← Chapters

ရန်ငြှိုးများမေ့ပစ်ရန် တိုက်တွန်းခြင်း

Vol. 45 Ch. 621

ရန်ငြှိုးများမေ့ပစ်ရန် တိုက်တွန်းခြင်း

Vol. 45 Ch. 621

အမှန်တကယ်၌ ယဲ့ချန်၏ကျင့်ကြံဆင့်ဖြင့်ဆိုလျှင် ရွှေမီးလျှံနတ်မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ရန် မဖြစ်နိုင်ပေ။ သူ၏ရုပ်ခန္ဓာက ဖျက်ဆီးခံလိုက်ရပြီး နောက်ဆုံး၌ ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်ကို အားကိုးပြီး ရုပ်ခန္ဓာ ပြန်လည်ဖြစ်ပေါ်လာသည်။ အကယ်၍ သူကသာ ရုပ်ခန္ဓာသက်သက်ဖြင့် ကပ်ဘေးကို ကျော်ဖြတ်နိုင်ခဲ့လျှင် အံ့လောက်ဖွယ်ကိစ္စကြီးတစ်ခု ဖြစ်သွားပေလိမ့်မည်။ သူက ထိုကျင့်စဥ်၏အစွမ်းကို တွေးတောနေရင်း ရုပ်ခန္ဓာပျက်စီးသွားသော်လည်း ဓားပျံထွက်ပေါ်မလာကြောင်း အမှတ်ရလိုက်သည်။ ဖြစ်နိုင်သည်မှာ ၎င်းက အစစ်အမှန်တည်ရှိမှုမဟုတ်ဘဲ သူ၏စိတ်အတွင်း သရုပ်ထင်နေခြင်းမျိုး ဖြစ်ပေလိမ့်မည်။ သို့သော် ၎င်း၏တည်နေရာကို သူက ရှာမတွေ့နိုင်ခဲ့ပေ။ မည်သူမှ ဤမေးခွန်းများကို ဖြေပေးနိုင်စွမ်း မရှိပေ။ လူတိုင်း၏အကြည့်အောက်တွင် သူက လက်တစ်ဖက်မြှောက်၍ အားလုံးကိုနှုတ်ဆက်ကာ ရန်ယွင်မြို့ထံ ပြန်လာခဲ့သည်။

လူတိုင်းက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိပြီး ရွှေမီးလျှံနတ်မိုးကြိုးကပ်ဘေးမှ ယဲ့ချန် အသက်ရှင်လျက် လွတ်မြောက်လာခဲ့သော အကြောင်းအရင်းကို အဖြေမထုတ်နိုင်ခဲ့ကြပေ။ စန်းဟိုင်ကြယ်ပေါ်မှအဖြစ်အပျက်နှင့် ယဲ့ချန်၏နာမည်က ကောင်းကင်မူလတိုက်တစ်ခွင် ပျံ့နှံ့သွားခဲ့သည်။ စစ်ဧကရာဇ်များပင် သူ့ကို သတိထားမိလာခဲ့ပြီး အချို့က တပည့်အဖြစ်ခေါ်ဆောင်ရန်အတွက် စာများပို့ပေးလာခဲ့သော်လည်း သူက အားလုံးကို ငြင်းဆန်ခဲ့သည်။ သူ၏လျှို့ဝှက်ချက်များကြောင့် တစ်ကိုယ်တော်ကျင့်ကြံခြင်းက အကောင်းဆုံးရွေးချယ်မှုဖြစ်၍ သူက စစ်ဧကရာဇ်များအား စော်ကားမိမည်ကို မစိုးရိမ်ခဲ့ပေ။ သူ့အတွက် ကျောထောက်နောက်ခံဖြစ်ပေးမည့် ဆရာသခင်တစ်ယောက် မလိုအပ်ချေ။

