မင်းလိုအမှားမျိုးငါလည်းလုပ်ခဲ့တယ်
Vol. 31 Ch. 617
“မင်း မင်း... နတ်မိစ္ဆာ” ယွင်လင်သည် ခေါင်းကိုခက်ခက်ခဲခဲမော့ကာ ပေထင်းဟွမ်အားကြည့်ရန် ကြိုးစားလေသည်။ ထိုလူငယ်သည် ၁၄ နှစ်၊ ၁၅ နှစ် သာရှိသေးသည်မဟုတ်ပါလား။ သူသည် ဤအတိုင်းအတာထိ ဆန့်ကျင်ရန် လုပ်နိုင်သည်။ သူသည် နှစ်ပေါင်း ၁၀၀ ကျော်နေလာခဲ့သော်လည်း ဤကဲ့သို့ မကောင်းဆိုးဝါးမျိုးကို မမြင်ဖူးပေ။ သူ့လက်ထဲတွင်သေရမည်မှာ တရားမျှတမှု မရှိပေ။ “ဟင်း ငါတို့ကို ဒီမှာသတ်ရင်တောင် မင်း မင်း.. ငွေလရောင်အင်ပါယာ က သိရင် ငါတို့အတွက် လက်စားချေပေးလိမ့်မယ်”
“လက်စားချေမယ်ဟုတ်လား” ပေထင်းဟွမ်သည် လက်နောက်ပစ်ကာ ခေါင်းငုံ့ပြီး သေလုဆဲဆဲဖြစ်နေသည့် ယွင်လင်ကို ငုံ့ကြည့်လေသည်။ သူမ၏ အေးစက်သောမျက်လုံးများသည် ရီဝေနေရာ ပို၍ပင် မည်းနက်သွားစေသည်။ “ငွေလရောင်အင်ပါယာက ခင်ဗျားအတွက် လက်စားချေပေးမယ်ဟုတ်လား.. ဟာသပဲ.. ကျုပ်က ဒီနေ့ကိုစောင့်နေတာ.. အဲဒီအသုံးမကျတဲ့ ငွေလရောင် အင်ပါယက ကျုပ်ဆီမလာမှာကိုကြောက်နေတာ.. တစ်နေ့ ကျုပ်က ကျုပ် စစ်တပ်ကိုဦးစီးပြီး ငွေလမြို့ကိုသွားမှာ.. ခင်ဗျားတို့ လွန်ခဲ့တဲ့ ၁၄ နှစ်က ကျုပ် ဝမ်းကွဲအစ်ကိုဆီမှာ တင်နေတဲ့အကြွေးကိုပြန်တောင်းမယ်.. ခင်ဗျားက မရဏဘုံမှ သွားစောင့်နေလိုက် ငွေလရောင် အင်ပါယာရဲ့တော်ဝင်မိသားစုက မကြာခင် ခင်ဗျားနောက်လိုက်လာလိမ့်မယ်.. သူတို့အပေါ် သစ္စာစောင့်သိပါ တယ်လို့ ပြောဖို့ ခင်ဗျားမှာအခွင့်အရေးရှိသေးတယ်”
“မင်း မင်းက ရူးနေတာပဲ” ယွင်လင်သည် ပေထင်းဟွမ်၏စကားများကို မယုံကြည်ပေ။ သို့သော် ပေထင်းဟွမ်သည် သူ့ကိုလွှတ်မပေးပေ။ သူမ၏ အေးစက်သောအသံသည် သူ့ဝိညာဉ်ထဲတွင် ကောင်းကင်နှင့်မြေကြီးစည်းမျဉ်း ကဲ့သို့ အတွင်းထဲထိ ကျန်နေခဲ့သည်။ “အမြင့်ဆုံးသားရဲထိန်းအနေနဲ့ ရူးနေတယ် လို့ထင်တာလား”
“အာ... မဟုတ်ဘူး”
အလွန်အမင်းကြေကွဲသည့်အော်သံသည် တောထဲတွင် မလိုလားမှုများ ဖြင့် ပြည့်နှက်သွားသည်။ ငွေလရောင်အင်ပါယာမှလူများသည် အားလုံးပေါင်း ၇ ယောက်ဖြစ်သည်။ ယွင်လင်သည် အဆင့်မြင့်ဓားကြယ်ဝိညာဉ်သခင်ဖြစ် သည်။ သူသည် အသက်ကြော အသန်မာဆုံးဖြစ်ကာ နောက်ဆုံးမှသေသည်။ ပေထင်းဟွမ် လက်ဝေ့ယမ်းလိုက်သည်နှင့် ဓားပျော့သည် ယွင်လင်၏ ခန္ဓာကိုယ်ပေါ်သို့ ကျသွားလေသည်။ ထိုအခါမှသာ အဘိုးကြီးသည် နောက်ဆုံး တွင် မလိုမလားနှင့် မျက်စိမှိတ်သွားလေသည်။
