လပြည့်ဝန်း
Vol. 52 Ch. 704
ချင်မူ အထဲလျှောက်သွားလေလေ၊ နိစ္စဒူဝသုံးနိုင်သော ဝိညာဉ်လက်နက်များစွာ မြင်လာရသည်။ ခရီးသည်များ သယ်ယူပို့ဆောင်ပေးနိုင်သော လေလှည်းပျံများအား စမ်းသပ်နေသည့် မာန်ဟုန်မြစ်တက္ကသိုလ်ကျောင်းသားများကိုလည်း မြင်ရ၏။ ဤလေလှည်းပျံတို့၏ ဆေးမီးဖိုများက အတန်ငယ် သေးငယ်သည့်အတွက် လေသင်္ဘောလောက် ဆေးစွမ်းအင်ကျောက်တုံး များစွာမသုံးစွဲပေးရပေ။ ခရီးတိုသွားချင်လျှင် အကောင်းဆုံးဖြစ်သည်။
တက္ကသိုလ်အနားပတ်ဝန်းကျင်၌ ရေခဲနဂါးသေတ္တာများ သွန်းလုပ်၍ လူကုံထံမိသားစုများဆီ ရောင်းချနေသည့် ကျောင်းသားတချို့ကိုလည်း တွေ့မြင်ရသည်။ ရေခဲနဂါးသေတ္တာတို့သည် လေးထောင့်ဒယ်အိုးကြီးများနှင့် တူသော်လည်း အဖုံးပါပြီး ထောင့်လေးထောင့်၌ ကြေးနဂါးရုပ်များ သွန်းလုပ်ထား၏။ ဆေးစွမ်းအင်ကျောက်တုံးဖြင့် အသက်သွင်းလိုက်သည့်အခါ ထိုနဂါးများမှ ရေခဲငွေ့များ မှုတ်ထုတ်ပေးလိမ့်မည်။
နွေရာသီတွင် ရေခဲနဂါးသေတ္တာတို့သည် အိမ်ထဲရှိ လေကို အေးမြစေနိုင်သလို၊ အစားအစာများ သိုးမသွားအောင်လည်း ထိန်းသိမ်းပေးထားနိုင်၏။
မြစ်ဘေး၌ သတ္ထုတွင်းများလည်း ရှိပြီး ကျောင်းသားများက သတ္ထုတူးဖော်စက် ယန္တရားကြီးများကို ထိန်းချုပ်ကာ မှတ်တမ်းတင်နေကြသည်။
မိုးပျံမြို့တစ်မြို့ကိုပင် ဒီဇိုင်းရေးဆွဲနေသော ကျောင်းသားများအား တွေ့ရ၏။ သူတို့က မြို့ပုံစံငယ်လေးကို တည်ဆောက်ကာ လေတွင် ပျံဝဲအောင် ကြိုစားနေကြသည်။
“ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ဝင်္ကပါကောင်းကင်နတ်သိုင်းတွေက ဒီအဆင့်အထိ တိုးတက်နေကြပြီလား”
သူ ဝင်္ကပါကောင်းကင်နတ်သိုင်းတို့အား သွားကြည့်အခါ ကျောင်းသားများသည် ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်မှ ကျောင်းသားများ ဖြစ်နေကြောင်း တွေ့ရ၏။ ကျောင်းသားတို့က သူ့ကို ပါမောက္ခချုပ်မှန်း မှတ်မိသည်နှင့် ပုံကြမ်းများ ကပျာကယာ ထုတ်ပြကြသည်။
ချင်မူ မအံ့ဩမိဘဲ မနေတော့ပေ။ မိုးပျံမြို့အတွက် ရေးဆွဲထားသော ပုံကြမ်းတို့က ကျောက်စိမ်းမြို့တော်ငယ်နှင့် ကောင်းကင်တန်ခိုးရှင်ဂိုဏ်း၏ တန်ခိုးရှင်သက်ဆင်းတောင်နှင့် သဏ္ဍာန်တူ ဝင်္ကပါတည်ဆောက်ပုံများကို အသုံးပြုထားသည်။ ထိုဝင်္ကပါတည်ဆောက်ပုံများသည် ကောင်းကင်နှင့်မြေပြင်ဆီမှ စွမ်းအားကို ငှားယူချေးငှားရခြင်းဖြစ်၏။
ထိုဝင်္ကပါစွမ်းရည်ကား သူ၏ဝင်္ကပါစွမ်းရည်ထက်ပင် သာလွန်နေချေပြီ။
“ငါ လေ့လာတာမဟုတ်ရင် ဘယ်သူဖြစ်နိုင်မလဲ”
