← Chapters

ကိုယ့်ဘာသာပြန်လည်ရှာဖွေခြင်း

Vol. 73 Ch. 1011

ကိုယ့်ဘာသာပြန်လည်ရှာဖွေခြင်း

Vol. 73 Ch. 1011

“ဘာအခွင့်အရေးလဲ။ အခု သူနဲ့ ငါတို့က ရေခဲလွှာပေါ် လျှောက်နေရပြီ။ မင်းက ငါတို့မျိုးနွယ်ကို ဖျက်ဆီးချင်နေတာလား”

“သူ့ကို တိုက်ခိုက်ဖို့ ပြောနေတာ မဟုတ်ဘူးလေ။ ဒါပေမဲ့ ကျုပ်တို့ တစ်ခုခု လုပ်လို့ရပါတယ်”

“…”

“ပင်လယ်က ဟိုးကတည်းက ကျုပ်တို့ရဲ့ ပိုင်နက်ဖြစ်ခဲ့တာ။ ကျုပ်တို့က လောကအရေးအခင်းတွေကနေ ကင်းကင်းကွာကွာ နေပြီးတော့ သူတို့ကလည်း ကျုပ်တို့ကို လျစ်လျူရှုခဲ့ကြတယ်။ အမြဲတမ်း အဲ့လိုပဲ ဖြစ်ခဲ့တာပဲလေ။ ဒါပေမဲ့ အခု သူတို့က ကျုပ်တို့နယ်မြေကို ကျူးကျော်လာပြီ။ ဒါကို လက်ခံကြတယ်လား”

“အဲဒီအခြေအနေနဲ့ ပတ်သက်ပြီး သဘောမကျပေမဲ့ ငါတို့တွေက ဘာများ တတ်နိုင်မှာလဲ။ မင်းလည်း သူ့စွမ်းအားကို မြင်တာပဲ”

“အခု သူက အားနည်းနေပြီလေ။ ဒါက အခု အခွင့်အရေးကောင်း မဟုတ်ဘူးလား”

“ဒါက ငါးစာဆိုတာ မမြင်နိုင်လောက်အောင် မတုံးဘူးလို့ ထင်တယ်”

“ဒါပေါ့။ ဒါပေမဲ့ အခြေအနေက ပြောင်းလဲမသွားဘူးလေ။ ငါတို့တွေက နောက်ကွယ်ကနေ လှုပ်ရှားပြီးတော့ တစ်ခုခု မှားယွင်းသွားရင် စတေးဖို့ နယ်ရုပ်ကို ပြင်ဆင်ထားရုံပဲ”

“ငါတို့တွေ မီးနဲ့ ကစားနေတယ်လို့ ထင်တုန်းပဲ”

“ငါ ပြောတဲ့အတိုင်း ငါတို့တွေ တိုက်ရိုက် လှုပ်ရှားဖို့ မလိုဘူး။ ငါတို့သာ ယုတ္တိတန်တန် ငြင်းဆန်နိုင်ချေကို ပြင်ဆင်ထားသရွေ့ အဆင်ပြေမှာပါ။ ဘာဖြစ်ဖြစ် လက်ရှိအခြေအနေနဲ့ သူဘာမှ အာရုံခံမိမှာ မဟုတ်ဘူးလေ”

“ကောင်းပြီလေ။ လုပ်လိုက်ကြရအောင်”

……………………

ရက်အနည်းငယ်ကြာမြင့်ပြီးသည့်နောက်တွင် ဝမ်ဝေ့က ခုံရုံးထံ မျှော်လင့်မထားသည့် ဧည့်သည်တစ်ယောက်ကို တွေ့ဆုံလိုက်ရသည်။ သူက အခန်းအတွင်းမှ ထွက်လာကာ သူ့ကို စောင့်စားနေသည့်သူကို သွားရောက်တွေ့ဆုံခဲ့၏။

“အမေလား”

