← Chapters

နောက်တစ်ဆင့်ကို မြည်းစမ်းခြင်း

Vol. 73 Ch. 1009

နောက်တစ်ဆင့်ကို မြည်းစမ်းခြင်း

Vol. 73 Ch. 1009

ဝှစ်

တစ်ဖက်လူ၏ နည်းစနစ်အပေါ် နားလည်ထားမှုဖြင့် ဝမ်ဝေ့အတွက် ပုဆိန်၏ ခိုးကြောင်ခိုးဝှက် တိုက်ကွက်ကို ရှောင်ရှားဖို့ရာအတွက် လွယ်ကူလှသည်။ သို့သော် ကိစ္စများက သူ ထင်ထားသလို မရိုးရှင်းလှပေ။ ဒုတိယ ပုဆိန်က တစ်နေရာမှ ထွက်ပေါ်လာပြီး သူ့ခေါင်းကို ချိန်ရွယ်ထား၏။

သူ့ အန္တရာယ်ခံစားနှုန်းက အသိဝင်လာကာ ထိုတိုက်ကွက်သာ အောင်မြင်သွားပါက သူသည် အစစ်အမှန် သေဆုံးသွားနိုင်ကြောင်း ချက်ချင်းသိလိုက်သည်။

ဝှစ်

ဒုတိယပုဆိန်က သူ့ခေါင်းအထက် ရောက်ရှိလာကာ ခန္ဓာကိုယ်က တစ်စိတ်တစ်ပိုင်း ပျောက်ဆုံးသွားခဲ့သည်။ သူက ခန္ဓာကိုယ်ကို အကြွင်းမဲ့ထိန်းချုပ်ကာ အက်တမ်များအဖြစ် ပြန့်ကျဲကာ သူတို့ရှိသင့်သည့်အနေအထားသို့ ပြန်လည်ပြောင်းလိုက်ခြင်း မဟုတ်ပေ။

ပြောရလျှင် ထိုအပြုအမူက သေဆုံးမှုကို ဖြစ်စေနိုင်ကြောင်း သိထားလေ၏။ ထိုအရာတွင် ဒြပ်ထုကို လျစ်လျူရှုပြီး သူ့ဝိညာဉ်ကို တိုက်ရိုက်ပစ်မှတ်ထားနိုင်သည့် စွမ်းရည် ပါဝင်နေသည်။ ထို့ကြောင့် နောက်ဆုံးသော အခိုက်အတန့်တွင် သူက ဦးခေါင်းကို ကိုယ်ထည်မဲ့ အခြေအနေတွင် အသုံးပြုခဲ့သည့် အရာကို အဆင့်မြင့်ပုံစံအဖြစ် ဗလာအနေအထားသို့ ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။

အတော်လေး နီးကပ်သွားတယ်…

ဝမ်ဝေ့က တွေးလိုက်မိသည်။

ဝမ်ဝေ့က သေခြင်းတရားနဲ့ ကခုန်နေတဲ့ ရင်ဖိုမှုကို လွဲချော်လိုက်ရပြီ…

သူက ပျောက်ဆုံးသွားသည့် ပုဆိန်ကို ကြည့်နေရင်း ဒုတိယပုဆိန် မည်သို့ ရောက်ရှိလာကြောင်း နားလည်လိုက်၏။ တစ်ခုက သေခြင်း ဖြစ်ကာ တစ်ခုက ရှင်သန်ခြင်း ဖြစ်၏။

ဒါက မရိုးရှင်းလောက်ဘူး…

သူက ထိုအတွေးကို တွေးမိသည်နှင့် မှန်ကန်နေကြောင်း သက်သေပြလာခဲ့သည်။ ပုဆိန်နှစ်ခုကို သူ့ကို တိုက်ခိုက်လာစဉ် သူက ရှောင်ရှားလိုက်သည်။ သို့သော်လည်း ထိုစဉ် တတိယမြောက် ပုဆိန် ပေါ်ထွက်လာ၏။ သူက ထိုအရာကို ရှောင်ရှားလိုက်သော်လည်း စတုတ္ထမြောက် ပုဆိန်က တစ်နေရာမှ ထွက်ပေါ်လာပြန်သည်။

