← Chapters

ဝယ်ယူသူများလျော့နည်းသွားခြင်းမရှိ

Vol. 81 Ch. 1136

ဝယ်ယူသူများလျော့နည်းသွားခြင်းမရှိ

Vol. 81 Ch. 1136

အခန်း (၁၁၃၆) ဝယ်ယူသူများလျော့နည်းသွားခြင်းမရှိ

ထျန်းကျိခန်းမ မဖွင့်ဘူးဆိုသည်နှင့် တံခါးဝတွင် ရောက်နေသောလူများ ချက်ချင်းပင် အုံးအုံးကြွက်ကြွက် ဖြစ်သွားကြသည်။

ထိုသတင်းကိုကြားသည်နှင့် ထျန်းကျိခန်းမ နာမည်ကျော်ကြားလာစေရန် သတင်းဖြန့်ပေးထားသည့် လေမိုးကြိုးအိမ်တော်မှ အိမ်တော်သခင် ‘ဟန်ရှန်းတာ့’ အပြေးအလွှားရောက်ရှိလာသည်။

ယွမ်ကျိုးမြို့သို့ရောက်သည်နှင့် ချိုးကျားဟိုင်ကိုပင် မတွေ့ရသည့်အခါ ရင်ထဲအတော်လေး နင့်သွားရသည်။

ရန်ကျောက်ကဲ၏ ကိုယ်ပိုင်ဂုဏ်သတင်း ၊ ရွှေခန္ဓာမိုးကြိုးသွား၏ဆွဲဆောင်မှုအပြင် ရန်ကျောက်ကဲအပေါ် သူထားရှိသည့် ယုံကြည်ချက်မှာ ကျန့်ဟွမ်ဓားဧကရာဇ်၏ အဆက်အနွယ်များက အာမခံပေးသောကြောင့် ဖြစ်၏။

ကံကောင်းစွာပင် ထျန်းကျိခန်းမတွင် ချိုးကျားဟိုင်၏ တပည့်တစ်ယောက်ကို တွေ့ရသည်။

ဟန်ရှန်းတာ့ ထိုသူကို နှုတ်ဆက်ပြီးနောက် ရှောက်အိုက်၏စကားကြောင့် အနည်းငယ် စိတ်သက်သာရာရသွားသည်။

ရှောင်အိုက်က...

“ကျောက်စိမ်းကျောက်ဆောင်က ဆရာ’ချိုး’ က သခင်လေးကို သွားရှာနေတယ်

“ဟုတ်တယ် ၊ ဒါ လုပ်သင့်တာပေါ့”

ဟန်ရှန်းတာ့ ထိုသို့တွေးလိုက်သည်။

ထို့နောက် ရှောင်အိုက်ကိုကြည့်လိုက်ပြီး...

“လဆန်း (၁)ရက် ရောက်နေပြီ ၊ မင်း ဘာလို့ ခန်းမမဖွင့်ရတာလဲ”

အပြင်ဘက်မှ လူအုပ်ကြီးကို ပိုမိုဒေါသမီးတောက်လောင်စေရန် ရှို့ပေးနေသူများရှိကြောင်း ဟန်ရှန်းတာ့ နားလည်လိုက်သည်။ ထျန်းကျိခန်းမကြောင့် ဖောက်သည်များဆုံးရှုံးသွားသော အခြား လုပ်ငန်းရှင်များက ထိုသို့ မီးလောင်ရာလေပင့် လုပ်နေကြခြင်း ဖြစ်၏။

ထျန်းကျိခန်းမမှ ရောင်းချသောရတနာပစ္စည်းများက ရှားပါးပြီး အဖိုးတန်သည်ဖြစ်ရာ ဤလုပ်ငန်းရှင်များအနေဖြင့် သူတို့၏ဖောက်သည်များ ဆုံးရှုံးသွားခြင်းကို သည်းခံနိုင်ကြသည်။ ထျန်းကျိခန်းမ၏ အမည်နှင့်ဂုဏ်သတင်းက ကြီးမားသည်ဖြစ်ရာ သူတို့အနေဖြင့် ပြိုင်ဘက်ပမာသဘောထားပြီး ယှဉ်ပြိုင်နိုင်ခြင်း မရှိပေ။

သို့သော် ယခုတော့ သူတို့အတွက် လွတ်မြောက်ရန် အခွင့်အရေး ရှိလာပေပြီ။

ထျန်းကျိခန်းမကိုယ်တိုင်က မိုက်မဲသည့်လုပ်ရပ်တစ်ခုအား ပြုလုပ်လိုက်သည်ဖြစ်ရာ အခြား လုပ်ငန်းရှင်များအနေဖြင့် ဤအခွင့်အရေးကိုအသုံးချရန် ဆုပ်ကိုင်ထားသည်မှာ သဘာဝကျသည်။

ဟန်ရှန်းတာ့က မချိပြုံးတစ်ချက်ပြုံးရင်း...