ချင်မူ မှင်သက်သွားသည်။ “ဘိုးဘိုးမျက်ကန်းက တန်ခိုးရှင်သက်ဆင်းတောင်နဲ့ ကျောက်စိမ်းမြို့တော်ငယ်ဆီ သွားပြီး သူတို့ရဲ့ ဝင်္ကပါပညာတွေကို နှိုက်ထုတ်လာခဲ့တာများလား”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ကောင်းကင်နတ်သိုင်းအသစ်များက သူ့ကို အမှန်တကယ် အံ့အားသင့်စေသည်။ ယန်ကျင့်ကျင့်ကို သွားရှာရန် ထာဝရငြိမ်းချမ်းရေးအင်ပါယာမှ ထွက်လာသည့်အချိန်မှစပြီး တံငါသည်အဘိုးအို၊ တန်ခိုးရှင်သစ်ခုတ်သမားတို့နှင့် ဆုံတွေ့၍ ကောင်းကင်ယင်ကမ္ဘာထဲ ရောက်ခဲ့ပြီးနောက် ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ ပြန်ရောက်လာသည့်အချိန်အထိ လေးလခန့်သာ ကြာသေးသည်။ ထိုလေးလတည်းနှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ လမ်းစဉ်များ၊ ကျင့်စဉ်သိုင်းကွက်များ၊ ကောင်းကင်နတ်သိုင်းတို့သည် ဤအတိုင်းတာအထိ တိုးတက်လာခဲ့ချေပြီ... အမှန်တကယ် အင်အားကြီးမားလွန်း၏။
သို့သော် အင်အားကြီးမားလာမှုက နည်းနည်းမများလွန်းဘူးလော။
“ဘိုးဘိုးရွှေအနဲ့ ဘိုးဘိုးမျက်ကန်းတင် မဟုတ်ဘူး ... တန်ခိုးရှင်သစ်ခုတ်သမားလည်း ပြုပြင်ပြောင်းလဲမှုကို တွန်းနေလောက်တယ်... သူက နေရာတကာမှာ နှံ့စပ်တဲ့အပြင် တံငါသည်ဘိုးဘိုးရဲ့ စကားအရဆို တန်ခိုးရှင်သစ်ခုတ်သမားက ခိုင်ဧကရာဇ်ရဲ့ ပြုပြင်ပြောင်းလဲမှုကို တွန်းပေးခဲ့တဲ့လူပဲ” ချင်မူ တစ်ယောက်တည်း ရေရွတ်နေမိသည်။
သစ်ခုတ်သမားနှင့် ဒုက္ခိတဘိုးဘွားကျေးရွာ၏ အဘိုးအဘွားတို့ လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများကို ဝိုင်းတွန်းပေးနေခြင်းသည် ထာဝရငြိမ်းချမ်းရေးအင်ပါယာအား အချိန်တိုအတွင်း အင်အားတောင့်တင်းလာစေခဲ့၏။ ပြည်သူပြည်သားအားလုံး၏ လူနေမှုအဆင့်အတန်းများ ကြောက်ခမန်းလိလိ တိုးတက်လာပေတော့မည်။ ထို့အပြင် ကောင်းကင်နတ်သိုင်းပညာရှင်များလည်း အချိန်ကုန်သက်သာပြီး ပိုမိုနက်ရှိုင်းသော ကျင့်စဉ်များအား လေ့လာသင်ယူနိုင်တော့မည်။
သို့သော် ပြဿနာက ဆေးစွမ်းအင်ကျောက်တုံး ဖြစ်နေဆဲပင်။
နိစ္စဒူဝသုံးနိုင်မည့် ဝိညာဉ်လက်နက်များအတွက် ဆေးစွမ်းအင်ကျောက်တုံးများ သုံးစွဲပေးရမည်။ သတ္ထုတူးဖော်လျှင် ဝိညာဉ်ကျောက်တုံးများ ရနိုင်သော်လည်း ဆေးပင်စိုက်ပျိုးရန်မှာ အနည်းငယ် ခက်ခဲနေသေးသည်။
ချင်မူ မာန်ဟုန်မြစ်တက္ကသိုလ်ဝင်းထဲ ရောက်သည့်အခါ မှင်သက်သွားသည်။
များပြားလှသော လယ်များ၊ ဆေးခင်းများသည် နေရာတိုင်းတွင် ပေါက်ရောက်နေ၏။ မာန်ဟုန်မြစ်တက္ကသိုလ်နှင့် ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်၏ ကျောင်းသားများက ဆေးခင်းများအတွင်း၌ ဖန်ဆင်းကောင်းကင်နတ်သိုင်းများ ထုတ်လွှတ်နေကြလေသည်။
ကျောင်းသားတို့သည် ကမ္ဘာမြေမှုန်ဖန်ဆင်းပညာကို ထုတ်လွှတ်နေကြသော်လည်း မူလလက်ဟောင်း ကမ္ဘာမြေမှုန်ဖန်ဆင်းပညာနှင့် မတူပေ။ ချိမင်ခေတ်မှ ဖန်ဆင်းကောင်းကင်နတ်သိုင်းအငွေ့အသက်လည်း ရောယှက်ပါဝင်နေသည်။
