ကြယ်တာရာ ကပ်ဘေး (၃)
Vol. 14 Ch. 193
“အခု... နောက်ဆုံးနှစ်ခု...”
အဂ္ဂိရတ် ဧဒင် ဇာတိဝိညာဥ်နှင့် ဟင်းလင်းပြင်နဂါးသွေး ဇာတိဝိညာဥ်တို့ကို ပြောသည့် အလား ဝေ့ဝူယင် ခပ်တိုးတိုး ရေရွတ်လိုက်၏။ အရာအားလုံး ပုံမှန်အတိုင်း ပြီးဆုံးသွားလိမ့်မည်ဟု ထင်မှတ်ထားခဲ့သည့်တိုင် နောက်ထပ် ဖြစ်ပေါ်လာသော အဖြစ်အပျက်များက သူ၏ ထင်မြင် ယူဆချက်နှင့် လုံးဝ ခြားနားနေခဲ့လေသည်။
သူ အဂ္ဂိရတ် ဇာတိဝိညာဥ်၏ ကြယ်တာရာ ကပ်ဘေးကို ဆင့်ခေါ်လိုက်ချိန်၌ အစက်အပျောက်လေးမှာ လောကထဲတွင် ပေါ်မလာခဲ့ချေ။ ထို့အစား သူ၏ အသိစိတ် ပင်လယ်ထဲ၌ တိုက်ရိုက်ပင် ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ဝေ့ဝူယင် ချက်ချင်းပင် စိတ်ကိုယ်ပွား တစ်ခု ဖန်တီးကာ အသိစိတ် ပင်လယ် အတွင်း ဝင်ရောက်လိုက်သည်။
သူ အထက်၌ မြောလွင့်ရင်း အောက်သို့ ငုံ့ကြည့်လိုက်ရာ အဂ္ဂိရတ် ဧဒင်ဇာတိ ဝိညာဥ်မှာ အသိစိတ် ပင်လယ်ကို အမြစ် တွယ်ကုပ်လျှက် မလှုပ်မယှက် တည်ငြိမ်နေသည်ကို တွေ့လိုက်ရ၏။ သို့သော်လည်း ဆန်းကြယ်စွာပင် ၎င်း၏ အမြစ်များ၊ အကိုင်းအခက်များနှင့် ပင်စည်တို့မှာ တဖြည်းဖြည်း ကြည်လင်လာနေ၏။ တစ်ချိန်တည်း၌ ခုနစ်ရောင်ခြယ် မီးခိုးနှင့် မြူများမှာ ၎င်း၏ မျက်နှာပြင် နေရာတိုင်းမှ စိမ့်ကာ ထွက်ပေါ်လာနေသည်။
ထိုအခိုးအငွေ့များက အဂ္ဂိရတ် စွမ်းအင်များ ဖြစ်ကြောင်း သတိထားမိရာ ဝေ့ဝူယင် မျက်မှောင်ကြုတ် လိုက်မိသည်။ သူ စိတ်မျက်လုံးကို အသုံးပြုကာ သေမျိုး ကြယ်တာရာ ဖြစ်လာမည့် အစက်အပျောက်ကို လှမ်းကြည့်လိုက်၏။ သို့သော်လည်း ထိုအရာက ပျောက်ချင်းမလှ ပျောက်ကွယ်သွားပြီ ဖြစ်ကြောင်း သူ တွေ့ရှိ လိုက်ရသည်။
“ကြည့်ရတာ ကပ်ဘေးက ပြီးသွားပြီ ထင်တယ်...”