“စီးပွားရေးလုပ်တယ်ဆိုတာ ယုံကြည်မှုအပေါ်မှာ မူတည်တယ်”

ကျင့်ကြံသူလောကတွင် ယုံကြည်မှုက အထူးအရေးကြီးသည်။

ရှောင်အိုက်က အရေးမစိုက်ဟန်ဖြင့်...

“စိတ်မပူပါနဲ့ ‘ဟန်’ သခင်ကြီး ၊ အားလုံးက သူ့လက်ခုပ်ထဲမှာပဲရှိတယ်လို့ သခင်လေးက ပြောထားပါတယ်”

ထို့နောက် ရှောင်အိုက်က အပြင်ထွက်ပြီး လူအုပ်ကြီးနှင့် ရင်ဆိုင်လိုက်သည်။

သူမကို စားတော့ဝါးတော့မတတ် ဖြစ်နေသော လူအုပ်ကြီးရှေ့မှာပင် ဤမိန်းကလေးက မျက်နှာအမူအရာတစ်ချက်မပျက်ဘဲ တည်ငြိမ်နေဆဲပင်။

သူမက လူအုပ်ကြီးအား စတင် စကားပြောလိုက်သည်။

“တကယ်ဆိုရင် ကျွန်မတို့က ခန်းမဖွင့်လှစ်တဲ့ နောက်ဆုံးမိနစ်ကိုတောင် ပြောင်းလဲမှာ မဟုတ်ပါဘူး ၊ တာအိုရောင်းရင်းတို့ကို တောင်းပန်ချင်တာက ဒီနေ့ ခန်းမ မဖွင့်လှစ်ရတာက အကြောင်းတစ်ခု ရှိလို့ပါ ၊ အားလုံးပဲ စိတ်အေးအေးထားကြပါ”

လူအုပ်ထဲမှ တစ်ယောက်က မကျေမနပ်ဖြင့် အော်ဟစ်လိုက်သည်။

“ဘာအကြောင်းရှိတာလဲ ၊ ဆင်ခြေပေးဖို့ မကြိုးစားနဲ့”

ရှောင်အိုက်က...

“တကယ်တော့ ဒီလမှာ ကျွန်မတို့ခန်းမက ရောင်းချဖို့ ပြင်ဆင်ထားတဲ့ ရတနာပစ္စည်းတွေက အဆင်သင့်ဖြစ်နေပါပြီ”

ထို့နောက် ရှောင်အိုက်က လူအုပ်ကြီးကို စကားပြောခွင့်မပေးဘဲ အသံကိုမြှင့်လိုက်ပြီး...

“ခန်းမဖွင့်လှစ်မယ့်ရက် ခေတ္တရွှေ့ဆိုင်းရတဲ့အကြောင်းရင်းကတော့ မပြီးပြတ်သေးတဲ့ ကိစ္စတစ်ခု ရှိနေလို့ပါ”

“ပြီးခဲ့တဲ့လက တာအိုရောင်းရင်းတို့အတော်များများ အစားထိုးစက္ကူရုပ် လိုချင်ပေမယ့် မရခဲ့ကြဘူး မဟုတ်လား ၊ ဒါကြောင့် ဒီတစ်ခေါက်မှာ အစားထိုးစက္ကူရုပ် နောက်တစ်သုတ်ရဖို့အတွက် အထူးစီစဉ် ထားခဲ့ပါတယ်”

“ဒီလိုရတနာပစ္စည်းမျိုးရရှိဖို့ ဘယ်လောက်ခက်ခဲပြီး ကြန့်ကြာမှုတွေရှိမလဲဆိုတာ လူတိုင်းနားလည်နိုင်မယ်လို့ မျှော်လင့်ပါတယ်”

ရှောင်အိုက်က ပြုံးလိုက်ရင်း...

