မူလတူ
Vol. 73 Ch. 1013
ဂိုဏ်းချုပ် ချန်းယဲ့က သက်ပြင်းချလိုက်သည်။ သူက ကောင်းကင်အလိုဆန္ဒတိုက်ပွဲကတည်းက သူတို့၏ ဂိုဏ်းကျဆင်းလာမှုကို သတိထားပေးခဲ့၏။ အဆောင်လက်နက်များ ပေါ်ထွက်လာပြီးသည့်နောက်တွင် ကိစ္စများက ပိုမိုဆိုးရွားလာခဲ့သည်။ သူတို့၏ တောင်က လက်နက်စီးပွားရေးအများစုကို ထိန်းချုပ်ထားခဲ့သော်လည်း ယခုအခါ သူတို့၏ ရောင်းအားက သိသိသာသာ ကျဆင်းသွားသည့်အတွက် ထိနှက်ချက် ပြင်းပြင်းခံစားနေရသည်။
ထို့အပြင် မဟာအဆောင်မြို့တော်နှင့် တခြားသူများက သူတို့၏ ဈေးဆိုင်များကို စတင်တိုက်ခိုက်ခြင်းဖြင့် ထိန်းချုပ်သွားကြ၏။ တာအိုအခွင့်အလမ်းဂိုဏ်းသည်လည်း ထိုတိုက်ခိုက်မှုထဲ တစ်စိတ်တစ်ပိုင်း ပါဝင်ကြောင်း သံသယရှိမိသည်။
အကယ်၍ သူသာ ဘာမှမလုပ်ပါက မူလလက်နက်တောင်သည် သူ့လက်ထက်တွင် ကပ်ဘေးကို တွေ့ကြုံခံစားရလိမ့်မည်။
ငါ့လက်ထက်မှာ ဂိုဏ်းက ကျဆင်းသွားတယ်ဆိုရင် ဘိုးဘေးတွေနဲ့ ဘယ်လိုမျက်နှာပြရမှာလဲ…
ချန်းယဲ့က တွေးလိုက်မိသည်။
ဒါပေမဲ့ ပေးရမဲ့ တန်ကြေးက များလွန်းတယ်…
သူ့စိတ်ထဲ ရုန်းကန်နေမှုက သူ့မျက်နှာအထက် အတိုင်းသားမြင်နေရသော်လည်း မည်သူကမှ ဘာမှမပြောကြပေ။ ထိုစဉ် အကြံပေးခန်က ဝင်ပြောလာခဲ့၏။
“ဂိုဏ်းချုပ် ကျုပ်တို့တွေက မဟာဆောင်မြို့တော်နဲ့ အတူတူလုပ်ရုံပါပဲ”
ဂိုဏ်းချုပ် ချန်းယဲ့က မဟာအဆောင်မြို့တော်ထံ ဖြစ်ပျက်ခဲ့သမျှအရာကို ရုတ်တရက် အမှတ်ရသွားသည်။ ဤခေတ်ကာလအစပိုင်းတွင် သူတို့ခေါင်းဆောင်၏ သစ္စာဖောက်မှုကြောင့် သူတို့၏ အခြေအနေက သိပ်မကောင်းခဲ့ပေ။ သို့သော် သိပ်မကြာခင် သူတို့က ခုံရုံးနှင့် ဆက်ဆံရေးကို ပြုပြင်ခဲ့ကြောင်း ကြေညာခဲ့၏။
သူတို့ပေးဆပ်ခဲ့သည့် တန်ကြေး ထွက်မလာခင်အချိန်အထိ လူတော်တော်များများက မယုံကြည်ခဲ့ကြပေ။ ထို့နောက် အားလုံးက ထုံရို့ပင်းနှင့် မဟာအဆောင်မြို့တော်ကို သူတို့၏ ရဲတင်းသည့် အပြုအမူအတွက် ချီးကျူးခဲ့ကြ၏။
“ဟုတ်တယ်။ အဲဒီမိန်းကလေးကတောင် ဒီလိုမျိုး ဆုံးဖြတ်ချက် ပြတ်သားနိုင်မှတော့ ငါက ဘာလို့ သူမထက် နိမ့်ကျနေရမှာလဲ။ အားလုံး ပြင်ဆင်ထားလိုက်။ ငါ ကောင်းကင်ဧကရာဇ်နဲ့ ချက်ချင်းသွားတွေ့မယ်”