ချင်မူ နဂါးချီလင်ကို ရပ်ခိုင်းပြီး လယ်များဆီသို့ ကြည့်လိုက်သည်။ တက္ကသိုလ်ကျောင်းသားများစွာသည် ကမ္ဘာမြေမှုန်ဖန်ဆင်းပညာကို သုံး၍ ဆေးပင်များကို လျင်မြန်စွာ ကြီးထွားလာစေ၏။ ဤနည်းဖြင့် ဆယ်နှစ်ကျော် ပျိုးယူရမည့် ဆေးပင်တို့အား နာရီပိုင်းတည်းဖြင့် ရိတ်သိမ်းကာ ဆေးစွမ်းအင် ထုတ်ယူနိုင်ကြသည်။
“ဒီဆေးပင်တွေက တော်တော်သန်တယ်... ခဏနေရင် ရိတ်လို့ ရပြီ.... ဟေ့ မူအာ”
ချင်မူ ဆေးဆရာ၏အသံ ကြားလိုက်ရ၍ အလျင်အမြန် လှည့်ကြည့်လိုက်သည်။ ဆေးဆရာသည် ဆေးခင်းများကို စစ်ဆေးကြည့်ရှုနေပြီး နားကန်းလည်း ရှိနေ၏။ သူတို့ဘေးတွင် ကောင်းကင်တံတားကို ဖြတ်၍ နတ်ဘုရားအဆင့် တက်လှမ်းသွားပြီဖြစ်သော ပထမအဆင့် အမြင့်စံအရာရှိ စုယွင်ကျစ် ရပ်နေသည်။
နန်းစိုက်မြို့တော်တွင် တွေ့ခဲ့ရတုန်းက သူမသည် အဘွားအိုအရွယ် ဖြစ်နေခဲ့သော်လည်း ယခုမူ ရင့်ကျက်တည်ငြိမ်သော အလှဖြင့် အသက်သုံးဆယ်အရွယ် အမျိုးသမီးတစ်ယောက် ဖြစ်နေသည်။ သူမ၏ အပြုအမူတိုင်း၊ လှုပ်ရှားမှုတိုင်းက ကြော့ရှင်းတင့်တယ်နေ၏။
နားကန်း၏ နားရွက်များလည်း ပြန်ပေါက်နေပြီဖြစ်သည်။ ဆေးဆရာကမူ ထုံးစံအတိုင်း ကြေးမျက်နှာဖုံးကိုသာ ဝတ်ထားမြဲပင်။
ချင်မူက ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်ကျောင်းသားများအား ကြည့်လိုက်သည်။ ဖန်ဆင်းပညာနှင့် ပတ်သက်ပြီး မာန်ဟုန်မြစ်တက္ကသိုလ်ဆီ ဝေမျှပေးရန် ဤကျောင်းသားများကို ဆေးဆရာတို့ ခေါ်လာခဲ့ခြင်းဖြစ်မည်။
ချင်မူ ပြုံးလျက် ရှေ့လျှောက်သွားသည်။ “ဘိုးဘိုးဆေးဆရာ၊ ဘိုးဘိုးရဲ့ ဖန်ဆင်းကောင်းကင်နတ်သိုင်း အခြေအနေ ဘယ်လိုရှိတုန်း... ဘာလို့မျက်နှာဖုံး ဝတ်ထားသေးတာလဲ”
ဆေးဆရာက မျက်နှာဖုံးကို ထိကာ ခေါင်းယမ်းသည်။ “ငါလည်း အိုနေပြီလေကွာ.. မျက်နှာအစစ်ကို မပြတာ အကောင်းဆုံးပဲ... မဟုတ်ရင် မလွယ်ဘူး”
သူက သက်ပြင်းချ၏။
နားကန်း လှမ်းငေါ့သည်။ “မင့်ရုပ်က သိပ်ချောတယ်ပေါ့လေ.... အပေါစားကောင်”
ဆေးဆရာက အပြုံးတစ်ခုဖြင့် ပြောသည်။ “အေး သိပ်ကို ချောတာပေါ့ကွာ”
နားကန်း မကြားချင်ယောင်ဆောင်နေသည်။
နှစ်ယောက်လုံးက အမြဲရန်တကျက်ကျက် ဖြစ်နေတတ်၍ ချင်မူ့အတွက် မထူးဆန်းတော့ပေ။ နားကန်းက ချင်မူ့ကို ကြည့်ကာ ဇဝေဇဝါ မေးသည်။ “မင်း ဘာလို့ ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်ကို မသွားဘဲ ဒီလာတာလဲ”
ချင်မူ့အကြည့် လှုပ်ခတ်သွားသည်။ “ဒီနေရာက ဖြတ်သွားတာနဲ့ နဂါးထိန်းဧကရာဇ်ကိုရော၊ ပါမောက္ခချုပ်စုကိုရော လမ်းကြုံနှုတ်ဆက်တာပါ”
စုယွင်ကျစ်က နှုတ်ခမ်းဆူကာ ပြော၏။ “ဂိုဏ်းသခင်ချင်က ငါ့မာန်ဟုန်မြစ်တက္ကသိုလ်ကို လာခဲတယ်နော်... ငါ ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်ကို ချောင်းပေါက်မတတ် သွားပြီး စာသင်ပေးခဲ့ရတာတောင် ဂိုဏ်းသခင်ချင်ကို အရိပ်အယောင်တောင် မတွေ့ဘူး”
ချင်မူ နားဝေတိမ်တောင် သမ်းဝေးပြီး ပန်းတစ်ပွင့်ကိုသာ ကြည့်နေသည်။
