← Chapters

တာအိုအိမ်တော်မှ ပစ်မှတ်ထားလာခြင်း

Vol. 45 Ch. 626

တာအိုအိမ်တော်မှ ပစ်မှတ်ထားလာခြင်း

Vol. 45 Ch. 626

မီးဧကရာဇ်နှင့် ရှေးဦးဧကရာဇ်က အကြည့်ချင်းဖလှယ်လိုက်ပြီး အတွေးအချို့ ဖြစ်ပေါ်လာသည်။ သူတို့၏ဉာဏ်ရည်အရ ယဲ့ချန်မေးလိုက်သော မေးခွန်း၏ဆိုလိုရင်းကို ချက်ချင်းသဘောပေါက်ခဲ့ကြသည်။ သို့သော်လည်း ယဲ့ချန် သံသယဝင်နေသော အရာကိုမူ မခန့်မှန်းနိုင်ခဲ့ကြပေ။

"ပြောရမယ်ဆိုရင် ကျိယွမ်ကြယ်မှာ နတ်အစေခံတစ်ယောက်ပဲရှိလို့ ကောင်းကင်နတ်ဆိုးတွေက တိုက်ခိုက်ချင်ရင် အလွန်လွယ်ကူတယ်။ နတ်အစေခံအဆင့် ကောင်းကင်နတ်ဆိုးနှစ်ကောင်သာ ရောက်လာရင် ကျိယွမ်ကြယ်တစ်ခုလုံးကို ဖျက်ဆီးနိုင်တယ်။ ဒါပေမယ့် ကျွန်ပိုးကောင်တွေက တစ်ခုခုကိုလိုက်ရှာနေပြီး အကြောင်းအရင်းတစ်ခုကြောင့် သူတို့က ကျိယွမ်ကြယ်ကို မဖျက်ဆီးခဲ့ဘူး။ ကောင်းကင်နတ်ဆိုးတွေရဲ့ ရည်ရွယ်ချက်က ဖျက်ဆီးချင်တာလောက် ရိုးရှင်းမှာမဟုတ်ဘူး"

မီးဧကရာဇ်က မေးကို လက်ဖြင့်ပွတ်သပ်၍ သုံးသပ်ပြလိုက်၏။ ကျိယွမ်ကြယ်သည် ကောင်းကင်မူလကြယ်နှင့် မဝေးသောနေရာတွင် တည်ရှိပြီး သူသိထားသော အချက်အလက်များအရ ကောင်းကင်မူလကြယ်ကို ကျားချောင်းချောင်းနေသော နတ်အစေခံအဆင့် ကောင်းကင်နတ်ဆိုးကိုးကောင်အထိ ရှိသည်။ ထိုအရေအတွက်ထဲမှ အချို့သာရောက်ရှိလာလျှင် ကျိယွမ်ကြယ်မှာ သေချာပေါက်ပျက်စီးရမည်ဖြစ်သော်လည်း ကောင်းကင်နတ်ဆိုးများဘက်မှ မလှုပ်ရှားသေးသော အကြောင်းအရင်းတစ်ခု ရှိနေနိုင်သည်။ ကျိယွမ်ကြယ်ပေါ်တွင် နတ်ဆိုးများ အလွန်လိုချင်နေသော ရတနာတစ်ခု ရှိနေနိုင်သည့်အပြင် အလွယ်တကူရယူနိုင်သော အရာမဟုတ်သဖြင့် သူတို့က ကြယ်ကို မဖျက်ဆီးခြင်းဖြစ်နိုင်သည်။ ယဲ့ချန်သည် သူ၏ညာလက်ညှိုးရှိ အသားထဲတွင် ပုန်းအောင်းနေသော တိမ်ပုလဲအကြောင်း တွေးမိလိုက်သည်။ ကောင်းကင်နတ်ဆိုးများလိုချင်သည်မှာ ထိုရတနာ ဖြစ်နေနိုင်သည်။

"ယဲ့ချန် မင်း ဘယ်လိုထင်လိူ့လဲ"

