← Chapters

ကြယ်တာရာ ကပ်ဘေး (၁)

Vol. 14 Ch. 191

ကြယ်တာရာ ကပ်ဘေး (၁)

Vol. 14 Ch. 191

စိတ်လှုပ်ရှားမှုများက ဝေ့ဝူယင်၏ စိတ်ထဲသို့ ရောက်ရှိလာပြီး မျက်လုံးများထဲအထိ ရောင်ပြန်ဟပ်သွားသည်။ သူ၏ ခန္ဓာကိုယ် အတွင်းတွင်မူ အခြား ဇာတိဝိညာဉ်များမှာ ငြိမ်သက်စွာဖြင့် သူတို့၏ စွမ်းအင်များကို ဆန်းကြယ်ဒြပ်စင် ဇာတိ ဝိညာဉ်ထံ ထည့်သွင်းနေကြသည်။ ၎င်းတို့၏ အကူအညီနှင့် အတူ ဆန်းကြယ်ဒြပ်စင် ဇာတိဝိညာဉ်၏ စွမ်းအားက လေးဆအထိ မြင့်တက်လာ၏။

စက္ကန့်ပိုင်း အတွင်းမှာပင် ဝေ့ဝူယင် တစ်သက်တာ ကျင့်ကြံခဲ့သမျှ စွမ်းအား အကုန်လုံးမှာ ဆန်းကြယ်ဒြပ်စင် ဇာတိဝိညာဉ်ထံ၌ စုဝေးကာ ပေါင်းစည်းသွားခဲ့ပြီ ဖြစ်သည်။ ထိုအရာကား ပုံရိပ်ယောင် ကြယ်တာရာ အမြုတေ အလွှာဟု သတ်မှတ်ထားသည့် နယ်ပယ် တစ်ခု ဖြစ်သည်။ ဇာတိဝိညာဥ်သည် အရှိန်အဟုန်နှင့် လောင်ကြွမ်းကာ ပေါက်ကွဲမလို ဖြစ်နေခဲ့သည့်တိုင် အမှန်တကယ်တွင်မူ... အလွန် လျှို့ဝှက် ဆန်းကြယ်လှသော အခြေအနေ တစ်ခု၌ ပိတ်မိသွားခြင်းသာ ဖြစ်သည်။

အသွင်ကူးပြောင်းမှု ဖြစ်စဥ် အတွင်း ကျရောက်သွားခြင်းနှင့် အတူ သူ၏ ခွန်အားမှာ အဆင့်သစ် တစ်ခုသို့ ရောက်ရှိသွားခဲ့၏။ ခန္ဓာကိုယ်ထဲရှိ စွမ်းအား တစ်ချက် လည်ပတ်တိုင်း ကမ္ဘာကြီးကိုပင် တုန်လှုပ်စေနိုင်သည့် ခြိမ်းခြောက်မှုကို ဝေ့ဝူယင် ခံစားရသည်။

ထိုအခိုက်၌ သူသည် တစ်လောကလုံးတွင် အသန်မာဆုံးဖြစ်ကာ မည်သည့် ရန်သူကိုမဆို ရင်ဆိုင်နိုင်သည့် ယုံကြည်ချက်မျိုး ရှိနေခဲ့သည်။

ဘုန်း...

ရုတ်ချည်းပင် ကမ္ဘာကြီးမှာ ပြင်းထန်စွာ တုန်ရီသွားကာ လေထုဖိအားများမှာ တရစပ်ပင် တိုးမြင့်လာ၏။ ‌မိုးကောင်းကင်တွင် မမြင်နိုင်သော တံခါးတစ်ခု ပေါ်လာကာ နှလုံးသားနှင့် ချိတ်ဆက်သွားသလို ဝေ့ဝူယင် ခံစားလိုက်ရသည်။ ထိုအရာက သူ၏ ဖြစ်တည်မှုကို ဆန်းစစ်ကာ ကြယ်တာရာ အမြုတေ အဆင့်သို့ အပြည့်ဝ တိုးမြှင့်ရန် လုံလောက်ခြင်း ရှိ၊ မရှိ အကဲခတ်နေဟန် ရသည်။

ထိုအခိုက်၌ ဝေ့ဝူယင်၏ မျက်လုံးများက ကောင်းကင်ရှိ အစက်အပျောက် တစ်ခုကို စူးစိုက် ကြည့်နေခဲ့၏။ ထိုအစက်အပျောက်က သူ၏ ကောင်းကင်ဘုံ နတ်မျက်လုံး အတွက်ပင် သေးငယ်လွန်းသည်။ ၎င်းသည် ကောင်းကင်အလွှာများ၏ အလွန် အမှောင် လေဟာနယ်ထဲတွင် လွင့်မြောနေပုံ ရသည်။

“အဲဒါက ကြယ်လား...”