“အစားထိုးစက္ကူရုပ်တွေ အဆင်သင့်ဖြစ်ပြီးဆိုတာနဲ့ ကျွန်မတို့ ခန်းမဖွင့်လှစ်မှာဖြစ်သလို အရင်က ရောင်းချတဲ့ ရတနာပစ္စည်းအမျိုးအားတွေလည်း လျော့နည်းတာမျိုး မဖြစ်စေရပါဘူး”

မည်သူမှ စကားမပြောခင် ရှောင်အိုက်က ဆက်ပြောသည်။

“အဲဒီအပြင် အရင်က မရောင်းဖူးသေးတဲ့ နောက်ထပ်ရတနာပစ္စည်းအသစ်တစ်ခုလည်း ထပ်တိုးလာဖို့ ရှိပါတယ်”

ထိုစကားကြားတော့ လူအများ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။

စိတ်ဆိုးဒေါသထွက်သဖြင့် ရုတ်ရုတ်သဲသဲ ဖြစ်ခြင်းမျိုးမဟုတ်ဘဲ စိတ်အားထက်သန်မှု ၊ စိတ်ဝင်စားမှုတို့ကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြခြင်းပင်။

ယနေ့ ထျန်းကျိခန်းမဖွင့်လှစ်မည်ကို လူအများ လာရောက်စောင့်မျှော်နေရသည့် အဓိကအကြောင်းရင်းမှာ ပြီးခဲ့သည့်လက အစားထိုးစက္ကူရုပ်များ ဝယ်ယူ၍မရဘဲ စိတ်ပျက်လက်ပျက် ပြန်ခဲ့ရသောကြောင့် ဖြစ်၏။

အမှန်တော့ ယနေ့လည်း ထျန်းကျိခန်းမတွင် အစားထိုးစက္ကူရုပ် ရောင်းချမည်လား မသေချာသည့်တိုင် ရောင်းချလိုရောင်းချငြား လာရောက် တိုးဝှေ့စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။

သို့သော် ရှောင်အိုက်စကားအရဆိုလျှင်တော့ ယခုတစ်ခေါက် သူတို့လိုချင်တာ ရနိုင်မည်မှာ သေချာသည်။

ယခုတော့ လူအများစုမှာ ခန်းမဖွင့်လှစ်ခြင်းကို ပို၍ပင်မျှော်လင့်မိကြသဖြင့် မကျေမနပ်မှုများ တဖြည်းဖြည်း ပျောက်ကွယ်သွားကြသည်။

ဤသည်က ခန်းမဖွင့်လှစ်ရန် နှောင့်နှေးခြင်းသာဖြစ်ပြီး ပယ်ဖျက်ခြင်း မဟုတ်ပေ။

ထျန်းကျိခန်းမ ဖွင့်လှစ်သည့် အရင်အကြိမ်များတုန်းက လူအများ လိုချင်သည့်ပစ္စည်းမရသဖြင့် မကျေမနပ်ဖြစ်ခဲ့ရသည်မှလွဲပြီး ဤခန်းမ၏ ဂုဏ်သိက္ခာရှိစွာ ရပ်တည်ခဲ့သည်။ ယခုဆိုလျှင် သူတို့၏မိုးကုတ်စက်ဝိုင်းက ပို၍ပင် ကျယ်ပြန့်လာပြီဟု ဆိုနိုင်သည်။

တစ်ခါလောက် ခန်းမဖွင့်လှစ်ရန် ပျက်ကွက်ခြင်းက သူတို့၏ ရွှေရောင်ဆိုင်းဘုတ် ဂုဏ်အသရေကို ညှိုးနွမ်းစေမည် မဟုတ်ပေ။ ထို့ပြင် လူအများက ပို၍ပင် မျှော်လင့်စောင့်စားလာကြသည်။

အထူးသဖြင့် အစားထိုးစက္ကူရုပ် ၊ အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖို ၊ ကောင်းကင်ရှောင်တိမ်းခုနစ်လှည့်အင်းချပ်များအပြင် ရတနာပစ္စည်းအသစ်တစ်ခု ထပ်တိုးလာဦးမည်ဟု ရှောင်အိုက်က ပြောခဲ့သည်။

ဤကိစ္စကို မည်သူမှ အလေးအနက်မထားဘဲ မနေနိုင်ကြပေ။

သိုင်းဂိုဏ်းတစ်ခု ၊ အဆက်အနွယ်တစ်ခုလျှင် ပစ္စည်း (၃)ခုသာ ဝယ်ယူနိုင်သည်ဖြစ်သော်လည်း ရတနာပစ္စည်းများကို ရွေးချယ်ရာတွင်တော့ ကန့်သတ်ချက်မရှိဘဲ လွတ်လပ်မှု အပြည့်ရှိသည်ဖြစ်ရာ ရတနာပစ္စည်းအသစ်က ဘာဖြစ်မည်ကို လူတိုင်း သိချင်နေကြသည်။

ကျောက်စိမ်းကျောက်ဆောင်မှ တပည့်များက သူတို့ကို အာရုံစိုက်လာကြသည်ဖြစ်ရာ ပြဿနာရှာ ‌လောင်မီးရှို့ရန် ရောက်ရှိနေသူများ အလျှိုလျှို ဆုတ်ခွာသွားကြတော့သည်။

ရှောင်အိုက်က...