ဆေးဆရာနှင့် နားကန်းသည် သူ ယခုလို ပြုမူနေသည်ကို မြင်လျှင် တမုဟုတ်ချင်း နားလည်လိုက်၏။ ဆေးဆရာက ပြုံးရယ်ကာ ပြောလိုက်သည်။ "အရာရှိစု၊ ကျုပ် နည်းနည်းပင်ပန်းနေလို့ သွားလိုက်ဦးမယ်... နှစ်နာရီလောက် စောင့်ပြီးရင် ကျောင်းသားတွေကို ဆေးပင်ရိတ်ခိုင်းလို့ရပြီ... အစေ့တချို့တော့ ချန်ထားဖို့ မမေ့နဲ့နော်”
စုယွင်ကျစ်က ခေါင်းညိတ်သည်။
ဆေးဆရာနှင့် နားကန်းက ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်ဆီ လှည့်ပြန်သွားကြ၍ ချင်မူလည်း နောက်မှ အလျင်အမြန် လိုက်သွားသည်။ နားကန်းက ပြောလေသည်။ “မင့်ပုံစံ ကြည့်ရတာ ဒီတစ်ခေါက် အခြေအနေမကောင်းတဲ့ပုံပဲ.. ပြော ၊ ဘာဖြစ်နေတာလဲ”
“လော့ယွင်ချွီက သေခြင်းရှင်ခြင်းစာအုပ်နဲ့ လီကျိုးပြည်နယ်မှာ ရှိတဲ့ သက်ရှိမှန်သမျှ သတ်ပစ်တော့မယ်ထင်တယ်” ချင်မူ ပြောလိုက်သည်။
“ဘာ”
ဆေးဆရာနှင့် နားကန်းနှစ်ယောက်သား အလန့်တကြား ထအော်၍ ချင်မူ ကပျာကယာ တားလိုက်ရ၏။ “တိုးတိုး ရန်သူတွေ သိသွားမယ်”
ဆေးဆရာမှာ ငြိမ်ငြိမ်မနေနိုင်တော့ဘဲ ခပ်သွက်သွက် လျှောက်နေသည်။ “မြန်မြန် အဖိုးတန်ပစ္စည်းတွေ သိမ်းပြီး ဒီနေရာကနေ ထွက်သွားကြစို့... ပါ့ကျိုးဆီ သွားကြမယ်... မဟုတ်သေးဘူး ဒုက္ခိတဘိုးဘွားကျေးရွာဆီ ပြန်မယ်... ပါ့ကျိုးကလည်း မလုံခြုံဘူး”
ချင်မူ သူ့လက်ကို လှမ်းဆွဲလိုက်၍ ဆေးဆရာက ရုန်းသော်လည်း မရပေ။ သူသည် လောလောဆယ်တွင် သေခြင်းရှင်ခြင်းအဆင့်ဖြစ်သော်လည်း သိုင်းအခြေခံ မခိုင်မာသောကြောင့် သူ၏ရုပ်ခန္ဓာက ချင်မူ့အောက် နိမ့်ကျနေ၏။
“ဘိုးဘိုးဆေးဆရာ၊ ဒီမှာ ကြိုက်သလောက် နေလို့ရပါတယ်”
ချင်မူက အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “လော့ယွင်ချွီ ကိုယ်တိုင် ရောက်မလာသရွေ့ ကျွန်တော် သေခြင်းရှင်ခြင်းစာအုပ်ကို ရင်ဆိုင်နိုင်တယ်”
“မင်း ဘယ်လိုရင်ဆိုင်မှာတုန်း”
“ဘိုးဘိုးတို့ သေသွားရင် ကျွန်တော် အသက်ပြန်သွင်းပေးလိုက်မှာပေါ့”
ချင်မူက အပြုံးတစ်ခုဖြင့် ပြောလေသည်။ “မပူနဲ့ ရုပ်ခန္ဓာတွေ မပုပ်သေးသရွေ့ ဘိုးဘိုးတို့ဝိညာဉ်တွေကို ပြန်ဆင့်ခေါ်ဖို့ မခက်ပါဘူး”
ဆေးဆရာ အတန်ကြာ တွန့်ဆုန်သွားပြီး နားကန်းဆီသို့ ကြည့်သည်။ နားကန်းက ပြောသည်။ “ဝိညာဉ်ပြန်ခေါ်တော့ရော ဘာထူးမှာတုန်း... မင်း လော့ယွင်ချွီတို့ကို အနိုင်ယူနိုင်လို့လား”
“မနိုင်ဘူး”
ချင်မူ ခေါင်းယမ်းကာ ပြောလိုက်သည်။ “ထိုက်ဧကရာဇ်ကောင်းကင်ဘုံ အဖျက်စီးမခံရခင် လော့ယွင်ချွီတို့တွေ ပထမဘိုးဘေးကြီးနဲ့ တွေ့ခဲ့ဖူးတယ်... သူတို့လေးယောက်လုံး စွမ်းအင်အကူးအပြောင်းတံတားဆီ သွားခဲ့တုန်းက ပထမဘိုးဘေးကြီး သူတို့ကို မတိုက်ခိုက်ခဲ့ဘူး... သူ့ပုံစံကြည့်ရတာ သူတို့ကို သတိထားနေခဲ့တာ ထင်ရှားတယ်... တစ်ဖက်မှာ လော့ယွင်ချွီတို့လည်း ပထမဘိုးဘေးကြီးကို တန်းမတိုက်ခိုက်ရဲကြဘူး... ဒါကြောင့် ပထမဘိုးဘေးကြီးရဲ့ အစွမ်းအစတွေက သူတို့ထက် ပိုအားကောင်းလိမ့်မယ်... သူတို့ဆရာတူညီအစ်ကိုသုံးယောက်ရဲ့ သိုင်းအဆင့်က နတ်ဘုရားစီရင်ရာအဆင့် နဲ့ ကျောက်စိမ်းရေကန်အဆင့် ကြားမှာ ဖြစ်လောက်တယ်”