ဝေ့ဝူယင်၏ မျက်လုံးများက ပြူးကျယ်ကာ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွား၏။ ပို၍ ကြည့်လေလေ၊ ထိုအစက်အပျောက်မှာ ကြယ်တစ်စင်းနှင့် ပို၍ တူလေလေဟု သူ ခံစားနေရသည်။ သို့သော်လည်း ထိုကြယ်မှာ အလွန်အမင်း ဝေးကွာလွန်းလှသည်။

သူ၏ စိတ်များမှာ ရှုပ်ထွေးသွား၏။ ပုံမှန်ဆိုလျှင် နေအလင်းရောင် ဖုံးကွယ်မှုကြောင့် နေ့ဘက်၌ ကြယ်များကို မြင်တွေ့ရခြင်း မရှိချေ။ ကောင်းကင်အလွှာများကို ဖောက်ထွက်မှ သို့မဟုတ် ညအခါသို့ ရောက်မှ သာလျှင် ကြယ်တာရာ ကောင်းကင်ကို မြင်တွေ့နိုင်သည်။

ဤသည်က နေ့ဘက်၌ ကြယ်တစ်စင်းကို ပထမဆုံး အကြိမ် အဖြစ် မြင်တွေ့ရခြင်း ဖြစ်သည်။ ထိုသဘာဝ ဖြစ်စဥ်နှင့် ပတ်သက်၍ ကျိုးကြောင်း ဆီလျော်သည့် အဖြေတစ်ခု သူ ရှာမတွေ့ခဲ့။ သေမျိုး ကြယ်တာရာ ကပ်ဘေး၏ မူလမှာ ကြယ်တစ်စင်း ဖြစ်မည်လော မပြောတတ်ချေ။

ထိုစဥ်တွင်ပင် နားလည်စွမ်းကို ကျော်လွန်နေသည့် ဖိအားတစ်ခုကို ဖြစ်ပေါ်လာကာ လောက၏ မန်နာများမှာ မုန်တိုင်း အကြားမှ ပင်လယ်ပြင် အလား ကြမ်းတမ်းခက်ထန်လာ၏။ လေထုထဲရှိ စွမ်းအင်များမှာ အမည်မသိသော အင်အားတို့ဖြင့် ပြည့်နှက်သွားကြောင်း ကောင်းကင်ဘုံ နတ်မျက်လုံးနှင့် သူ မြင်တွေ့လိုက်ရသည်။

တစ်ချိန်တည်း၌ အမှောင် ဟင်းလင်းပြင် အတွင်းရှိ ကြယ်သည် သူ၏ အမြင်အာရုံ အတွင်း ပိုမို ကျယ်ပြန့်လာ၏။ ၎င်းကား ပို၍ နီးကပ်လာခဲ့ပြီ ဖြစ်သည်။

ဝေ့ဝူယင် မြေပြင်ထက်၌ ရပ်ရင်း သူ၏ နှလုံးသားက တဒိန်းဒိန်း ခုန်နေသည်။ ညတစ္ဆေ ကောင်းကင်ကပ်ဘေးကို ဖြတ်ကျော်စဥ် အချိန်၌ မမြင်နိုင်သော ရန်သူအား တိုက်ခိုက်နေသလို သူ မြင်တွေ့ ခဲ့ရသည်။ ကြည့်ရသည်က ကြယ်တာရာကပ်ဘေးကို ကျော်ဖြတ်သူများသာ တွေ့မြင်နိုင်ပုံ ရပြီး ထိုအရာက သည်ကြယ်ပင် ဖြစ်ရမည်။

