ငါ့အစ်မနဲ့အတူ မင်းကို ပြုစုဖို့ဆန္ဒရှိတယ်
Vol. 31 Ch. 619
မုချင်းလင် ထိုသို့ပြောသည်နှင့် အားလုံး မှင်တက်ကုန်ကြလေသည်။ သူတို့သည် မြေကြီးပေါ်တွင် ခွေးသေကဲ့သို့ လဲလျောင်းနေသည့် မုဝမ်ယွဲ့အား စိုက်ကြည့်နေကြသည်။ သူမနှင့် အချိန်ကြာအောင် ဆက်ဆံခဲ့ပြီးနောက် မုချင်းလင်၏ သရုပ်မှန်သည် သနားစရာကောင်းသည်ကို ရှန်းယန်ပိုတို့သိကြ သည်။ ဤကဲ့သို့ ပြဇာတ်ဆန်သည့်အရာမျိုးဖြစ်ခဲ့လိမ့်မည်ဟု သူတို့ထင်မထား ကြပေ။
လော့ပေမြို့ရဲ့ မြို့ဝန်က သေနေလို့လား။ ဒါမှမဟုတ် သူ့ရဲ့လက်ရှိဇနီး နန်ကုန်းကျိယင်က သူ့အရင်မိန်းမကို သတ်ခဲ့တာကို မသိတာလား။ သူ့မိန်းမကို သတ်ခဲ့တဲ့ ရန်သူနဲ့အိပ်ရလောက်အောင် ဘယ်လောက်တောင် တုံးအနေတာ လဲ။ ဒါမှမဟုတ် ယောက်ျားတိုင်းက ဒီလိုပဲလား။
မုဝမ်ယွဲ့သည် တစ်ကိုယ်လုံးတုန်ယင်နေကြသည်။ သူမသည် ခက်ခက်ခဲခဲခေါင်းမော့လိုက်ရာ ပေထင်းဟွမ် ခေါင်းငုံ့သည်နှင့် သွားဆုံလေသည်။ ပေထင်းဟွမ်၏မျက်နှာကို မျက်နှာဖုံးဖြင့် ဖုံးအုပ်ထားသဖြင့် သူမသည် မမြင်ရပေ။ သူမမြင်ရသည်မှာ ပေထင်းဟွမ်၏အေးစက်သော မျက်လုံးများသည် ဆောင်းတွင်းညကြယ်များနှင့်တူသည်။ ၎င်းတို့သည် သူမ၏ လက်ထဲမှ ဓားပျော့ကဲ့သို့ အေးစက်ပြီး အထိန်းအကွပ်မဲ့ကာ ဝိညာဉ်ကို ပြိုကွဲ သွားစေနိုင်သည်။
သို့သော် သူမ မုချင်းလင်ကို ပွေ့ဖက်ထားပုံမှာ အလွန်ကြင်နာလွန်းသည်။ သူမ၏ဖြူဆွတ်သောလက်သည် ညင်သာစွာဖြင့် မုချင်းလင်၏ ကျောပြင်ကို ပုတ်ပေးနေသည်။ သူမသည် လတစ်ယောက်ကို သတ်မည့်အချိန်တွင် ဒေါသ ထွက်တတ်သော်လည်း ယခုအခါ နူးညံ့စွာပြောနေသည် “ငါ့ရဲ့လင်အာလေး ငါ့ကိုအပ်ထားလိုက်တော့.. ချန်းရှီတို့နဲ့ရှေ့မှာစောင့်နေလိုက်.. ဒီကိစ္စကို ငါ့ကို အပ်ထားလိုက်”
မုဝမ်ယွဲ့သည် အားကုန်သုံးပြီးအော်လိုက်သည် “မဖြစ်ဘူး”
သူမသည် ပေထင်းဟွမ်နှင့် နှစ်ယောက်တည်း နေမည်မဟုတ်ပေ။ ယခု အခါ သူမကိုကယ်နိုင်သူမှာ မုချင်းလင်သာရှိသည်။ မုဝမ်ယွဲ့သည် မုချင်းလင်၏ ခြေထောက်ကို ဖက်ထားလေသည်။ “မဟုတ်ဘူး အစ်မ ငါမှားသွားပါတယ်.. ငါ မှားတယ်ဆိုတာ ငါသိပါတယ်.. ငါ နင့်ကိုထိခိုက်အောင်မလုပ်တော့ပါဘူး.. နင့် အမေသေတာ ငါနဲ့ဘာမှမဆိုင်ဘူးလေ.. အဲဒါငါ့အမေအမှားပဲ.. သူမကို အပြစ် ပေးဖို့ ငါကူညီပေးပါမယ်.. ကျေးဇူးပြုပြီး ငါ့ကိုသက်ညှာပေးပါ”
အားလုံးသည် ကြက်သေသေသွားကြလေသည်။ အသက်ရှင်ရန်အတွက် မွေးမိခင်ကိုပင် သစ္စာဖောက်နေခြင်းပင်။ ထို့အပြင် သူမအတွက်ကိုသာ စဉ်းစား ပေးသည့် မွေးမိခင်ပင်ဖြစ်သည်။ ဒီကမ္ဘာမှာ ဘယ်လိုလုပ် ဒီလိုလူရှိနေတာလဲ။