မီးဧကရာဇ်က အကင်းပါးသောကြောင့် ယဲ့ချန်၏ မျက်နှာအမူအရာမှတဆင့် တစ်စုံတစ်ခုကို သံယဝင်လာခဲ့သည်။

"အရှင်တို့ ကျိယွမ်ကြယ်ကို ရောက်လာတဲ့အခါမှာ ကျွန်ပိုးကောင်တွေ ဝိုင်းတိုက်ခိုက်တာ ခံရတယ်။ ပြီးတော့ စီနီယာရွှမ်က လာရောက်ကယ်တင်ပေးခဲ့တယ်ပေါ့။ ဒီလိုလား"

ယဲ့ချန်က မျက်မှောင်ကြုတ်၍ မေးလိုက်ခြင်းဖြစ်သည်။

"ဟုတ်တယ်လေ"

စစ်ဧကရာဇ်နှစ်ယောက်က ပြိုင်တူခေါင်းညိတ်ပြလိုက်သည်။

"ခင်ဗျားတို့မှာ အသက်ဝှက်ဖဲတွေ ရှိကြတယ်မလား"

"ရှိတာပေါ့။ မဟုတ်ရင် ငါတို့က ကျိယွမ်ကြယ်ကို ဘယ်လိုလုပ်လာရဲပါ့မလဲ"

မီးဧကရာဇ်က ဖြေလိုက်ပြီး ရှေးဦးဧကရာဇ်ကလည်း သဘောတူဟန်ဖြင့် ခေါင်းညိတ်ပြသည်။

"ကျိယွမ်ကြယ်ပေါ်မှာ သတိကြီးကြီးထားဖို့ မမေ့ကြပါနဲ့။ ကျုပ်အပါအဝင် ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ အလွယ်တကူမယုံပါနဲ့"

ကျိယွမ်ကြယ်သည် အပေါ်ယံတွင်မြင်ရသလောက် မရိုးရှင်းကြောင်း ခံစားလာရသဖြင့် ယဲ့ချန်က သတိပေးလိုက်ခြင်းဖြစ်သည်။ စစ်ဧကရာဇ်နှစ်ယောက်က သူ၏စကားကြောင့် အံ့သြသွားပြီး အဓိပ္ပါယ်အရ ရွှမ်လင်းကိုပင် သတိထားစေလိုနေသောကြောင့် အလွန်ထူးဆန်းနေသည်။ သူတို့က အခြားအရာများကို သံသယဝင်သင့်သော်လည်း ကျိယွမ်ကြယ်ကို တစ်သက်လုံးစောင့်ရှောက်ပေးခဲ့သော နတ်အစေခံရွှမ်လင်းကိုမူ ရိုသေလေးစားကြသည်။ ရွှမ်လင်းက နောက်ဆုံးအချိန်သို့ နီးကပ်လာပြီဖြစ်သော်လည်း ကျိယွမ်ကြယ်၏သက်ရှိများကို ကာကွယ်ပေးဆဲပင်ဖြစ်သည်။

"ယဲ့ချန် မင်းက အရမ်းလေးနက်လွန်း​နေတယ် မဟုတ်ဘူးလား။ ငါ့အထင် အခြားလူတွေက ပြောရခက်ပေမယ့် အရှင်ရွှမ်ကတော့ ယုံကြည်ထိုက်ပါတယ်။ သူ့ကိုတောင် မယုံရဘူးဆိုရင် ကျိယွမ်ကြယ်က ပျက်စီးသွားတာ ကြာလှနေပြီ"

မီးဧကရာဇ်က ယဲ့ချန်၏အမြင်ကို သဘောမတူဟန်ဖြင့် ခေါင်းယမ်းပြလိုက်သည်။

"ဒီလိုပဲ မျှော်လင့်ပါတယ်"