ဝေ့ဝူယင် လက်သီးများကို တင်းတင်း ဆုပ်ထား၏။ ထိုလက်သီးဆုပ် အတွင်းတွင်မူ ဒြပ်စင်ချီများက နေရာယူနေသည်။ ၎င်းတို့မှာ အဆက်မပြတ် တိုးပွားနေကာ တစ်စက္ကန့် ကုန်လွန်သွားတိုင်း၌ အဆပေါင်း များစွာ ပိုမို သိပ်သည်းလာနေခဲ့၏။

နောက်ဆုံး၌ ကြယ်၏ ကြီးထွားမှုမှာ ရပ်တန့်သွား၏။ သေမျိုး ကြယ်တာရာ ဝင်္ကပါ ကပ်ဘေးကား ရောက်ရှိလာခဲ့ပြီ ဖြစ်လေသည်။

ကောင်းကင်ကား ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။ သေမျိုးတို့၏ မြင်နိုင်စွမ်းကို ကျော်လွန်နေသည့် ကိုးရောင်ခြယ် နေတစ်စင်း၏ ပုံရိပ်သည် ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများထဲတွင် ရောင်ပြန်ဟပ်နေ၏။ ထိုနေ၏ ပတ်လည်တွင် ရဲရဲနီသော မီးတောက်များက လှပစွာ ဖြတ်သန်းစီးဆင်းကာ အဆုံးစွန်သော အပူချိန်ကို ထုတ်လွှတ်နေသည်။ မျက်နှာပြင်ထက်တွင်မူ အပြာရောင် သမုဒ္ဒရာများ တည်ရှိ၍ ယင်းတို့က အဆုံးမဲ့ ဆူနာမီများနှင့် မုတ်သုံများကို ဖန်တီးနေ၏။ တစ်ချိန်တည်း၌ စိမ်းပြာရောင် လေပြင်းများက မုန်တိုင်းများ၊ လေဆင်နှာမောင်းများ အဖြစ် ပြောင်းလဲနေကာ အညိုရောင် မြေသားများမှာ တောင်တန်းများ၊ ကုန်းမြေများကို ဖွဲ့စည်းနေသည်။

ရံဖန်ရံခါ၌ အဝါရောင် လျှပ်စီးများ အတူ ကျယ်လောင်စွာ ပေါက်ကွဲနေသော မိုးခြိမ်းသံများကို ကြားရသည်။ သစ်တောပင်ပင်များသည် မိုးထိသည် အထိ စိမ်းလန်း စိုပြည်လှကာ ရေခဲတောင်များမှာ စိန်များ ကဲ့သို့ တလက်လက် တောက်ပနေ၏။ ထို့အတူပင် လိမ္မော်ရောင်နှင့် အနက်ရောင် ချော်ရည်ပူများမှာ ထိတွေ့သမျှ အရာအားလုံးကို တိုက်စားနေသည်။

ထိုအရာကား သူ၏ ဆန်းကြယ်ဒြပ်စင် ဝိညာဥ် အတွက် ကြယ်တာရာ ကပ်ဘေးပင် ဖြစ်လေတော့သည်။

အမြင်အာရုံကိုပင် ဆုံးရှုံးစေနိုင်သည့် နေကြယ်ကြီးအား ကြည့်ရင်း ဝေ့ဝူယင်၏ နှလုံးသားက မခန့်မှန်းနိုင်သော အဆင့်တစ်ခု အထိ တည်ငြိမ်သွားသည်။ ထိုအဘယ်ကြောင့် ဆိုသော် သူ မြင်နိုင်သောကြောင့်ပင်။ ကောင်းကင်ဘုံ နတ်မျက်လုံးမျာဖြင့် ကြယ်တာရာ ကပ်ဘေး၏ အမှန်တရားများကို သူ မြင်တွေ့ခဲ့ရသည်။

၎င်းသည် လောကကြီးရှိ စွမ်းအင်များဖြင့် ဖန်တီးထားသည့် ပုံရိပ်ယောင် ဖွဲ့စည်းမှု တစ်ခု ဖြစ်သည်။ ထိုစွမ်းအင်များမှာ ဆန်းကြယ်ဒြပ်စင် ဇာတိဝိညာဥ်နှင့် ပြီးပြည့်စုံစွာပင် လိုက်လျောညီထွေ ရှိပြီး အံအားသင့်ဖွယ် ကောင်းသည့် ပြောင်းလဲမှု တစ်ခုကို လုပ်ဆောင်နိုင်စွမ်း ရှိပုံရသည်။

