Chapters

ပေထင်းဟွမ် ထိခိုက်အောင်ဘယ်တော့မှမလုပ်မယ့်သူ

Vol. 31 Ch. 618

ပေထင်းဟွမ် ထိခိုက်အောင်ဘယ်တော့မှမလုပ်မယ့်သူ

Vol. 31 Ch. 618

“ခေါင်းဆောင်.. ဒီမိန်းမက ဒီကလူတွေကိုဖြားယောင်းခဲ့တာပဲ.. ကြည့်လေ သူမက လမ်းပေါ်မှာ ဒီပန်းပုတီးစေ့တွေကို တမင်ချထားခဲ့တာ” ချင်ရှဲလင်သည် ရွှံနှင့်သွေးများဖြင့် ပေကျံနေသော ပန်းရောင် ပန်းပုတီးစေ့ကို ပေထင်းဟွမ်အားပေးလိုက်သည်။ ထိုပန်းပုတီးစေ့ကို မုဝမ်ယွဲ့အရင်က ဝတ်လေ့ရှိသည်မှာအမှန်ပင်။ ချင်ရှဲလင်သည် တစ်မိုင်အကွာတွင်ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။

“မဟုတ်ဘး မဟုတ်ဘူး” မုဝမ်ယွဲ့သည် မုချင်းလင်၏လက်ကိုဆုပ်ကိုင် လေသည်။ သူမသည် ပေထင်းဟွမ်၏ သုန်မှုန်သောမျက်နှာကိုမြင်သောအခါ သူမ အသက်ရှင်ရန်နည်းလမ်းမရှိတော့သည်ကို သိလိုက်သည်။ သူမသည် ကျိန်ဆဲလေသည် “မုချင်းလင် သောက်ကောင်မ ငါက နင့်ညီမပဲ.. နင် ငါ့ကို ဒီနေ့မကူညီရင် အသေဆိုးနဲ့သေလိမ့်မယ်”

ထို့အပြင် ပြောရလျှင် ပေထင်းဟွမ်သည် သူမ၏ ခဲအိုဖြစ်သည်။

နှစ်ပေါင်းများစွာကြာပြီးနောက် ပေထင်းဟွမ်၏သရုပ်မှန်ကို ဖံဒးကွယ်ရန် သူမသည် ပေထင်းဟွမ်၏ ဇနီးလောင်းနာမည်ယူကာ သူမကို ဂရုစိုက်ပြီး ချစ်ပေးခဲ့သည်။ ပေထင်းဟွမ် မထိခိုက်စေချင်သူမှာ မုချင်းလင်ဖြစ်သည်။

မုဝမ်ယွဲ့သည် သူမကို အကြိမ်ကြိမ်အခါခါစည်းကျော်ပြီး ရန်စခဲ့လျှင် တောင် မုချင်းလင်သည် မုဝမ်ယွဲ့ကို သေစေချင်သည်ဟု မပြောသရွေ့ ပေထင်းဟွမ်သည် လှုပ်ရှားမည်မဟုတ်ပေ။

“လင်အာ မင်းက သူမအသက်ကိုယူဖို့ အသင့်တော်ဆုံးပဲ.. သူမကို သေစေချင်ရင် ငါမင်းကို ကူညီမယ်.. မင်းစိတ်မရှိရင်လည်း လွှတ်ပေးလို့ရတယ်” ပေထင်းဟွမ်၏ နှင်းဖြူရောင်လက်ချောင်းများသည် မုချင်းလင်၏ မျက်နှာကို ညင်သာစွာပွတ်သပ်နေသည်။ မုချင်းလင်သည် သူမထက်အသက်ကြီးသည်။ ထိုနှစ်များတွင် မုချင်းလင်သည် သူမကြောင့် စစ်မှန်သော ခင်ပွန်းမရခဲ့ပေ။

မုချင်းလင်အတွက် လူတစ်ယောက်ကို သတ်ပေးရန်မဆိုထားနှင့် ဤတိုက်ကြီးကို ပြောင်းပြန်လှန်ပစ်ရန်ပင် ဝန်မလေးပေ။

အချစ်သည် ယုံကြည်မှုတစ်ခုဖြစ်လျှင် ပေထင်းဟွမ်သည် သူမကို ကာကွယ်ရန် ၎င်းတို့၏ယုံကြည်မှုကို စွန့်လွှတ်ခဲ့သည့်လူတစ်ယောက်ကို အလွတ်ပေးမည်မဟုတ်ပေ။