“သားဒဏ်ရာရတယ်လို့ ကြားလို့” ယုယန်က ပြောလိုက်သည်။

“အမေက ဘာတွေပြောတာလဲ”

“မင်း ဒဏ်ရာအပြင်းအထန် ရထားတယ်ဆိုတဲ့ သတင်းက တစ်ကမ္ဘာ ပျံ့နေပြီ။ တချို့ကောလဟာလတွေက မင်း ကြာကြာအသက်ရှင်မှာ မဟုတ်တော့ဘဲနဲ့ မပြီးမပြတ်အခြေအနေကို ဝင်ရောက်သွားနိုင်တယ်ဆိုပြီးတော့တောင် ပြောနေကြတာ။ ခဏနေပါဦး။ သားက ဒါတွေ မသိဘူးလား။ ဒီကမ္ဘာထဲမှာ သားအကြည့်အောက်က လွတ်မြောက်နိုင်လို့လား။ တကယ်ကြီး ဒဏ်ရာရထားတာလား”

သူမက သူ့ကို ပြေးဖက်လိုက်သည်။

“ကျွန်တော် ဒဏ်ရာရထားတာမှန်ပေမဲ့ ဘာမှစိုးရိမ်စရာ မလိုပါဘူး”

“ဒိုင်မေးရှင်းအနိမ့်မှာ သားကို ဘာမှထိခိုက်အောင် မလုပ်နိုင်ဘူးလို့ ထင်နေတာ”

“ကမ္ဘာကြီးက ကျယ်ပြောပြီးတော့ လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေတာပဲလေ။ ကျွန်တော့်စွမ်းအားက ပြိုင်ဘက်ကင်းတယ်လို့ မသတ်မှတ်နိုင်ပါဘူး” ဝမ်ဝေ့က တည်ငြိမ်စွာ ပြောလိုက်၏။

“ဒီလိုအန္တရာယ်များတဲ့ အရာကို ဘာလို့လုပ်ရတာလဲ။ မင်းဆီမှာ တာဝန်တွေ ရှိတယ်လေ။ ဒီလိုမဆင်မခြင်ပြုမူလို့ မရဘူး” ယုယန်က သတိပေးလိုက်သည်။

“ပျောက်ကင်းဖို့ လုပ်ဖို့ တစ်ခုခုလိုသေးလား”

“မစိုးရိမ်ပါနဲ့။ ကျွန်တော် အားလုံးကြိုတင်ပြင်ဆင်ထားပြီးသားပါ” ဝမ်ဝေ့က သူမကို လက်တွဲကာ ပြန်ဖြေလိုက်သည်။

“အတူတူ လမ်းလျှောက်ကြရအောင်။ အမေ့ကို ပြောစရာ ရှိတယ်”

“ဘာလို့ အလေးအနက် ဖြစ်နေတာလဲ”

ဝမ်ဝေ့ကို သူမကို ရှင်းမပြဘဲ ကောင်းကင်ခုံရုံးအထက် ကြယ်တာရာဝေဟင်စကြဝဠာထဲ ခေါ်ဆောင်သွားသည်။ သူတို့၏ လမ်းကြောင်းတစ်လျှောက် ရွှေရောင်အလင်းတန်းများ ရှိနေကာ ဂြိုလ်များစွာနှင့် ကြယ်တာရာများစွာကို ဖြတ်သန်းလာကြသည်။ သူတို့က စကြဝဠာ၏ လျှို့ဝှက်ဆန်းကြယ်မှုများကို ကျော်ဖြတ်ခဲ့ရင်း မြင်ကွင်းက တကယ်ကို အံ့ဩဖို့ကောင်းလှသည်။

“ကျွန်တော် အခု ပြောမှာက နည်းနည်းရိုင်းပျသလို ဖြစ်နေနိုင်တယ်။ အဲဒါကြောင့် ကြိုပြီးတော့ တောင်းပန်ထားချင်တယ်” ဝမ်ဝေ့ပြောလိုက်သည်။