မုဝမ်ယွဲ့သည် မုချင်းလင်၏ခြေထောက်ကို တင်းကြပ်စွာဖက်ထားပြီး လွှတ်မပေးပေ။ တစ်ဖက်တွင် မုချင်းလင်သည် ထောင်ချောက်တွင်မိနေသည့် ယုန်ကလေးကဲ့သို့ အားကုန်ရုန်းနေသည်။ ပေထင်းဟွမ်သည် ခြေထောက် မြှောက်ပြီး မုဝမ်ယွဲ့၏လက်ကောက်ဝတ်ကို နင်းလိုက်သည်။ သူမသည် အား အနည်းငယ်ထည့်လိုက်သည်နှင့် ချွတ်ခနဲအသံမြည်ကာ မုဝမ်ယွဲ့၏ လက်ကျိုး သွားလေသည်။ သူမသည် စိတ်ပျက်အားငယ်စွာဖြင့် လွှတ်ပြီး ပေထင်းဟွမ် အား ရက်စက်သည့်မျက်လုံးများဖြင့် ကြည့်လေသည်။ “ပေထင်းဟွမ် အမှိုက်.. မင်းမှာ ဘာလုပ်ပိုင်ခွင့်ရှိလို့လဲ.. ငါတို့မုမိသားစုကိစ္စကို ဝင်ပါရအောင် မင်းက ဘာမို့လို့လဲ.. မင်းက မုမိသားစုရဲ့သားမက်ဖြစ်နေလို့လား.. ငါက မင်းရဲ့ ခယ်မ ပဲ... မင်းငါ့ကို သတ်လို့မရဘူး မဟုတ်ရင် ကျန်တဲ့ဘဝမှာ မင်းငါ့အစ်မကို လက်ထပ်လို့မရအောင် လုပ်ပစ်မယ်”
ပေထင်းဟွမ်သည် အေးစက်စွာကြည့်ပြီး မုချင်လင်အား ညင်သာစွာ ပွတ်သပ်လေသည်။ သူ့အသံသည်နူးညံ့နေသည် “ချန်းရှီ ရှေ့ကိုအရင်သွားနှင့် လိုက် ငါလိုက်လာခဲ့မယ်”
နန်ကုန်းချန်းရှီနှင့် ချင်ရှဲလင်တို့သည် ငေးငိုင်နေသောမုချင်းလင်အား တွဲပြီး ရှေ့ဆက်လျှောက်သွားလေသည်။ ယွမ်ဟဲ့နှင့် ရှန်းယန်ပိုတို့သည် သူတို့ အနောက်မှလိုက်သွားသည်။ သူတိ့နှစ်ယောက်သည် လျှောက်ရင်းနှင့် အနောက်မှ သူတို့ကိုကြည့်မိသည်။ ပေထင်းဟွမ်သည် မုဝမ်ယွဲ့၏ရင်ဘတ်ကို နောက်တစ်ခါနင်းကာ အလွန်အေးစက်သောအသံဖြင့်ပြောလိုက်သည် “မင်း ဘာသာမင်း အဆုံးသတ်မလား ငါကိုယ်တိုင်လုပ်ပေးရမလား”
“မဟုတ်ဘူး မင်း ငါ့ကို မသတ်နိုင်ပါဘူး.. မင်းက ငါ့ခဲအိုပဲ” မုဝမ်ယွဲ့၏ ညစ်ပေသောမျက်နှာသည် မျက်ရည်များနှင့်ဆေးကြောပြီးနောက် ပို၍ ချောမွတ်လာသည်။ “သခင်လေး ၉ မင်းက ဘာလို့ အစ်မကို အဲလောက် ကောင်းပေးရတာလဲ.. ငါလည်း သူမထက်မနိမ့်ပါဘူး.. မင်း ငါ့ကိုလွှတ်ပေးရင် အစ်မနဲ့အတူ ပြုစုပေးမယ်”
“ဘာ” လျိုရွှီသည် အန်မိတော့လိုပင်။ သူသည် ပေထင်းဟွမ်အား အဖော် ပြုပေးရန် နေခဲ့သည်။ ထိုမိန်းကလေး၏ စကားများကို ကြားသောအခါ ချက်ချင်းပင် ထိတ်လန့်သွားခဲ့သည်။ အလွန်ပင် ကြောက်စရာကောင်းလှသည်။ မိန်းကလေးများသည် ကြောက်ဖို့အလွန်ကောင်းသည်။ သို့သော် မိန်းကလေး များတွင် ယောက်ျားများမရှိသည့် နက်လက်နက်ရှိသည်။ ထိုအရာသည် အဝတ် များဖြင့် ရစ်ပတ်ထားသည့် သူတို့၏ကျောက်စိမ်းခန္ဓာကိုယ်ဖြစ်သည်။
“မလိုပါဘူး” ပေထင်းဟါမ်သည် တဖြည်းဖြည်း ခြေထောက်ကို အားထည့်ပြီး အေးစက်စွာပြောလေသည် “မင်းက မင်းအစ်မရဲ့ဆံပင်လောက် တောင်တန်ဖိုးမရှိဘူး.. နောက်ဘဝမှလူကောင်းလုပ်တော့”