ငါးစာ
Vol. 73 Ch. 1010
ထုံရို့ပင်းအပါအဝင် အဖွဲ့က ဝမ်ဝေ့ စောင့်ဆိုင်းနေသည့် ပလ္လင်အခန်းအတွင်း ဝင်ရောက်လာကြသည်။ သူတို့က ဝမ်ဝေ့၏ ဖြူဖျော့နေသည့် မျက်နှာနှင့် အားနည်းသည့် အရှိန်အဝါကို မြင်တွေ့လိုက်ရ၏။
ထို့နောက် ချက်ချင်းဆိုသလို သူတို့က တစ်စုံတစ်ခုကို သတိထားမိခဲ့ကြသည်။ သူတို့အနေဖြင့် ပထမဦးဆုံး ကောင်းကင်ဧကရာဇ်၏ အရှိန်အဝါကို အာရုံခံစားမိခြင်း ဖြစ်၏။ သူတို့က သူ့အင်အားသည် တတိယတန်းစားအဆင့်သာ ရှိတော့ကြောင်း ပြောနိုင်လေသည်။
“ဘာကိစ္စလဲ” ဝမ်ဝေ့က အားနည်းဖျော့တော့စွာ မေးလိုက်သည်။ သူ့အသံတွင် ယုံကြည်ချက်နှင့် ဖုံးကွယ်နေသည့် အာဏာမျိုး မပါဝင်တော့ပေ။ အားလုံးက ရှုရှစ်ကို ကြည့်လိုက်ကြသည်။
ထိုအချိန်တိုလေးအတွင်း သူမက အရာများစွာကို သဘောပေါက်ခဲ့ပြီး တိုက်ရိုက်မေးခြင်းက ကိစ္စကောင်း မဟုတ်ကြောင်း သိလိုက်သည်။ ထို့နောက် သူမက နည်းဗျူဟာကို ပြောင်းလဲလိုက်၏။
“ ငရဲကမ္ဘာက အဲဒီလူက အရမ်းအားကောင်းတာလား။ သူက ဒီလောက်တောင် ခြိမ်းခြောက်မှု ဖြစ်စေတာလား”
“အမှန်ပဲ”
“သူက အသက်ရှင်နေတုန်းလား”
“ဟုတ်တယ်”
“အရှင်က ရှုံးနိမ့်သွားတာလား”
“ဘယ်ဟုတ်ပါ့မလဲ။ ဒါပေမဲ့ ငါ မနိုင်ခဲ့ဘူး” ဝမ်ဝေ့က တည်ငြိမ်စွာ ပြောပြီးသည့်နောက်တွင် ချောင်းဆိုးကာ သွေးအန်လိုက်ရသည်။
“အဲဒါကြောင့် မင်းတို့တွေ ဒီရောက်လာတာလား”
“မဟုတ်ပါဘူး။ ကျွန်မက တိုက်ပွဲကို မြင်ချင်လို့ပါ” ရှုရှစ်က ပြောလိုက်သည်။
“တိုက်ပွဲမျှော်စင်ထဲမှာ ငါ့တိုက်ပွဲကို ပြစေချင်တာလား”
“ဟုတ်ပါတယ်”
“အင်း သိပ်တော့မဆိုးပါဘူး။ ဒါပေမဲ့ မင်းတို့တွေ အရင် သတိထားဖို့ လိုတယ်”
“ဘာကိုပြောတာပါလဲ”
“မင်းတို့ဆီမှာ အားနည်းတဲ့ နှလုံးသားရှိတယ်ဆိုရင် မကြည့်တာ အကောင်းဆုံးဖြစ်လိမ့်မယ်” ဝမ်ဝေ့က တည်ငြိမ်စွာ ပြောလိုက်၏။
“အဲ့လိုလား”
“မင်းတို့တွေ တခြားလိုအပ်တာ ရှိသေးလား”
“မရှိတော့ပါဘူး”
“အဲဒါဆို သွားလို့ရပြီ”