“သား အမေ့ကို ခြောက်နေတာပဲ”

ဝမ်ဝေ့က သူမနှင့် ပါးချင်းကပ်ကာ ပြောလိုက်သည်။

“အမေ့ကိုယ် အမေ ပြန်လည်ရှာတွေ့ဖို့ လိုနေပြီ”

“ဘာကို ပြောတာလဲ”

“အချိန်အတော်အကြာကြီး အမေရဲ့ကမ္ဘာက ကျွန်တော်နဲ့ အဖေ့ဆီမှာပဲ လည်ပတ်နေခဲ့တာ။ အမေ့ရဲ့ ကဏ္ဍတစ်ခုလုံးက ဂုဏ်ယူရတဲ့ မိခင်တစ်ယောက်နဲ့ တာဝန်ကျေတဲ့ ဇနီးသည်တစ်ယောက်ပဲ ဖြစ်နေခဲ့တာလေ။ ရလဒ်အနေနဲ့ အမေ အရင်တုန်းက အိပ်မက်မက်ခဲ့ရတဲ့ အရာတွေကို မေ့သွားခဲ့ပြီ”

ယုယန်က ရုတ်တရက် ရပ်တန့်လိုက်၍ ဝမ်ဝေ့ကလည်း ရပ်တန့်လိုက်သည်။

“အခု အမေအတွက် အရင်ဆုံးစဉ်းစားရမဲ့ အချိန်ပဲ။ တစ်ကိုယ်ကောင်းဆန်လို့ ရတယ်။ အနာဂတ်အတွက် ဘာကိုလိုချင်လဲ”

“မိသားစုကို ကာကွယ်ချင်တာ ဘာများ မှားလို့လဲ။ အဲဒါမှ အမေတို့ အတူတူရှိနေနိုင်မှာမဟုတ်ဘူးလား” သူမက မေးလိုက်သည်။

“ဘယ်ဟုတ်ပါ့မလဲ။ ဒါပေမဲ့ အမေက မျှခြေသဘောတရားကို နားလည်ထားရမယ်။ ကျွန်တော်က လွတ်လပ်မှုလမ်းစဉ်နောက် လိုက်နေတယ်။ အဖေကလည်း ဓားရေးအထွတ်အထိပ်ကို မြင်တွေ့ချင်တယ်။ အဘိုးကလည်း သူ့ရဲ့ ကိုယ်ပိုင်လှုံ့ဆော်မှု သူ ရှိတယ်။ အမေ တစ်ယောက်တည်းကပဲ မိသားစုဆီမှာ လည်ပတ်နေတာ”

ဝမ်ဝေ့က ခေတ္တမျှရပ်ကာ သူမကို နားလည်ဖို့ အချိန်ပေးလိုက်သည်။

“အမေက တာအိုကို သက်သေပြပြီး ယုမျိုးနွယ်ကို ပြန်လည်ရှင်သန်စေချင်တယ်လေ”

“အဲဒါက ကောင်းမွန်တဲ့အစပါပဲ။ ဒါပေမဲ့ မလုံလောက်သေးဘူး။ နောက်မျိုးဆက်ကျရင် အမေက ဒီရည်ရွယ်ချက်ကို ပြီးမြောက်နိုင်လိမ့်မယ်။ အဲဒီနောက်ကျရင်ရော ဘာဆက်လုပ်မှာလဲ။ ကျွန်တော်တို့ မိသားစုက အချိန်တစ်ခုတော့ ခွဲနေရမှာပဲ။ အဲဒီအခါကျရင် အမေ့ဆီမှာ လုံလောက်တဲ့ စိတ်အားထက်သန်မှုမျိုး မရှိဘူးဆိုရင် တစ်စုံတစ်ခု ဖြစ်ပျက်သွားမှာကို စိုးမိတယ်”