“ဂိုဏ်းချုပ်က ဉာဏ်ကြီးပါပေတယ်။” အကြံပေးခန်က ပြောလိုက်သည်။ အားလုံးက ဂိုဏ်းချုပ်ကို ချီးကျူးပြီးသည့်နောက်တွင် လိုအပ်သည့် ကိစ္စများကို ဆွေးနွေးလိုက်ကြ၏။ အရာအားလုံးကို ပြင်ဆင်ပြီးသည့်နောက်တွင် သူတို့က ခုံရုံးထံ တွေ့ဆုံဖို့အတွက် ဆက်သွယ်ရေးအဆောင် တစ်ခုကို ပို့ဆောင်ခဲ့သည်။
………………………………………………………
ကောင်းကင်ခုံရုံး
ဝမ်ဝေ့က သူ့ရှေ့တွင် အစီအရင်များ ဝန်းရံလျက်ရှိသည့် ဆေးလုံးတစ်လုံးကို ကြည့်ကာ အတွေးနက်နေမိသည်။
ကန့်သတ်ချက်က အထွတ်အထိပ်အဆင့်လား…
အံ့ဖွယ်ပင်လယ်ကို အသုံးပြုပြီး သူ ဖန်တီးထားသည့် ပင်ကိုဆေးလုံး ဖန်တီးသည့် သန့်စင်သည့် ပထမနည်းလမ်းက ဧကရာဇ်တစ်ပိုင်းအဆင့်နှင့် ယှဉ်နိုင်သည့် အတုအယောင် ဆေးလုံးများသာ သန့်စင်နိုင်လေသည်။ သူတို့က ထိုအဆင့်တွင် အကောင်းဆုံးဟု ညွှန်းဆိုနိုင်၏။ ပတ်ဝန်းကျင်က ပြန်လည်ပြောင်းလဲသွားပြီး ပင်ကိုချီ ပြန်လည်ရရှိပြီးသည့်နောက်တွင် ထိုနည်းလမ်းက အတုအယောင် အင်မော်တယ်ဆေးလုံးများဖြင့် ယှဉ်နိုင်သည့် ပင်ကိုဆေးလုံးများကို ဖန်တီးနိုင်လာသည်။
ထိုစဉ်ကတည်းက မူလဆေးလုံးတာအိုဂိုဏ်းသည် အစစ်အမှန် အင်မော်တယ်အဆင့် ဆေးလုံးကို သန့်စင်ဖို့ ထိုနည်းစနစ်ကို အဆင့်မြှင့်တင်ခဲ့ခြင်း မရှိပေ။
သို့သော်လည်း မိုးမြေကို အတုခိုးဖို့ရာ အစီအရင်ကို အသုံးပြုသည့် ဤနည်းလမ်းက အစစ်အမှန် ပင်ကိုဆေးလုံးကို ဖန်တီးနိုင်လေသည်။ သို့သော်လည်း ကန့်သတ်ချက်က အထွတ်အထိပ်အဆင့်သာ ဖြစ်နေပြီး ပထမတန်းစားအဆင့်ဖြင့်သာ ယှဉ်နိုင်လေသည်။
အကြွင်းမဲ့အဆင့် ပင်ကိုဆေးလုံးက သန့်စင်ဖို့ရာအတွက် ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဒီအပြုအမူက ကမ္ဘာ့အရင်းအမြစ်အပေါ် သက်ရောက်မှုရှိလာပြီးတော့ ကောင်းကင်တာအိုက လွယ်လွယ်ကူကူ ခွင့်ပြုပေးမှာတော့ မဟုတ်ဘူး။ သာမန်ပင်ကိုဆေးလုံးအတွက်တောင်မှပဲ ပင်ကိုချီအမြောက်အများလိုအပ်ပြီးတော့ ထိန်းချုပ်မှု တင်းကြပ်တယ်။ ကောင်းကင်တာအိုက ဆေးလုံးစမ်းသပ်ချက်ကို ခက်ခဲအောင် လုပ်ထားလောက်တယ်…