အပြုံးတစ်ခုက ဝေ့ဝူယင်၏ နှုတ်ခမ်းထက်တွင် ပေါ်လာခဲ့၏။ သူ၏ အကြောက်တရားက ပျောက်ကွယ်သွားကာ မျှော်လင့်ခြင်းများမှာ အရှိန်အဟုန်ဖြင့် အစားထိုး နေရာယူလာသည်။ အစ၌ ကြယ်တာရာ ကပ်ဘေးမှာ ကျင့်ကြံသူတို့၏ တိုးတက်မှုကို ဟန့်တားသည့် ဂိတ်တံခါး တစ်ခုဟု သူ ထင်ခဲ့သည်။ သို့သော်လည်း ‌ကောင်းကင်ဘုံ နတ်မျက်လုံးများဖြင့် သူ အမှန်တရားကို မြင်ခဲ့ပြီ ဖြစ်သည်။ ထိုနေကြယ် အတွင်း ပါဝင်နေသည့် စွမ်းအင်များမှာ ကပ်ဘေး မဟုတ်ပဲ ဇာတိ ဝိညာဥ်ကို အဆင့်သစ် တစ်ခုသို့ ပြောင်းလဲပေးနိုင်မည့် လျှို့ဝှက်ချက်များသာ ဖြစ်ပေသည်။

ကြယ်တာရာ ကပ်ဘေးက ဂိတ်တံခါး တစ်ခုမဟုတ်ချေ။ လမ်းညွှန်ပြသပေးမည့် ဆရာ တစ်ယောက်သာ ဖြစ်သည်။

သူ ပို့ချပေးသည့် သင်ခန်းစာကို နားလည်နိုင်စွမ်း မရှိသူများမှာ နောက်တစ်ဆင့်သို့ တက်လှမ်းရန် မထိုက်တန်၊ မလုံလောက်ဟု ရိုးရှင်းစွာ ဆိုလိုသည်။ ကျင့်ကြံခြင်း လောကက ခက်ခဲသည်။ ဤသည်မှာ ပုံပြင် တစ်ပုဒ် ဖြစ်သလို လောက၏ မန္တန်လည်း ဖြစ်သည်။ ထိုအရာက မှန်ကန်သည် ထင်ရသော်လည်း အစစ်အမှန် မြင်တွေ့ရန်၊ အစစ်အမှန် နားလည်ရန်တော့ ခက်ခဲလှပေသည်။

ကပ်ဘေးအား လုံးလုံးလျားလျား ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်သည်နှင့် ဒြပ်စင်ချီသည် တဟုန်ထိုး မြင့်တက်လာကာ အမျိုးမျိုးသော ဒြပ်စင်များမှာ သူ၏ ခန္ဓာကိုယ် နံဘေးတွင် ဝန်းရံလာ၏။ ဝေ့ဝူယင်သည် လွန်ခဲ့သည့် သုံးနှစ် အတွင်း သူ ပြင်ဆင်ထားသမျှ ခုခံကာကွယ်ရန် အရာ အားလုံးကို လွှင့်ပစ်လိုက်ပြီ ဖြစ်သည်။

ထိုအရာများဖြင့် ဆိုပါက ထောင်နှင့်ချီသော ကြယ်တာရာ အမြုတေ အဆင့် ကျင့်ကြံသူများကိုပင် သေခြင်းတရားဆီ ခေါ်ဆောင်သွားရန် လုံ‌လောက်သည်။ မည်မျှ ပြင်းထန်သည့် ကပ်ဘေးတွင် မဆို အသက်ရှင်သန်ရန် လုံလောက်သည်ဟု သူခံစားရ၏။ သို့သော်လည်း ထိုအရာက ကပ်ဘေး၏ အစစ်အမှန် ရည်ရွယ်ချက် မဟုတ်ချေ။ အကယ်၍ သူသာ ခုခံကာကွယ်ခဲ့ပါက ၎င်း သင်ကြားပေးရန် ဆန္ဒရှိသည့် သင်ခန်းစာများ၊ ဒြပ်စင် စွမ်းအင်၏ ရည်ရွယ်ချက်များကို စုပ်ယူနိုင်တော့မည် မဟုတ်ချေ။