ယုယန်က ထိုအကြောင်းကို စိုးရိမ်နေမိ၏။ သိပ်မကြာခင် သူမသားက တက်လှမ်းသွားမည်ဖြစ်ကာ ဒိုင်မေးရှင်းအမြင့်တွင် ဆိုးဆိုးရွားရွားတိုက်ပွဲကို ဆင်နွှဲရလိမ့်မည်။ သူမက သူ့ကို စကားပြောနိုင်မည် မဟုတ်သလို မြင်တွေ့နိုင်မည်လည်း မဟုတ်ဘဲ သတင်းအချက်အလက်လည်း ရရှိမည် မဟုတ်ပေ။

ဝမ်ဝေ့၏ အဘိုးကလည်း ပြန်လည်ဝင်စားမည်ဖြစ်ကာ သူမနှင့် ခင်ပွန်းဖြစ်သူသာ ကျန်ရှိခဲ့လိမ့်မည်။

ကံကောင်းစွာဖြင့် သူမက ကောင်းကင်ခုံရုံးကိစ္စများဖြင့် အလုပ်ရှုပ်နေသည့်အတွက် အာရုံလွှဲထားနိုင်သည်။ သို့သော် အားလုံးကို အချိန်အတော်ကြာ မမြင်တွေ့ရပြီးသည့်နောက်တွင် တစ်စုံတစ်ခု မှားယွင်းသွားနိုင်သည့် ဖြစ်နိုင်ချေရှိလာ၏။

“အမေက ထူးချွန်ပြောင်မြောက်ပြီး ပါရမီထူးကဲတဲ့ ကျင့်ကြံသူတစ်ယောက်ပါ။ မိခင်တစ်ယောက်နဲ့ ဇနီးသည်တစ်ယောက်ဆိုတဲ့ ဂုဏ်ပုဒ်တွေနဲ့ အမေကိုယ့်အမေ ချုပ်နှောင်မခံလိုက်ပါနဲ့”

ယုယန်က သက်ပြင်းချကာ “အမေ ဘယ်လိုဆက်လုပ်သင့်တယ်လို့ ထင်လဲ”

“ကျွန်တော် ပြောပြနိုင်တဲ့အရာ မဟုတ်ဘူး။ အမေ ကမ္ဘာကြီးဆီ လျှောက်သွားပြီးတော့ သေမျိုးဘဝကနေ လက်ရှိအခြေအနေအထိ ပြန်လည်သုံးသပ်ကြည့်တာ ကောင်းလိမ့်မယ်။ အမေ့ရဲ့ ဝါသနာ၊ စရိုက်၊ လိုအင်ဆန္ဒနဲ့ အရာအားလုံး အကြောင်းကို ပြန်လည်စဉ်းစားကြည့်ပေါ့ … ပြီးတော့ အိပ်မက်ကို ကြီးကြီးမားမားထား။ မဖြစ်နိုင်တဲ့ ရည်မှန်းချက်တွေကြောင့် စိုးရိမ်နေစရာ မလိုဘူး”

“ကောင်းပြီလေ” ယုယန်က ထွက်မသွားခင် သူ့သားပါးပြင်ကို နမ်းရှိုက်ခဲ့၏။ သူမက တစ်နေရာဆီ ကူးပြောင်းသွားကာ ကိုယ်တိုင်ရှာဖွေရေးခရီးစဉ်ကို အစပြုခဲ့သည်။

ဝမ်ဝေ့က သူမကို ပြုံးကာ ကြည့်နေလေ၏။ သူက ထိုစကားကို ပြောချင်သည်မှာ ကြာမြင့်လှပြီဖြစ်သည့်အတွက် သူမ တာအိုသက်သေမပြခင်နှင့် ပြပြီး အခြေအနေကို ရွေးချယ်နေရသည်။