မည်သူကမှ ကျန်ရှိမနေဘဲ တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကြသည်။ ရှုရှစ်က ဦးညွှတ်ပြီးသည့်နောက်တွင် ထွက်ခွာသွား၏။ ဖုန်းဟွမ်လည်း နောက်မှလိုက်ပါသွားခဲ့ကာ တခြားသူများကလည်း နောက်မှ အသီးသီး လိုက်လာကြသည်။ ဝမ်ဝေ့က ထိုအရာကို မြင်ကာ ပြုံးလိုက်မိ၏။
လူတချို့သည် သူ့အနေအထားကို မြင်တွေ့ပြီးသည့်နောက်တွင် သတ်ဖြတ်ငွေ့တချို့ ဖြတ်ပြေးသွားလေသည်။ ခေတ္တမျှသာ ကြာမြင့်ခဲ့သော်လည်း သူ့ကိုယ်ပွားက ထိုအရာကို အာရုံခံမိကာ ပြောပြခဲ့၏။
“စိတ်ဝင်စားစရာပဲ” သူက ရယ်မောလိုက်ပြီးသည့်နောက်တွင် မျက်လုံးကိုမှိတ်ကာ အိပ်မက်လောကအတွင်း ဝင်ရောက်လိုက်သည်။ သူက လူအိုကြီးငရဲနှင့် တိုက်ပွဲကို ထားရှိကာ အတားအဆီးတချို့ပါ ထားရှိပေးခဲ့သည်။ နမူနာအားဖြင့် သူ့ခွင့်ပြုချက် မရှိသရွေ့ ထာဝရတန်းစားအဆင့် ပုဂ္ဂိုလ်များကသာ ထိုတိုက်ပွဲကို ကြည့်နိုင်မည် ဖြစ်၏။ ထို့နောက် သူက ဒဏ်ရာများကို ကုစားဖို့ သီးသန့်ကျင့်ကြံရေး ဝင်ရောက်ခဲ့သည်။
သူတို့၏ သက်ဆိုင်ရာ အင်အားစုများထံ ပြန်ရောက်လာပြီးသည့်နောက် ထိုသူများက တိုက်ပွဲကို ချက်ချင်းစစ်ဆေးကာ သတိပေးချက်ကို နားလည်သွားကြသည်။ ထိုသူများ၏ အရှိန်အဝါကို ခံစားမိခြင်းက တကယ်ကို ကြောက်ဖို့ကောင်းသည့် အရာတစ်ခု ဖြစ်၏။
လုံလောက်သည့် တာအိုနှလုံးသားနှင့် စိတ်စွမ်းအား မရှိဘဲ မည်သူကမှ တိုက်ပွဲကို အဆုံးထိ ကြည့်နိုင်မည် မဟုတ်ပေ။
ထာဝရဦးသျှောင်များက အခြေအနေ ပိုကောင်းသည်မှာ သူတို့၏ အဆီအနှစ်က အဆင့်(၁၁) ဖြစ်နေ၍ ဖြစ်သည်။ သို့သော်လည်း တခြားသူများအတွက်မူ မတူညီနိုင်ပေ။ ထို့အပြင် သူတို့က တိုက်ပွဲမျှော်စင်ကို သုံးကာ တိုက်ခိုက်သူတစ်ယောက် ဖြစ်လာသည်နှင့် ဝမ်ဝေ့ သို့မဟုတ် လူအိုကြီးငရဲတို့၏ စွမ်းအားကို တွေ့ကြုံခံစားခွင့်ပြုထားသည့်အတွက် ထိုသူများက သူတို့ ရရှိထားသော စွမ်းအားကို စွဲလမ်းသွားကြသည်။
ဝမ်ဝေ့ကဲ့သို့ မဟုတ်သေးဘူး။ သူ့ထက် ပိုမိုဆိုးရွားစွာဖြင့် သူတို့က ဤကြောက်မက်ဖွယ် စွမ်းအားထဲ နစ်မြုပ်သွားကြသည်။ ထိုအခြေအနေက တိုက်ပွဲအဆုံးသတ်သွားသည့်အခါ သူတို့က ထိုစွမ်းအားကို ဆုံးရှုံးလိုက်ရ၍ ပိုမိုဆိုးရွားသွားကြသည်။ လူတချို့က ဒုတိယအကြိမ် အံ့အားသင့်သွားကြပြီး သူတို့က ဤစွမ်းအားကို အမြဲတမ်း ပိုင်ဆိုင်ခဲ့သလိုမျိုး အတုအယောင် လက်တွေ့ဘဝတွင် နေထိုင်ဖို့ရာ ဆုတောင်းမိကြသည်။