ငါ မှန်နေတာပဲ။ သေခြင်းနဲ့ ရှင်ခြင်းအပြင် အကောင်း၊ အဆိုး ပုဆိန်လည်း ရှိနေတယ်…

ကံကြေးမုံ

ဝမ်ဝေ့က ဆိုရှယ်မီဒီယာပေါ်တွင် “ကံဆိုတာ ပြုခဲ့သမျှ ကိုယ့်ဆီ ပြန်လာမယ်” ဟူသော စကားကို ဖတ်ရှုခဲ့ဖူးသည်။ ထိုအကြောင်းကို တင်သည့်သူများက ကံသည် အပြုအမူတိုင်းအတွက် ပြန်လည်ပေးဆပ်ရုံသာမကဘဲ ကိုယ်ပိုင်ဆုံးဖြတ်ချက်နှင့် ရွေးချယ်မှုများကိုလည်း ရောင်ပြန်ဟပ်နိုင်ကြောင်း ဖော်ပြထားသည်။ ပြောရလျှင် အပြုအမူတိုင်းတွင် တူညီကာ ဆန့်ကျင်သည့် အကျိုးဆက် ရှိတတ်ကြသည်။

ဝမ်ဝေ့က ထိုအတွေးကို စိတ်ထဲမှာ ထားကာ ဤနည်းစနစ်ကို ဖန်တီးခဲ့ခြင်း ဖြစ်၏။ ထင်ထားသည့်အတိုင်း အဆိုးပုဆိန်က သူ့အပေါ် ကျရောက်လာသည်နှင့် ပိုင်ရှင်ထံ ချက်ချင်း ပြန်ကန်ထွက်သွားသည်။

လူအိုကြီးငရဲက ကိုယ်ပိုင်လက်နက်ကို မထိန်းချုပ်နိုင်တော့ကြောင်း တွေ့ရှိလိုက်ရ၏။

ထို့ကြောင့် သူက ရွေးချယ်စရာ မရှိဘဲ သူ့ကိုယ်သူ ခုခံလိုက်ရသည်။

သူ့ခန္ဓာကိုယ်ဝန်းကျင်တွင် အနက်ရောင် ချပ်ဝတ်တစ်ခု ပေါ်ထွက်လာခဲ့၏။

ဝုန်း

ပုဆိန်က သူ့ကို လွင့်စင်ထွက်သွားစေသော်လည်း သူက အကောင်းအတိုင်း ရပ်လျက် ရှိနေသေးသည်။

နောက်ထပ် ကောင်းကင်ဘုံအဆင့် လက်နက်လား…

ဝမ်ဝေ့က ဆွံ့အမိသွားသည်။ သူက လူအိုကြီးငရဲသည် မြေခွေးအိုကြီးဖြစ်ကာ ချပ်ဝတ်က နည်းစနစ်ကဲ့သို့ သူ့ခန္ဓာတွင် ပေါ်ထွက်လာကြောင်း သိလိုက်သည်။ သူက လက်နက်ပိုင်းတွင် အရေးနိမ့်နေမှန်း သိပြီးသည့်နောက်တွင် အပြင်းအထန် တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်၏။

အစွဲအလမ်း ကင်းလွတ်မှု

သူက လူအိုကြီးငရဲ၏ စိတ်ကို ပစ်မှတ်ထားသည့် နည်းစနစ်ကို အသုံးပြုလိုက်သည်။ ထို့နောက် ချက်ချင်းဆိုသလို ရှေးဟောင်းကောင်းကင်ဘုံအဆင့် ကျင့်ကြံသူက သံသရာအပေါ် သူ့စွဲလမ်းမှုသည် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားကြောင်း ခံစားမိလိုက်၏။ သူက ထိုအတွေ့အကြုံတွင် လွတ်လပ်သွားသည်ကို ခံစားမိပြီး သာယာစွာ ညည်းညူလိုက်မိသည်။

အောင်မြင်မှု မရှိသလောက် နည်းပါးသည့် အချိန်ကို ဖြတ်ကျော်လိုက်ပြီးသည့်နောက်တွင် သူ့ဘဝကြီးက ဤအသုံးမဝင်သည့် စွဲလမ်းမှုမျိုးကို စွန့်ပစ်လိုက်ပါက မည်မျှပင် ကောင်းမွန်သွားမလဲဟု သဘောပေါက်သွားခဲ့သည်။

“မဖြစ်ဘူး” သူ့အသံက အားကောင်းလွန်း၍ တချို့က လေဟာနယ်တိုက်ပွဲကွင်းပြင်မှ ပဲ့တင်ထွက်သွားသည်။