“ကျွန်မတို့ခန်းမက အသစ်ရောင်းချမယ့် ရတနာပစ္စည်းအသစ်ကတော့ ‘အစီအရင်ချိုးဖျက်ကျည်ပွေ့’ ဖြစ်ပါတယ်”

ဒါကိုကြားတော့ လူတိုင်း အံ့ဩသွားကြသည်။

ကျားခုန်တောင်ထွတ် ၊ ‘လော့’ အိမ်တော်မှ ရောက်ရှိနေသည့်ကိုယ်စားလှည်များကတော့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီး မျက်နှာအမူအရာများ ပျက်ယွင်းသွားကြသည်။

ထျန်းကျိခန်းမ (၃)ကြိမ် ဖွင့်လှစ်ပြီးသည့်နောက် ‘လော့’ အိမ်တော်မှ လော့ပေကိုယ်တိုင် မလာရောက်တော့ဘဲ ကိုယ်စားလှယ်များသာ စေလွှတ်ခဲ့သည်။ ‘လော့’ အိမ်တော်က ထျန်းကျိခန်းမ၏ အထူးတုံကင်ပြားကိုလည်း ရရှိထားသည်ဖြစ်ရာ ပစ္စည်းများသယ်ယူရန် ကိုယ်စားလှယ်များ စေလွှတ်ရန်သာ လိုအပ်တော့သည်။

‘လော့’ အိမ်တော်မှ ကိုယ်စားလှယ်က...

“အစီအရင်ချိုးဖျက်ကျည်ပွေ့ဆိုတာ ဘယ်လိုသက်ရောက်မှုတွေရှိပါသလဲ မေးလို့ရမလား”

သူက နောက်ဆုံးမျှော်လင့်ချက်တစ်ခုကို ဆုပ်ကိုင်ထားရန် ကြိုးစားခဲ့သည်။

ရှောင်အိုက်က တည်ငြိမ်စွာဖြင့်...

“ဒီ ရတနာပစ္စည်းက မဟာကပ်ဘေးကြီးမတိုင်ခင်က ခရမ်းရောင်အလံရှည်တောင်က ဖန်တီးခဲ့တဲ့ ပစ္စည်းပါ ၊ မိုးအောက်မြေပြင်တစ်ခွင်က အစီအရင်တွေအားလုံးကို ချိုးဖျက်နိုင်စွမ်း ရှိပါတယ်”

သူမက ဆက်ပြောသည်။

“ဒီ ပစ္စည်းက တစ်ကြိမ်ပဲ အသုံးပြုနိုင်ပြီး အစီအရင်အားလုံးကို ချိုးဖျက်နိုင်စွမ်း မရှိပါဘူး ၊ ဒါပေမဲ့ အစီအရင်အများကိုတော့ တစ်ချက်တည်းနဲ့ ပြိုကျစေနိုင်ပါတယ်”

ထိုစကားကြားတော့ ‘လော့’ အိမ်တော်မှ ကိုယ်စားလှယ်မှာ အကြီးအကျယ် မျက်နှာပျက်သွားသည်။

ခပ်ဝေးဝေးတစ်နေရာတွင်ရှိနေသော ‘လော့’ အိမ်တော်၏ရန်သူများထဲမှကိုယ်စားလှယ်တစ်ယောက်က သူ့အား ရန်လိုသောအကြည့်ဖြင့် လှမ်းကြည့်လိုက်ကြောင်း တွေ့လိုက်ရသည်။

ထိုရန်သူနှင့် သူတို့က သားစဉ်မြေးဆက် ဆုံတွေ့တိုင်း စကားပင်မဆိုဘဲ တိုက်ခိုက်ကြသူများ ဖြစ်သည်။ ယခု မတိုက်ခိုက်သည်မှာ ထျန်းကျိခန်းမမှ ရတနာများဝယ်ယူလိုသောကြောင့် သည်းခံနေခြင်းသာ ဖြစ်၏။

ဤကာလတစ်လျှောက်လုံး ‘လော့’ အိမ်‌တော်ဝယ်ယူခဲ့သောပစ္စည်းများမှာ အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုတစ်လုံးမှလွဲပြီး ကျန်ရှိသည်များက အုံ့ဆိုင်းမိုးချပ်ပြားများသာ ဖြစ်သည်။