သေမျိုး ကြယ်တာရာ သူ၏ အသိစိတ် ပင်လယ် အတွင်း ဖြစ်ပေါ်လာခဲ့ခြင်းမှာ ဧဒင်နှင့် စိတ်တာအို အကြား ဆက်သွယ်မှုကြောင့် ဖြစ်ပေလိမ့်မည်။ ထိုယူဆချက်ကို ဆက်စပ်ရင်း သူ ဉာဏ်အလင်း ရရှိသွား၏။
ဒြပ်စင် သေမျိုးကြယ်တာရာသည် မူလ ရှိပြီးသား လောက စွမ်းအင်များကို သက်ရောက်ကာ ဆေဘာ သေမျိုး ကြယ်တာရာမှာ ၎င်း၏ အလိုဆန္ဒကို အခြားအရာများ ပေါ်တွင် လွှဲပေးသည်။ ၎င်းမှာ လောကအတွင်းရှိ သေမျိုး ကြယ်တာရာ အင်အားများနှင့် မသက်ဆိုင်ပဲ ၎င်းတို့၏ ရည်ရွယ်ချက် အသီးသီးကိုသာ ရောင်ပြန်ဟပ်သည်။
လောက နှလုံးသား ဆေဘာလောက ရည်ရွယ်ချက်မှာ အတွင်းပိုင်း စွမ်းအင်များကို အသွင်ပြောင်းလဲဖို့ ခွင့်ပြုကာ ဆေဘာလောက ရည်ရွယ်ချက်မှာမူ အပြင်ပိုင်း စွမ်းအင်များကို ဘေဆာ အမတေ ဖြစ်အောင် ထိန်းချုပ် နိုင်သည်။
ဒြပ်စင်အားလုံးမှာ ရုပ်တာအို၏ အစိတ်အပိုင်း တစ်ခု ဖြစ်ကာ လက်နက် အားလုံးမှာလည်း လက်နက် တာအို၏ အစိတ်အပိုင်း ဖြစ်သည်။
“ဒါပေမဲ့ စိတ်တာအိုရဲ့ ရည်ရွယ်ချက်ကို ငါမခံစားရဘူး... အဲဒါက ပုံမှန်ပဲလား...”
ဝေ့ဝူယင် အဂ္ဂိရတ် ဧဒင် ဇာတိဝိညာဥ်ကို ကြည့်လိုက်ရာ ၎င်းမှာ ကြယ်တာရာ ဝိညာဥ် အသွင် ပြောင်းလဲခြင်း ဖြစ်စဥ်အား ငြိမ်သက်စွာ ကျော်ဖြတ်နေသည်ကို တွေ့လိုက်ရသည်။ သူ အတွေးများကို ပေါ့ပေါ့ပါးပါးဖြင့် လွှတ်ချလိုက်သည့်တိုင် နှလုံးသားထဲတွင်တော့ သိမ်းဆည်းထားဆဲ ဖြစ်သည်။ အတွေးတစ်ချက်ဖြင့်ပင် သူ စိတ်ကိုယ်ပွားကို ပြန်လည် ရုတ်သိမ်းလိုက်၏။
ဝေ့ဝူယင် အသက်ပြင်းပြင်း ရှူလိုက်ရင်း ခန္ဓာကိုယ်အား ပြန်လည် ထိန်းချုပ်လိုက်သည်။ ခေါင်းအား မော့လိုက်သော အခိုက်၌ သူ၏ ငွေရောင် မျက်လုံးများက လျှို့ဝှက် ဆန်းကြယ်သော အလင်းများဖြင့် ပြည့်နှက်သွားသည်။
“နောက်ဆုံး တစ်ခု...”