ဒီလိုမျိုးအားကောင်းတဲ့ စွဲလမ်းမှုမျိုးပဲ…

ဝမ်ဝေ့က သုံးသပ်လိုက်၏။ သူက အကြွင်းမဲ့လွတ်လပ်ခွင့်အပေါ် စွဲလမ်းမှုသည် နက်ရှိုင်းကြောင်း ထင်ထားသော်လည်း လူအိုကြီးငရဲက သူ့ထက် ပိုမိုများကြောင်း ဝန်ခံရပေမည်။

“ငါ့စိတ်ကို ဝင်ပြီးတော့ နှောင့်ယှက်ရဲတယ်လား”

ဝမ်ဝေ့က သူ့ကို လျစ်လျူရှုကာ လက်ညှိုးဖြင့် ထိုးလိုက်သည်။

လုပ်ပိုင်ခွင့်ပိတ်ပင်ခြင်း

လူအိုကြီးငရဲ၏ ခေါင်းအထက်မှ မီးတောက်များသည် ပျောက်ကွယ်သွားပြီး နဂိုလူသားသွင်ပြင် ပြန်လည်ပြောင်းလဲသွားသည်။ သူ့အပေါ်ရှိ ချပ်ဝတ်က တစ်ခုခု ပျောက်ဆုံးသွားသလိုမျိုး ချက်ချင်းဆိုသလို မှေးမှိန်သွား၏။

“သံသရာစွမ်းအား” လူအိုကြီးငရဲက အံ့ဩတကြီး ပြောလိုက်သည်။ သူက ထိုသူသည် ယမမင်းနှင့် တူသည့် စွမ်းအားကို အသုံးပြုခဲ့ကြောင်း ပြောနိုင်လေ၏။ ထိုအပြုအမူက တာအို၏ တိုက်ရိုက်အသုံးပြုမှုတစ်ခု မဟုတ်ဘဲ စွမ်းအားက အရင်းအမြစ်ဆီမှ တိုက်ရိုက်ရောက်ရှိလာခြင်း ဖြစ်သည်။

“မင်းက ဒီနည်းစနစ်ကို ဘယ်လို သုံးနိုင်တာလဲ”

“တိထျန်း သုံးတာကို တွေ့ဖူးတော့ နည်းနည်းလောက်လေး လေ့လာပြီး ပုံတူပွားလိုက်တာ လွယ်တယ်လေ”

လူအိုကြီးငရဲ၏ မျက်နှာက ကလေးဖင်ထက်ပင် နီရဲလာသည်။

“ဘာလဲ။ ဒေါသထွက်နေတာလား။ မနာလိုဖြစ်နေတာလား။ ဒါမှမဟုတ် မျက်နှာပူနေတာလား” ဝမ်ဝေ့က လှောင်ပြောင်လိုက်၏။

“ခင်ဗျားရဲ့ အသက်အရွယ်နဲ့ဆိုရင် ကံကြမ္မာက မမျှတပဲနဲ့ ဘယ်သူကမှ တူညီစွာ မွေးဖွားလာတာ မဟုတ်ဘူးဆိုတာကို လက်ခံထားလောက်ရောပေါ့။ ခင်ဗျားက ခင်ဗျားဆီမှာ ရှိနေတဲ့ ကတ်တွေကို အသုံးမချနိုင်မှာတော့ ဒီလိုမျိုးအသုံးမဝင်တဲ့ စိတ်ခံစားချက်တွေရှိနေလို့ အလကားပဲ။”

“မင်းရဲ့ ရိုင်းပျမှုအတွက် ပြန်လည်ပေးဆပ်စေရမယ်”

ဝမ်ဝေ့ကို အံ့အားသင့်သွားစေသည်က လူအိုကြီးငရဲသည် သူနည်းစနစ်ကို ပယ်ဖျက်ကာ ယခင်အနေအထားသို့ ပြန်လည်ပြောင်းလဲသွားသည်။