ယဲ့ချန်က ဤမျှအထိသာ​ပြောနိုင်သဖြင့် သက်ပြင်းတစ်ချက်ချလိုက်သည်။ သူက လျှို့ဝှက်ချက်များ ဆက်ပြောလျှင် စစ်ဧကရာဇ်နှစ်ယောက်အတွက် ကောင်းကျိုးမရှိပေ။ သူတို့က ရွှမ်လင်းအပေါ် ဆက်လက်ယုံကြည်ရန် ရွေးချယ်ခဲ့သော်လည်း သူ၏စကားကို လုံးဝမပစ်ပယ်ခဲ့ခြင်းကပင် လုံလောက်ပေသည်။ ကျိယန်၏စီစဥ်ပေးမှုဖြင့် ယဲ့ချန်သည် စစ်ဧကရာဇ်နှစ်ယောက်နှင့် မနီးမဝေးရှိ ခြံဝန်းငယ်တစ်ခုတွင် နေထိုင်ခဲ့သည်။ ရွှမ်လင်းမှ သူ့ကို ညွှန်ကြားချက်များပေးမလာခင် အချိန်အထိ ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ထားရန် ရွေးချယ်လိုက်သည်။ မည်သို့ပင်ဖြစ်စေကာမူ၊ သူ၏ကျင့်ကြံဆင့်ကို မြှင့်တင်ထားခြင်းက မှားယွင်းမည်မဟုတ်ပေ။

ကောင်းကင်မူလကြယ်၏ ရန်ယွင်မြို့တော်သို့ အရှေ့ပိုင်းတိုက်ကြီးမှ ကျင့်ကြံသူများ တဖွဲဖွဲရောက်ရှိလာနေပြီး အချို့က ကောင်းကင်မူလတိုက်ကြီးတစ်ခွင် ပြန်လည်ထွက်ခွာသွားကြသည်။ လက်ရှိတွင် ကျစ်ဟွာနတ်တိုင်းပြည်အတွင်း ယဲ့မျိုးနွယ်က တန်ခိုးအာဏာကြီးမားလာကာ မရေမတွက်နိုင်သော အထက်တန်းစားများ၏ အာရုံစိုက်ခြင်းခံနေရသည်။ အစည်းအဝေးခန်းမအတွင်း ယဲ့ချန်တစ်ယောက်က ကြယ်သလင်းကျောက်ကို အသက်သွင်းထားကာ ၎င်းမှ ထုတ်လွှင့်ပြသနေသော ပုံရိပ်များကို စောင့်ကြည့်နေခဲ့သည်။ ထိုပုံရိပ်အတွင်း စစ်ဧကရာဇ်များက ယဲ့မျိုးနွယ်၏ကိစ္စကို အခြေအတင်ဆွေးနွေးနေကြသည်။

"ရန်ယွင်မြို့၊ ယဲ့မျိုးနွယ်ရဲ့လုပ်ရပ်တွေက လွန်လွန်းလာပြီ။ ကျင့်ကြံဆင့်နိမ့်ကျတဲ့ လူတွေအများကြီးကို ခေါ်ဆောင်လာတာက အရင်းအမြစ်တွေ ပြုန်းတီးစေတယ်။ ကျုပ်ကတော့ ကောင်းကင်မူလတိုက်ရဲ့ဝင်ပေါက်ကို ပိတ်ထားလိုက်ဖို့ အကြံပေးချင်တယ်။ နောက်ထပ်အမှိုက်တွေကို ထပ်ပြီး လက်မခံသင့်တော့ဘူး။ ကျေးဇူးပြုပြီး စဥ်းစားဆုံးဖြတ်ပေးပါ နတ်ဧကရာဇ်"

ဧကရာဇ်လင်းက မှန်ကန်ဖြောင့်မတ်ဟန်ဖြင့် သွေးထိုးနေခြင်းဖြစ်သည်။

"မင်းစကားတွေကမှ လွန်လွန်းနေတယ်လို့ ငါ ထင်တယ်။ ယဲ့မျိုးနွယ်က အရင်းအမြစ်တွေများစွာ အသုံးပြုခဲ့တာကိုတော့ ငါ မငြင်းလိုပါဘူး။ ဒါပေမယ့် ယဲ့မျိုးနွယ်မှာ ပါရမီရှင်တွေပြည့်နှက်နေပြီး အများစုက စစ်ဧကရာဇ်လောင်းလျာတွေ ဖြစ်ကြတယ်။ သူတို့ကရော အရင်းအမြစ်တွေအသုံးပြုဖို့ မထိုက်တန်ဘူးလား။ ငါတို့က ကောင်းကင်မူလတိုက်ဝင်ပေါက်ကို ဒီအကြောင်းအရင်းကြောင့် ပိတ်ထားမယ်ဆိုရင် မတရားရာ​ကျလွန်းတယ်"