ဝေ့ဝူယင်သည် ချီကို ခန္ဓာကိုယ် တစ်ခုလုံးသို့ ဖြန့်ကျက်ထား၏။ ကောင်းကင်အလွှာပေါ်၌ ငြိမ်သက်စွာ မားမားမတ်မတ် ရပ်တည်ရင်း ကပ်ဘေး ကျဆင်းလာမည်ကိုသာ စောင့်နေလိုက်သည်။

သူ၏ သဘောထားကို ဆန်းကြယ်ဒြပ်စင် ဝိညာဥ်မှာ လက်ခံရရှိကာ ထျန်းတျန်အတွင်းတွင် သိသိသာသာ တောက်ပလာခဲ့သည်။ ပုံရိပ်ယောင် ကြယ်တာရာ အမြုတေ အဆင့်ဖြင့် ၎င်းမှာ စတင် တုန်ရီလာကာ ဒြပ်စင် လှိုင်းများမှာ ဖြာထွက်စေ၏။

ရုတ်တရက် ဝေ့ဝူယင်သည် ဆန်းကြယ်ဒြပ်စင် ဇာတိဝိညာဥ်ထံမှ ဆက်သွယ်မှု တစ်ခုကို ရရှိလိုက်၏။ သူ၏ မျက်လုံးများက ကျဥ်းမြောင်းသွားကာ စိတ်မျက်လုံးဖြင့် ၎င်းအား ကြည့်လိုက်သည်။

“သေချာလား...”

ချက်ချင်းပင် အဆုံးမဲ့ ပြင်းထန်လှသည့် လိုအင်ဆန္ဒနှင့် တုန့်ပြန်မှုတို့ကို သူ ရရှိလိုက်သည်။

“ကောင်းပြီလေ...”

ဝေ့ဝူယင် ခေါင်းတစ်ချက် ညိတ်ကာ ပြင်ပဝိညာဥ် ကျင့်စဥ်ကို အသက်သွင်းလိုက်၏။ ကျင့်ကြံခြင်း အဆင့် မြင့်တက်လာခြင်းနှင့် အတူ သူသည် ပြင်ပနှလုံးသား ကျင့်စဥ်ကို ပြင်ပဝိညာဥ် ကျင့်စဥ် အဖြစ် နာမည် ပြောင်းခဲ့သည့် အပြင် လွန်ခဲ့သည့် သုံးနှစ်အတွင်း ပြုပြင်ပြောင်းလဲမှုများစွာ ပြုလုပ်ခဲ့သည်။ သေမျိုး မိုးကုပ်စက်ဝိုင်း အဆင့်၏ တည်မြည်ခြင်း စွမ်းအားနှင့် ချိတ်ဆက်ကာ ဇာတိဝိညာဥ်များကို အပြင်လောက၌ အချိန် ကြာမြင့်စွာ နေစေနိုင်သည် အထိ မြှင့်တင်ခဲ့သည်။

ကံဆိုးစွာပင် ထိုကဲ့သို့ ပြုလုပ်နိုင်ရန် အတွက် ချွင်းချက်တစ်ခုတော့ လိုအပ်ဆဲနေ၏။

“သေမျိုး နတ်ဘုရား ကိုယ်ပွား ကျင့်စဥ်...”

“ဝှစ်...”

ကျင့်စဥ်အား စတင်လိုက်သည်နှင့် ချက်ချင်းပင် အဖြူရောင် မြူများမှာ စီးထွက်လာကာ ဝေ့ဝူယင် နောက်တစ်‌ယောက် အဖြစ် အသွင်ပြောင်းသွား၏။ ကိုယ်ပွားမှာ အဂ္ဂိရတ် ဝတ်စုံကို ဝတ်ဆင်ထားကာ ကောင်းကင်နန်းတော် အခန်းတစ်ခန်းနှင့် ချိတ်ဆက်ထားသည့် သိုလှောင်လက်စွပ် တစ်ကွင်းကို ဆင်မြန်းထားသည်။

“ဝှစ်...”