သူက သူ့ထက်မြင့်တဲ့ အာဏာကိုတောင် လျစ်လျူရှုနိုင်တာလား…

သူက သူ့ကိုယ်ပိုင်သံသရာကို ဖန်တီးခဲ့စဉ်အခါက အောင်မြင်မှုတချို့ရှိခဲ့ဟန်ပေါ်သည်။ သူက ဖြစ်ရပ်အတွက် ဖြစ်နိုင်ချေ ရှင်းပြချက်များကို ကြည့်လိုက်၏။ တိုက်ပွဲကွင်းပြင်အထက် မဲမှောင်သည့် တိမ်တိုက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ထိုတိမ်တိုက်က အထဲတွင် ရှိနေသည့်အရာကို ဖုံးကွယ်ထားဖို့သာ ဖြစ်ကြောင်း ပြောနိုင်လေ၏။ နှမြောစရာကောင်းလှစွာဖြင့် သူ့နည်းလမ်းများက ထိုအမှန်တရားများကို မထိုးဖောက်နိုင်ခဲ့ပေ။

အကြွင်းမဲ့သံသရာ

တိုက်ပွဲကွင်းပြင်တစ်ခုလုံးတွင် ပူပန်ထိတ်လန့်မှုတို့ ဝင်ရောက်လာလေ၏။

ဘယ်အရာမှ ထာဝရမတည်ရှိဘဲ မမွေးဖွားလာခင် သေဆုံးသွားရပြီး ထိုအဆုံးမဲ့ သံသရာစက်ဝန်းကို တွေ့ကြုံခံစားရသည့် အတွေးက ဝမ်ဝေ့၏ စိတ်ထဲ ဝင်ရောက်လာခဲ့သည်။ သူတို့က ဤနေရာတွင် တခြားဘဝ ရှိနေသလိုမျိုး တူညီစွာ ခံစားနေရ၏။

ထို့နောက် အရာအားလုံးက အဆုံးသတ်သွားခဲ့သည်။

စကြဝဠာ၊ ဒြပ်ထု၊ ရှင်သန်မှု၊ ကာလံဒေသံ၊ စွမ်းအင်၊ ဓာတ်ငါးပါး၊ ယင်နှင့်ယန်၊ ကြားတွင်ရှိသော အရာအားလုံးတွင် အပါအဝင် ဖြစ်သည်။ ကံကောင်းစွာဖြင့် ဤသည်က လေဟာနယ်တိုက်ပွဲကွင်းပြင်သာ ဖြစ်နေလေသည်။ မဟုတ်ပါက ဒိုင်မေးရှင်းအနိမ့်ရှိ အရာအားလုံး သေဆုံးသွားနိုင်၏။ ဝမ်ဝေ့၊ လူအိုကြီးငရဲနှင့် တခြားအရာများကမူ ခြွင်းချက် ဖြစ်ပေသည်။ သို့သော်လည်း အသက်ရှင်ကျန်သူများကို လက်တစ်ဖက်တည်းဖြင့်သာ ရေတွက်နိုင်လိမ့်မည်။

ကောင်းကင်အထက် ခရမ်းရောင်လျှပ်စီးချက်များ ပေါ်ထွက်လာကာ သူ့ကို အဘက်ဘက်မှ ပစ်မှတ်ထားထားကြသည်။

သူက စွမ်းအားအားလုံးကို အသုံးပြုပြီး ကံကောင်းမှုဖြင့် ကောင်းချီးပေးကာ ဖြစ်နိုင်ချေကို ထိန်းချုပ်ပြီး သေခြင်းရှင်ခြင်းကို ပြန်လည်ပြောင်းလဲခဲ့သည်။

သူက ထိုမိုးကြိုးချက်များကို ဆက်တိုက် ရှောင်ရှားနေရ၍ မျက်နှာက ဖြူဖျော့လာလေ၏။

သူက အကောင်းဆုံးကြိုးစားထားသော်လည်း အကြိမ်ရေအနည်းငယ် ထိမှန်ခဲ့ပြီး ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။

မဟုတ်သေးဘူး။ ဒီတိုက်ပွဲက အဆုံးသတ်ရမယ်…

သူ့တည်ရှိမှုက ဒဏ်ရာ ရရှိထားသည်။ ယခု သူ့လက်ရှိအနေအထားဖြင့် ဤဒဏ်ရာက အန္တရာယ်များလှသော်လည်း ထိန်းချုပ်နိုင်သေး၏။ ထိုပြဿနာက သူ့ဒဏ်ရာသည် ဆေးလုံး၏ အာနိသင် ကုန်ဆုံးသွားပါက ကျင့်ကြံဆင့် နိမ့်ကျသွားမည့် အနေအထားသို့ ရောက်ရှိနေမည် ဖြစ်သည်။