ယဲ့ချန်၏ရုပ်ခန္ဓာအကြောင်း စိတ်ဝင်စားစပြုလာသော စစ်ဧကရာဇ်အချို့ကလည်း နောက်လိုက်များစေလွှတ်၍ မေးမြန်းခဲ့ကြသည်။ သူက ရွှမ်အဆင့်သို့တက်ချိန်တွင် ရွှေမီးလျှံနတ်မိုးကြိုး၈၁စင်းအထိ ကျဆင်းလာခဲ့သည့်အပြင် ကာကွယ်သူမရှိဘဲ အသက်ရှင်လျက် ကျော်ဖြတ်နိုင်ခဲ့သည်။ သို့သော် သူကိုယ်တိုင်လည်း အကြောင်းအရင်းကိုမသိကြောင်း ငြင်းဆန်ခဲ့ပြီး ဆန်းကျယ်စွာ အဆင့်တက်သွားကြောင်း ဆင်ခြေပေးလိုက်သည်။ ဤဖြစ်ရပ်က ကောင်းကင်ဖျက်ဆီးရေးနတ်ခန္ဓာနှင့် ပတ်သက်နေမည်ဖြစ်ကြောင်း သူက ခန့်မှန်းထားသည်။ ၎င်း၏ငါးပုံတစ်ပုံကိုသာ အသက်သွင်းထားနိုင်သော်လည်း ကြောက်မက်ဖွယ်ကပ်ဘေးတစ်ခု ကျရောက်လာခဲ့သည်။ ဤအကြောင်းကိုသာ လူသိရှင်ကြားထုတ်ဖော်လိုက်လျှင် မလိုလားအပ်သော ပြဿနာပေါင်းစုံ ရောက်ရှိလာနိုင်သည်။

ကောင်းကင်ဖျက်ဆီးရေးနတ်သစ်သီးက အဖိုးတန်လွန်းသောကြောင့် အုတ်အော်သောင်းတင်း ဖြစ်သွားစေနိုင်သည်။ ထိုသစ်သီးသုံးရာကျော်ကို သူက ပိုင်ဆိုင်ထားကြောင်းသိလျှင် မရေမတွက်နိုင်သော လူများစွာ ရူးသွပ်သွားနိုင်ပြီး ဥပဒေကိုပင် ဂရုစိုက်မည်မဟုတ်ချေ။ လာရောက်လုယူသူများကြားတွင် တာအိုအိမ်တော်ပင် ပါဝင်လာနိုင်သည်။ ၎င်းသစ်သီးကြောင့် အတိတ်တွင် ကောင်းကင်မူလကြယ်၏ အင်အားစုတစ်ရပ်လုံး ပျက်စီးခဲ့ရသည် မဟုတ်ပါလော။

ယဲ့ချန်သည် ကောင်းကင်ဖျက်ဆီးရေးနတ်သစ်သီးကို ပိုင်ဆိုင်ခဲ့ခြင်းမှာ ရှင်းဟွမ်မှ ခွင့်ပြုပေးခဲ့သောကြောင့်ဟု နားလည်ထားသည်။ ၎င်းကို သူ့ထံ ပေးအပ်ခဲ့သော အကြောင်းအရင်းကို အဖြေမရှာနိုင်သောကြောင့် သူက ရှင်းဟွမ်ကိုတွေ့လျှင် မေးမြန်းရမည်ဟု တေးမှတ်ထားလိုက်သည်။ ကြယ်သခင်ရှင်း၏လက်ထက်တွင် စစ်ဧကရာဇ်ထောင်ချီနှင့် နတ်အစေခံရာချီရှိခဲ့သော်လည်း ကောင်းကင်ဖျက်ဆီးရေးနတ်သစ်ပင်ကို ကာကွယ်ရန်အတွက် ကိုးဆယ်ရာခိုင်နှုန်းခန့် အသက်စွန့်ခဲ့ရသည်။ ၎င်းသည်လည်း ပျက်စီးသွားကာ စကြဝဠာတစ်ခွင်သို့ အပိုင်းအစများအဖြစ် ပြန့်ကြဲသွားခဲ့သည်။ အစွမ်းထက်ကျင့်ကြံသူများအပါအဝင် လူတိုင်းက ၎င်းကိုပျက်စီးသွားပြီဟု ထင်မှတ်ခဲ့ကြပြီး ကြယ်သခင်ရှင်းလည်း ကွယ်လွန်သွားသောကြောင့် ရှည်လျားသောသမိုင်းကြောင်းအတွင်း နတ်သစ်ပင်က နစ်မြုပ်ပျောက်ကွယ်သွားခဲ့သည်။ သူထံသို့ ကောင်းကင်ဖျက်ဆီးရေးနတ်သစ်ပင်၏ အပိုင်းအစတစ်ခုက ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခြင်းမှာ တိုက်ဆိုင်မှုတစ်ခု မဖြစ်နိုင်ပေ။