မျက်စိတ်တစ်မှိတ် အတွင်းမှာပင် ဆန်းကြယ်ဒြပ်စင် ဝိညာဥ်သည် ဝေ့ဝူယင်၏ ခန္ဓာကိုယ်ထဲမှ ထွက်ခွာကာ ကိုယ်ပွားနှင့် အံခွင်ခွင်ကျ ပေါင်းစည်းသွား၏။

ထို့နောက် ဝေ့ဝူယင် ဘာမှ မညွှန်ကြား ရသေးခင်မှာပင် ဒြပ်စင် ကိုယ်ပွားသည် အပေါ်သို့ မော့ကြည့်ကာ ကြောက်မက်ဖွယ် အရှိန်နှင့် ခုန်တက်သွားသည်။ တစ်ခဏအတွင်းမှာပင် ၎င်းမှာ နေကြယ်ဆီသို့ ရောက်ရှိကာ မျက်နှာပြင်ကို ဖောက်၍ တိုးဝင်သွား၏။ အထဲသို့ ရောက်ရှိသည်နှင့် ဆန်းကြယ်ဒြပ်စင် ဇာတိဝိညာဥ်မှာ စွမ်းအင်များကို စတင် စုပ်ယူလေတော့၏။

“အီး... အိုး... အား...”

မကြာခင်မှာပင် ဆန်းကြယ်ဒြပ်စင်ဝိညာဥ်ထံမှ အသံများ ထွက်ပေါ်လာ၏။ ဝေ့ဝူယင်၏ မျက်နှာက ချက်ချင်းပင် နက်မှောင်သွားသည်။

“သူက ညဥ်းနေတာလား...”

ဆန်းကြယ်ဒြပ်စင် ဇာတိဝိညာဥ်သည် ကိုယ်ပွားအတွင်း ရှိနေသည့်တိုင် သူနှင့် အပြည့်အဝ ချိတ်ဆက်နေဆဲ ဖြစ်သည်။ ပေါက်ကရ လျှောက်လုပ်မနေဖို့ အော်ငေါက်ရန် ဟန်ပြင်လိုက်စဥ်မှာပင် ဝေ့ဝူယင်မှာ ခန္ဓာကိုယ်အောက်ပိုင်း တစ်ခုလုံး တောင့်တင်းလာသလို ခံစားလိုက်ရသည်။

သူ အောက်သို့ ငုံ့ကြည့်လိုက်ရာ သူ့ဘောင်းဘီခွကြားမှာ ဖောင်းကားနေသည်ကို တွေ့လိုက်ရ၏။ ဇာတိဝိညာဥ်ထံမှ အမျိုးမျိုးသော ခံစားမှုများ ကူးပြောင်းလာသော အခိုက်၌ သူ၏ အမူအရာက ရုတ်ချည်းပင် နက်မှောင်သွားသည်။ သူ ချိတ်ဆက်မှုကို ဖြတ်တောက်ရန် ဟန်ပြင်လိုက်စဥ်မှာပင် ရုတ်တရက် သူ၏ မျက်လုံးများမှာ အမျိုးမျိုးသော ရောင်စုံအလင်းများဖြင့် ပြည့်နှက်သွားသည်။ ထိုအလင်းများသည် ရှုပ်ထွေးပွေလီစွာဖြင့် အချင်းချင်း ပွတ်တိုက် တိုက်ခိုက်နေကြသော်လည်း သူတို့တွင် တူညီသည့် ရည်ရွယ်ချက် တစ်ခု ရှိနေကြဟန် ရ၏။

“ရည်ရွယ်ချက်... သူတို့ရဲ့ ရည်ရွယ်ချက်...”

ဝေ့ဝူယင် အသိစိတ်ပင်လယ်ကို ဖြတ်သန်းပြီး ကြည့်လိုက်ရာ ထိုအလင်းတစ်ခုချင်းစီမှာ ပြီးပြည့်စုံသည့် ပဟေဠိ အပိုင်းအစများ ကဲ့သို့ တိပစွာ ဖြတ်တောက်ထားသည်ကို တွေ့လိုက်ရသည်။ သို့သော်လည်း ၎င်းတို့အား ချောမွေ့စွာ အံဝင်ခွင်ကျ ဖြစ်သွားစေမည့် တစ်စုံတစ်ခုကတော့ လိုအပ်နေဆဲ ဖြစ်သည်။

တိတိကျကျ ဆိုလျှင် လက်တစ်ဖက်... ၎င်းတို့ကို ထိန်းချုပ်ကာ လမ်းပြပေးနိုင်မည့် လက်တစ်ဖက်ပင်...။

မူလဒြပ်စင် ရည်ရွယ်ချက်... ကိုးခုကို တစ်ခု ပေါင်းစည်းခြင်...