ဗလာသို့ ပြန်သွားခြင်း

သူက ခန္ဓာကိုယ်၏ အကြွင်းမဲ့စွမ်းရည်ကို အသုံးပြုကာ ဗလာနတ္ထိအနေအထားသို့ အရာအားလုံးကို ပြောင်းလဲလိုက်သည်။ ကာလံ၊ အချိန်၊ ဒြပ်ထု၊ ရှင်သန်မှု၊ ဟွင်သွမ်း၊ စိတ် သို့မဟုတ် စိတ်ဝိညာဉ်၊ ဝိညာဉ်အပါအဝင် အရာအားလုံး မရှိသည့် အနေအထားတစ်ခုဖြစ်၏။ ထိုအရာထဲတွင် တည်ရှိမှုနှင့် မတည်ရှိမှု သဘောတရားပင် မပါဝင်ပေ။

လူအိုကြီးငရဲက သူ့နည်းစနစ်ကို အလျင်အမြန် ရပ်တန့်ခဲ့ပြီး ငရဲကမ္ဘာဆီ အလျင်အမြန် ပြေးဝင်သွားသည်။ သူက ရင်ဆိုင်စရာ နည်းလမ်းရှိနေလျှင်ပင် ထိုနည်းစနစ်ဖြင့် နည်းနည်းလေးမှ မထိတွေ့လိုပေ။

ဝမ်ဝေ့က သူ ထွက်ပြေးသွားသည်ကို ကြည့်နေရင်း နောက်မှ မလိုက်သွားခဲ့ပေ။ ဤသည်က သူ့ရည်ရွယ်ချက် ဖြစ်၏။ ထိုသူ ထွက်သွားပြီးသည့်နောက်တွင် ငရဲကမ္ဘာ၏ စည်းတံဆိပ်ကို ထားရှိပြီး တိုက်ပွဲကွင်းပြင်မှ စည်းတံဆိပ်ကို ဖယ်ရှားလိုက်သည်။ ထို့နောက် သူက ဗလာကျင်းနေသည့် အဖြူရောင်နေရာလွတ်အတွင်းမှ အက်ကြောင်းများစွာကို ကြည့်လိုက်၏။

“ဒါက အပြည့်အဝ မကောင်းသေးဘူး” သူက ရေရွတ်လိုက်သည်။

အကယ်၍ စည်းတံဆိပ်ကြောင့်သာ မဟုတ်ပါက သူတို့တိုက်ပွဲ၏ သက်ရောက်မှုသည် စိမ့်ထွက်သွားနိုင်သည်။ ဝမ်ဝေ့က ဆေးလုံး၏ အာနိသင် ကုန်ဆုံးသွားကြောင်း ခံစားမိလိုက်၍ အနည်းငယ် ညည်းညူလိုက်ရ၏။

သူက ပျောက်ကွယ်သွားကာ ခုံရုံးအတွင်း ပြန်လည်ပေါ်ထွက်လာခဲ့သည်။ ထို့နောက် သူ့အရှိန်အဝါက သိသိသာသာ လျော့ကျသွားလေ၏။

“ထင်ထားတဲ့အတိုင်း အခု ငါ့စွမ်းအားက တတိယတန်းစားအဆင့်ပဲ ရှိတော့တယ်”

သူက သူ့ဘဝ၏ ဗဟိုချက် သို့မဟုတ် တည်ရှိမှုသည် ဒဏ်ရာအပြင်းအထန် ရရှိသွားကြောင်း ခံစားမိလိုက်၏။ သေမျိုးများက ဖျားနာနေစဉ်အတွင်း အင်အားအများအပြား ထုတ်မသုံးနိုင်သည်နှင့် တူညီလှစွာ သူသည်လည်း တူညီသည့်အနေအထားသို့ ရောက်ရှိနေသည်။

“သူမက အဲ့လိုနေထိုင်ခဲ့ရတာလား” သူက သူ့အိပ်မက်အတွင်း ရှိနေသည့် အမျိုးသမီးအကြောင်း တွေးကာ ရေရွတ်လိုက်၏။

“မဟုတ်သေးဘူး။ သူမရဲ့ အခြေအနေက ပိုပြီးတော့ ပြင်းထန်လိမ့်မယ်”

