် နေခဲ့ရာ မျက်စိရှေ့မှမြင်ကွင်းကိုမယုံနိုင်စွာဖြင့် ကြည့်နေမိသည်။ ထိုအချိန်တွင် ပေထင်းဟွမ်သည် ရှန်းယန်ပိုအား သူတို့လေးယောက်ကို ဘာကြောင့် ကြိုးချည်ပြီး တောထဲပစ်ခွင့်ပေးသလဲဆိုသည်ကိုနားလည်သွားတော့သည်။ ထိုလူလေးယောက်တို့ ကျောက်တုံးကိုသုံးပြီး ကြိုးဖြည်နေသည်ကိုတွေ့သည့် တိုင်အောင် သူတည်ငြိမ်နေခဲ့သည်။

အရာအားလုံးသည် ဤလူငယ်၏ ထိန်းချုပ်မှုအောက်တွင်ရှိနေခဲ့သည်။

“မင်း မင်း..” ယွင်လင်သည် မယုံနိုင်ပေ။ ဂုဏ်သိက္ခာရှိသော ကောင်းကင် အဆင့်၏ လက်ထဲတွင် ဝှက်ဖဲများရှိသော်လည်း ဤလူငယ်ရှေ့တွင် ပြသရန် နည်းနည်းမှပင် အစွမ်းအစမရှိတော့ပေ။

ချွင်း

ယွင်လင်၏ဓားရှည်သည် ရှန်းယန်ပိုကိုမထိခင်တွင် မြေပေါ်ကျသွားကာ ကျောက်တုံးနှင့်ရိုက်မိပြီး အသံထွက်လာသည်။ ယွင်လင်သည် ပေထင်းဟွမ် အား လက်ညှိုးထိုးလေသည်။ ပေထင်းဟွမ်သာ သူတို့ရောက်လာသည်ကို မစောင့်လျှင် သူတို့သည် နှစ်ပေါင်း ၁၀၀ ကျော်နေနိုင်မလားဆိုသည်ကို မသိတော့ပေ။

“မင်း.. ကောင်စုတ် မင်းက တော်တော်ရက်စက်တာပဲ” ယွင်လင်သည် မြေကြီးပေါ်တွင်လဲလျောင်းနေသည်။ သူနှင့်သူ့လူများသာ သွေးထွက်နေသည်။ မြေကြီးနှင့်ကျောက်တုံးများသည် သွေးများဖြင့် စွန်းထင်းနေသည် “ငါတို့လာ မယ်ဆိုတာကို မင်းသိနေတာလား”

ပေထင်းဟွမ်သည် လျှောက်သွားပြီး လှုပ်ရှားရန်မေ့နေသော ရှန်းယန်ပို အားဆွဲထူလိုက်သည်။ သူမသည် ယွင်လင်ရှေ့တွင်ရပ်လိုက်၏။ ယွင်လင်၏ ရှုထောင့်မှ သူမ၏ ဘရိုကိတ်ဖိနပ်များကိုမြင်နေရသည်။ သူမခန္ဓာကိုယ်မျ ရက်စက်သည့်ရောင်ဝါသည် သန်မာလွန်းရာ မြေပေါ်မှသွေးများသည် သူမအနားသို့ မကပ်ရဲလောက်အောင်ဖြစ်စေသည်။ ၎င်းသည် သူမ၏ အဖြူနှင့်အနက်ဘရိုကိတ်ဖိနပ်ပတ်ပတ်လည်သို့ စီးသွားလေသည်။

“ဟုတ်တယ်” ပေထင်းဟွမ်၏အကြည့်သည် ယွင်လင်၏အနောက်မှ ဒဏ်ရာရနေသောလူငယ်လေးယောက်ဆီသို့ ရောက်သွားသည်။ “ခင်ဗျားတို့က ဇိမ်ကျကျနေရတာကို တခြားလူတွေကို အနိုင်ကျင့်လိုက်သေးတယ်.. ဘယ်တော့မှ ဒီလိုမျိုး အနိုင်ကျင့်ခံရဖူးတော့မှာလဲ.. ခင်ဗျားတို့ကို အသက်ရှင် ခွင့်ပေးဖို့သဘောတူလိုက်ရင်တောင် အသက်ရှင်ရတယ်ဆိုပြီး ခင်ဗျားတို့က ကျေနပ်မှာမဟုတ်ဘူး.. ကျုပ်ဓားအောက်မှာ သေဦးမှာပဲ”

သွေးဆာနေသော ဓားပျော့သည် သူတို့နောက်ကျောမှ ထိုးဖောက်လေ သည်။ သူတို့သည် အသက်ရှူဆဲဖြစ်သော်လည်း ပေထင်းဟွမ်၏စကားများကို ကြားပြီးနောက် လူငယ်လေးယောက်သည် ဒေါသထွက်လွန်းသဖြင့် ချောင်းဆိုး ကာ မရဏလောကသို့ တိုက်ရိုက်ရောက်သွားတော့သည်။ ပေထင်းဟွမ် လက်ဝေ့ယမ်းလိုက်သည်နှင့် ဓားပျော့သည် သူမလက်ထဲသို့ ပြန်ရောက်လာ လေသည်။

ရှန်းယန်ပိုသည် ပေထင်းဟွမ်၏အနောက်တွင် ခေါင်းငုံ့ကာ ရပ်နေသည်။ အသက်ဝင်နေသည့်ဥပမာတစ်ခုသည် သူ့ရှေ့တွင် ဖြစ်ပျက်သွားသလိုပင်။ ပေထင်းဟွမ်ကြောင့်သာမဟုတ်လျှင် သူသည် သူ့အသက်နှင့်ပေးဆပ်ရနိုင် သည်။ သူ့ရင်ထဲတွင် နောင်တတရားသည် ဒီရေသဖွယ်တိုးလာသည်။ သူသည် သံမဏိသွေးအဖွဲ့၏ ခေါင်းဆောင်မဖြစ်ထိုက်ပေ...

All Chapters