ဝမ်ဝေ့က တိတ်တဆိတ် ခေါင်းခါလိုက်၏။ သူ့နည်းလမ်းက အဟန့်အတား များပြားသည်မှာ ထိုအရာသည် ဆေးပညာနှင့် အစီအရင် ပညာရပ်တွင် ထူးချွန်ပြောင်မြောက်နေဖို့ လိုအပ်နေသည့်အတွက် လူများစွာအား ကြိုးစားခြင်းမှ တားဆီးထားသလို ဖြစ်နေသည်။ ယခု သူက သူ့နည်းစနစ်အတွက် ဆေးလုံးစမ်းသပ်ချက်သည် ယခင်ထက် ပိုမိုပြင်းထန်နိုင်ကြောင်း သိလိုက်ရ၏။
ဒီနည်းစနစ်က နာမည်မကြီးလောက်ဘူး…
သူက သုံးသပ်လိုက်သည်။
တစ်ယောက်ယောက်က ဆေးဝါးနဲ့ အစီအရင်ကို အတူတကွ ပေါင်းစည်းနိုင်မဲ့ နည်းလမ်းကို ဖန်တီးနိုင်လောက်တယ်။ ဒါပေမဲ့ အဲဒီမတိုင်ခင်တော့ ဒီနည်းလမ်းက ကျော်ကြားလာမှာတော့ မဟုတ်ဘူး…
ဝမ်ဝေ့က ထိုပေါင်းစည်းမည့် နည်းလမ်းအကြောင်း လေ့လာဖို့ရာအတွက် ဂိုဏ်းထံ သတင်းစကား ပို့ဆောင်ဖို့ အဆောင်တစ်ရွက်ကို ဖြည်းဖြည်းချင်း ထုတ်ယူလိုက်သည်။ သူက ထိုနည်းလမ်းနှင့် ပတ်သက်ပြီးများစွာ ဂရုမစိုက်သော်လည်း ကုသိုလ်အရင်းအမြစ် ဖြစ်နေဆဲ ဖြစ်၏။ သူက ထိုနည်းစနစ်ကို လူများစွာ အသုံးမပြုပါက ကုသိုလ်အမြောက်အများ ရရှိမည် မဟုတ်ပေ။
ထိုအရာပြီးဆုံးသွားသည်နှင့် သူက အဝေးတစ်နေရာကို ကြည့်ကာ မေးလိုက်သည်။
“တင်းကြပ်လာတာ ငါလား၊ ကောင်းကင်တာအိုလား”
“ဟုတ်တယ်။ ရှုရှစ်ရဲ့ အပြုအမူတွေနဲ့ စွမ်းအား တိုးလာကတည်းက ကောင်းကင်တာအိုက တချို့စည်းမျဉ်းတွေမှာ တင်းကြပ်လိုက်တဲ့ပုံပဲ” ကိုယ်ပွားက ပြန်ဖြေလိုက်သည်။
“အဲဒါက အကောင်းအဆိုး နှစ်ခုလုံး ဒွန်တွဲနေတာပဲ” ကမ္ဘာကြီးက ဖွံ့ဖြိုးတိုးတက်ဖို့ရာအတွက် အစီအစဉ်ကျမှု လိုအပ်စဉ် ချုပ်တည်းခံထားရခြင်းက အကျဉ်းထောင်နှင့် တူသည့်အတွက် အလွယ်တကူ ပုန်ကန်မှုကို ဖြစ်လာစေသည်။
“အဲဒီဟာနဲ့ လူအိုကြီးထျန်းကျိတို့ကရော ငါ့ဒဏ်ရာအကြောင်း သိပြီးတဲ့နောက်မှာ ဘာလှုပ်ရှားကြသေးလဲ”
“သူတို့ နှစ်ယောက်လုံးက ငြိမ်နေကြတယ်”
ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။ သူက ထိုအဖြေကို မျှော်လင့်ထားပြီးသားဖြစ်သော်လည်း မေးဖို့ လိုအပ်နေသေးသည်။ ကောင်းကင်တာအိုက စိတ်ခံစားချက်မရှိသည့် လုပ်ဆောင်ချက်တစ်ခု ဖြစ်သည့်အတွက် ဤသည်က သိသာသည့် ငါးစာတစ်ခုဖြစ်ကြောင်း ကောင်းကောင်း သိထားလိမ့်မည်။
သူ့ကို ဆန့်ကျင်ဖို့ရာအတွက် လှုပ်ရှားမည့် အပြုအမူအတွက်မူ
ဤအရာက မျှခြေကို ထိန်းသိမ်းဖို့ရာ လုပ်ဆောင်ချက် ထည့်သွင်းထား၍ ဝမ်ဝေ့၏ စွမ်းအားက ထိုမျှခြေကို ချိုးဖောက်နေလေရာ သူ့ကို ချုပ်တည်းထားသည်က သဘာဝကျပေသည်။
“မူလလက်နက်တောင်က လူတွေ ရောက်လာပြီ”
“အဲဒါဆိုတော့ မင်း အစီအစဉ်အောင်မြင်သွားတာပေါ့” ဝမ်ဝေ့က ပြုံးကာ ပလ္လင်အခန်းအတွင်း လျှောက်သွားလိုက်သည်။ သိပ်မကြာခင် ဂိုဏ်းချုပ်ချန်းယဲ့က ကိုယ်စားလှယ်အဖွဲ့နှင့်အတူ ဝင်ရောက်လာ၏။ သူတို့က လက်ဆောင်ကို မပေးခင် အရိုကျိုးဆုံး ဂါရဝပြုလိုက်ကြသည်။
ဝမ်ဝေ့က လက်ဆောင်ကိုမြင်သည့်အခါ အကြည့်များ တောက်ပလာမိ၏။ ထိုအရာက သာမန်နှင့်တူသည့် ကြေးနီတူတစ်လက် ဖြစ်ပေသည်။
“ဒါက မူလတူလား” သူက တူကို ကိုင်ဆောင်ရင်း မေးလိုက်သည်။
“လက်နက်ဘိုးဘေးက သေမျိုးဘဝတုန်းက ပန်းပဲဆရာတစ်ယောက်ဖြစ်ခဲ့တယ်လို့ ကောလဟာလတွေ ရှိခဲ့တယ်။ အတိတ်ကို အမှတ်တရအနေနဲ့ သူ့ဘဝရဲ့ အကြီးမားဆုံး လက်ရာဖြစ်တဲ့ မူလတူကို ဖန်တီးခဲ့တုန်းက သူ့ရဲ့ ပန်းပဲတူအတိုင်း လိုက်ပြီးတော့ ပုံဖော်ခဲ့တာ။ အခု ကောလဟာလတွေက အမှန်ဖြစ်နေတဲ့ပုံပဲ”
“ကျုပ်တို့ရဲ့ ဘိုးဘေးက သူ့ရဲ့ဇစ်မြစ်ကို ဘယ်တော့မှ မမေ့တတ်တဲ့သူပါ”
ဝမ်ဝေ့က သူ့ကို တစ်ချက်သာ ကြည့်လိုက်သည်။
ဝူဟုန်က အဆောင်နှင့် လက်နက်ဘိုးဘေးတို့သည် သူတို့၏ မောက်မာမှုကြောင့် ထာဝရဧကရာဇ် ဖြစ်လာဖို့ ကျရှုံးခဲ့ကြောင်း ပြောခဲ့ဖူးသည်။ ထို့ကြောင့် သူက သူတို့စကားများကို မယုံပေ။
သူက တူကို ကြည့်ရင်း အမှန်တကယ် အံ့အားသင့်သွားမိ၏။ ထိုလက်နက်က မဟာတာအိုအရင်းအမြစ် ၇ ရာခိုင်နှုန်းကို အားဖြည့်ပေးနိုင်သည်။ သို့သော်လည်း ထိုအရာက ကန့်သတ်ချက် မဟုတ်သေးပေ။