ယခုအခါ အခြေအနေက ဖြေရှင်းပြီးပြီဖြစ်၍ စိတ်အေးမိသွား၏။

“ဘာဖြစ်သွားတာလဲ” သူက လေဟာနယ်ကို ကြည့်ကာ မေးလိုက်သည်။

“ပင်လယ်မျိုးနွယ်က သတင်းကို ထုတ်လွှတ်လိုက်ပြီလေ။ သူတို့က နယ်ခြားကမ္ဘာ့အသိုက်အဝန်းတွေဆီ သတင်းထုတ်လွှတ်လိုက်တာ စိတ်အနှောင့်အယှက် ဖြစ်နေသေးတဲ့ မိစ္ဆာကျင့်ကြံသူတွေအပေါ် လွှဲချဖို့ ကြံစည်ထားကြတာ” ကိုယ်ပွားက ဖြေလိုက်သည်။

“အဲဒါဆိုတော့ သူတို့က အရင်ဆုံး ထွက်လာတဲ့သူတွေပေါ့။ အံ့ဩစရာတော့ မဟုတ်ပါဘူးလေ။”

ပင်လယ်မျိုးနွယ်၏ သူစိမ်းကြောက်သည့် စိတ်က ပြင်းထန်လွန်းလှသည်။ ပုံမှန်အားဖြင့် ဝမ်ဝေ့က သူတို့ကို တစ်ယောက်တည်း ပစ်ထားမည်သာ ဖြစ်၏။ နှမြောစရာကောင်းလှသည်က ပင်လယ်သည် အရင်းအမြစ်နှင့် ရတနာသိုက် ဖြစ်သည့်အတွက် သူ့အနေဖြင့် စီမံရလိမ့်မည်။

“သူတို့တင် မကသေးဘူး”

“နောက်ထပ် ဘယ်သူရှိသေးလို့လဲ”

“ဒါက …”

“သူတို့လား။ သူမရော သိလား”

“မသိသေးဘူး”

“စိတ်ဝင်စားစရာပဲ။ တစ်စုံတစ်ယောက်ကတော့ သွေးထွက်ရတော့မယ်။” ဝမ်ဝေ့က ပြုံးကာ ပြောလိုက်သည်။

“ဘာလုပ်မှာလဲ”

“သူတို့ကို ဆော့ခွင့်ပေးထားတာပေါ့” သူက တည်ငြိမ်စွာ ပြောလိုက်သည်။

“ဘာဖြစ်ဖြစ်။ နယ်ခြားချဲ့ထွင်မှုအတွက် အချိန်ကျလာပြီ။ တကယ်လို့ တစ်ယောက်ယောက်က ငါးစာဟပ်ခဲ့ရင် စတင်ဖို့အတွက် သူတို့ရဲ့ ကမ္ဘာက ဘေးကင်းပြီးတော့ စိတ်ချရမဲ့နေရာတစ်ခု ဖြစ်လာတာပေါ့”

“ကောင်းပြီလေ။ ဒါပေမဲ့ တခြားတစ်ခု ရှိသေးတယ်”

“ဘာများလဲ”

“အခွင့်အရေး တစ်ခု”

“ဘယ်မှာလဲ”

“မူလလက်နက်တောင်မှာ ”

“မင်း သင့်တော်သလို ကြည့်ပြီး စီစဉ်လိုက်” ပင်မဝမ်ဝေ့က ပြောလိုက်သည်။ သူက သိပ်အခြေအနေ မကောင်းသည့်အတွက် သူ့လက်ရှိအနေအထားက ကမ္ဘာမြေတွင် ဖျားနာစဉ်အချိန်ကို ပြန်လည်အမှတ်ရစေသည်။

ပထမဦးစွာ ထိုခံစားချက်က အသစ်အဆန်းဖြစ်နေသည့်အတွက် စိတ်ဝင်စားဖို့ ကောင်းလှသည်။ သို့သော် ယခုတွင် အားနည်းခြင်းနှင့် နာကျင်မှုတို့ကို ဆက်တိုက်ခံစားရခြင်းက စိတ်ပျက်ဖွယ်ကောင်းလှ၏။ ထို့ကြောင့် သူက စကားဝိုင်းကို အဆုံးသတ်ကာ ပြန်လည်ကုစားလိုက်သည်။