နှင်းဧကရာဇ်က ချက်ချင်းတုံ့ပြန်လိုက်သည်။ လက်ရှိအချိန်တွင် လင်မျိုးနွယ်၏စီးပွားရေးလုပ်ငန်းက တစ်စတစ်စကြီးမားလာပြီး ကောင်းကင်မူလကြယ်၏ ကုန်သည်အသင်းကြီးနှင့် စီးပွားရေးမိတ်ဖက်များ ဖြစ်လာသောကြောင့် ဧကရာဇ်လင်းက လင်မျိုးနွယ်ကိုပစ်မှတ်ထားရန် သတ္တိမရှိချေ။ ထို့ကြောင့် သူက ယဲ့မျိုးနွယ်ကိုတိုက်ခိုက်ရန် အကြောင်းရှာလိုက်ပြီး ကောင်းကင်မူလတိုက်၏ဝင်ပေါက်ကို ပိတ်ဆို့စေလိုခြင်းဖြစ်သည်။ ဧကရာဇ်လင်း၏ဘက်တွင် လင်မျိုးနွယ်နှင့်ရန်ငြှိုးရှိသော စစ်ဧကရာဇ်များက ဝင်ရောက်ထောက်ခံနေကြသည်။ ကြယ်သလင်းကျောက်မှတဆင့် ဧကရာဇ်လင်း၏ရည်ရွယ်ချက်ကို မြင်တွေ့နေရသဖြင့် ယဲ့ချန်၏မျက်နှာထားက အေးစက်တင်းမာလာသည်။ လက်ရှိတွင် ယဲ့မျိုးနွယ်က အပင်မြင့်လာသောကြောင့် လေတိုက်သည်ကို ရင်ဆိုင်ရပေလိမ့်မည်။ အနှေးနှင့်အမြန် ပြဿနာကြုံရမည်ဖြစ်သော်လည်း ယဲ့မျိုးနွယ်တွင် စစ်ဧကရာဇ်တစ်ယောက်မရှိသောကြောင့် လက်ရှိအချိန်၌ အောက်စည်းသို့ရောက်နေရသည်။ စစ်ဧကရာဇ်များက ဤကိစ္စကို အလေးအနက်ထားငြင်းခုံနေကြပြီး ယဲ့မျိုးနွယ်ဘက်မှ ရပ်တည်ပေးခဲ့သော အရေအတွက်က အနည်းဆုံး သုံးဆယ်အထိ ရှိလာသည်။ ဤကား အလွန်ကြောက်စရာကောင်းသော ပမာဏတစ်ခုဖြစ်သဖြင့် ဧကရာဇ်လင်းနှင့် အပေါင်းအပါများ၏စကားသံများက လျင်မြန်စွာ ပျောက်ကွယ်စပြုလာသည်။

"တာအိုအိမ်တော်က ကောင်းကင်မူလကြယ်ရဲ့ဥပဒေကို ချမှတ်ထားတယ်။ ယဲ့မျိုးနွယ်က သူတို့လူတွေကိုခေါ်ယူတာက ဥပဒေကို ချိုးဖျက်နေတာမဟုတ်တဲ့အတွက် ဘာများမှားယွင်းနေလို့လဲ။ လူတစ်ယောက်ချင်းစီအတွက် ဝင်ခွင့်အဖြစ် ဆည်းဆာရွှေဆယ်သန်း ပေးနေတာပဲ မဟုတ်ဘူးလား။ ဒါက ကောင်းကင်မူလတိုက်ကြီးအတွက် အကျိုးမရှိလို့လား"