မူလလက်နက်တောင်၏ ကံကောင်းမှုစုစည်းရေး အသုံးအဆောင်အနေဖြင့် မဟာတာအိုအရင်းအမြစ် ၃ ရာခိုင်နှုန်းဖြည့်တင်းပေးနိုင်သည့် ဂိုဏ်း၏ ကံကောင်းမှုကို ပြီးပြည့်စုံစွာ သယ်ဆောင်ထားနိုင်သည်။
တခြားနည်းဖြင့် ပြောရလျှင် သူတို့အင်အားစု၏ ဧကရာဇ်များက ထိုလက်နက်ကို ကိုင်ဆောင်ပြီးသည့်နောက်တွင် နှစ်ဆတိုက်ခိုက်ရေး နယ်ပယ်အဆင့်ကို ရရှိလာမည်ဖြစ်၏။
ဒီဟာက တကယ်ကို လက်ရာမြောက်တယ်။ ကံကောင်းတာက ဒီပစ္စည်းများ အတားအဆီးတွေ ရှိနေလို့ပဲ။ မဟုတ်ရင် မူလလက်နက်တောင်က သူတို့ရှိသင့်တာထက်ပိုပြီးတော့ အားကောင်းနေလောက်ပြီ…
ဝမ်ဝေ့က တွေးလိုက်မိသည်။ သူတို့၏ ဘိုးဘေးကသာ ထိုလက်နက်၏ စွမ်းအားအပြည့်ကို ထုတ်သုံးနိုင်လေသည်။
ဂိုဏ်းက ဆိုးဆိုးရွားရွား ကပ်ဘေးတွေ့ကြုံရသည်နှင့် ထိုလက်နက်က အပြည့်အဝ အလိုလို အသက်ဝင်လာလိမ့်မည်။
“ဒီလက်နက်ကို ပေးချင်တာ သေချာရဲ့လား” ဝမ်ဝေ့က မေးလိုက်သည်။
“မဟာအဆောင်မြို့တော်က သူတို့ရဲ့ ကံကောင်းမှုစုစည်းရေး အသုံးအဆောင်ကို ဒီမျိုးဆက်အတွက် ပေးမှတော့ ကျုပ်တို့လည်း အတူတူလုပ်နိုင်ပါတယ်” ချန်းယဲ့က ယုံကြည်ချက်ရှိရှိ ပြန်ဖြေလိုက်သည်။
ဝမ်ဝေ့က ထိုစကား၏ ရှုပ်ထွေးမှုကို နားလည်၍ ရယ်မောလိုက်သည်။
မည်သို့ပင်ဆိုစေကာမူ သူတို့က ကျင့်ကြံရေးအဖွဲ့အစည်း၏ ကြမ္မာကို စုဆောင်းနိုင်သရွေ့ ထိုအင်အားစုများ၏ ကံကောင်းမှုနှင့် ကြမ္မာကို မတက်လှမ်းခင် ပြန်ပေးဖို့ရာအတွက် ပြဿနာမရှိပေ။ သူက သူ့ဂိုဏ်းထံ အတင်းအကြပ် ထားရှိခဲ့သည်မှာ အမှားအယွင်း ဖြစ်သွားနိုင်လေသည်။ ထို့ကြောင့် သူ့အနေဖြင့် ထိုခေတ္တမျှ ချေးငှားခြင်းအပေါ် ပြဿနာမရှိပေ။
“လက်ဆောင်ကိုတော့ သဘောကျပါတယ်” ဝမ်ဝေ့က မျက်နှာဖြူဖျော့လျက် ပြောလိုက်သည်။
“ကျုပ်က ရက်ရောတဲ့သူဆိုတော့ ခင်ဗျားတို့ကို အခက်တွေ့အောင် မလုပ်ပါဘူး”
သူက မျက်လုံးအသာမှိတ်လိုက်၏။ စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် သူက လက်ကို ဝှေ့ပြီး အခန်းအလယ်တွင် မီးပြင်းဖိုတစ်ခုကို ထုတ်ယူလာသည်။
ထိုအရာက အားလုံး၏ အာရုံကို ဖမ်းစားသွားခဲ့၏။