သူ ခပ်တိုးတိုး ရေရွတ်လိုက်၏။ အဂ္ဂိရတ် ဧဒင် ဇာတိဝိညာဥ်၏ ကြယ်တာရာ ကပ်ဘေး ဖြတ်ကျော်မှုက သူ၏ မျှော်လင့်ချက်နှင့် လုံးဝ ခြားနားခဲ့သည်။ ထိုကိစ္စက အတာ်လေး ရှုပ်ထွေးလှရာ အမှန်တရားကို ရှာဖွေရန် သိပ်မလွယ်ကူလှချေ။ သို့ဖြစ်ရာ ကြယ်တာရာ ကပ်ဘေး အားလုံး အပြည့်အဝ ပြီးစီးသွားရန် အတွက်သာ သူ အာရုံစိုက်ထားသည်။
“... ကျွန်တော့... အဲဒါက ခက်လိမ့်မယ်”
ဟင်းလင်းပြင် နဂါးသွေး ဇာတိဝိညာဥ်၏ အသံက ခေါင်းအတွင်း ဝင်ရောက်လာရာ ဝေ့ဝူယင် မျက်မှောင်ကြုတ် လိုက်သည်။ အခြား ကပ်ဘေး သုံးခုစလုံးမှာ ရိုးရှင်းကာ လွယ်ကူလှသည်။ သို့ဖြစ်ရာ သည်တစ်ခုကရော ဘယ်လောက် ခက်ခဲနိုင်မည်နည်း။
သို့သော်လည်း မကြာခင်မှာပင် ထိုအတွေးက အလွန် မှားယွင်းနေကြောင်း သူ တွေ့ရှိလိုက်ရ၏။
ဟင်းလင်းပြင် နဂါးသွေး ဇာတိဝိညာဥ်၏ ကြယ်တာရာ ကပ်ဘေးကို ဆင့်ခေါ်လိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ စိတ်တစ်ခုလုံးမှာ အေးခဲသွား၏။ အမှောင်တစ်ခုက တဖြည်းဖြည်း ဝါးမျိုလာကာ သူ၏ အသိစိတ် အာရုံ တစ်ခုလုံးမှာ အမှောင်ကျသွားသည်။ သေခြင်းတရားက သူ၏ စိတ်၊ ခန္ဓာ၊ ဝိညာဥ် အားလုံးကို တဖြည်းဖြည်းချင်း သိမ်းပိုက်လာသလို ခံစားရသော်လည်း အနည်းငယ် ကွာခြားမှုများ ရှိပေသည်။
မည်ကဲ့သို့ ကွာခြားသနည်း။ ထိုအရာအား မည်ကဲ့သို့ ဖော်ပြရမည်မှန်း သူ မသိပါချေ။
...
စူးရှတောက်ပသော အလင်းတန်း တစ်ခုက သူ၏ မျက်ခွံများကို ထိုးဖောက်လာရာ ဝေ့ဝူယင်မှာ အနည်းငယ်ပင် အောင့်သက်သက် ဖြစ်သွားခဲ့သည်။ သူက ခေါင်းအား မော့ကြည့်လိုက်ရာ မိန်းမငယ်လေး တစ်ယောက်ကို မြင်တွေ့ လိုက်ရ၏။ သူမ၏ မျက်နှာအစိတ်အပိုင်းများက လ ကဲ့သို့ နူးညံ့သိမ်မွေ့ကာ နေမင်း အလား တောက်ပြီး ညကောင်းကင်ကဲ့သို့ လှပသည်။ အကယ်၍ နတ်သမီးများ အမှန်တကယ် တည်ရှိသည် ဆိုလျှင် သူမမှာ သူတို့၏ ဘုရင်မ ဖြစ်ပေလိမ့်မည်။
ပြုံးယောင်သမ်းနေသည့် ငွေဘော်ရောင် မျက်ဝန်းများ... ယင်းတို့က အရောင်အဆင်း ကင်းမဲ့နေသည့်တိုင် နေ့အလား ကြည်လင်လှသည်။ ကာလ ကြာရှည်စွာ ခရီးနှင်ပြီး ပထမဆုံး မြင်တွေ့ရသည့် မီးပြတိုက် ကဲ့သို့ ရှင်းလင်းလှသည်။
ဝေ့ဝူယင် လက်အား ဆန့်ထုတ်လိုက်ရာ သူ၏ လက်ချောင်းများမှာ သေးငယ်ကာ တိုတုတ်နေသည်ကို တွေ့လိုက်ရသည်။ ထိုလှပညက်ညောလှသည့် မျက်နှာလေးအား ထိတွေ့ရန် အလှမ်း ကွာဝေးလွန်းလှ၏။ သူ၏ ဘဝ တစ်လျှောက်လုံး မြိုသိပ်ထားခဲ့သည့် ခံစားချက်များက နှလုံးသားတွင် သိမ်းကြုံး ပေါက်ကွဲလာ၏။
အစွမ်းရှိသမျှဖြင့် ထိုမိန်းကလေးအား သူ စကားပြောချင်ခဲ့သည်။ သူမ၏ အပြုံးအား မြင်တွေ့လိုသည်။ သူ ငိုသည့် အချိန်တိုင်း ထွေးပွေ့ထားဖို့ တောင်းဆိုလိုသည်။
ထိုစဥ်မှာပင် သူမ၏ နှုတ်ခမ်းဖျားမှ အသံတစ်ခု ထွက်ပေါ်လာသည်ကို သူ ကြားလိုက်ရသည်။ ထိုအရာက အလွန် ပူပြင်းသော နွေလည်ခေါင်၌ ရေးအေးတစ်ခွက်ကို သောက်လိုက်ရသည့် အလား သူ၏ စိုးရိမ် ပူပန်မှုများ၊ နာကျင်မှုများ အားလုံးကို ယူဆောင်သွား၏။
“နင်က... နင်က... သူ...”