သစ်သားဧကရာဇ်က အချက်တစ်ချက်ကို ထောက်ပြလိုက်ခြင်းဖြစ်သည်။ အမှန်တရားက ယဲ့ချန်ဘက်တွင်တည်ရှိနေပြီး ဧကရာဇ်လင်းနှင့်အဖွဲ့က တမင်သက်သက် ပြဿနာရှာနေခြင်းဖြစ်သည်။ စစ်ဧကရာဇ်များက သူတို့၏သဘောထားများကို လွတ်လပ်စွာ ငြင်းခုံနေကြသော်လည်း နောက်ဆုံး၌ ဆုံးဖြတ်ပိုင်ခွင့်က နတ်ဧကရာဇ်၏လက်ထဲတွင် ရှိနေသည်။

"ကောင်းကင်မူလတိုက်ရဲ့ဝင်ပေါက်ကို တစ်ရက်အတွင်း ပိတ်မယ်။ ဘယ်သူမှ ဝင်ခွင့်ထွက်ခွင့် မရှိစေရ။ ဒီအကြောင်းကို နှစ်လနေရင် ပြန်လည်ဆွေးနွေးမယ်"

ကြယ်သလင်းကျောက်အတွင်း တာအိုအိမ်တော်သခင်ဖြစ်သော နတ်ဧကရာဇ်၏ အသံခပ်သြသြက ထွက်ပေါ်လာခဲ့သည်။ သူ၏ဆုံးဖြတ်ချက်က လူတိုင်းကို တုန်လှုပ်သွားစေပြီး ဧကရာဇ်လင်းက အပျော်လွန်နေခဲ့သည်။ သူက ဤကိစ္စကို အဆိုပြုခဲ့သော်လည်း များစွာမျှော်လင့်မထားခဲ့ပေ။ သို့သော် နတ်ဧကရာဇ်က သူနှင့်သဘောထားချင်း တူညီနေခဲ့သည်။ ထိုဆုံးဖြတ်ချက်ကြောင့် ယဲ့ချန်က ရင်ထိတ်သွားပြီး သူကိုယ်တိုင်လည်း မျှော်လင့်မထားခဲ့ပေ။ နတ်ဧကရာဇ်၏ဆုံးဖြတ်ချက်မှာ ဧကရာဇ်ချင်၊ ဧကရာဇ်ယုတို့နှင့် သက်ဆိုင်နေခြင်းလည်း ဖြစ်နိုင်သည်။ တာအိုအိမ်တော်၏သခင်ဖြစ်သောကြောင့် နတ်ဧကရာဇ်က အမြဲတမ်း စကားတည်သူတစ်​ယောက်ဖြစ်၍ ဆုံးဖြတ်ချက်ကို အလွယ်တကူပြောင်းလဲမည် မဟုတ်ပေ။

"ဒါက ဘာဥပ​ဒေနဲ့မှ မကိုက်ညီဘူး"

သို့သော်လည်း လင်ယွမ်က ဒေါသတကြီး ကန့်ကွက်ပေးခဲ့သည်။

"ကြယ်သခင်တျန်းရဲ့ လက်ထက်ကစလို့ ကောင်းကင်မူလတိုက်ကြီးရဲ့ ဝင်ပေါက်ကို လုံးဝမပိတ်ခဲ့ဖူးဘူး"

သစ်သားဧကရာဇ်၊ ဆေဘာဧကရာဇ် စသူတို့ကလည်း လင်ယွမ်နှင့်အတူ ရပ်တည်လိုက်ကြသည်။

"ကြယ်သခင်တျန်းရော ကြယ်သခင်ရှင်းရော ကောင်းကင်မူလတိုက်ဝင်ပေါက်ကို ပိတ်ခွင့်မရှိဘူးလို့ မပြောခဲ့ဖူးပါဘူး။ နတ်ဧကရာဇ်က အမြော်အမြင်ရှိလှပါတယ်။ အမှိုက်တွေအများကြီးကိုသာ ဝင်ခွင့်ပေးလိုက်ရင် ကောင်းကင်မူလတိုက်ကြီးအတွက် အကျိုးယုတ်စေပါလိမ့်မယ်။ လက်ရှိမှာတောင် အရှေ့ပိုင်းတိုက်ကြီးရဲ့ ယဲ့မျိုးနွယ်လက်အောက်မှာ အရေအတွက်ပေါင်း သန်းရာချီရှိနေပါတယ်။ ဒီအမှိုက်တွေအားလုံးသာ ရောက်လာရင် အကျိုးဆက်က ပိုဆိုးမှာပါ။ သူတို့မှာ ပါရမီရှင်တွေရှိပေမယ့် အရေအတွက်က နည်းလွန်းပြီး အများစုက အမှိုက်တွေပါပဲ။ ကောင်းကင်မူလတိုက်ကြီးမှာ အမှိုက်တွေအတွက် နေရာမရှိဘူး။ သန်းရာချီတဲ့လူတွေသာ အလုံးအရင်းဝင်ရောက်လာရင် လူတိုင်းက ယဲ့မျိုးနွယ်နာမည်အောက် ရောက်သွားလိမ့်မယ်"