ကံကောင်းစွာဖြင့် ထိုသူများက ကောင်းကင်ရွေးချယ်ခံများထဲမှ အကောင်းဆုံးသူ သို့မဟုတ် သူတို့၏ စိတ်ကို လေ့ကျင့်ပေးနိုင်လောက်အောင် ကြာမြင့်စွာ နေထိုင်ခဲ့သူများ ဖြစ်နေကြသည်။ ထို့ကြောင့် သူတို့က ဖြည်းဖြည်းချင်း ငြိမ်ကျသွားကာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့၏။ ယခု သူတို့က အပြုအမူကို ဆုံးဖြတ်ရတော့မည် ဖြစ်သည်။ ကောင်းကင်ဧကရာဇ်က ဒဏ်ရာအပြင်းအထန် ရရှိထား၍ ထိုအရာက အားလုံးကို ပြောင်းလဲပစ်နိုင်သည်။
……………………………………………
ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော်
ရှုရှစ်က လူများစွာ စောင့်ဆိုင်းနေသည့် သူမ၏ အခန်းအတွင်း ဝင်ရောက်လာလိုက်သည်။ ထိုသူများသည် လေဟာနယ်တိုက်ပွဲကွင်းပြင်မှ စိမ့်ထွက်လာသည့် ကြောက်မက်ဖွယ် အရှိန်အဝါကို ခံစားမိသည်မှာ အံအားသင့်စရာ မရှိပေ။
“ဘာဖြစ်သွားတာလဲ” ကျောင်းအုပ်ဟောင်းစု့န်က မေးလိုက်သည်။
“ကောင်းကင်ဧကရာဇ်က ဒဏ်ရာအပြင်းအထန် ရရှိသွားတယ်” သူမက အမှန်အတိုင်း ပြောလိုက်သည်။
“ငရဲကမ္ဘာထဲက တားမြစ်ချက်က ဒီလောက်တောင် အန္တရာယ်များတာလား” ဆရာတစ်ယောက်က မေးလိုက်၏။
“ကျွန်မတို့ သဘောပေါက်နိုင်တာထက် ပိုတယ်”
“သူက ဘယ်လောက်ဒဏ်ရာပြင်းထန်သွားတာလဲ” တခြားတစ်ယောက်က မေးလိုက်သည်။
“သူ့တည်ရှိမှုက ဒဏ်ရာရရှိသွားပြီးတော့ သူ့စွမ်းအားက တတိယတန်းစားအဆင့် ကျသွားပြီ”
အခန်းက စက္ကန့်ပိုင်းမျှ ငြိမ်ကျသွားပြီးသည့်နောက်တွင် တစ်ယောက်က မေးလိုက်သည်။
“ကျုပ်တို့တွေ တစ်ခုခု လုပ်သင့်လား”
“ဘာလုပ်မှာလဲ”
“ကျုပ် မသိဘူး။ ဒါပေမဲ့ ဒါက အခွင့်အရေးတစ်ခု ဖြစ်နေနိုင်တယ်”
မည်သူကမှ ဘာမှမပြောကြဘဲ ရှုရှစ်ကိုသာ ကြည့်လိုက်ကြသည်။ သူမက အတွေးအမြင်ကို ချက်ချင်းမထုတ်ဖော်သေးဘဲ သူမ၏ ခင်ပွန်းကို ကြည့်လိုက်၏။
“ရှင်ရော ဘယ်လိုထင်လဲ”