စံပြတစ်ယောက်၏ တည်ရှိမှုက သက်ရောက်ခံရဖို့ မလွယ်ကူလှပေ။ အဆုံးစွန်မဲ့စံပြအကြောင်း ထည့်ပြောဖို့ပင် မလိုပေ။ ထို့ကြောင့် အကြွင်းမဲ့တားမြစ်ချက်၏ ကြောက်မက်ဖွယ်ကောင်းမှုကို တွေးကြည့်၍ ရပေသည်။

“ငါ ကုသဖို့ လိုတယ်။ အခု ငါ့ကို ကာကွယ်ဖို့က မင်းအလုပ်ပဲ” သူက ကျယ်ကျယ်လောင်လောင် ပြောလိုက်သည်။ သို့သော်လည်း အခန်းထောင့်တစ်နေရာတွင် တစ်စုံတစ်ယောက် ပေါ်ထွက်လာခဲ့၏။ ထိုသူက သူကိုယ်တိုင် ဖြစ်သည်။ ထိုတိုက်ပွဲ မတိုင်ခင် သူက ဖြစ်နိုင်ချေအန္တရာယ်ကို သိထားသည့်အတွက် လိုအပ်သည့် အရင်းအမြစ်များကို အသုံးပြုကာ အမြဲတမ်း ကိုယ်ပွားတစ်ယောက်ကို ဖန်တီးထားခဲ့သည်။ ထိုအရာက မဟာတာအိုအရင်းအမြစ် ၄၀ ရာခိုင်နှုန်းသာ ရှိထားသော်လည်း အရေးပေါ်အနေနနှင့် အချိန်တိုမျှ စွမ်းအားအပြည့် ထုတ်သုံးနိုင်သည့် စွမ်းရည် ရှိထားလေသည်။

“ခုံရုံးကိုရော မင်းအတွက် စောင့်ကြည့်ပေးရမလား” ကိုယ်ပွားက မေးလိုက်သည်။

“မလိုဘူး။ ငါ့ဒဏ်ရာအကြောင်းကို ငါးစာအနေနဲ့ သတင်းလွှင့်လိုက်။ တုံးအအ လူတွေ ရှိဦးမလားဆိုတာကို ကြည့်ရသေးတာပေါ့”

“ကောင်းပြီလေ။ ငါတို့တွေ မကြာခင် ဧည့်သည် ရောက်လာလောက်တယ်။ သူတို့နဲ့ စလိုက်ကြတာပေါ့”

………………………………………………..

လေဟာနယ်တိုက်ပွဲကွင်းပြင် ဝမ်ဝေ့ ထွက်သွားပြီးသည့်နောက်

လူတချို့က ချက်ချင်း ပေါ်ထွက်လာကြသည်။ အတိအကျပြောရလျှင် ထာဝရတန်းစားအဆင့် ပုဂ္ဂိုလ်များ ဖြစ်၏။ ထိုအရာက ပင်လယ်မျိုးနွယ်မှ ဖုံးကွယ်ထားသည့်သူများပင် ပါဝင်နေသည်။ သူတို့က ဖြူဖျော့နေသည့် မျက်နှာထားဖြင့် တိုက်ပွဲကွင်းပြင်ရှိ လက်ကျန်အရှိန်အဝါကို ခံစားကြည့်လိုက်ကြသည်။

“မဖြစ်နိုင်တာ” ပင်လယ်မျိုးနွယ်မှ တစ်ယောက်က ရေရွတ်လိုက်၏။ သူက ဧကရာဇ်အသစ်သည် ဤမျှအားကောင်းသည့် အချက်ကို လက်မခံလိုပေ။ အားလုံးက သူ့ကို ကြည့်လိုက်သော်လည်း ဘာမှမပြောကြပေ။ အများစုက ထိုသို့ခံစားကြသော်လည်း သူတို့ကိုယ်သူတို့ ထိန်းချုပ်ထားခြင်းသာ ဖြစ်၏။

“ရှင်ရော တစ်ခုခု သိထားလား” ရှုရှစ်က ပတ်ဝန်းကျင်ရှိ အရှိန်အဝါများကြောင့် အနည်းငယ် ဖြူဖျော့နေလေသည်။ စက္ကန့်ပိုင်းနှင့်အမျှ သူမက ကမ္ဘာ၏ အလေးချိန်ကို သယ်ထားရသလိုမျိုး ခံစားနေရပြီး အသက်ရှူဖို့ပင် ခက်ခဲလာလေသည်။