ဆေးဆရာက မေးသည်။ “သူတို့က ဖုရွေ့လော်ထက်တောင် ပိုသန်မာအားကောင်းတာလား”
ချင်မူ ခေါင်းညိတ်လိုက်၏။ “ဖုရွေ့လော်ထက် အများကြီး သန်မာအားကောင်းကြတယ်.... ဖုရွေ့လော်က ကျောက်စိမ်းရေကန်အဆင့် ဆိုပေမယ့် သူ့အစွမ်းအစတွေက နိမ့်ကျတယ်... သူတို့က မင်တုမဟူရာနတ်မင်းရဲ့ တပည့်တွေမဟုတ်လား... သူတို့ကျင့်ထားတာ ဧကရာဇ်ပလ္လင်အဆင့်ကျင့်စဉ်ပဲ”
ဆေးဆရာ စိတ်ပြန်ထိန်းကာ ပြောလိုက်သည်။ “ငါတို့က သူတို့ရဲ့ ခြေဖျားတောင် မှီတာမဟုတ်ဘူးလေ.... ဒီတော့ မဟာမြို့ပျက်ကို ပြန်တာပဲ မကောင်းဘူးလား... ဒီကလူတွေကို မကယ်တင်နိုင်ပေမယ့် ငါတို့ကိုယ်ငါတို့တော့ ကယ်တင်နိုင်ပါသေးတယ်”
ချင်မူ ပြုံးလိုက်သည်။ “ဒါပေမဲ့ သမားတော်တစ်ယောက်ဆိုတာ လူနာကို ကိုယ့်ကလေးလို၊ ကိုယ့်မိဘလို့ ဆက်ဆံရမယ်၊ လူ့အသက်ဟာ ကောင်းကင်ဘုံထက် အဖိုးတန်တယ်လို့ ဘိုးဘိုးဆေးဆရာ ကျွန်တော့်ကို ငယ်ငယ်ကတည်းက သင်ပေးခဲ့တယ်လေ.. ကျွန်တော်တို့က လူ့အသက်တွေကို ကယ်တင်ဖို့ ဆေးပညာသင်ခဲ့တာ မဟုတ်လား... ဘိုးဘိုးဆေးဆရာက ကိုယ့်ရဲ့ရည်ရွယ်ချက်ကို ဆန့်ကျင်ချင်နေတာလား”
ဆေးဆရာ ဒေါသများဖြင့် ပြုံးလိုက်၏။ “အခုတော့ ငါ့ကို ပြန်သင်နေပြီလေ... ငါ မင်းကို နောက်တစ်ခွန်း ထပ်သင်ပေးမယ်... ဆေးပညာသင်တာက ထာဝရငြိမ်းချမ်းရေးအင်ပါယာကို မကယ်တင်နိုင်ဘူးကွ... နားကန်း၊ မင်းရဲ့ အစွမ်းအစတွေက ငါ့ထက် မြင့်တယ်... သူ့ကို ပန်းချီကားထဲ ထည့်လိုက်စမ်းကွာ၊ ငါတို့ ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်ဆီ ပြန်ကြမယ်... အဘွားကြီးစစ်နဲ့ ကျန်တဲ့သူတွေကို သွားခေါ်ရမယ်”
နားကန်းက သူ့နားရွက်သူ အုပ်လိုက်သည်။ “မကြားဘူး... ငါက နားကန်း”
ဆေးဆရာမှာ ဒေါသထွက်လွန်း၍ ပေါက်ကွဲတော့မည့်အချိန် နားကန်းက ပြောလိုက်သည်။ “မူအာ ဒီရောက်နေပြီပဲ.... သူ့မှာ အစီအစဉ်တော့ ရှိမှာပါ... သူ့စကားနားထောင်ပြီးမှ ဆုံးဖြတ်ပါ့လား”
ဆေးဆရာ ဒေါသများကို မြိုသိပ်လိုက်သည်။ “အသက်ရှင်နိုင်မယ့် အခွင့်အရေးမရှိရင် ငါတို့ ချက်ချင်း ပြန်မယ်... မင်းကို အဆိပ်နဲ့ မေ့အောင် လုပ်ပြီး ဒုက္ခိတဘိုးဘွားကျေးရွာဆီ ပြန်ခေါ်သွားမယ်”
ချင်မူက အပြုံးတစ်ခုဖြင့် ပြောလိုက်၏။ “ကျွန်တော်တို့က လော့ယွင်ချွီတို့ရဲ့ ပြိုင်ဘက်မဟုတ်ပေမယ့် တခြားလူတွေ ရှိပါသေးတယ်... ကျွန်တော့်အထင် မမှားရင် ပထမဘိုးဘေးကြီး၊ ဖုရွေ့လော်၊ တံငါသည်ဘိုးဘိုးတို့လည်း လီကျိုးကို ရောက်နေပြီး လော့ယွင်ချွီတို့ ပေါ်လာမှာ စောင့်နေလောက်ပြီ”