“မီးပြင်းဖိုက စက်ယန္တရားဆေးပြင်းမီးဖိုနဲ့ အတူတူပဲ။ ဒါပေမဲ့ ဆေးလုံးအစား လက်နက်အတွက်ပဲ။ မင်းတို့တွေ မြင်တဲ့အတိုင်း ငါတို့ဂိုဏ်းရဲ့ စွမ်းရည် မလုံလောက်မှုကြောင့် မပြီးမြောက်သေးဘူး”
ဝမ်ဝေ့က ခေတ္တမျှ ရပ်နားပြီး သူတို့ကို နားလည်ဖို့ အချိန်ပေးလိုက်သည်။
“ငါ့ရဲ့ အစီအစဉ်က ကမ္ဘာတစ်ဝှမ်းကလူတွေကို စုဆောင်းပြီးတော့ ဒီစီမံကိန်းကို ပြီးမြောက်ဖို့ရာအတွက် ကုသိုလ်နဲ့ ကြမ္မာကို ခွဲဝေယူဖို့ပဲ။ မင်းတို့ရဲ့ လက်ဆောင်ကို သဘောကျလို့ ဒါကို မင်းတို့ဆီ ပေးလိုက်မယ်”
ချန်းယဲ့က ကမ္ဘာကြီးလည်သွားသလို ခံစားလိုက်ရပြီး စိတ်လှုပ်ရှားနေမိသည်။ သူက ထိုစီမံကိန်း၏ အရေးပါမှုကို သိထားပြီး ထိုအရာ ပြီးမြောက်သွားသည်နှင့် သူတို့ဂိုဏ်းမှ လက်ခံရရှိမည့် ကောင်းချီးကိုပါ သိထားလေသည်။
“ဒီစီမံကိန်း ပြီးမြောက်သွားရင် မီးပြင်းဖိုက အိပ်မက်လောကထဲ ရောက်ရှိသွားလိမ့်မယ်။ ဒါပေမဲ့ မင်းတို့တောင်က အကျိုးအမြတ်ရဲ့ ဝေစုတော့ ရနေလိမ့်မယ်”
ချန်းယဲ့က ကျင့်ကြံသူဖြစ်နေ၍ ပျော်ရွှင်မိသွားသည်။ မဟုတ်ပါက သူ့အနေဖြင့် မေ့လဲကာ သူ့ဘာသာသူ အရှက်ခွဲမိလိမ့်မည်။ သူတို့က ဆေးလုံး စက်ယန္တရားဆေးပြင်းမီးဖိုက မည်မျှပင် အကျိုးအမြတ် ရှိကြောင်း ဆွေးနွေးခဲ့ဖူး၏။ သူက အကျိုးအမြတ် ဝေစုတစ်ခု ရလျှင်ပင် သူတို့လက်နက်တောင်အနေဖြင့် မည်မျှအကျိုးရှိမည်ဖြစ်ကြောင်း သိထားသည်။ ပို၍အရေးကြီးသည်က သူတို့သည် အပြောင်းအလဲများ ပြည့်နှက်နေသည့် ရောက်ရှိလာမည့် ခေတ်ကာအတွင်း သီးခြားဖြစ်နေမည် မဟုတ်ပေ။
“အပျော်မစောနဲ့ဦး” ဝမ်ဝေ့က ပြောလိုက်စဉ် ထိုအားလုံးက အသိပြန်ဝင်လာကြသည်။
“မင်းတို့တွေက ဒီစီမံကိန်းကို ပြီးမြောက်ဖို့ အချိန်တစ်ခု ရမယ်။ တကယ်လို့ ငါ့မျှော်လင့်ချက်နဲ့ မကိုက်ညီဘူးဆိုရင် ပြန်သိမ်းမယ်”
“အရှင့်ကို စိတ်မပျက်စေရပါဘူးလို့ ကျုပ်တို့ဘိုးဘေးတွေဆီမှာ တိုင်တည်ပြီးတော့ ကျိန်ဆိုပါတယ်” ချန်းယဲ့က ဒူးထောက်ကာ အလျင်အမြန် ပြောလိုက်သည်။
“ကောင်းပြီလေ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။