ဓားအလင်းလက်ကနဲဖြစ်သွားပြီး ဓားပျော့ပေါ်မှ သွေးသည် လုံးဝ ပြောင်ရှင်းသွားလေသည်။ ပေထင်းဟွမ်လက်ဝေ့လိုက်သည်နှင့် ညကွက်မျက် ကိုယ်ပွားများသည် တစ်သားတည်းအဖြစ် ပေါင်းစပ်သွားသည်။ သူမသည် ခါးကိုပုတ်ပြလိုက်သည်နှင့် နှင်းငွေရောင်ဓားပျော့သည် ခါးပတ်ဖြစ်သွားလေ ၏။ ၎င်း၏အရောင်သည်လည်း မီးခိုးရောင်ပြောင်းကာ သူမ၏ ဝတ်ရုံအရောင် နှင့် ရောနှောသွားလေသည်။ ၎င်းသည် နတ်လက်နက်ဖြစ်သည်ကို မည်သူမှ ယုံကြမည်မဟုတ်ပေ။
“ခေါင်းဆောင် ငါ...” ရှန်းယန်ပိုသည် ပေထင်းဟွမ်ဆီသို့ လျှောက်လာ သည်။ သူသည် စကားမပြောနိုင်လောက်အောင်ပင် အပြစ်မကင်းသလို ခံစားနေရသည်။
“အစ်ကိုရှန်းယန် ငါလည်း မင်းလိုအမှားမျိုး အရင်ကလုပ်ဖူးတယ်” ပေထင်းဟွမ်သည် ကောင်းကင်ပေါ်မှ တိမ်တိုက်ဖြူဖြူများကို ကြည့်လိုက်၏။ သူမ၏အတွေးများသည် အရင်ဘဝသို့ပြန်ရောက်သွားသည်။ သူမသည် ပင်လယ်ကမ်းစပ်တွင်ပြေးနေကာ သူမနောက်မှလိုက်လာသောသူကို မသတ်ရက်ပေ။ သူမလက်ထဲမှဓားသည် သူမခန္ဓာကိုယ်အားထိုးစိုက်ကာ သွေးများတစက်စက်ကျနေသည်။ “တစ်ခါကြုံတွေ့ပြီးတော့ သင်ခန်းစာတွေ အများကြီးရလာတယ်.. ဒါက ဘာမှမဟုတ်ပါဘူး.. အစကတည်းက မင်းက ရက်စက်ပြီး ဒီလူလေးယောက်ကို လွှတ်ပေးဖို့အစီအစဉ်မရှိရင် ငါလည်း မင်း အနားကိုကပ်ရဲမှာမဟုတ်ဘူး”
ထို့အပြင် ထိုလူလေးယောက်သည် မနေ့က သူတို့၏မစ်ရှင်ကိုသာ လုခဲ့ ကာ သူတို့အသက်ကိုမယူခဲ့ပေ။ ယနေ့ ပေထင်းဟွမ် အရင်တိုက်ခိုက်ကာ သူတို့အား ချောင်းမြောင်းတိုက်ခိုက်ပြီး သတ်ခဲ့သည်။
လျိုရွှီသည် ဂူရှေ့တွင်ရပ်ကာ ပေထင်းဟွမ်၏စကားများကို နားထောင် နေသည်။ သူသည် အလွန်အံ့ဩမိသည်။ ဤလူငယ်သည် ငယ်ရွယ်ပြီး အကြံသမားဖြစ်သော်လည်း သူ့လူများကို သည်းခံသည်။ စကားအနည်းငယ်နှင့် တင် ရှန်းယန်ပို၏ စိတ်ထဲမှာအပြစ်မကင်းစိတ်ကို ဖယ်ရှားနိုင်သည်။ ရှန်းယန်ပို သည် အခုကစပြီး သူ့အသက်ကိုစတေးရန် တွန့်ဆုတ်နေမည်မဟုတ်တော့ပေ။
အလွန်ပင် ကြောက်စရာကောင်းသည့်လူငယ်ပင်။ သူသည် ဘုရင်တစ်ပါး ဖြစ်ရန် မွေးဖွားလာခဲ့သည်။ တစ်စုံတစ်ယောက်သူမအနားသို့ ကပ်လေလေ သူမ၏ ခြေရာအတိုင်းလိုက်ချင်၍မဖြစ်နိုင်လေဖြစ်သည်။
လျိုရွှီသည် သူ့ကိုယ်သူ ပြန်သုံးသပ်မိသည်။ သူသည် သူမကိုတွေ့သည့် အချိန်ကတည်းကပင် မိတ်ဖွဲ့နေချင်သည်လား။ သူသည် သူမဘေးသို့ တစ်လှမ်း ချင်းလျှောက်သွားသည်။ သူနဲ့ ဆက်ဆံရေးကောင်းတာကို ဝမ်းသာတဲ့အပြင် ပိုပြီးနီးနီးကပ်ကပ်နေချင်တာမဟုတ်ဘူးလား။