နှစ်ပေါင်းသောင်းချီကြာသည်အထိ စွမ်းအင်များစုပ်ယူပြီးနောက် ၎င်းက ကြယ်စွမ်းအင်များ လုံလောက်ပြီဖြစ်၍ အပင်အသစ် ပြန်လည်ဖြစ်တည်ကာ အသီးများ ထုတ်လုပ်ပေးခဲ့သည်။ အဆင့်တစ်မျိုးနွယ်၏ ခန္ဓာနှင့်ဆင်တူသော ကောင်းကင်ဖျက်ဆီးရေးခန္ဓာကို ဖန်တီးနိုင်သော နတ်သစ်သီးပေါင်း၃၂၇လုံးအထိ ယဲ့ချန်က ပိုင်ဆိုင်ထားသည်။ ရှင်းဟွမ်သည် ကောင်းကင်မူလကြယ်ရှိ ကျင့်ကြံသူအများစု၏ ကံကြမ္မာကို ထိန်းချုပ်နိုင်သောကြောင့် သူ့ထံမှတဆင့် အစွမ်းထက်ကျင့်ကြံသူများ ဖန်တီးလိုခြင်း ဖြစ်နိုင်သည်။ ကောင်းကင်ဖျက်ဆီးရေးနတ်ခန္ဓာကိုယ်စီ ပိုင်ဆိုင်ထားသော တပ်ဖွဲ့တစ်ခုသာ ထွက်ပေါ်လာလျှင် ကောင်းကင်မူလကြယ်က ပိုမိုလုံခြုံသွားပေလိမ့်မည်။ အကယ်၍ ကောင်းကင်နတ်ဆိုးများ တိုက်ခိုက်လာလျှင် သူတို့က အသက်စွန့်တိုက်ခိုက်မည်ဖြစ်သောကြောင့် ရှင်းဟွမ်အတွက်လည်း အကျိုးမယုတ်ပေ။

သို့သော်လည်း လက်ရှိအခြေအနေအရ ကောင်းကင်ဖျက်ဆီးရေးနတ်ခန္ဓာ ကျင့်ကြံခြင်းသည် အလွန်အန္တရာယ်များသည်။ တစ်စိတ်တစ်ပိုင်းကိုသာ ကျင့်ကြံထားနိုင်သော ယဲ့ချန်သည် ကြောက်မက်ဖွယ်ကပ်ဘေးတစ်ခုနှင့် ရင်ဆိုင်ခဲ့ရပြီး သေလုမျောပါးဖြစ်ခဲ့သည်။ အကယ်၍ နတ်ခန္ဓာအပြည့်အစုံကိုသာ ပိုင်ဆိုင်ထားလျှင် ကောင်းကင်ကပ်ဘေး၏အစွမ်းကို တွေးကြည့်ရန်ပင် မလွယ်ချေ။ ထို့ကြောင့် အနာဂတ်တွင် သူက ကောင်းကင်ဖျက်ဆီးရေးနတ်သစ်သီးကို အခြားကျင့်ကြံသူများအား ပေးအပ်ရန် အလေးအနက်ထားရပေလိမ့်မည်။ လက်ရှိအချိန်မတိုင်ခင်အထိ သူက ထန်တိုက်လင်၊ နင်အာ၊ ရှောင်ရိ၊ ဟွမ်အာ၊ ယဲ့ကျန့်တန်း၊ ယဲ့ချိန်ရွှမ်း၊ ယဲ့ပင်းစသော ယုံကြည်ထိုက်သူများထံ ပေးအပ်ပြီးဖြစ်သည်။ သူတို့၏လုံခြုံရေးအတွက် ကောင်းကင်ဖျက်​ဆီးရေးနတ်ခန္ဓာ၏ ကြောက်စရာကောင်းပုံကို သတိပေးရန်အတွက် ဆက်သားများ အလျင်အမြန်‌စေလွှတ်ခဲ့သည်။