လင်းဖန်က သူသည် အာရုံစူးစိုက်ရာ ဗဟိုချက်ဖြစ်လာသည်နှင့် အနည်းငယ် အံ့အားသင့်သွားမိသည်။ သို့သော် သိပ်မကြာခင် စိတ်ငြိမ်သွားပြီး တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်၏။
“သူ့ကို သိသလောက်တော့ ဒါက ငါးစာပဲ ဖြစ်လိမ့်မယ်”
“သူက သစ္စာဖောက်ဖို့ လူတွေကို မျှားခေါ်ချင်တာလား။ တခြားနည်းနဲ့ပြောရမယ်ဆိုရင် သူ့ဒဏ်ရာတွေက အတုပေါ့”
“သူ့ဒဏ်ရာတွေက အစစ်လား၊ အတုလားတော့ မသိဘူး။ ဒါပေမဲ့ သူတို့တွေက အစစ်ဖြစ်နေတယ်ဆိုရင်တောင် အဲဒီဖြစ်နိုင်ချေအတွက် ကြိုတင်ပြင်ဆင်ထားပြီးလောက်ပြီ။ သူ့တာအိုက ဘာလဲဆိုတာကို မေ့မပစ်နဲ့” လင်းဖန်က သတိပေးလိုက်သည်။
“ပြီးတော့ သူက ဒဏ်ရာရနေတယ်ဆိုရင်တောင် တာအိုအခွင့်အလမ်းဂိုဏ်းက နောက်ထပ် ထာဝရအဆင့် ပုဂ္ဂိုလ်မရှိဘူးလို့ ပြောတာမဟုတ်ဘူးလေ။ သူတို့ရဲ့ လတ်တလော ဖွံ့ဖြိုးတိုးတက်မှုနဲ့ဆိုရင် တစ်ယောက်ထက်တောင် ပိုရှိနိုင်တယ်”
ဤသတင်းကြောင့် လူများစွာက ငြိမ်ကျသွားကာ အခြေအနေကို သုံးသပ်လိုက်ကြသည်။
သူတို့က ထိုသူသည် ဒဏ်ရာရရှိထားသော်လည်း အခြေအနေသည် များစွာ ပြောင်းလဲသွားခြင်း မဟုတ်ကြောင်း သဘောပေါက်သွားကြသည်။ သူတို့က ကောင်းကင်ဧကရာဇ်ကို အာရုံစိုက်လွန်းပြီး သူတို့၏ ယခင်ပြိုင်ဘက်ဟောင်း တာအိုအခွင့်အလမ်းဂိုဏ်းအပေါ် လျစ်လျူရှုခဲ့မိကြောင်း သတိထားမိသွား၏။
ခေတ်ကာလအစပြုကတည်းက သူတို့က အောင်မြင်မှုများစွာ ရရှိထားသော်လည်း သိုသိုသိပ်သိပ်သာ နေထိုင်ခဲ့ကြသည်။
“သူတို့တွေ သိုသိုသိပ်သိပ် နေလာတယ်ဆိုတာကို သတိမထားမိကြဘူးမလား”
“အရင်တုန်းက သူတို့က သိုသိုသိပ်သိပ်နေခဲ့ဖူးပေမဲ့ ဒီလောက်အနေအထားထိတော့ မဟုတ်ခဲ့ဘူး” ယခင်တုန်းက တာအိုအခွင့်အလမ်းဂိုဏ်းသည် သူတို့က ဘယ်သူတွေဖြစ်ကြောင်း၊ သူတို့ကို ဝင်ရောက်မစွက်ဖက်သင့်ကြောင်း သတိပေးဖို့ အချိန်တချို့ ယူခဲ့ကြသည်။ သို့သော်လည်း ခဏအကြာတွင် အရာအားလုံးက ကောင်းကင်ဧကရာဇ်နှင့်သာ သက်ဆိုင်သွားပြီး ကျန်လူများက ငြိမ်ကျသွားကြ၏။
“ကျောင်းအုပ် တစ်ခုခုများ သိထားလား”