……………………………………

တောင်ပိုင်းမီးငှက်ကုန်းမြေ

ယုယန်က တောအုပ်အတွင်း ပေါ်ထွက်လာကာ အံ့ဖွယ်အသိစိတ်ဖြင့် တည်နေရာကို ရှာဖွေလိုက်သည်။ သိပ်မကြာခင် သူမက အနီးဆုံးသေမျိုးအဖွဲ့အစည်းကို တွေ့သွားကာ တစ်စုံတစ်ခု စဖို့ ဆုံးဖြတ်လိုက်၏။

သူမက အရှေ့တွင် ရှိနေသည့် အစားအစာများကို ကြည့်ကာ ကိစ္စများစွာကို သဘောပေါက်သွားခဲ့သည်။ ပထမဦးစွာ သူမသည် တောင်ပိုင်းကုန်းမြေဆီ ရောက်မလာခဲ့သည်မှာ အချိန်အတော်ကြာမြင့်လှပြီဖြစ်၏။ အတိအကျပြောရလျှင် သူမသည် ကိုယ်ဝန်ရှိစဉ်အခါကတည်းက အလယ်ပိုင်းကုန်းမြေမှ ထွက်မလာခဲ့ဖူးပေ။

သူမက သူမသားကြောင့် အနောက်ပိုင်းကုန်းမြေဆီ သွားခဲ့ဖူးသည်။ ဝမ်ဝေ့က မူလဆေးလုံးတာအိုဂိုဏ်းကို ကျူးကျော်စဉ်အခါက သူမက တောင်ပိုင်းကုန်းမြေဆီ သွားချင်ခဲ့ဖူးသည်။ ထိုစဉ်အချိန်က သူမသည် သူ့ဘေးကင်းမှုကို စိုးရိမ်ကာ သူ့ကို တိတ်တဆိတ် ကာကွယ်ပေးဖို့ လိုလားဟု သွားကြည့်ချင်ရုံမျှသာ ဖြစ်၏။

ဒုတိယသဘောပေါက်မှုကမူ အစားအစာနှင့် ပတ်သက်၍ ဖြစ်သည်။

ယခင်နှစ်သန်းပိုင်းအတွင်း သူက မိသားစုအတွက် အဓိကချက်ပြုတ်သူ ဖြစ်လာခဲ့ပြီး သူမ၏ ခင်ပွန်း၊ သား၊ ချွေးမနှင့် သူမ အမေတို့ဆီမှ အစားအစာကိုသာ မြည်းစမ်းခဲ့ဖူး၏။

သူမ ငယ်ရွယ်စဉ်အခါ ဝမ်ထျန်းနှင့် မတွေ့ဆုံခင် သူမက ခရီသွားလာသည်ကို သဘောကျပြီး ကုန်းမြေအသီးသီးမှ အစားအစာများကို မြည်းစမ်းလေသည်။ သို့သော် အမည်မသိ အချိန်တစ်ခုကြာမြင့်ပြီးသည့်နောက်တွင် သူမ၏ ကမ္ဘာက ကျုံ့သွားပြီး လူတချို့ဝန်းကျင်တွင်သာ လည်ပတ်နေ၏။

ယုယန်က အစာမစားခင် သက်ပြင်းချလိုက်သည်။ ထိုအရာက အနည်းငယ် အဆီများသည်ဟု ထင်မိသော်လည်း သူမ၏ အာရုံကို ဖမ်းစားနိုင်လောက်အောင် အရသာက ထူးကဲလှသည်။ နောက်ဆုံးတွင် သူမက အဖန်ရည်ကို မှာကာ တစ်ငုံသောက်သုံးလိုက်၏။

သူမက အဖန်ရည်ကို တစ်ခါမှ မကြိုက်ခဲ့ဖူးကြောင်း အမှတ်ရသွားသည်။ သူမ၏ အဖေနှင့် အမေတို့က ယဉ်ကျေးမှုလောကဝတ်အနေဖြင့် အဖန်ရည် တည်ခင်းမှုအကြောင်းကို သင်ယူဖို့ ဖိအားပေးခဲ့ကြသည်။