ဧကရာဇ်လင်းက နတ်ဧကရာဇ်ကိုဖားယား၍ ဝင်ပြောလိုက်ခြင်းဖြစ်သည်။ စစ်ဧကရာဇ်များက မည်မျှကန့်ကွက်နေပါစေ ၊နတ်ဧကရာဇ်က ဆုံးဖြတ်ထားပြီးဖြစ်သောကြောင့် ပြောင်းလဲရန် မဖြစ်နိုင်ပေ။ တစ်ခုတည်းသော မျှော်လင့်ချက်မှာ နှစ်လအတွင်း ထပ်မံချမှတ်မည့် ဆုံးဖြတ်ချက်ဖြစ်နေသောကြောင့် ယဲ့ချန်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်၏။ နတ်ဧကရာဇ်၏ဆုံးဖြတ်ချက်က အရှေ့ပိုင်းတိုက်ကြီးရှိ ယဲ့မျိုးနွယ်ဝင်များနှင့် ကြယ်ခန်းမတပည့်များကို သေလမ်းသို့တွန်းပို့လိုက်ခြင်းနှင့် မခြားပေ။ လက်ရှိတွင် သူက အချိန်တစ်ရက်သာရသောကြောင့် အရေအတွက်များစွာ ကယ်တင်နိုင်မည်မဟုတ်ပေ။ ကျန်ရစ်နေခဲ့မည့် ကျင့်ကြံသူများအတွက်မူ အရှေ့ပိုင်းတိုက်ကြီး၌ သေခြင်းတရားကို စောင့်မျှော်နေရုံသာ ရှိပေလိမ့်မည်။ လက်ရှိအချိန်အထိ သူက တာအိုအိမ်တော်၏ဥပဒေများကို အတိအကျလိုက်နာခဲ့သော်လည်း တစ်ဖက်လူက သူ့ကို စတင်ပစ်မှတ်ထားလာပြီဖြစ်သည်။

အချိန်ခဏအကြာတွင် ယဲ့ချန်၏ကြယ်သလင်းကျောက် ထပ်မံလင်းလက်လာကာ နှင်းဧကရာဇ်နှင့် အခြားဧကရာဇ်များ ဆက်သွယ်လာခြင်းဖြစ်သည်။

"ကောင်းကင်မူလတိုက်ဝင်ပေါက်က တစ်ရက်အတွင်း ပိတ်လိမ့်မယ် ယဲ့ချန်။ မင်း ပြင်ဆင်ထားရမယ်။ ငါတို့ရဲ့ခွဲတမ်းတွေကို အသုံးပြုပေးတာကလွဲရင် ဘာမှကူညီနိုင်တာ မရှိသေးဘူး။ လောလောဆယ်တော့ ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းမြင့်တဲ့သူတွေကို အရင်ဆုံး ခေါ်ဆောင်ကြရအောင်"

လင်ယွမ်က သက်ပြင်းတစ်ချက်ချ၍ အကြံပေးလိုက်သည်။

"နတ်ဧကရာဇ်က ဘာကြောင့် ယဲ့မျိုးနွယ်ကို ပစ်မှတ်ထားနေတာလဲ"