သူက တည်ငြိမ်အေးဆေးစွာ ပြောလိုက်သည်။ “လီကျိုးက သူတို့ပစ်မှတ်ဆိုတာ ကျွန်တော်တောင် ခန့်မှန်းနိုင်ရင် သူတို့လည်း ခန့်မှန်းမိမှာပဲ”
ဆေးဆရာ လေကို ရှိုက်သွင်းကာ ခပ်တိုးတိုး ရေရွတ်မိသည်။ “ခန့်မှန်းနိုင်ရင်လည်း ဘာလို့ လီကျိုးက လူတွေကို မရွှေ့သေးတာလဲ... လီကျိုးက လူတွေကို ဘာကြောင့် အသေခိုင်းနေတာလဲ”
“လော့ယွင်ချွီကို ရှာမတွေ့လို့ပေါ့... ဒါကြောင့် လီကျိုးက လူတွေကို အသေခံခိုင်းရုံအပြင် ရွေးစရာမရှိတာ”
ချင်မူ ဆက်ပြောလိုက်သည်။ “ဒါ့အပြင် ကျွန်တော် ဝိညာဉ်လမ်းညွှန်အစီအရင် ဖြန့်ဝေပေးထားတော့ ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ဝိညာဉ်လမ်းညွှန်အစီအရင် ကျွမ်းကျင်တဲ့ ကောင်းကင်နတ်သိုင်းပညာရှင်တွေ အများကြီး ရှိနေပြီ...ဝိညာဉ်လမ်းညွှန်နဲ့ဆို သေခြင်းရှင်ခြင်းစာအုပ်ကြောင့် သေဆုံးသွားတဲ့ လူတွေကို ပြန်ခေါ်နိုင်တယ်... ဒါ့ကြောင့် စွန့်စားရတာ တန်ပါတယ်”
နားကန်းက မေးသည်။ “သူတို့ပစ်မှတ်က လီကျိုးမဟုတ်ရင် ဘယ်နှယ့်လုပ်မလဲ... နန်းစိုက်မြို့တော် ဖြစ်နေရင်ရော”
“ကျွန်တော် ဒီမှာ ရှိနေတယ်လေ... သူတို့ ရောက်လာလိမ့်မယ်”
ချင်မူက ရှင်းပြလိုက်သည်။ “ကျွန်တော်က သူတို့ကို ဆွဲဆောင်ပေးမယ့် တည်ကြက်ပဲ.... လော့ယွင်ချွီနဲ့ ကျန်တဲ့လူတွေ တခြားပစ်မှတ်တွေကို လက်လျှော့ပြီး လီကျိုးအပေါ် အာရုံစိုက်လာအောင် ကျွန်တော် လုပ်မယ်... ယုကျစ်ပြည်နယ်မှာ လူသန်းပေါင်းများစွာ သေသွားပြီးပြီ... မနေ့ညက သေခြင်းရှင်ခြင်းစာအုပ်က သူတို့အသက်ကို ယူသွားတာ... ကျွန်တော် ဝိညာဉ်လမ်းညွှန်အစီအရင် ကျွမ်းကျင်တဲ့လူတိုင်းကို ယုကျစ်ပြည်နယ်ဆီ သွားပြီး အသက်ကယ်ခိုင်းထားတယ်... ဒီနေ့ညတော့ သူတို့ လီကျိုးကို ထိလိမ့်မယ်”
ဆေးဆရာ မေးလိုက်၏။ “ဒါဆို မင်း လီကျိုးမှာ ရောက်နေမှန်း သူတို့ ဘယ်လိုသိမှာလဲ”
“သူတို့မှာ သေခြင်းရှင်ခြင်းစာအုပ် ရှိမှတော့ ကျွန်တော် ဘယ်ရောက်နေလဲ သိတာပေါ့.. သေခြင်းရှင်ခြင်းစာအုပ်ကို ဖြန့်ကျက်လိုက်ရင် အားလုံးရဲ့ နာမည်တွေ ပေါ်လာတယ်လေ... ဒီနေ့ည၊ ကျွန်တော် အစီအရင်ထုတ်လွှတ်ဖို့ ခပ်မြင့်မြင့် တစ်နေရာ လိုအပ်တယ်... အဲဒါမှ သူတို့ ဒီကလူတွေကို အသက်နှုတ်လိုက်တာနဲ့ ကျွန်တော် ပြန်အသက်သွင်းပေးနိုင်မှာ”
နားကန်းက အလျင်အမြန် ဝင်ပြောသည်။ “မာန်ဟုန်မြစ်တက္ကသိုလ်မှာ နက္ခတ်ကြည့်မျှော်စင်တစ်ခု ရှိတယ်... နေရာအနေအထားကလည်း မြင့်တယ်... မျှော်စင်အပေါ်ကနေ မင်း လီကျိုမြို့တစ်မြိုလုံး မြင်ရလိမ့်မယ်”
ချင်မူ လက်ခုပ်တီးကာ ပြောလိုက်၏။ “ကောင်းတယ်... ကျွန်တော် အဲဒီမှာ နေရာယူထားမယ်”
ထိုနေ့ညတွင် ချင်မူ နဂါးချီလင်နှင့်အတူ နက္ခတ်ကြည့်မျှော်စင်ထက်၌ နေရာသွားယူသည်။ ဆေးဆရာနှင့် နားကန်းကလည်း ဘေးတွင် ရပ်ကာ ကောင်းကင်ထက်သို့ ရင်တထိတ်ထိတ်ဖြင့် ကြည့်နေကြ၏။ လမင်းကြီးက ပြည့်ဝန်းဝိုင်းစက်နေသည်။