“ဒါနဲ့ ချန်းချန်အတွက်တော့ စိတ်မကောင်းပါဘူး။ သူ သေမှ ဖြစ်မှာ”
“စိတ်မကောင်းဖြစ်ဖို့ မလိုပါဘူး။ ကောင်းကင်အလိုဆန္ဒတိုက်ပွဲက တကယ်တမ်း ရက်စက်တာပဲလေ။ အဲဒါကြောင့် ပါရမီရှင်တွေရဲ့ သင်္ချိုင်းလို့တောင် ခေါ်ကြတာပဲ မဟုတ်ဘူးလား”
ဝမ်ဝေ့က သူ့ကို ကြည့်ပြီးသည့်နောက် ပြောလိုက်သည်။
“တခြားကိစ္စမရှိရင် သွားလို့ရပြီ”
ကိုယ်စားလှယ်အဖွဲ့က စိတ်လှုပ်ရှားစွာဖြင့် ပျော်ရွှင်မှုကို မဖုံးကွယ်နိုင်တော့ပေ။ ထိုစဉ် ဝမ်ဝေ့က သူ့ရှေ့တွင် ရှိနေသည့် တူကို ကြည့်ရင်း သူ့ခုံရုံးထံ ရောက်ရှိလာသည့် ကံကောင်းမှုနှင့် ကြမ္မာကို အာရုံခံစားကြည့်လိုက်သည်။
သူက မနေနိုင်ဘဲ ပြုံးလိုက်မိ၏။ ယခုအခါ သူက မူလသင်္ကေတတောင်၊ မူလအဆောင်မြို့တော်၊ မူလလက်နက်တောင်နှင့် သူ့ဂိုဏ်းမှ ကံကောင်းမှုများကို ရရှိထားပြီဖြစ်၏။ သူက လူမှုအဖွဲ့အစည်းကံကောင်းမှုကို ဖွဲ့စည်းဖို့ရာအတွက် မူလဆေးလုံးတာအိုဂိုဏ်းသာ လိုအပ်နေတော့သည်။ သူက ရှေးဟောင်းမျိုးနွယ်၏ ချီကံကောင်းမှုကို ရယူနိုင်လျှင် ကိစ္စများက ပိုမိုပြီးပြည့်စုံသွားလိမ့်မည်။
“ဘယ်လိုလုပ်ခဲ့တာလဲ”
“အတော်လေး လွယ်ပါတယ်” ကိုယ်ပွားက ပြန်ဖြေလိုက်သည်။
“ငါတို့ရဲ့ ကံကြမ္မာအရိပ် တပ်ဖွဲ့ဝင်တွေကို ကောလဟာလတချို့ကို ထုတ်ခိုင်းလိုက်တာလေ။ အဲဒီနောက် ဉာဏ်ကောင်းတဲ့ သူတို့ရဲ့ အကြံပေးက ငါတို့ရဲ့ စကားကို နားလည်ပြီးတော့ ဒီလိုဖြစ်အောင် လုပ်ပေးလိုက်တာပဲ”
“ဒီအကြံပေးလိုမျိုး ဉာဏ်ကောင်းတဲ့သူတွေသာ ရှိနေရင် ကမ္ဘာကြီးက ပိုပြီးတော့ လွယ်ကူသွားလိမ့်မယ်” ဝမ်ဝေ့က စနောက်ကာ ပြောလိုက်သည်။
“အမှန်ပဲ။ အခု လိုအပ်နေတာက မူလဆေးလုံးတာအိုဂိုဏ်းပဲ။ သူတို့အတွက် အစီအစဉ် ရှိထားပြီလား”
“လော့ချန်နဲ့ မီးတောက်ဧကရာဇ်က ထိလို့မရသေးဘူး။ အဲဒါကြောင့် သူတို့ဘက်က အရင်ထုတ်ဖော်တဲ့အထိ စောင့်ကြတာပေါ့”
“ကောင်းပြီလေ။ အဲဒီအခါကျရင် ငါတို့အခွင့်အရေး ရောက်လာနိုင်တယ်”
ဝမ်ဝေ့က အဝေးတစ်နေရာကို ကြည့်ကာ ရေရွတ်လိုက်၏။
“အချိန်ကျပြီ”
သူက သူ့အမေဆီ စတင်ဖို့ သတင်းစကား ပို့ဆောင်လိုက်သည်။