ချီလင်တောင်တန်းတွင် တည်ရှိသော ဧကရာဇ်လင်း၏အိမ်တော်အတွင်း၌ သိုင်းလေ့ကျင့်ရေးကွင်းတွင် တာအိုနတ်အဆင့် ကျင့်ကြံသူနှစ်ယောက်က လျှို့ဝှက်ကျင့်စဥ်များ ဆက်တိုက်အသုံးပြု၍ တိုက်ခိုက်နေကြသည်။ ပြင်းထန်သော စွမ်းအားများကြောင့် လေ့ကျင့်ရေးကွင်းကိုကာရံထားသော ကာကွယ်ရေးအစီအရင်များက ဆက်တိုက်လှုပ်ခါနေကာ ပျက်စီးလုနီးပါးဖြစ်လာခဲ့သည်။ ထိုနှစ်ယောက်မှာ ဧကရာဇ်လင်း၏ တပည့်နှစ်ယောက်ဖြစ်သော ယိရန်နှင့် ယိရွှမ်ဖြစ်ကာ သူတို့ကို မီးဝိညာဥ်ကြယ်မှပြန်လာရန် ဧကရာဇ်လင်းက ဆင့်ခေါ်ခဲ့သည်။ လက်ရည်ဖလှယ်ပြီးနောက် သူတို့က လေ့ကျင့်ရေးကွင်းအတွင်း ပြန်လည်ဆင်းသက်ကာ မျက်နှာချင်းဆိုင်ရပ်လိုက်သည်။

"ဆရာတူညီလေး မင်းရဲ့ကျင့်ကြံဆင့်က အများကြီးတိုးတက်လာတာပဲ"

ယိရွှမ်က တစ်ချက်ပြုံး၍ ပြောလိုက်ခြင်းဖြစ်သည်။

"ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ်၊ မခံယူဝံ့ပါဘူး ဆရာတူအစ်ကို"

ယိရန်က နှိမ့်ချစွာ ပြောလိုက်သော်လည်း စိတ်ထဲတွင် ကြိတ်၍ကျေနပ်နေခဲ့သည်။ ချီလင်တောင်တန်းသို့ သူ ပြန်ရောက်လာချိန်တွင် များစွာခံစားခဲ့ရသော တပည့်အတွက် အကြွေးတင်နေသည်ဟု ထင်မှတ်ခဲ့သော ဧကရာဇ်လင်းက သူ့ကို အဆင့်သုံး နတ်မူလဆေးတစ်လုံး ချီးမြှင့်ခဲ့သည်။ ၎င်းကိုသုံးစွဲပြီးနောက် သူ၏ကျင့်ကြံဆင့်နှင့် ခွန်အားက အမှန်တကယ် တိုးတက်လာခဲ့သည်။

"ဆရာတူညီလေး မင်းကို ပြောစရာစကား ရှိတယ်။ ပြောသင့်မပြောသင့်တော့ မသိဘူး"

ဧကရာဇ်လင်း၏လုပ်ရပ်အပေါ် အနည်းငယ် မပျော်မရွှင်ဖြစ်နေသော်လည်း ယိရွှမ်က အပေါ်ယံတွင် ဟန်ဆောင်ပြုံးနေခဲ့သည်။ သူတို့က ကောင်းမွန်သော ဆက်ဆံရေးတစ်ခုရှိသော်လည်း အချင်းချင်းကြားတွင် ပြိုင်ဆိုင်မှုများ ပြင်းထန်သည်။

"ကျေးဇူးပြုပြီးပြောပါ ဆရာတူအစ်ကို"

ယိရန်က မျက်မှောင်ကြုတ်၍ခေါ င်းညိတ်ပြလိုက်သည်။

"အစ်ကိုအကြံပေးချင်တာကတော့ လင်မျိုးနွယ်နဲ့ ယဲ့ချန်ကို လက်စားချေမယ့်ကိစ္စကို မေ့ပစ်လိုက်တာ ပိုကောင်းမယ်"

ယိရွှမ်က ရိုးရိုးသားသားပုံဖမ်း၍ တစ်လုံးချင်း ပြောလိုက်သည်။

"ယဲ့ချန်နဲ့ လင်ယုက ငါ့ပိုင်နက်ကိုလုယူပြီး ငါ့ကိုသတ်ဖို့အထိ ကြိုးစားခဲ့ကြတယ်။ ဒီရန်ငြှိုးကို ဘယ်လိုမေ့ပစ်နိုင်မှာလဲ။ သေချာပေါက် လက်စားချေရမယ်။ လင်မျိုးနွယ်ဝင်တစ်ယောက်ယောက်က ဆရာတူအစ်ကို့ကို လာရှာပြီး အသနားခံနေလို့လား။ မင်းက ဒီကိစ္စနဲ့ပတ်သက်ရင် ထပ်မပြောပါနဲ့တော့"