“အဲဒါက မျှခြေညီ စက်ယန္တရားကြောင့်ပဲ”
“သူတို့က အရမ်းအားကောင်းလာတော့ အစစ်အမှန် ကောင်းကင်တာအိုဆီကနေ ပြဿနာမတက်အောင် သိုသိုသိပ်သိပ်နေတယ်လို့ ပြောချင်တာလား” စုန့်လီက မေးလိုက်သည်။
“အဲဒါက ကောင်းလည်းကောင်းတယ်၊ မကောင်းလည်း မကောင်းဘူး”
သတင်းကောင်းကမူ တာအိုအခွင့်အလမ်းဂိုဏ်း၏ ချဉ်းကပ်မှုအသစ်ဖြင့် တခြားသောဂိုဏ်းများက ပိုမိုပြောဆိုခွင့်ရလာလိမ့်မည်။ စိုးရိမ်စရာကိစ္စကမူ သူတို့၏ ပြိုင်ဘက်သည် အားကောင်းလွန်းလှ၍ မည်သူကမှ သူတို့၏ တကယ့်အစစ်အမှန် အနက်ကို မသိနိုင်တော့ပေ။ တခြားနည်းဖြင့် ပြောရလျှင် သူတို့က တူညီသည့် အနေအထားတွင် မရှိတော့ပေ။
“အခု အခြေအနေကို နားလည်လောက်ပြီ။ တာအိုအခွင့်အလမ်းဂိုဏ်းက ကျွန်မတို့ရဲ့ အကြီးမားဆုံး မဟာမိတ်ပဲ။ အဲဒါကြောင့် တုံးအအ အရာတွေကို မလုပ်နဲ့”
သူမက လင်းဖန်မှလွဲ၍ အားလုံးကို ပြန်လွှတ်လိုက်သည်။ သူ့ကျင့်ကြံရေးအခြေအနေကို အကဲဖြတ်စစ်ဆေးကြည့်ပြီးသည့်နောက်တွင် သူမကလည်း သီးသန့်ကျင့်ကြံရေး ဝင်လိုက်၏။ သူမက ခေါင်းထဲတွင် တိုက်ပွဲကို ပြန်လည်သုံးသပ်ပြီး နားလည်အောင် လုပ်ဖို့ ကြိုးစားလိုက်သည်။
သူ့ရဲ့ မူမမှန်တဲ့ ဝိညာဉ်စွမ်းအားနဲ စိတ်စွမ်းအားအပြင် တခြားကိစ္စတွေက ဖြစ်နိုင်ချေ အနေအထားကနေ ကင်းလွတ်နေတာတော့ မဟုတ်သေးဘူး…
ရှုရှစ်က သူမ၏ ခန္ဓာကိုယ်ကိုယ်သာ ထိုအနေအထားထိ ရောက်အောင် လေ့ကျင့်ပေးပြီး သူမ၏နိုးထမှုနှင့် တာအိုဆန္ဒတို့က တိုးတက်လာမည် ဖြစ်ကြောင်း ယုံကြည်ထားသည်။ သူမ၏ အခြေခံအုတ်မြစ် ပြန်လည်ဖွဲ့စည်းပြီးသည့်နောက်တွင် ဒိုင်မေးရှင်းအနိမ့်ရှိ အရင်းအမြစ်များဖြင့် ပိုမိုကောင်းမွန်သည့် လက်နက်ကို သန့်စင်နိုင်လိမ့်မည်။
ထို့ကြောင့် တစ်ခုတည်းသော ကျန်ရှိသည့်အရာက အရင်းအမြစ်နည်းစနစ်သာ ဖြစ်၏။
သူက မဟာတာအိုအရင်းအမြစ်အပေါ် ကြောက်ဖို့ကောင်းတဲ့ ထိန်းချုပ်မှုမျိုးကို ပေးနိုင်တဲ့ အရာမျိုးရှိတယ်။ တာအိုတင်တော့ မဟုတ်ဘူး။ တခြားအရာတွေလည်း ပါတယ်…
သူမက စဉ်းစားလိုက်သည်။ ဤနည်းစနစ်မျိုးက မှန်ကန်သည့်နည်းလမ်းဖြင့် ပုံတူပွားနိုင်လေသည်။