ဤပစ္စည်းက ပြင်ပအရာဝတ္ထုမျှသာ ဖြစ်သော်လည်း ရန်သူများကို ခြိမ်းခြောက်နိုင်စွမ်းမြင့်မားသလို ‘လော့’ အိမ်တော်အတွက်လည်း များစွာ အကျိုးကျေးဇူး ရှိသည်။

ယခု အစီအရင်ချိုးဖျက်ကျည်ပွေ့ ရုတ်တရက် ထွက်ပေါ်လာသည့်အခါ ‘လော့’ အိမ်တော်အတွက် အခက်တွေ့ရပေပြီ။

အုံ့ဆိုင်းမိုးချပ်ပြားက အစီအရင်တစ်ခုပြုလုပ်ရန်အတွက် လိုအပ်ချက်များကို ချပ်ပြားထဲတွင် ကြိုတင်ပြင်ဆင် သိမ်းဆည်းထားရန် လိုအပ်သော်လည်း အစီအရင်ချိုးဖျက်ကျည်ပွေ့ကတော့ ဘာမှ ကြိုတင်ပြင်ဆင်စရာမလိုဘဲ တစ်ခါတည်းအသုံးပြုနိုင်သည့် ရတနာပစ္စည်း ဖြစ်သည်။

ဤရတနာပစ္စည်းက တစ်ကမ္ဘာလုံးအတွက် အသုံးဝင်သော်လည်း ‘လော့’ အိမ်တော်အတွက်တော့ များစွာ ထိခိုက်စေမည်ပင်။

“မင်းတို့ခန်းမရဲ့ ဒီရတနာပစ္စည်းက...”

‘လော့’ အိမ်တော်မှ ကိုယ်စားလှယ်၏စကားက လမ်းတစ်ဝက်တွင် ရပ်တန့်သွားသည်။

ရှောင်အိုက်က အပြစ်ကင်းစင်စွာပင် ထိုသူကို ကြည့်လိုက်ရင်း...

“ဘာများ ပြောစရာရှိလို့ပါလဲ လူကြီးမင်း...”

“မင်းတို့ခန်းမရဲ့ ဒီရတနာပစ္စည်းက...”

‘လော့’ အိမ်တော်မှ ကိုယ်စားလှယ် ပင့်သက်တစ်ချက်ရှိုက်လိုက်ရင်း...

“ကျုပ်တို့ ‘လော့’ အိမ်တော်က အဲဒီပစ္စည်းကို ကြိုတင်မှာယူချင်ပါတယ်လို့ ပြောမလို့ပါ”

အစီအရင်ချိုးဖျက်ကျည်ပွေ့ကဲ့သို့သော ပစ္စည်းမျိုးက ဝယ်သူမရှိမည်ကို စိတ်ပူစရာမလိုပေ။

အခြားသူများမဝယ်လျှင်တောင်မှ ‘လော့’ အိမ်တော်က ထိုပစ္စည်းအားလုံးကို ဝယ်ယူရန်အတွက် ရှိသမျှအရာအားလုံး ပုံအောအသုံးပြုမည် ဖြစ်၏။

သို့သော် အခြားသူများသည်လည်း ထိုပစ္စည်းကို အဘယ်မှာ စိတ်မဝင်စားဘဲ နေနိုင်ပါမည်နည်း။

ထိုပစ္စည်းကို ‘လော့’ အိမ်တော်နှင့် တိုက်ခိုက်ရာတွင်လည်း အသုံးပြုနိုင်သလို အခြားသောရန်သူများနှင့် တိုက်ခိုက်ရာတွင်လည်း အသုံးပြုနိုင်သည်။

ထို့ပြင် ရန်သူ၏ ဌာနချုပ်ကိုဝင်ရောက်တိုက်ခိုက်ရာတွင် ပင်မအစီအရင်ကဲ့သို့သော အစီအရင်မျိုးကို ချိုးဖျက်ရာတွင် အသုံးပြုနိုင်ပြီး ရန်သူ၏ မြေပြင်အနေအထားအားသာချက်ကို ဖျက်ဆီးပစ်နိုင်၏။

ရှောင်အိုက်က ပြုံးလိုက်ရင်း...

“အားလုံးပဲ... အခုလောလောဆယ် ယွမ်ကျိုးမြို့မှာပဲ ခေတ္တနေထိုင်လို့ရပါတယ် ၊ ကျွန်မတို့ ခန်းမဖွင့်လှစ်တာ အနည်းငယ် နှောင့်နှေးသွားပေမယ့် အားလုံးကို စိတ်မပျက်စေရဘူးလို့ အာမခံပါတယ် ၊ ကျေးဇူးပြုပြီး စိတ်ရှည်ရှည်နဲ့ စောင့်ပေးကြပါ”

All Chapters