ယိရွှမ်၏စကားကို ကြားသောအခါ ယိရန်၏မျက်လုံးများက မီးဝင်းဝင်းတောက်လာပြီး အလွယ်တကူ လက်မလျှော့နိုင်သောကြောင့် ခေါင်းယမ်းလိုက်သည်။

"ငါက ဘယ်လိုလုပ် လင်မျိုးနွယ်အတွက် ကိုယ်စားပြောပေးရမှာလဲ"

ယိရွှမ်က အပေါ်ယံတွင် တည်ငြိမ်နေသော်လည်း စိတ်ထဲတွင် ယိရန်၏ကံဆိုးမှုအတွက် ကြိတ်ပြီးဝမ်းသာနေခဲ့သည်။

"ဒါဆိုရင် မင်းက ဘာကြောင့် ဒီလိုမျိုးတိုက်တွန်းရတာလဲ"

"ဟူး အကြောင်းအရင်းကတော့ မင်းအနေနဲ့ လင်မျိုးနွယ်ကို ဆက်ပြီးပြဿနာရှာနေရင် ကောင်းကျိုးမရှိလို့ပဲ။ လက်ရှိမှာ လင်မျိုးနွယ်က အတိတ်ကနဲ့မတူတော့ဘူး။ လင်ယုက ကျစ်ဟွာနတ်တိုင်းပြည်ရဲ့ သမက်တော်ဖြစ်လာပြီး လင်မျိုးနွယ်ခေါင်းဆောင် ဖြစ်လာခဲ့တယ်။ ကျိမျိုးနွယ်ရဲ့အင်အားကိုတော့ ဆရာတူညီလေး သိတယ်မဟုတ်လား။ ငါတို့က လင်ယုကိုထိချင်ရင် ကြီးကြီးမားမား ပေးဆပ်ရလိမ့်မယ်။ နောက်တစ်ချက်ကတော့ သူဟာ တာအိုလက်နက်ကုန်သွယ်ရေးကို ပန်းပဲဆရာမျိုးနွယ်တစ်ခုနဲ့ ပူးပေါင်းလုပ်ကိုင်နေတယ်။ ဝင်ငွေများစွာရနေတဲ့အပြင် ကောင်းကင်မူလတိုက်ကြီးရဲ့ ကုန်သည်အသင်းကြီးနဲ့လည်း ဆက်ဆံရေးတစ်ခု ပိုင်ဆိုင်ထားတယ်။ ပြောရမယ်ဆိုရင် လောလောဆယ်မှာ ဆရာတောင် သူ့ကို သွားထိနိုင်မှာ မဟုတ်ဘူး"

ယိရွှမ်က သက်ပြင်းတစ်ချက်ချ၍ ရှင်းပြလိုက်သည်။

"တကယ်အမှန်ပဲလား"

ယိရန်သည် ချီလင်တောင်တန်းအတွင်း အချိန်ကြာမြင့်စွာ တံခါးပိတ်ကျင့်ကြံနေခဲ့သည်။ သူက မီးဝိညာဥ်ကြယ်သို့ သွားခဲ့သောခရီးမှလွဲလျှင် ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ထားသောကြောင့် အပြင်ဘက်ရှိဖြစ်ရပ်များကို လုံးဝမသိထားပေ။ လက်ရှိအခြေအနေကို သိလိုက်ရသောအခါ သူက ထိတ်လန့်သွားကာ စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့သည်။

"ဆရာက မင်းကျင့်ကြံနေတာကို အနှောင့်အယှက်မဖြစ်စေချင်လို့ မပြောဘဲထားတာ ဖြစ်တယ်။ ချီလင်တောင်တန်းတစ်ခုလုံးမှာ ဒီအကြောင်းတွေကိုမသိတာ မင်းတစ်ယောက်တည်း ဖြစ်လိမ့်မယ်။ ငါက မင်းကိုမပြောခင် သေချာစဥ်းစားခဲ့ပါတယ်။ မင်းအနေနဲ့ လင်ယုကို မလိုအပ်ဘဲ ရန်မစသင့်တော့ဘူး"