ရုတ်တရက် မိန်းကလေး၏ နှုတ်ခမ်းများထက်ရှိ အပြုံးများမှာ ပျောက်ကွယ်သွား၏။ သူမ သူ့အား နောက်တစ်ကြိမ် ပြန်ကြည့်လိုက်သော အခိုက်၌ နွေးထွေးမှု အလုံးစုံမှာ ပျောက်ဆုံးသွားကာ စိတ်ရှုပ်ထွေးမှုများ သာလျှင် ကျန်ရှိနေသည်ကို တွေ့လိုက်ရသည်။ သူမက သူစိမ်းတစ်ယောက်ကို ကြည့်နေသကဲ့သို့ပင်။
"မဟုတ်ပြန်ဘူး... မဟုတ်ပြန်ဘူး...”
ဝမ်းနည်းမှုများ ပြည့်နှက်နေသည့် ယောက်ျားသံ တစ်သံနှင့် အတူ အခန်းအတွင်း ပြေးဝင်လာသည့် ကြမ်းတမ်းသော ခြေသံများကို သူ ကြားလိုက်ရသည်။
လှည့်မကြည့်ရသေးခင်မှာပင် ထိုအသံပိုင်ရှင်က မည်သူ ဖြစ်ကြောင်း ဝေ့ဝူယင် သိလိုက်သည်။ ထိုအချိန်တွင်ပင် သူ၏ အမြင်အာရုံမှာ စတင် ဝေဝါးလာကာ အမှောင်ထုမှာ လွှမ်းခြုံလာ၏။ သူထိုအရာကို ခုခံရန် ကြိုးစားလိုက်သော်လည်း ဆွဲဆွဲငင်ငင် အော်ဟစ်သံမှ အပ သူ၏ ရုန်းကန်မှုတို့က တစ်စုံတစ်ရာ အရာ မထင်ခဲ့ပါချေ။
...
သူ၏ ခန္ဓာကိုယ် အောက်ပိုင်းတွင် ဖိအားတစ်ခုက စည်းချက် ညီညီ လှုပ်ရှားနေ၏။ ဆွဲဆောင်မှု အရှိဆုံး ပုံစံဖြင့် နိမ့်ချည်မြင့်ချည် လူးလွင့်နေသည့် ရင်သားများကို မျက်နှာချင်းဆိုင်ရင်း ဝေ့ဝူယင် အမြင်အာရုံကို ပြန်လည် ရရှိလာသည်။ ထိုမှတစ်ဆင့် မိန်းမပျို တစ်ယောက်၏ ပြီးပြည့်စုံသည့် ခန္ဓာကိုယ်နှင့် အသက်ဝင်လှသော ညဥ်းသံများမှာ သူ၏ အာရုံများ အတွင်း တိုးဝင်လာ၏။
ထိုအခိုက်၌ သူသည် အိပ်ယာပေါ်တွင် ပက်လက်လှန် လဲလျောင်းနေခြင်း ဖြစ်ပြီး သူမကမူ သူ၏ အထက်၌ ထိုင်ကာ သာယာမှု အထွတ်အထိပ်ကို ခံစားနေသည်။ သူ ဖြည်းညင်းစွာ မော့ကြည့်လိုက်ရာ သူမက ဘယ်သူ ဖြစ်သည်ကို တွေ့လိုက်ရသည်။ အောက်နှုတ်ခမ်းအား ကိုက်ရင်း ဝေ့ဝူယင်၏ မျက်လုံးများက အနည်းငယ် တုန်လှုပ်သွား၏။
ထိုမိန်းမ... ခရမ်းရောင် အသားအရေ၊ သွယ်လျသော ခန္ဓာ၊ ငယ်ရွယ်သည့် မျက်နှာသွင်ပြင်နှင့် ပြုံးနေသည့် မျက်လုံးများ...