သိုင်းနတ်ဘုရား တာအိုနန်းတော်တွင် ဖတ်ရှုခဲ့ဖူးသည့် စာအုပ်တစ်အုပ်ထဲမှ အမျိုးမျိုးသော အချက်အလက်များမှာ ဝေ့ဝူယင်၏ ခေါင်းအတွင်း တဖျပ်ဖျပ်နှင့် ပြန်ပေါ်လာခဲ့သည်။ လျှင်မြန်စွာပင် သူ၏ လက်တစ်ဖက်က စတင် လှုပ်ရှားလာကာ စာအုပ်ထဲမှ နည်းလမ်းအတိုင်း ပဟေဠိ အပိုင်းအစများကို စတင် ဆက်လေတော့၏။

တစ်ချိန်တည်း၌... ဆန်းကြယ်ဒြပ်စင် ဇာတိ ဝိညာဥ်သည်လည်း သူ့ကဲ့သို့ပင် ပဟေဠိအပိုင်းအစများကို ဆက်နေခဲ့၏။ တစ်ခုနှင့် တစ်ခုပေါင်းစည်းရင်း ကျန်ရှိသော အရေအတွက်က တဖြည်းဖြည်း လျော့နည်းလာ၏။ မကြာခင် အချိန်အတွင်းမှာပင် ယင်းတို့မှာ ရှစ်ခုအထိ ကျဆင်းသွား၏။

ရှစ်ခုမှ ခုနစ်ခု...

ခုနစ်ခုမှ ခြောက်ခု...

ခြောက်ခုမှ ငါးခု...

ရောင်စုံ အလင်းအားလုံး တစ်ခုတည်း အဖြစ် ပေါင်းစည်းသွားပြီးနောက်တွင် အလွန်တရာ ဖြူစင်လှသော အလင်း တစ်ခုမှာ မျက်စိ ကျိန်းလောက်အောင် ဖွဲ့စည်းလာသည်။ သူ့မျက်လုံး အတွင်းရှိ ဒြပ်စင်များ၏ အခြေခံ ရည်ရွယ်ချက်များက မူလဒြပ်စင် ရည်ရွယ်ချက် အဖြစ် ပြောင်းလဲသွား၏။ နောက်ဆုံးအခိုက်အတန့်တွင် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ ကာမ ဆက်ဆံပြီးမြောက်သွားသည့် ကြည်နူးမှု တစ်မျိုးဖြင့် တဆတ်ဆတ် တုန်ရီသွား၏။

“အီး... အား... အိုး...”

လည်‌ချောင်းထဲမှ ညဥ်းသံများ ထွက်ပေါ်လာခြင်းနှင့် အတူ ဝေ့ဝူယင်၏ စိတ်မှာ ပြန်လည် ကြည်လင် ပြတ်သားလာ၏။ ထူးဆန်းသော ခံစားချက်ကြောင့် အောက်သို့ ငုံ့ကြည့်လိုက်ရာ သူ၏ ဘောင်းဘီမှာ စိုရွှဲ နေသည်ကို တွေ့လိုက်ရသည်။ ဝေ့ဝူယင်၏ မျက်ခုံးများက တွန့်ကွေ့သွား၏။ သူ ရယ်ရမလား.. ငိုရမလားပင် မသိတော့ချေ။

သူကောင်းကင်သို့ မော့ကြည့်လိုက်ရာ သေမျိုး ကြယ်တာရာမှာ တဖြည်းဖြည်း ဝေးကွာသွားကာ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။ ၎င်းမှာ ရှိသင့်ရှိထိုက်သည့် နေရာသို့ ပြန်လည် ရောက်ရှိသွားဟန် ရလေသည်။

ထူးဆန်းသော လိင်စိတ်ပြီးမြောက်မှုနှင့် အတူ ဆန်းကြယ်ဒြပ်စင် ဝိညာဥ်အတွက် ကြယ်တာရာ ကပ်ဘေးကား ပြီးဆုံးသွားခဲ့ပြီ ဖြစ်လေသည်။

***

All Chapters