နန်ကုန်းချန်းရှီသည် ခေါင်းငုံ့ထားသည်။ ဤအခိုက်အတန့်တွင် သူမသည် အလွန်အမင်းရတက်မအေးဖြစ်နေသည်။ ကြင်နာတတ်သော ခေါင်းဆောင် သည် သူ၏ဇနီးလောင်းအပေါ် ကောင်းလွန်းသည်။ အခိုက်အတန့်တွင် သူမ သည် နန်ကုန်းချန်းမိုမသေခင် ခံစားခဲ့သည့် ခံစားချက်ကို နားလည်သွား၏။ ဖြစ်နိုင်လျှင် သေသွားသူသည် နန်ကုန်းချန်းရှီသာဖြစ်ချင်တော့သည်။

ချင်ရှဲလင်သည် မျက်ရည်ရွဲသောမျက်လုံးများဖြင့် ချင်လင်၏ မျက်နှာပေါ် တွင်ရောက်နေသော ပေထင်းဟွမ်၏လက်ချောင်းများကို ကြည့်နေသည်။ သူမ သည် နှင်းဖြူရောင်လက်ချောင်းများမှ အေးစက်မှုကိုခံစားမိသည်။ သို့သော် ဤအခိုက်အတန့်တွင် ထိုလက်သည် သူမကို ပွတ်သပ်စေချင်သည်။

ရှန်းယန်ပို၏ မျက်နှာသည် နီရဲလာသည်။ သူသည် လက်သီးကိုကျစ်ကျစ် ပါအောင်ဆုပ်ထားကာ စိတ်ထဲမှအတွေးကို အတင်းဖိနှိပ်နေသည်။ ခေါင်းဆောင်သည် ယောက်ျားသားဖြစ်ကာ သူသည်လည်းယောက်ျားသားဖြစ် သည်။ သို့သော် သူသည် ခေါင်းဆောင်အား တောင့်တသည့်စိတ်ကို မတွန်းလှန် နိုင်ပေ။ မဖြစ်ပေ.. သူသည် သူ့ခွန်အားတိုးတက်ရန်အတွက်သာ အာရုံစိုက်ထား သင့်သည်။ ယခုအချိန်တွင် သူသည် သံမဏိသွေးအဖွဲ့ငယ်ကိုသာ ဦးဆောင်နိုင် သည်။ တစ်နေ့ သူသည် သခင်ချူဖုန်းကဲ့သို့ သံမဏိသွေးကို ဦးဆောင်ပြီး သူမ အတွက်တိုက်ခိုက်ပေးနိုင်ရမည်။

“သေစမ်း ရှောင်ကျို့ မင်း ဒီလိုလုပ်လို့မရဘူးလား.. အီစီကလီလုပ်ချင်ရင် အချိန်နဲ့နေရာပြောင်းလို့ရတယ်” လျိုရွှီသည် နှလုံးများ အရည်ပျော်တော့မလို ခံစားရလေသည်။ ပေထင်းဟွမ်သည် ယောက်ျားသားဖြစ်သည်။ သူသည် သူမ ထက် မိန်းကလေးများကို ဆွဲဆောင်နိုင်သည့်လူမျိုးကို မတွေ့ဖူးပေ။ ကံကောင်း စွာပင် သူသည်ငယ်သေးသည်။ သူ အရွယ်ရောက်လာလျှင် မည်မျှပင် ဆိုးသွမ်း မည်ကိုမသိတော့ပေ။

ချင်းလင်၏ မျက်နှာမှ မျက်ရည်များစီးကျလာသည်။ သူမသည် လျိုရွှီ၏ စကားများကိုကြားသောအခါ ရယ်မိသည်။ ရှောင်ကျို့သည်မိန်းကလေးဖြစ် သည်။ တခြားသူများမသိသော်လည်း သူမ သိသည်။ သို့သော် သူမ ပြုံးလိုက် ချိန်တွင် မျက်ရည်များသည် ပို၍မြန်မြန်ဆန်ဆန်ကျလာသည်။ သူမသည် ပေထင်းဟွမ်၏ ရင်ခွင်ထဲတိုးဝင်လိုက်သည်။ “သခင်လေး ၉.. သူမက သူမ အမေကို ဘာပြောခဲ့လဲဆိုတာ ကျွန်မကြားခဲ့တယ်.. နန်ကုန်းကျိယင်ကပြော တာ ကျွန်မအမေက.. သူမလက်ထဲမှာသေခဲ့တာတဲ့.. အဲတုန်းက ကျွန်မအမေကို သတ်ခဲ့တာကို နောင်တမရဘူးလို့လည်း ပြောသေးတယ်”