သူမ၏ လက်ထဲ မီးတောက်တစ်ခု ပေါ်ထွက်လာ၏။
“အစွန်းရောက် ထိန်းချုပ်မှုလား။ အဲ့လိုဆိုရင် ငါက အဂ္ဂိရတ်ပညာရှင်ရဲ့ မီးတောက် ထိန်းချုပ်ရေးနဲ့ အစပြုနိုင်တယ်”
…………………………………………………………………
အနောက်ပိုင်းကောင်းချီးဂိုဏ်း
ဖုန်းဟွမ်က အင်မော်တယ်အဆင့် ပုဂ္ဂိုလ်တချို့ကို ကြည့်ကာ ပြောလိုက်သည်။
“ကောင်းကင်ဧကရာဇ်က ငါတို့ဂိုဏ်းရဲ့ ဂုဏ်ထူးဆောင်ဗုဒ္ဓဆိုတာကို မှတ်ထားကြ။ ဘာမှအဓိပ္ပာယ်မရှိတာတွေ လျှောက်မပြောနဲ့ နားလည်ကြလား”
“အရှင်ဗုဒ္ဓ … နားလည်ပါပြီ”
“ကောင်းပြီ။ သွားလို့ရပြီ”
…………………………………….
မဟာအဆောင်မြို့တော်
ထုံရို့ပင်း၏ ကိုယ်ပွားက ပြန်လည်ရောက်ရှိလာသော်လည်း ကောင်းကင်ဧကရာဇ်၏ အခြေအနေအကြောင်း သူမ၏ အင်အားစုထံ ပြောမပြခဲ့ပေ။ သူမက တိုက်ပွဲသည် မည်မျှကြောက်ဖို့ကောင်းကြောင်းသာ ပြောပြခဲ့သည်။
သူမက ထိုအရာသည် ငါးစာဖြစ်ကြောင်း သိထားလေ၏။ ထိုအချက်က သိသာလွန်းလှသည်။ ထို့ကြောင့် ထိုသူက အစစ်အမှန်ဒဏ်ရာ ရရှိထားပြီး စိတ်ကစားပွဲအတွင်း သိသာသည့် နည်းဗျူဟာကို အသုံးပြုနေလျှင်ပင် သူမအနေဖြင့် တိတ်တဆိတ်သာ တည်ငြိမ်ပြီး ဘာမှမလုပ်ဖို့သာ လိုအပ်ပေသည်။ သူမ၏ တစ်ခုတည်းသော စိုးရိမ်စရာက အခြေအနေအသေးစိတ်ကို သူမ၏ ပင်မခန္ဓာကိုယ်ထံ ပို့ဆောင်ဖို့ရာသာ ဖြစ်၏။
……………………
ရှေးဟောင်းမျိုးနွယ်
ဟို့ဖုန်းဟွမ်က အကြီးအကဲများ အစည်းအဝေးခန်းအတွင်းမှ ထွက်လာသည်ကို ကြည့်နေလိုက်သည်။
“မြေခွေးအရိပ်”
“ဟုတ်ကဲ့ သခင်မလေး” အရပ်ရှည်ရှည် ပိန်ပါးပါးအမျိုးသမီးက ဒူးထောက်လျက် ပေါ်ထွက်လာသည်။ သူမ၏ အနက်ရောင် ကိုယ်ကြပ်ဝတ်စုံက အရိပ် သို့မဟုတ် လုပ်ကြံသတ်ဖြတ်သူ၏ အငွေ့အသက် ကိန်းအောင်းနေသည်။ သူမက လေဟာနယ်နှင့် ပေါင်းစည်းနေသလိုမျိုး ထူးဆန်းသည့် အငွေ့အသက်မျိုးရှိကာ အမျိုးသားများနှင့် အမျိုးသမီးများကိုပင် ရူးသွပ်သွားစေနိုင်လောက်သည့် သဘာဝစွဲဆောင်မှုမျိုးကို ပိုင်ဆိုင်ထားသည်။