မျှော်စင်၏ ထောင့်လေးထောင့်တွင် နဂါးစိမ်း၊ ကျားဖြူ၊ မီးငှက်နှင့် လိပ်နက်ဆိုသည့် နတ်သားရဲလေးကောင် ရုပ်တုများ ရှိကြသည်။ သူတို့သည် အရှေ့၊ အနောက်၊ တောင်နှင့် မြောက် ကောင်းကင်နန်းဆောင်တစ်ခုဆီကို ကိုယ်စားပြု၏။ အလယ်တွင်မူ နက္ခတ်ကြယ်တာရာများနှင့် ဂြိုဟ်များ၏ လမ်းကြောင်းပြကိရိယာ ကမ္ဘာစက်လုံးတစ်လုံး ရှိနေသည်။
ချင်မူ မီးအိမ်များကို ထွန်းလိုက်ပြီး ကမ္ဘာစက်လုံးအပေါ် တက်ရပ်ကာ တိတ်ဆိတ်စွာ စောင့်နေသည်။
လမင်းကြီးသည် ကောင်းကင်ယံသို့ တရွေ့ရွေ့ တက်လာကာ အေးမြသော လရောင်ခြည်တို့အား ဖြန့်ကျက်နေ၏။ ညကား တိတ်ဆိတ်နေသည်။ မာန်ဟုန်မြစ်တက္ကသိုလ်မှလည်း အသံမထွက်တော့ပေ။ ပင်လယ်ကမ်းစပ်သို့ တဝုန်းဝုန်း ရိုက်ခတ်နေသော ရေလှိုင်းပုတ်သံများနှင့် ရေစီးသံများသာ ကြားရသည်။
တစ်ချက်တစ်ချက် ခပ်စိမ့်စိမ့် လေအေးတစ်ချက်က တိုက်ခတ်လာတတ်၏။
ချင်မူ ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်အသွင် ထုတ်ဖော်ထားပြီး ပတ်ဝန်းကျင်ကို ကြည့်နေသည်။ လရောင်သည် ရေပြင်၊ မြေပြင်၊ တောင်တန်းကုန်းမြင့်များထက်သို့ ဖြာကျလျက်ရှိ၏။ လေက သစ်ပင်များကို တိုးဝှေ့ရင်း ပန်းရနံ့တို့ သယ်ဆောင်လာသည်။ ငြိမ်သက်နေသော တောင်တန်းကြီးမှာ သားရိုင်းကြီးတစ်ကောင် ဝပ်စင်းအိပ်ပျော်နေသယောင် ထင်ရသည်။
ချင်မူ အတန်ကြာ စောင့်နေသော်လည်း လမင်းကြီး ခေါင်းပေါ်မှ ကျော်သွားသည့်အချိန်တွင်ပင် သေခြင်းရှင်ခြင်းစာအုပ် ပျံသန်းလာသည်ကို မတွေ့ရပေ။
“သူတို့ မလာတော့တာလား.... မဖြစ်နိုင်ဘူး... ဖက်တီးနဂါး၊ ဖက်တီးနဂါး”
အော်ခေါ်နေသည့်တိုင် ဖက်တီးနဂါးက တုပ်တုပ်မလှုပ်ပေ။ ချင်မူ ဆေးဆရာနှင့် နားကန်းဆီသို့ လှမ်းကြည့်လိုက်သည်။ နားကန်းက တင်ပျဉ်ဖွဲ့ထိုင်လျက် သူ့ကို စိုက်ကြည့်နေသည်။ ဆေးဆရာကမူ နဂါးစိမ်းရုပ်တုဘေး၌ ထိုင်နေပြီး သူ့မျက်နှာမှာ မှောင်ရိပ်ထဲ ကျနေ၏။
ချင်မူ ကမ္ဘာစက်လုံးအပေါ်မှ ခုန်ဆင်းကာ သူတို့ အသက်ရှူနေသေးရဲ့လား သွားကြည့်လိုက်သည်။ သူ အကြီးအကျယ် တုန်လှုပ်သွား၏။
ဆေးဆရာနှင့် နားကန်းတို့တွင် ရုပ်ခန္ဓာများသာ ကျန်တော့ချေသည်။ ဝိညာဉ်များကား ပျောက်ချင်းမလှ ပျောက်သွားပြီဖြစ်သည်။
သူ နဂါးချီလင်ဆီ ကပျာကယာ ပျံသန်းသွားပြီး နဂါးချီလင်၏ ဝိညာဉ်လည်း မရှိတော့ပေ။
ချင်မူ ခန္ဓာကိုယ်ထဲရှိ သွေးများ အေးခဲတောင့်တင်းသွားသလို ခံစားလိုက်ရသည်။ သူက နက္ခတ်ကြည့်မျှော်စင်ပေါ်မှ အလျင်အမြန် ပြေးဆင်းပြီး မာန်ဟုန်မြစ်တက္ကသိုလ်ထဲ ဝင်လိုက်သည်။ မှတ်တမ်းဆောင်ထဲ၌ မီးအိမ်များ လင်းနေဆဲ ဖြစ်ပြီး ကျောင်းသားများက ကောင်းကင်နတ်သိုင်းများ၊ ကျင့်စဉ်များ ရှာဖွေဖတ်ရှုနေကြသည်။ သို့သော် အားလုံး နေရာတွင် ရပ်နေကြကာ မလှုပ်တော့ပေ။