သူ၏ အမူအရာ အပြောင်းအလဲကို သတိထားမိသွားသည့် သူမမှာ ခန္ဓာကိုယ် အတက်အဆင်း အရှိန်ကို အနည်းငယ် လျှော့ချလိုက်ရင်း မျက်နှာငယ်လေးနှင့် မေးလိုက်သည်။
“ကျွန်မ တစ်ခုခု မှားသွားလို့လားဟင်...”
ဝေ့ဝူယင် ပြုံးကာ ခေါင်းခါလိုက်၏။
“ဟင့်အင်း... ဘာမှ မမှားပါဘူး ယွဲ့အာ... ဘာဆို ဘာမှကို မမှားတာပါ”
“ပြီးရော...”
သူမ၏ မျက်နှာထက်တွင် ချစ်ခြင်းမေတ္တာတို့ဖြင့် ပြည့်ရွှမ်းနေသည့် စွဲမက်ဖွယ် အပြုံးတစ်ခု ပေါ်လာခဲ့၏။ ကိုယ်လုံးလေးအား ရှေ့သို့ကိုင်းကာ မျက်နှာချင်း အပ်လိုက်သော အခိုက်၌ သူတို့၏ နှုတ်ခမ်းများက ထိတွေ့သွားသည်။ မျက်လုံးများကို မှိတ်ထားရင်း သူ၏ နှုတ်ခမ်းထက်မှ နွေးထွေးသော အရသာလေးကို ဝေ့ဝူယင် ခံစားလိုက်၏။ အမှောင်ထု တဖြည်းဖြည်း စိုးမိုးလာခြင်းနှင့် အတူ မျက်ရည်များက သူ၏ ပါးပြင်ထက်တွင် အဆက်မပြတ် စီးကျလာခဲ့လေသည်။
...
“ဆေဘာကို အသုံးပြုဖို့ စပြီး ဆုံးဖြတ်လိုက်တာနဲ့ သံမဏိ စည်းမျဥ်းကို အမြဲတမ်း လိုက်နာရမယ်... အသက်တစ်ချောင်းကို နှုတ်ယူဖို့နဲ့ အသက်တစ်ချောင်းကို ကာကွယ်ဖို့မှ မဟုတ်ရင် ဘယ်တော့မှ ဆေဘာကို ဓားအိမ်ကနေ မထုတ်နဲ့”
သူ ပထမဆုံး ကြားလိုက်ရသည်က အမိန့်ပေးခြင်းဆန်သော အသံတစ်ခု...။ ထို့နောက်တွင် ဆေဘာဓားအား ကိုင်ဆောင်ကာ သရုပ်ပြနေသည့် အရပ်ရှည်ရှည် လူငယ်လေး တစ်ယောက်၏ မြင်ကွင်းက သူ၏ အရှေ့တွင် ပေါ်လာခဲ့သည်။
ဝေ့ဝူယင် ဘာမှ ပြန်မပြောပဲ ငြိမ်သက်စွာ နားထောင်နေခဲ့၏။ အပြုံးတစ်ခုသာလျှင် သူ၏ ငယ်ရွယ် နုငယ်သည့် ခပ်ဖောင်းဖောင်း မျက်နှာလေးပေါ်တွင် နေရာယူနေခဲ့လေသည်။
***