သူမက အကြိုက်ဆုံး အဖန်ရည်အကြောင်း မည်သို့ လိမ်ညာခဲ့ကြောင်း၊ ထိုကောင်းကင်ရွေးချယ်မှုများက သူမ၏ မျက်နှာသာပေးမှုကို ရဖို့အတွက် ထိုအဖန်ရည်ကို ရအောင် ယူပေးခဲ့ကြောင်းကိုပါ ပြန်လည်အမှတ်ရလာမိသည်။

လက်ထပ်ပြီးသည့်နောက်တွင် သူမ၏ အကြိုက်ဆုံးက သူမ ခင်ပွန်း သို့မဟုတ် သား၏ အကြိုက်ဆုံးကိုသာ ဖြစ်ကြောင်း ပြောခဲ့သလို တစ်ခါတစ်လေ ခေါင်းထဲတွင် ပေါ်လာသည့် ကြုံရာကျပန်း နာမည်ကိုသာ ပြောခဲ့သည်။

“စားပွဲထိုးလေး။ နောက်ထပ် ထပ်ပြီး ပေးပါဦး” ယုယန်က ပတ်ဝန်းကျင်ကို လေ့လာရင်း အဖန်ရည် ဆက်သောက်လိုက်သည်။ သူမ ပြီးဆုံးသွားသည့်အခါ စားသောက်ဆိုင်တစ်ခုမှ တစ်ခု ကူးပြောင်းကာ သေမျိုးအဖွဲ့အစည်းတစ်ခုမှ တစ်ခုသို့ ကူးပြောင်းသွားလာခဲ့သည်။

သူမက ခရီးစဉ်တစ်ခုအတွင်း သေမျိုးတစ်ယောက်နှင့် ကျင့်ကြံသူတစ်ယောက်ကြားမှ တိုက်ပွဲကိုပင် ယှဉ်ပြိုင်ကွင်းအတွင်း သွားရောက်ကြည့်ရှုခဲ့သေးသည်။ ထိုအရာက ကမ္ဘာတွင် ပုံမှန်ကိစ္စတစ်ခုလို ဖြစ်လာခဲ၏။

သူမက တိုက်ပွဲကို ဂရုမစိုက်သော်လည်း ဓားမော့ ကိုင်ဆောင်သူနှင့် ဓားသမားတစ်ယောက်ကြားမှ တိုက်ပွဲကို အာရုံစိုက်ထားခဲ့သည်။

သူမ၏ ကံကောင်းမှုစစ်ဆေးပွဲအတွင်း ဓားမော့တာအိုက ဝမ်ထျန်းကို တန်ပြန်ရင်ဆိုင်နိုင်ကြောင်း သင်ယူခဲ့ရသည်။ သူမ၏ ပါရမီက သာမန်သာဖြစ်သည့်အတွက် ထိုလမ်းစဉ်ကို မလျှောက်လှမ်းခဲ့ပေ။

ငါ ဓားမော့ကို ကြိုက်ရဲ့လား…

ယုယန်က သူမဘာသာ သူမ ပြန်မေးလိုက်သည်။ အဖြေက မကြိုက်ပေ။ သို့သော် သူမက လက်မလျှော့ခဲ့လျှင် မည်သို့ဖြစ်နေမည်ကို စဉ်းစားမကြည့်နိုင်ပေ။

ယောက်ျားက အထွတ်အထိပ် ဓားသမားတစ်ယောက် ဇနီးသည်က ဓားမော့အရှင်…

အတော်လေးကို စိတ်ဝင်စားဖို့ကောင်းမှာပဲ…

သူမက ခေါင်းအသာယမ်းလျက် ခရီးစဉ်ကို ဆက်လက် လျှောက်လှမ်းလိုက်သည်။

All Chapters