သူ စင်္ကြံလမ်းများတစ်လျှောက် ပြေးလွှားကြည့်သည့်အခါ ယခုထက်ထိ မအိပ်သေးသော ကျောင်းသားလေးများကိုပင် မြင်တွေ့ရသည်။ မိန်းကလေးတချို့က ချစ်သူ၏ ရင်ခွင်ထဲ၌ ရှိနေကြပြီး တစ်ယောက်နှင့်တစ်ယောက် တီတီတာတာ ပြောနေကြပုံပေါ်သည်။ သို့သော် သူတို့ခန္ဓာကိုယ်များမှာ ဝိညာဉ်မရှိသော အခွံများသာ ဖြစ်နေ၏။
ချင်မူ စုယွင်ကျစ်၏အဆောင်ဆီ ရောက်လာပြီး သူမက တရားထိုင်နေသည်။ သို့သော် သူမ၏မူလဝိညာဉ်လည်း မရှိတော့ပေ။
“မဖြစ်နိုင်ဘူး... မဖြစ်နိုင်ဘူး... ငါမသိအောင် သူတို့ သေခြင်းရှင်ခြင်းစာအုပ်ကို အသက်မသွင်းနိုင်ဘူး... နဂါးထိန်းဧကရာဇ်”
ချင်မူ ကျယ်လောင်စွာ အော်ခေါ်လိုက်သည်။ “နဂါးထိန်းဧကရာဇ် ဘယ်မှာလဲ”
မြစ်ရေသည် တသွင်သွင် စီးဆင်းနေသော်လည်း ထူးသံ ထွက်မလာပေ။ မြစ်ရေထဲတွင် နဂါးကြီးနှစ်ကောင် ပေါလောပေါ်နေ၏။ သူတို့၏ဦးချိုများက ဆည်နှင့် ငြိနေပြီး ရေစီးကြောင်းမှ ပုတ်ခတ်နေသည့် လှိုင်းလုံးများကြောင့် သူတို့၏ခန္ဓာကိုယ်များ လှုပ်နေကြလေသည်။
နှစ်တစ်ရာတောင်ပေါ်တွင် နတ်ဘုရားပိုင်ရှီသည် ကျောက်ရုပ်တု ပြန်ဖြစ်သွားသကဲ့သို့ အုတ်ဂူတစ်ဂူအပေါ်၌ မလှုပ်မယှက် ရပ်နေ၏။
လီကျိုးတစ်မြို့လုံး၊ စီရင်စုအားလုံး သုဿန်တစပြင်ပမာ တိတ်ဆိတ်နေသည်။
“သူတို့ ဘယ်လိုလုပ်ခဲ့တာလဲ... သဲလွန်စတောင် မကျန်ခဲ့ဘူး”
ချင်မူမှာ ဟိုသည်ပြေးလွှားရင်း ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်နေသည်။ သူ့နဖူးမှ ချွေးများ စီးကျနေ၏။
ရုတ်တရက် သူက ရပ်လိုက်ပြီး ကောင်းကင်ယံရှိ လမင်းကြီးဆီသို့ မော့ကြည့်လိုက်သည်။
လမင်းကြီးသည် ပြည့်ဝန်းဝိုင်းစက်နေ၏။
“ဒီနေ့က လဆန်းတစ်ရက်နေ့ပဲ ရှိသေးတာ မဟုတ်လား ... ဘာလို့ လပြည့်နေတာလဲ”
ချင်မူ တုန်ရီသွားပြီး အော်ဟစ်လိုက်သည်။ “သူတို့ လပေါ်မှာ ပုန်းနေကြတာပဲ ... ဆရာသစ်ခုတ်သမား၊ ပထမဘိုးဘေးကြီး... ကျွန်တော်ပြောတာ ကြားလား”
ဘုန်း
တိမ်တိုက်ထဲမှ လူတစ်ယောက် ကျဆင်းလာပြီး ချင်မူ့ဆီမှ မလှမ်းမဝေးတွင် ပြုတ်ကျသွားသည်။ ချင်မူ ထိုလူ့အား ကြည့်လိုက်သည့်အခါ ပုဆိန်တစ်လက် ကိုင်ထားကြောင်း မြင်လိုက်ရ၏။ သူ့မျက်နှာမှာတော့ ဖုန်ထဲ နစ်နေချေသည်။
ချင်မူ၏မျက်ဝန်းထောင့်စွန်းများ တွန့်သွားသည်။ ထိုစဉ် ကောင်းကင်ယံမှ ပြုတ်ကျလာသော နောက်တစ်ယောက်ကို မြင်လိုက်ရ၏။ ပထမလူသားဧကရာဇ်သည် မာန်ဟုန်မြစ်တက္ကသိုလ်၏ နန်းဆောင်ထဲ ထိုးဖောက်ကျရောက်သွားချေပြီ။ ထို့နောက် ဖုရွေ့လော်၊ ချိရှီ၊ ကောင်းကင်ဆရာသခင် တံငါသည်နှင့် ကျန်ရှိသူများလည်း တိမ်တိုက်များအတွင်းမှ ပြုတ်ကျလာကြသည်။
ချင်မူ မာန်သွင်းအော်ဟစ်လိုက်ပြီး သူ့အနောက်၌ ကောင်းကင်အလိုတော်မုခ်ဝ ပွင့်လာသည်။
ထိုအခိုက်အတန့်တွင် တောက်ပနေသော လပြည့်ဝန်းဆီမှ လူရိပ်သုံးခု ဆင်းသက်လာသည်။
၎
င
၎
၎