“ဘာလို့ ဒီကိုယ်တော်ကို လာမေးနေရတာလဲ” ဖုန်းဟွမ်က နဖူးအထက် ချွေးများဆို့နေလေ၏။

“ရှင်က ဒီမှာ အသက်အကြီးဆုံးနဲ့ ဗုဒ္ဓအမွေအနှစ်တွေအား လုံးရရှိထားတယ်ဆိုတော့ တစ်ခုခု သိထားတယ်ဆိုရင် ပြောဖို့ တုံ့ဆိုင်းမနေပါနဲ့”

ဖုန်းဟွမ်က ခေတ္တမျှ တုံ့ဆိုင်းကာ ပြောလိုက်သည်။

“မင်းတို့တွေ ဆယ်ဆတိုက်ခိုက်ရေးနယ်ပယ်အဆင့် အကြောင်းကို ကြားဖူးလား”

ရှုရှစ်နှင့် နားထောင်နေသည့်သူအားလုံးက ခေါင်းညိတ်လိုက်ကြသည်။ လတ်တလော အိပ်မက်လောကအတွင်း လူတချို့က ဧကရာဇ်နှင့် ထာဝရဧကရာဇ်များကို စတင်နှိုင်းယှဉ်ခဲ့ကြသည်။ ထို့ကြောင့် လူတစ်ဦးချင်းစီက သူတို့ကြား အဘယ်ကြောင့် ကွာဟချက်ကြီးမားနေတာလဲဟု နားလည်ဖို့ ကြိုးစားသည့်အခါ ထိုသဘောတရားက နာမည်ကြီးလာခဲ့သည်။

“ဆယ်ဆက ကန့်သတ်ချက် မဟုတ်ဘူးလို့ ကောလဟာလတွေ ရှိတယ်။ အဲဒီအထက်မှာ တစ်ဆင့် ရှိသေးတယ်” ဖုန်းဟွမ်က စကားပြောတာ ရပ်တန့်လိုက်စဉ် အခန်းက စက္ကန့်ပိုင်းမျှ တိတ်ဆိတ်သွားခဲ့သည်။

“ကောင်းကင်ဧကရာဇ်က အဲဒီအဆင့်ကို ရောက်ခဲ့တယ်လို့ ပြောနေတာလား။ ဧကရာဇ်လမ်းစဉ်ရဲ့ အဆင့်(၁၁)နဲ့ ယှဉ်နိုင်တဲ့ တိုက်ခိုက်ရည်ကို ရရှိသွားတာလား”

ဖုန်းဟွမ်က ဆက်လက် မပြောတော့ပေ။

“ဟေး ဘုန်းကြီး ခင်ဗျား သိတာတွေကို မထုတ်ဖော်ချင်တာနဲ့ အဓိပ္ပာယ် မရှိတာတွေ ပြောမနေစမ်းပါနဲ့” အောင်းရှန်က ဝင်ပြောလိုက်သည်။

“ဒကာက ကိုယ်တော်စကားတွေကို မယုံမှတော့ ဘာမှမတတ်နိုင်ပါဘူး”

“ခင်ဗျားက အမှန်ပြောတယ်ဆိုရင်တော့ ယုံလိုက်မယ်”

“အမှန်တရားက အမြဲတမ်း ခါးသီးပါတယ်။ ဟုတ်တယ်မလား ဒကာ”

“ခင်ဗျား…”

“ကောင်းပြီ ဘာမှငြင်းခုန်နေလို့ အကျိုးမရှိဘူး” ရှုရှစ်က ဝင်ပြောလိုက်သည်။

“တကယ်လို့ အမှန်အတိုင်း သိချင်တယ်ဆိုရင် သူ့ကို သွားမေးရုံပဲ”

သူမက နေရာမှ ချက်ချင်း ပျောက်ကွယ်သွားလေသည်။

အားလုံးက သူမကို ကြည့်ပြီးသည့်နောက်တွင် လိုက်ပါသွား၏။ သူတို့က တစ်စုံတစ်ယောက် နောက်မှ လိုက်သွားနိုင်လေရာ အဖြစ်အပျက်ကို အဘယ်ကြောင့် သွားမကြည့်ဘဲ နေရမည်နည်း။

All Chapters