ယိရွှမ်က ယိရန်ကို ကိုယ်ချင်းစာဟန်ဖြင့် စိတ်ပူနေဟန်ဆောင်လိုက်သည်။ သူ၏စကားကြောင့် ယိရန်၏စိတ်ထဲတွင် ဒေါသမီးများ တောက်လောက်လာခဲ့သည်။ လင်ယု၏လက်ထဲတွင် အရှက်တကွဲ အနိုင်ကျင့်ခံခဲ့ရပြီး လုယူခံလိုက်ရသော နယ်မြေအကြောင်း စဥ်းစားမိလိုက်သောအခါ စိတ်အခြေအနေက ပို၍ဆိုးရွားလာခဲ့သည်။

"ကောင်းကင်က ဘာကြောင့် ငါ့ကို ဒီလိုမျိုးဆက်ဆံရတာလဲ။ ငါက အနိုင်ကျင့်ခံရတဲ့အတွက် လက်စားပြန်မချေရဘူးတဲ့လား။ လက်မခံနိုင်ဘူးကွ"

သူက ကောင်းကင်သို့မော့၍ ကြုံးဝါးလိုက်ပြီး စိတ်ဓာတ်ကျကာ ဒေါသထွက်လွန်းသဖြင့် သွေးတစ်လုတ်ပင် အန်ထွက်လာခဲ့သည်။

"ဆရာတူညီလေး စိတ်ကိုထိန်းပါဦး။ ကံကြမ္မာရဲ့အလိုအရ ဒီကိစ္စကို မေ့လိုက်ပါတော့"

ယိရွှမ်၏မျက်နှာထက်တွင် လှောင်ပြုံးတစ်ခု ရှိနေသော်လည်း အလွန်တရာစိတ်ပူနေဟန်ဖြင့် နှစ်သိမ့်လာခဲ့သည်။

"ငါ လက်မခံနိုင်ဘူး။ လင်ယုကိုထိလို့မရဘူးဆိုရင် ယဲ့ချန်ကို ဘာလို့လက်စားမချေရမှာလဲ"

ယိရန်၏မျက်လုံးများက ရူးသွပ်နေဟန်ဖြင့် ဂနာမငြိမ်ဖြစ်လာခဲ့ပြီး အံကြိတ်ကာ ကြုံးဝါးလိုက်ပြန်သည်။ ထိုအချိန်တွင် ယိရွှမ်က တစ်စုံတစ်ခုပြောချင်နေသော်လည်း မပြောသင့်ဟန်ဖြင့် ခေါင်းယမ်း၍ သက်ပြင်းချလိုက်သည်။

"ဆရာတူအစ်ကို ပြောစရာရှိရင် ပြောစမ်းပါ။ ဘာဖြစ်ဖြစ် ငါက ယဲ့ချန်ကို သတ်ရလိမ့်မယ်"

ယိရန်က နှုတ်ခမ်းထောင့်မှ သွေးများကိုသုတ်၍ လက်သီးကို အားကုန်ဆုပ်ထားသောကြော င့်လက်နှစ်ဖက်လုံးတွင် အကြောအပြိုင်းပြိုင်းထနေသည်။ ယိရွှမ်၏လက်ထဲတွင် ကြယ်သလင်းကျောက်တစ်ခု ထွက်ပေါ်လာပြီး အသက်သွင်းလိုက်သောအခါ စန်းဟိုင်ကြယ်ပေါ်မှ အဖြစ်အပျက်၏ပုံရိပ်များ ထွက်ပေါ်လာခဲ့သည်။

"ဒါက ယဲ့ချန်လား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သူက ချီပင်လယ်အဆင့် ကျင့်ကြံသူ မဟုတ်ဘူးလား။ ဘာကြောင့် ရွှေမီးလျှံနတ်မိုးကြိုး၈၁စင်း ကျဆင်းလာတာလဲ"

ယိရန်က ပုံရိပ်များကို အလေးအနက်ထားကာ စိုက်ကြည့်နေရင်း မျက်မှောင်ကြုတ်၍ မယုံနိုင်ဟန်ဖြင့် ရေရွတ်လိုက်မိသည်။

"သူက ဒီကပ်ဘေးကို ကျော်ဖြတ်ပြီး ရွှမ်အဆင့်ကိုရောက်သွားပြီ"

"ရွှမ်အဆင့်ကို တက်တာဆိုရင်တောင် ဒီလိုကပ်ဘေးမျိုး ကျဆင်းလာစရာ အကြောင်းမရှိဘူး"

ယိရန်မှာ မြင်နေရသော မြင်ကွင်းကို လုံးဝမယုံနိုင် ဖြစ်နေခဲ့လေသည်။

All Chapters