“အဲဒီလူတွေကို စောင့်ကြည့်ထား။ တကယ်လို့ တုံးအအ အရာမျိုးကို လုပ်တဲ့သူကို တွေ့ရင် ငါ့ကို အကြောင်းမကြားဘဲ သတ်ဖို့ လုပ်ပိုင်ခွင့်ပေးတယ်”
“သခင်မလေး အမိန့်တိုင်းပါ” အရိပ်က ပြောပြီးသည့်နောက်တွင် ပျောက်ကွယ်သွား၏။ မြေခွေးအရိပ်၏ စွမ်းရည်က ဟို့ဖုန်းဟွမ်အား စိတ်အေးသွားစေသည်။ နောက်ဆုံးတိုက်ပွဲအပြီးတွင် သူမက စစ်သူကြီးကောင်းနှင့် အဖွဲ့ကောင်းကောင်းတို့၏ အရေးပါပုံကို သဘောပေါက်လာခဲ့ပြီး စတင်ဖွဲ့စည်းခဲ့သည်။
ကံဆိုးစွာဖြင့် ဝမ်ဝေ့အဖွဲ့၏ အနေအထားလောက် လူများကို စုဆောင်းဖို့ရာ မလွယ်ကူလှပေ။
ကံကောင်းစွာဖြင့် သူမက လျှို့ဝှက်လေဟာနယ် မြေခွေးသွေးမျိုးဆက် ရှိထားသည့် လူတစ်ယောက်ကို တွေ့ရှိခဲ့ပြီး သူမအား အယုံကြည်ရဆုံး နောက်လိုက်အဖြစ် ပြောင်းလဲနိုင်ခဲ့သည်။
ဟို့ဖုန်းဟွမ်က အဝေးတစ်နေရာကို ကြည့်ရင်း ခေါင်းအသာယမ်းလိုက်၏။ ဘိုးဘေး၏ သတိပေးမှုအပြီးတွင်ပင် လူတချို့က သူတို့၏ မောက်မာမှုကို ထိန်းချုပ်ပြီး ပြောင်းလဲဖို့ရာ ငြင်းဆန်နေကြသည်။ ထိုသူများက တာအိုနယ်ရှင်ဆိုသည့် စကားက မည်သည်ကို ကိုယ်စားပြုကြောင်း သိထားကြသော်လည်း လူတချို့က တုံးအအအရာများကို ပြုမူလိုကြသေးသည်။
အခု လူတချို့ကို ရှင်းပစ်ရမဲ့အချိန်ပဲ…
………………………………………
အောင်းရှန်က မြောက်ပိုင်းကုန်းမြေဆီ ပြန်ရောက်လာပြီး ဘာမှသိပ်မပြောခဲ့ပေ။ သူက ဤသိသာလှသည့် ထောင်ချောက်အတွင်း ကျဆင်းမည် မဟုတ်ပေ။ သို့သော်လည်း လတ်တလော ဖွံ့ဖြိုးတိုးတက်မှုက သူ စောင့်ဆိုင်းနေသည့် အခွင့်ကောင်းကို နှောင့်နှေးသွားစေသည့်အတွက် နှမြောစရာကောင်းလှသည်။ သို့သော် သူက စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေ၏။
မည်သို့ပင်ဆိုစေကာမူ မုန်တိုင်းက မကြာခင် ပြီးမြောက်သွားလိမ့်မည်။
သူနှင့် တူညီစွာ တုံ့ပြန်သည့်သူ တစ်ယောက်က ဓားရေးစံအိမ်မှ ကျန့်ရှား ဖြစ်၏။ သူက ဒဏ်ရာအကြောင်း ဘာမှမပြောခဲ့ဘဲ အခြေအနေကို မည်သို့ဖြေရှင်းခဲ့ကြောင်းသာ ပြောပြခဲ့သည်။
……………………………………………………………
ပင်လယ်မျိုးနွယ်၊ အဆင့်မြင့် အစည်းအဝေး
“ဒီအခွင့်အရေးကို လက်လွှတ်ခံလိုက်တော့မှာလား”