ယဲ့ချန်က စစ်ဧကရာဇ်များထံ အကြောင်းအရင်းကို တိုက်ရိုက်စုံစမ်းလိုက်သည်။

"ယဲ့ချန် ငါတို့ သေချာတိုင်ပင် ဆွေးနွေးကြည့်ပြီးပြီ။ မင်းက နတ်ဧကရာဇ်ကို တစ်နေရာမှာ အမှန်တကယ်ထိပါးခဲ့တယ်"

ကျန်စစ်ဧကရာဇ်များ၏ပုံရိပ်များလည်း ကြယ်သလင်းကျောက်အတွင်း ထွက်ပေါ်လာကြသည်။

"ဘာများလဲ"

ယဲ့ချန်က မျက်မှောင်ကြုတ်လိုက်မိသည်။

"အရှေ့ပိုင်းတိုက်ကြီးက ယဲ့မျိုးနွယ်ဝင်တွေ ရောက်ရှိလာပြီးတဲ့နောက်မှာ သူတို့က တုန်လှုပ်စရာကိစ္စတွေကို တစ်ခုပြီးတစ်ခု ဆောင်ရွက်ခဲ့ကြတယ်။ လက်ရှိမှာ ငါတို့လိုစစ်ဧကရာဇ်တွေတောင် ယဲ့မျိုးနွယ်ဘက်မှာ ရပ်တည်နေကြပြီ မဟုတ်လား။ ယဲ့မျိုးနွယ်မှာ ပါရမီရှင်တွေပြည့်နှက်နေပြီး နှစ်တစ်ရာအတွင်း ငါတို့တပည့်ဖြစ်တဲ့ ယဲ့မျိုးနွယ်ဝင်တွေဟာ စစ်ဧကရာဇ်ဖြစ်လာနိုင်တယ်။ မင်းက ရည်ရွယ်တာဖြစ်ဖြစ်၊ မရည်ရွယ်တာဖြစ်ဖြစ် ယဲ့မျိုးနွယ်ရဲ့အင်အားကြောင့် တာအိုအိမ်တော်က ကြောက်စိတ်ဝင်လာနေပြီ။ တာအိုအိမ်တော်က ကောင်းကင်မူလတိုက်ကြီးမှာ ထိပ်တန်းအင်အားစုတစ်ခုဖြစ်ပေမယ့် မင်း လက်ရှိပတ်သက်နေတဲ့ စစ်ဧကရာဇ်အရေအတွက်က သိုင်းဒေသကြီးတွေရဲ့ အင်အားထက်တောင် ပိုမိုကျော်လွန်လာနေတယ်။ တာအိုအိမ်တော်မှာ စုစုပေါင်း စစ်ဧကရာဇ်နှစ်ဆယ်ပဲရှိမှတော့ နတ်ဧကရာဇ်က ဘယ်လိုလုပ် မင်းကို မကြောက်ဘဲနေမှာလဲ။ ယဲ့မျိုးနွယ်က လက်ရှိအချိန်အထိ စစ်ဧကရာဇ်တစ်ယောက်တောင် မပိုင်ဆိုင်သေးပေမယ့် ပေါင်းစပ်နှုန်းငါးဆယ်ကျော်သူတိုင်းသာ စစ်ဧကရာဇ်တွေဖြစ်လာရင် တာအိုအိမ်တော်က ကောင်းကင်မူလတိုက်မှာ ဘယ်လိုလုပ် အာဏာတည်တံ့နိုင်ပါတော့မလဲ"

စစ်ဧကရာဇ်များက အကြောင်းအရင်းကို အချင်းချင်းတိုင်ပင်၍ ရှင်းပြလိုက်ကြသည်။

"ခင်ဗျားတို့ပြောပုံအရဆိုရင် တာအိုအိမ်တော်က ယဲ့မျိုးနွယ်ကို ရှင်းပစ်ချင်နေတာလား"

ယဲ့ချန်က မျက်မှောင်ကြုတ်၍ ရေရွတ်လိုက်သည်။ ယဲ့မျိုးနွယ်၌ ပါရမီရှင်များရှိနေသော်လည်း လက်ရှိအင်အားအရ တာအိုအိမ်တော်ကို ယှဥ်ပြိုင်နိုင်ဦးမည် မဟုတ်ချေ။

All Chapters